← Chapters

ကောင်းဘုံသားရဲဘုံအဆင့် သို့တက်ခြင်း။ ( 2 )

Vol. 6 Ch. 84

ကောင်းဘုံသားရဲဘုံအဆင့် သို့တက်ခြင်း။ ( 2 )

Vol. 6 Ch. 84

လုံထန် ပထမအကြိမ် မိုးကြိုး တစ်စင်း ဖြိုခွဲပြီးနောက် သူ၏အမှုရာ အေးဆေး စွာဖြင့် ပြန့်ကျဲသွားသော လျှပ်စီး အမှုန့်များကိုယ် စုပ်နေလိုက်၏ ။

ဂျိန်း ။

ဂျိန်း ။

ကောင်းထက်၌ တိမ်မဲများက နဂိုထက်ပို၍ သိပ်သည်းလာခဲ့ပြီးနောက် ဒုတိယ အကြိမ်မြောက် မိုးကြိုးက လျှင်မြန်စွာ ကျဆင်းလာခဲ့သည်။

ဂျိန်း ။

လူကြီးလက်မောင်းအရွယ်စားရှိသော မိုးကြိုးတစ်စင်းက လုံထန်၏ ဦးခေါင်းထံသို့ လျှင်မြန်သော အရှိန်ဟုန်ဖြင့် ကျဆင်းလာခဲ့ပြန်သည်။

ဟမ့် ။

လုံထန်က ကျဆင်းလာသော မိုးကြိုးကိုယ် ကြည့်၍ နှာခေါင်းရူံလိုက်၏ ။

သူ၏ လက်သီးကိုယ် မိုးကြိုးဒြပ်စင်စွမ်းအားများဖြင့် သိပ်သည်းကာ စုဝေး စေလိုက်သည်။

မိုးကြိုးလက်သီး....။

ကျဆင်းလာသော မိုးကြိုးတစ်ဆင်းကိုယ် လုံထန်က သူ၏ လက်သီးဖြင့် ထိုးချလိုက်၏ ။

မိုးကြိုးလျှပ်စီးများ ဝန်းရံနေသော လက်သီးကြီးနှင့် လက်မောင်းအရွယ်စားရှိသော မိုးကြိုး တစ်စင်းက ကောင်းကင်ယံထက်၌ ထိပ်တိုက်တွေစုံသွားခဲ့၏။

ဝုန်း ။

ကျယ်လှောင်သော ပေါက်ကွဲသံအကျယ်ကြီးနှင့် အတူတူ ဒုတိယမြောက်မိုးကြိုး တစ်စင်းမှာလည်း ပထမ တစ်စင်းလို့ပင် လျှပ်စီး အမှုန်လေးများ အဖြစ်သို့ ပြောင်းလဲ သွားရသည်။

လုံထန်က အေးဆေးစွာဖြင့်ပင် ထို ပြန်ကျဲတေသော လျှပ်စီး အမှုန်လေးများကိုယ် စုပ်ယူပြီးတော့ သူ၏ ခန္ဓာကိုယ်ကို သန်စင်နေခဲ့သည်။

အပြင်ဘက်မှနေ၍ ကြည့်နေသော ကြီးကဲ ငါးယောက်မှာ ထိုမြင်ကွင်းကိုယ် ကြည့်၍ အံဩနေပြီး သူတို့၏ ပါးစပ်များ ကြက်ဉတစ်လုံးပင် ဆန့်နိုင်၏ ။ သူတို့တစ်သက်နှင့် တစ်ဂိုမှာပင် ကောင်းကင်သားရဲ ဘုံကိုယ် ဖြတ်ကျော်သူတိုင်းမှာ အသည်းသန်ဖြင့်သာပင် အသက်ရှင်သန်နိုင်ရန် ကြိုးစားနေရသည်ကိုယ်သာ မြင်ဖူးကြသည်။

ယခုသူတို့ဘာမြင်နေရသည်လည်း ။ ထိုမြင်ကွင်းက သရဲသဘက်ဆန်လွန်းလှသည်။ ကပ်ဘေးမိုးကြိုး၏ အောက်မှာ သူနှင့်မဆိုင်သည့်အလား ပင် အေးချမ်းစွာဖြင့် ရှိနေခဲ့သည်။

