အခန်း (၈၆)
Vol. 7 Ch. 86
---------
လုံထန်တစ်ယောက် ကောင်းကင်ကြီးကိုယ်ကြည့်၍ ခေါင်းခါရမ်းလိုက်သည်။
နောက်ထပ် အချိန်အနည်းငယ်သာ ထပ်ရပါက သူမှာ ကောင်းကင်ချီစွမ်းအင်များ၏ ထောက်ပံမှုနှင့် ကောင်းကင်သားရဲ အဆင့်ဒုတိယ အဆင့်ကိုယ် ရောက်နိုင်သည်။ ယခုမှတော့ ကောင်းကင်သားရဲ ပထမအဆင့် အဆင့်မြင့်အဆင့်သို့ရောက်ရှိသွားခဲ့သည်။
အခုအချိန်မှာကောင်းကင်ချီစွမ်းအင်များက ပျောက်ကွယ်သွားသည့်ကိုယ် ကြည့်၍နှောင်တ သာရမီတော့သည်။ သူတက်နိုင်တာလည်း မရှိချေ။ အခုလို့ အခွင့်ရေးမျိုးထပ်လို့ချင်ပါက သားရဲ ဘုရင့်အဆင့်ကိုယ် ဖြတ်ကျော်ပြီးမှသာ ထပ်မံ၍ ရနိုင်တော့မည်ဖြစ်သည်။
လုံထန်လည်း ကောင်းကင်ယံထက်မှနေ၍ အကြီးကဲ ငါးဦး ရှိသည့်နေရာသို့ ဆင်းသက်လိုက်သည်။
အကြီးကဲတို့ ။
လုံထန်က အောင်းကျန်းဟန် တို့ကိုယ် နှတ်ဆက်လိုက်သည်။
ဟားဟား ။
အချိန်အနည်းငယ်နဲ့ အခုလို့ အဆင့်ထိ ရောက်လာတဲ့သူကိုယ် ကျုပ်တစ်သက်လုံးမှ မိတ်တွေလေး တစ်ယောက်ထဲက လွဲလို့ တစ်ခြားလူမတွေဖူးသေးဘူး ။ အောင်းကျန်းဟန်က လုံထန်ကိုယ် သဘောကျသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူ၏ စိတ်ထဲမှာလည်း လုံထန်၏ ပေါင်ကိုယ် တင်းတင်းဆွဲဖက်ထားသင့်သည့်ဟုတွေးနေခဲ့သည်။ အခြားလူများမှာ ဘာလည်း မသိသော်လည်း သူက လုံထန်၏ ပုံပင်းသဏ္ဍန်က ဘာလည်း ဆိုတာ သူကကောင်းကောင်းသိသည်။
ဤသို့သော်လူမျိုးက တစ်နေမှာ အားလုံး၏ အထိပ်ဆုံးကိုယ် ရောက်ရှိမည်သူများဖြစ်သည်။ သူတို့လိုအပ်သည့်က အချိန်သာဖြစ်သည်။
ဟားဟား ။
မခံယူဝံပါဘူး ။
ကျွန်တော်က အကြီးကဲတို့ရဲ့ အရင်းမြစ်တွေနဲ့ ဝိညာဉ်ချီစွမ်းအင်များပေါကြွယ်ဝလွန်းတဲ့ တားမြစ်နေနယ်မြေကိုယ်ဖွင့်လှစ်ပေးခဲ့တဲ့ အကြီးကဲ တို့ကျေးဇူးကြောင့်ပါ။
ဟားဟား ။
ဒါကလည်း မိတ်ဆွေလေးရဲ့ ပါရမီကြောင့်ပါ ။ အောင်းကျန်းဟန်က ရီမောကာ ပြန်ပြောလိုက်သည်။
သူတို့စကားအချို့ပြောပြီးနောက် အောင်းကျန်းဟန်က လုံထန်ကိုယ် ကြည့်၍ ပြောလိုက်သည်။
မိတ်ဆွေလေး ဒီနေတော့ အနားယူလိုက်ပါအုန်း ။ နောက်နေ့မှာ မင်းသမီးလေးကိုယ် ကူညီဖို့ စတင်ကျတာပေါ့ ။
