← Chapters

ဒြပ်ငါးခုမိုးကြိုးနဂါး ။

Vol. 7 Ch. 85

ဒြပ်ငါးခုမိုးကြိုးနဂါး ။

Vol. 7 Ch. 85

------

အောက်ဘက်မှနေ၍ လုံထန် တစ်ယောက် ကပ်ဘေး ပြစ်ဒဏ်မိုးကြိုးကိုယ် ဖြတ်ကျော်သည့်ကို စောင့်၍ ကြည့်ရူနေသော အကြီးကဲ ငါးဦးမှာ လုံထန်မှ သူ၏ မှုရင်းသားရဲ ခန္ဓာကိုယ် အသွင်ပြောင်းသွားသည့်ကိုယ် တွေလိုက်ရသည်။

ဒါက ။

ချီး ။

ဒါကဘာကြီးလဲဟ ။

အကြီးကဲ ငါးဦးမှာ လေအေးများကိုယ် ပြင်းပြစွာရူရိူက်လိုက်ရေးဖြင့် သူတို့၏ နှတ်ခမ်းဖျားများမှ ရေရွတ်လိုက်သည်။

အသက်ကြီးဆုံးဖြစ်သည့် အောင်းကျန်းဟန်မှာ သူ၏ မျက်လုံးများက မယုံကြည့်နိုင်ဟန်ဖြစ်နေခဲ့သည်။ သူတို့မျိုးနွယ်စု၏ တောက်ပလွန်းတဲ့ အချိန်တွေမှာတုန်းက ရှေးဟောင်းမှတ်တမ်းတွေ သိမ်းစည်း စုဆောင်းထားသော စာအုပ်တွေကိုယ်သူဖတ်ကြည့်ဖူးခဲ့သည်။

သူရှေးဟောင်းစာအုပ်တွေထဲ သိရှိခဲ့ရသော အကြောင်းရာများနှင့် ဒီပုံစံက တူညီလှသည်။ ဖြစ်နိုင်မလား အောင်းကျန်းဟန်က တုန်လူပ်စွာဖြင့် ရေရွတ်လိုက်သည်။

သူတို့က ဒဏ္ဍရီထဲမှာ ပဲ ရှိတာ မဟုတ်လား ။ အောင်းကျန်းဟန် အတွေးများနေစဉ်မှာ....။

ထိုအစဉ်.....။

လုံထန်၏ ဒြပ်စင်နဂါး ခန္ဓာကိုယ် ကြီးကိုယ် လူပ်ခါလိုက်ပြီး ကောင်းကင်ထက်က ကျဆင်းလာသော ဒြပ်စင်ငါးခု မိုးကြိုးနဂါးကြီးကိုယ် ကြည့်လိုက်၏ ။

ဝေါင်း။

သူ၏ အရှိန်များကိုယ် ထုတ်လွတ်သည့်နှင့် လုံထန်၏ ခန္ဓာကိုယ် တစ်ဝိူက် ဒြပ်စင်ခြောက်ခု၏ အလင်းအောင်များက ပို၍ စူးရှ တောက်ပလာခဲ့သည်။

ဝုန်း ။

မြင့်မြတ်၍ ကြီးကျယ်ကာ ဖိနှိပ့်လို့သော အရှိန်ဝါကြီး ရွှေရောင်နဂါးမျိုးနွယ်စု၏ နယ်မြေတစ်ခုလုံးကိုယ် ပျံနှံသွားကြသည်။

ဝုန်း ။

နယ်မြေကြီးတစ်ခုလုံးပင် တုန်ခါနေသည့်အလားပင် ။ အကြီးကဲ ငါးဦးနဲ့ အခြား ရွှေရောင် နဂါးမျိုးနွယ်စုဝင်များ အားလုံး ထိုဖိနှိပ့်မှု အရှိန်ဝါကြီး အောက်မှာ ဒူးထောက်၍လှဲကြသွားခဲ့ကျသည်။ သူတို့၏ စွမ်းအင်ကိုယ်သုံးကာ ခုခံသည့် လူများဆိုရင် အခြားလူများထက်နှစ်ဆခန့်ပို့၍ ဖိနှိပ့်ခံကျရသည်။