လုံထန်မှ ယခုအခါမှတော့ အေးဆေးစွာဖြင့်ပင် သတ္တမ မြောက်မိုးကြိုး၏ ဖြတ်ဖြိုခွဲရန် ဖြစ်သည်။ သတ္တအဆင့်မိုးကြိုးမှာ အရင်အကြိမ်များလို့ အဖြူရောင်မဟုတ်ပဲ အဝါရောင်ဖြစ်နေခဲသည်။ သို့သော်လည်း သူအဖို့မှာ အေးဆေးစွာဖြင့်ပင် ရင်ဆိုင်နေပြီဖြစ်သည်။ သို့သော်လည်းပြင်းထန် အဝါရောင်မိုးကြိုးမှာလည်း အရင်အကြိမ်မှ မိုးကြိုးများလိုပင် လုံထန်၏ အဖျက်စီးခံလိုက်ရသည်။

ကောင်းကင်ထက်၌ တိမ်မဲများက ပို၍ စုဝေးလာခဲ့သည်။

ဝုန်း .... ဝုန်း ။

ကျယ်လှောင်လှသော မိုးခြိမ်းသံကြီးများနှင့် အတူတူ တိမ်မဲများက တစ်မိုင်ပတ်လည့်ကိုယ် လွမ်းခြုံသွားခဲ့သည်။

ဂျိန်း ။

လူကြီးတစ်ယောက်၏ ပေါင်လုံး အရွယ်စားရှိသော အနီရောင်မိုးကြိုးတစ်စင်းမှာ နဂါးတစ်ကောင် အလား ကျယ်လှောင်စွာ ဟိန်းဟောက်လိုက်ပြီးတော့ လုံထန် စီသို့ ကျဆင်း လာခဲ့သည်။

သတိထား ။

အောင်းရွှီရန် လုံထန်ကိုယ် အော်ဟစ်သတိပေးလိုက်သည်။

အဲဒီမှာပုံမှန်မှာသာ ဆိုရင် ကောင်းသားရဲဘုံကိုယ် တက်ရောက်သူတိုင်းနောက်ဆုံး နဝမ အကြိမ်သာလျှင် အဝါရောင်မိုးကြိုးနှင့်ရင်ဆိုင်ရသည်။

ထူးခြားသောပါရမီရှိသောများသာလျှင် နဝမမြောက် မိုးကြိုးမှာ အနီရောင်အသွင်းပြောင်းလဲ တက်သည်။ ယခုတော့ အဠမ အကြိမ်မှာပင် အနီရောင်ဖြစ်နေသည့်။ ဒါက ကြီးမားသော အန္တာရာယ်တစ်ခုဆိုတာ မမှားချေ။

လုံထန်မှာ အောင်းရွှီရန်၏ စကားကိုယ် ကြားသော်လည်း ပြန်မပြောအားချေ။ သူထန်သို့ ကျဆင်းလာသော မိုးကြိုးကိုယ် အာရုံစိုက်နေသော ကြောင့်ဖြစ်သည်။ ဤအကြိမ်မှာက သူကိုယ် သတိထား အာရုံစိုက်ရမည်ဟု သူ၏ မသိစိတ်ထဲမှာ အချက်ပေးသံများ ထွက်ခဲ့သည်။

လုံထန်တစ်ယောက်သူ၏ မိုးကြိုးလျှပ်စီးဒြပ်စင်စွမ်းအားကိုယ် အဆုံးစွန်ထိ အသက်သွင်းလိုက်၏ ။

မိုးကြိုးနဂါး၏ ဒေါသလက်သီး ။

ဝေါင်း ။

အနီရောင်နဂါးသဏ္ဍန်မိုးနှင့် လုံထန်၏ မမိုးကြိုးနဂါး လက်စီးနှင့် ထိပ်တိုက် ရင်ဆိုင်၍ ကောင်းထက်၌ တွေစုံသွားခဲ့သည်။