အကြီးကဲ ဒီနေ့လည်း အချိန်ရသေးတာပဲ ။ မနက်ဖြန်တွေ လုပ်မနေပါနဲ ဒီနေပဲ စတာပေါ့ ။
လုံထန်က အောင်းကျန်းဟန်ကိုယ် ပြန်ပြောလိုက်သည်။
ဟားဟား ။
ဒါဆို့လည်း မိတ်ဆွေလေး သဘောပါပဲ ။
ဒီအချိန်ထိ သူတို့က ဒီလို့နေရက်မျိုးကိုယ်စောင့်မျော်လာခဲ့ရတာပဲဖြစ်သည်။ အခုတော့ သူတို့စောင့်မျော်လာခဲ့ရတဲ့နေရက် ရောက်လာခဲ့ပြီပဲ ဖြစ်သည်။
အကြီးကဲ ငါးဦးစလုံး၏ မျက်နှာများက တောက်ပစွာပြုံးလိုက်၏ ။
လာပါ ။ မိတ်ဆွေလေး ငါမင်းကိုယ် နေရာတစ်ခုကိုယ် ခေါ်သွားပေးမယ် ။ အောင်းကျန်းဟန်က လုံထန်ကိုယ် ကြည့်ကာ ပြောလိုက်သည်။
ကောင်းပါပြီအကြီးကဲ ။
မင်းတို့ အပြင်က ကိစ္စတွေကိုယ် ဂရုစိုက်ထားလိုက်ပါ ။ ငါမိတ်ဆွေလေး လုံထန်ကိုယ် မင်းသမီးရှိတဲ့နေရာကိုယ် လိုက်ပို့လိုက်အုန်းမယ် ။ ကျန်နေတဲ့ အကြီးကဲ လေးယောက်ကိုယ် အောင်းကျန်း ဟန်က အမှာစကားဆိုလိုက်သည်။
ကောင်းပါပြီ ။အကြီးကဲ တစ် ။
သွားစို့မိတ်ဆွေလေး ။
အောင်းကျန်းဟန်က လုံထန်ကိုယ် ခေါ်၍ သူက အရှေမှနေ၍ တားမြစ်နယ်မြေထဲကိုယ် ဝင်ရောက်လာခဲ့သည်။
လုံထန်လည်း နောက်မှ လိုက်လာရင်းဖြင့် တားမြစ်နယ်မြေပြန်ရောက်လာသည့်ကိုယ် ကြည့်၍ မနေနိုင်တော့ပဲ မေးလိုက်သည်။
အကြီးကဲ ။ ခင်းဗျားတို့ရဲ့ မင်းသမီးလေးက ဒီမှာထားထား တာလား ။
ဟုတ်တယ် ။
ဟမ့်။
ဒါပေမဲ့ ကျွန်တော်ဒီမှ လေ့ကျင့်နေတုန်းက ဘာမှ ထူးခြားချက်တွေ မရှိပါဘူး ။
ဟားဟား ။
ဒါပေါ့ ။
အောင်းကျန်းဟန်က ဂုဏ်ယူစွာပြုံးလိုက်သည်။
အမှန်မှာ မင်းသမီးလေးက ဒီအထဲမှာပါ ။ အောင်းကျန်းဟန်က သူ၏ အရှေ့ရှိ ရေတံခွန်ကြီးကိုယ် လက်ညိုးထိုးပြလိုက်သည်။
ထိုနောက်မှာ သူက လက်ဟန်အချို့ပြုလုပ်လိုက်ပြီးနောက် သူ၏ နှတ်ခမ်းကိုယ် လူပ်ခပ်ကာ မန္တန်အများကိုယ် ရွတ်ဆိုလိုက်သည်။
လုံထန်တစ်ယောက် အောင်းကျန်းဟန်လုပ်နေသည့်များကိုယ် အသေးစိတ်က အစလိုက်၍ ကြည့်ရူနေခဲ့သည်။
အောင်းကျန်းဟန်က မန္တန်အချို့ရွတ်ဆိုပြီးသွားသည့်နှင့် ရေတံခွန်ကြီးက တုန်ခါသွားပြီးနောက် အလယ်တည့်တည်၌ အက်ကွဲကြောင်းကြီး ပေါ်လာခဲ့သည်။
လာသွားစို့ မိတ်ဆွေလေး ။