အဆင့်နိမ့်ကျသူများဆိုရင် အသက်ရူရခက်ခဲလာခဲ့သည့်အတွက် သူတို့၏ မျက်နှာများမှာ ညိုမဲ နေပြီး ပေါက်ကွဲထွက်လာတော့မည့်အလားပင် ။ သူတို့ ဒူးထောက်လိုက်မှ သာလျှင် ထို ဖိနှိပ့်ခံရမှုက သက်သာရာ ရသွားကျသည်။

အကြီးကဲ ငါးယောက်မှာလည်း မြေပြင်ထက်၌ ဒူးထောက်လှဲကျနေခဲ့ကျသည်။ သူတို့၏ အခြေနေများမှာလဲ ထူးခြားပြီးကောင်းနေခြင်းမရှိချေ။ အောင်းကျန်းဟန်က သူ၏ မျက်နှာထက်၌ မရှိပြုံး ဖြစ်ညစ်ပြုံးလိုက်ရင်းဖြင့် ပြောလိုက်သည်။ သူရဲ့ သွေးမျိုးဆက် ဖိနှိပ့်မူက အရင်တစ်ခေါက်က ထက်ပိုပြီး ကြောက်စရာကောင်းလာပြီ။

ဤအရှိန်ဝါက နယ်ပယ်စွမ်းအင်ရဲ့ ဖိနှိပ့်မှု မဟုတ်ချေ။ သွေးမျိုးဆက်စွမ်းအားဖိနှိပ့်မူသာဖြစ်သည်။

လုံထန်တစ်ယောက်က တော့ ထိုအချင်းအရာများကိုယ် သိမနေခဲ့ချေ။

ကောင်းကင်ထက်က ကျဆင်းလာသော ဒြပ်စင်ငါးခု မိုးကြိုးနဂါးကြီးထံသို့ သူ၏ နဂါးခန္ဓာကိုယ်ကြီးကိုယ် လူပ်ရမ်းလိုက်ပြီး ပြေးဝင်သွားခဲ့သည်။

ကောင်းကင်ယံထက်က လေထုထဲ၏ အလယ်တွင် ဒြပ်စင်ငါးခုရှိသော မိုးကြိုး နဂါးကြီးတစ်ကောင်နှင့် ဒြပ်စင်အလင်းခြောက်ခု ဖြင့်ဝန်းရံနေသော နဂါးကြီးတစ်ကောင်တို့ ထိပ်တိုက်ရင်ဆိုင်တွေ စုံသွားကြတော့သည်။

ဝုန်း ။

သူတို့နှစ်ဦးတွေစုံသည့်နှင့်ကျယ်လှောင်လှသော ပေါက်ကွဲသံကြီးထွက်ခဲ့သည်။ ပေါက်ကွဲမှု၏ ပြင်းထဲသော အဖျက်စွမ်းအင်များကြောင့် သူတို့နှစ်ဦးစုံတွေရာ ဟင်းလင်းပြင်ကြီးပဲ အက်ကွဲကြောင်းကြီး ဖြစ်သွားခဲ့ရသည်။

ဝေါင်း ။

ဒြပ်စင်ငါးခု မိုးကြိုး နဂါးကြီးမှာ လုံထန်နှင့် ပြင်းထန်စွာတိုက်ခိုက်နေခဲ့သည်။ သူတို့က သူတို့၏ လက်သည်းများ ၊ ကြီးမားသော အစွယ်ကြီးများဖြင့် ပါးစပ်များနှင့် ပြင်းထန်သော အရှိန်ဟုန်နှင့် သူတို့၏ အမြီးများကိုယ် သုံး၍ တိုက်ခိုက်နေခဲ့ကျသည်။