ဝုန်း ။

ပြင်းထန်လှသော စွမ်းအင်များကြောင် လေထုကြီးမှာပင် ဖန်တစ်ချက်လား အက်ကွဲသွားခဲ့သည်။ လေထုမှာလည်း ရေလိုင်းများအလား တွန်လိမ်နေခဲ့သည်။

လုံထန်မှာလည်း အနီရောက်မိုးကြိုးနဂါးကိုယ် ဖျက်စီးနိုင်လိုက်သော်လည်း သူ၏ လက်မောင်းတစ်မှာလည်း ကွဲကြေသွားခဲ့ပြီးနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားခဲ့ရသည်။

ကောင်းကင်ယံ၌လည်း နောက်ဆုံးသော တိမ်မဲများက စုဝေးလာခဲ့ပြန်သည်။ ဤအကြိမ်မှာ ယခင်အကြိမ်များထက်စာရင် ပို၍ များပြားလာခဲ့ပြီးတော့ နှစ်မိုင်ဝန်းကျင့်ရန်မှ ကောင်းကင်ယံတစ်ခုလုံးကိုယ် တိမ်မဲများ ဖုံးအုပ်ထားခဲ့သည်။

ဂျိန်း ။

ဝေါင်း ။

အရောင်ငါးရောင်ရှိသော မိုးကြိုးနဂါးတစ်ကောင်က ကျယ်လှောင်စွာ ဟိန်းဟောက်သံနှင့် အတူတူ လုံထန် ၏ ရှိရာထံသို့ ဦးတည်လာခဲ့သည် ။

ဟမ့် ။

အပြင်ဘက်တွင်ရှိနေသော ရွှေရောင်နဂါးမျိုးနွယ်စု၏ အကြီးကဲ တစ်အောင်းကျန်းဟန်မှာ မျက်နှာက ပျက်ယွင်းသွားခဲ့သည်။

ဒါက ။

ဒါက...ဒဏ္ဍရီထဲက ဒြပ်စင်ငါးခု မိုးကြိုးလား ။

ကောင်းကင်သားရဲဘုံ အဆင့် လေးကိုယ် ဖြတ်ကျော်တာကိုယ် ဘယ်လို့ ဖြစ်လို့ ဒါကြီးက ဆင်းသက်လာရတာလည်း ။ အောင်းကျန်းဟန်မှာ မယုံကြည့်နိုင်ဟန်ဖြစ် ရေရွတ်လိုက်သည်။

သတိထား ။

အောင်းကျန်းဟန်မှာ လုံထန်ကိုယ် လှမ်းအော်၍ သတိပေးလိုက်သည်။

လုံထန်မှာလည်း ထိုဒြပ်စင် ငါးခုဖြင့် ဖွဲ့တည်ထားသော မိုးကြိုး နဂါးကြီးကိုယ် ကြည့်၍ သူ၏ တစ်ကိုယ်လုံးရှိအမွှေးမျှင်များ ထောင်ထ သွားသည့်အလား ခံစားလိုက်ရသည်။

မူရင်း သားရဲ ခန္ဓာကိုယ်အဖြစ်သို့ အသွင်ပြောင်းစေ ။

လုံထန်တစ်ယောက် လျှင်မြန်စွာဖြင့် သူ၏ ခန္ဓာကိုယ် ပြောင်းလဲ လိုက်သည်။

ဝေါင်း ။

ဝေါင်း။

ဝေါင်း။

ကြီးမား၍ မီတာ 40 နည်းပါးရှိသော ဒြပ်စင်အလင်း ခြောက်ခု ဖြင့် ဝန်းရံနေသော နဂါးကြီးတစ်ကောင်က ရွှေရောင် နဂါး မျိုးနွယ်စု၏ ကောင်းယံ၌ ကျယ်လှောင်စွာ ဟိန်းဟောက်လိုက်၍ ကောင်းကင်ယံထက်က မိုးကြိုး ဒြပ်စင်နဂါးကြီး နှင့် ရင်ဆိုင်ကာတွေဆုံတော့မည်ဖြစ်သည်။

All Chapters