အောင်းကျန်းဟန် ပျံသန်းလိုက်၍ ရေတံခွန်အလယ်၏ အက်ကွဲကြောင်းကြီးထံသို့ ဦးတည်သွားလိုက်၍ ဝင်ရောက်သွားခဲ့တော့သည်။
လုံထန်လည်း အောင်းကျန်းဟန်၏ နောက်မှ လိုက်၍ ပျံသန်းလာပြီးနောက် ထိုအက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက်သွားလိုက်တော့သည်။ သူတို့နှစ်ဦး ဝင်ရောက်သွားပြီးသည့်နှင့် ရေတံခွန်ကြီးက တုန်ခါလာခဲ့ကာ ပြန်လည်က အက်ကွဲကြောင်းက ပိတ်သွားခဲ့တော့သည်။
လုံထန်တစ်ယောက် အထဲ့သို့ရောက်ရှိသွားချိန်မှာ အောက်ဘက်သို့ ဆင်းသက်သွားရမည့်လှေကား ထစ်လေးများစွာကိုယ် တွေလိုက်ရသည်။
ရေတံခွန်၏ အတွင်းပိုင်းဆိုသောလည်း မှောင်မဲနေချင်းမရှိချေ။ ဘေးနံရံတွေများတွင်လည်း ညလင်းပုလဲလုံးကြီးများဖြင့် အလင်းရောင်ပေး ထားသည့် အတွက် ဒီနေရာမှာ နေအချိန်လို့ပဲ အမြဲလင်းထိန်နေခဲ့သည်။
ထိုအရာများအပြင် ဒီနေရာ၏ ဝိညာဉ်ချီစွမ်းအင်များ ကြွယ်ဝမှုက အပြင်ဘက်မှာထက် တစ်ဆပို့၍ များပြားသည် ။
အကြီးကဲ ဒီနေရာကဝိညာဉ်ချီစွမ်းအင်တွေက အပြင်ဘက်မှာ ထက်ပိုသိပ်သည်း ကြွယ်ဝတယ်နော်။
ဟားဟား ။
ဒါပေါ့ ။
ဒီနေရာ နတ်ဘုရားဝိညာဉ်သွေးကြော မြုပ်နှံထားတာလေ ။
ဟမ့် ။
နတ်ဘုရား ဝိညာဉ်သွေးကြောလား ။ ဝိညာဉ်သွေးကြောတွေက ရှားပါးကျသည်။ သူတို့ကိုယ် အဆင့်နိမ့် ၊အလယ်လတ်၊ အဆင့်မြင့်၊ နတ်ဘုရားဝိညာဉ်သွေးကြော၊ အင်မော်တယ် ဝိညာဉ်သွေးကြောတို့ ပဲဖြစ်သည်။
ယနေ့အချိန် လုံထန်တစ်ယောက် တစ်ခါပင်ထိုအရာများကိုယ် မြင်တွေဖူးခဲ့ခြင်းမရှိချေ။ ထိုအရာများရှိသည့်ကိုယ် ပင် အောင်းချင်းထန်၏ မှတ်ဉာဏ်များကြောင့်သာသိရှိခဲ့ခြင်းဖြစ်သည်။
ဟုတ်တယ် ။
နတ်ဘုရားဝိညာဉ်သွေးကြောပဲ ။ ငါတို့ ပုန်းကွယ်ဖို့ ဆုံးဖြတ်လိုက်တော့ ဝိညာဉ်သွေးကြောကိုယ်ပါ ပြောင်းရွှေယူဆောင်လာခဲ့တာ ။
မဟုတ်ရင် ။
နတ်ဆိုးနဂါးတွေကိုယ် ပိုသန်မာလာအောင် လုပ်ပေးလိုက်သလို့ ဖြစ်နေမှာပေါ့ ။ မဟုတ်ဘူးလား ။ အောင်းကျန်းဟန်က ရီမောစွာဖြင့်ပြောလိုက်သည်။
သူတို့နှစ်ဦး စကားပြောရင်းဖြင့် ဝင်ပေါက်နဲ့ တော်တော် ဝေးကွာရာထိသို့ရောက်ရှိလာခဲ့သည်။ အောက်ဘက်သို့ရောက်ရှိလေ ဝိညာဉ် ချီစွမ်းအင်တွေ ပေါကြွယ်ဝလေဖြစ်သည်။