ဝေါင်း ။

ဝေါင်း။

ကောင်းကင်ယံထက်၌ ကျယ်လောင်လှသော နဂါးကြီး တွေ၏ ဟိန်းဟောက်သံများနှင့် ဆူညံနေခဲ့သည်။

လုံထန်၏ နဂါးခန္ဓာကိုယ်ကြီးမှာလည်း တဖြေးဖြေးနှင့် အကြေးခံများက အက်ကွဲလာပြီးတော့ သွေးများစီးကျလာခဲ့သည်။

ဒြပ်စင်ငါးခု မိုးကြိုးနဂါးကြီးမှာလည်း ထူးအခြေနေမကောင်းချေ။ သူ၏ အလင်းရောင်ငါးခုမှ မှိန်ဖျော့လာခဲ့သည်။

" ဒေါသနဂါးလက်သည်းချက် "

ငါအတွက်သေလိုက်စမ်း ။

လုံထန်က သူ၏ နဂါးလက်သည်းကြီးဖြင့် ဒြပ်စင်ငါးခု မိုးကြိုးနဂါးကြီးကိုယ် ကုပ်ဖြဲလိူက်၏ ။

ဝုန်း ။

ကျယ်လှောင်သော ပေါက်ကွဲမူကြီးဖြစ်ပေါ်လာခဲ့ကာ ဒြပ်စင်ငါးခုမိုးကြိုးနဂါးကြီး၏ ခန္ဓာကိုယ်ကြီးမှာ ပေါက်ကွဲသွားတော့သည်။

ဒြပ်စင်ငါးခုမိုးကြိုးနဂါးကြီး၏ ခန္ဓာကိုယ်မှနေ၍ များပြားလှသော လျှပ်စီး အမူန့်လေးများ ထွက်ပေါ်လာခဲ့သည်။

လုံထန်က ထိုလျှပ်စီး အမူန့်လေးများကိုယ် သူ၏ နဂါးခန္ဓာကိုယ်ကြီး အတွင်းသို့ စုပ်ယူလိုက်သည်။ လျှပ်စီးအမှုန့်များကိုယ် စုပ်ယူနေရင်းဖြင့် ကောင်းကင်ယံထက်မှ အလင်းတန်းကြီးတစ်ခုက လုံထန်၏ ရှိရာတည့်တည့်သို့ကျဆင်းလာခဲ့သည်။

ဤသည့်က ကပ်ဘေးပြစ်ဒဏ်မိုးကြိုး ဖြတ်ကျော်ပြီးသူတိုင်းကိုယ် ကောင်းကင်က ပေးအပ်တဲ့ ဆုလဒ်ဖြစ်သည်။

ထိုအလင်းတန်း၏ အတွင်း၌ များပြားလှသော ကောင်းကင်ချီစွမ်းအင်များကိုယ် လုံထန်က သူ၏ နဂါးခန္ဓာကိုယ်ကြီး အတွင်းသို့ ရေဝဲကြီး သဏ္ဍန် စုပ်ယူလိုက်သည်။

ကောင်းကင်ချီစွမ်းအင်များ၏ သန့်စင်ခံရင်း ထိူစွမ်းအင်များကိုယ် စုပ်ယူနေရင်းဖြင့် လုံထန်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများက လျှင်မြန်စွာပျေက်ကင်းသွားခဲ့သည်။

သူ၏ အရှိန်မှာလည်း ပို၍ အားကောင်းလာခဲ့သည်။ အခုချိန်မှာ သူ၏ ခန္ဓာကိုယ် အရွယ်စားမှာလည်း ပို၍ ကြီးထွားလာခဲ့သည်။

အချိန်အနည်းငယ်ကြာပြီး ချိန်မှာ ကောင်းကင်ချီစွမ်းအင်များက ပျောက်ကွယ်သွားတော့သည်။

နှမျောစရာပဲ ။

လုံထန်လည်း လူသားသဏ္ဍန်အသွင်ပြန်လည်ကာ ပြောင်းလိုက်ရင်းဖြင့် သူ၏ ခေါင်းကိုယ်ခါရမ်းလိုက်ရင်းဖြင့် သက်ပြင်းချကာပြော လိုက်သည်။

All Chapters