ရွှေရောင်နဂါးမျိုးနွယ်စု၏ မင်းသမီး ။
Vol. 7 Ch. 87
------------
လုံထန်နှင့် အောင်းကျန်းဟန် တို့ ဝင်ပေါက်နှင့် တော်တော် ဝေးရာသို့ရောက်ရှိလာခဲ့ကြ၏ ။
လှေကားထစ်တွေရဲ့အဆုံး အလွန်တွင် ကျယ်ပြန်လှယ်သော လိူင်ဂူကြီးရှိနေခဲ့သည်။
ထိူလိူင်ဂူ၏ အကျယ်ဝန်းကျ မီတာ နှစ်ဆယ် ခန့်ရှိပြီး အတွင်းပိုင်းတွင်လည်း ဝိညာဉ်ချီစွမ်းအင်များကလည်း အငွေ့များဖြစ်သိပ်သည်းနေခဲ့သည်။
လိူင်ဂူ၏ အလယ်တည့်တည်တွင် ကြီးမားလှသော နှစ်သန်းချီလောက်သက်တမ်းရှိသော ကျောက်စိမ်းပုလ္လင်ကြီး ရှိနေခဲ့သည်။
ထိုပုလ္လင်၏ အထက်၌ ရွှေရောင်ဝတ်စုံကိုယ် ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်ငါး အရွယ်လောက်မိန်းမလှလေး တစ်ယောက် အိပ်စက်နေခဲ့သည်။
သူမ၏ အလှက လုံထန်ကိုယ်ပင် မှင်သက်သွားစေခဲ့သည်။ သူတွေခဲ့ဖူးသမျှတွေထဲ အလှဆုံးလို့မိန်းကလေးလို့ပင် ဆိုရမည် ။ ဖီးနစ်မျိုးနွယ်စု၏ မင်းသမီးထက်ပင်ပို၍ လှပေနေသေးသည်။
သူမ၏ နှင်းဖြူရောင်အသားရည် ကြီးမားလှသော ရင်သား ၊ ထွားကြိုင်းလှသော တင်သားနှင့် ၊သူမ၏ ခန္ဓာကိုယ် အချိုးစားက အပြစ်ဆိုစရာမရှိချေ။
သူမ၏ မျက်နှာလေးက ဘဲဉသဏ္ဍန်မျက်နှာ ၊ ဖျောင့်စဉ်းသော နှာတံ ၊ မိုးမခကိုင်းလေးတွေ အလား မျက်ခုံး လေးတွေ အပြင် သူ၏ နှတ်ခမ်း ဖူးဖူးလေးက လည်း မက်မွန်သီးလေး တစ်ခုအလားပင် ။ သူမက မသေမျိုးပန်းချီကားထဲမှ နတ်မိမယ်လေးတစ်ပါးအလားပင်။
သူမက အပြစ်ဆိုစရာ မရှိရအောင်လှပလွန်းလှတဲ့ မိန်းမလှလေး တစ်ယောက်ဖြစ်သည်။
သို့သော်လည်း သူမ၏ မျက်နှာက ဖြူလျော့နေခဲ့သည်။ မသိသူများဆိုရင် အသက်သေဆုံးနေသည့်အလားပင် ။
သေချာအာရုံစိုက်ကြည့်ရူစစ်ဆေးကြည့်ပါက သူမ၏ အသက်ဓာက်တွေ အားနည်းနေရုံသာဖြစ်ပြီးတော့ အသက်သေဆုံးချင်းမရှိသေးချေ။
အဟမ်း ၊ အဟမ်း ။
လုံထန်၏ မင်သက်ငေးမောနေသော မျက်နှာကိုယ်မြင်သည့်နှင့် အောင်းကျန်းဟန်က ရီချင်ဖွယ်မျက်နှာထားဖြင့် ချောင်းဟန့်လိုက်သည်။
ဟားဟား ။
တောင်းပန်ပါတယ် ။
လုံထန်လည်း ရှက်သွားပြီး၍ အောင်းကျန်းဟန်က ပြန်ကာပြောလိုက်သည်။
ဟားဟား ။
ဒီလို့ဖြစ်လာမည်ဆိုတာ ဒီအဘိုးကြီးသိပါတယ်။ အရင်တုန်းက ဆိုရင် မင်းသမီးရဲ့ အလှပ က အနောက်ပိုင်းတိုက်ကြီးတစ်ခုလုံးမှာ ကျော်ကြားတယ် ။ သူမကိုယ် လက်ထပ်ချင်တဲ့ သူတွေက မရေတွက်နိုင်တဲ့ အထိတောင်များပြားလွန်းတယ်။00အောင်းကျန်းဟန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
လုံထန်လည်း အောင်းကျန်းဟန်၏ စကားကိုယ် အသိမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။
ဒီလောက်လှပတဲ့ အမျိုးသမီးက အနောက်ပိုင်းတိုက်ကြီး၏ အလှပေကေးနတ်မိမယ် လေးဖြစ်သင့်ပေသည်။
ဒါနဲ့ အကြီးကဲ ကျုပ်က ဘယ်လို့မျိုးကူညီပေးရမှာလည်း ။
အဲဒါက နည်းလမ်းနှစ်ခုရှိတယ် ။ မိတ်ဆွေလေး ။
ပထမနည်းလမ်းက မိတ်ဆွေလေးရဲ့ သွေးကိုယ် အသုံးပြီးတော့ မင်းသမီးရဲ့ ကိုယ်ထဲ နတ်ဆိုး နဂါးမျိုးနွယ်စု ခေါင်းဆောင်ရဲ့ သွေးစွမ်းအားကိုယ် ဖိနှိပ့်ပေးဖို့ပါ ။
ဒါပေမဲ့ မင်းသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နတ်ဆိုးနဂါးမျိုးနွယ်စုခေါင်းဆောင်ရဲ့ သွေးစွမ်းအားက နှစ်ပေါင်းများစွာကြာနေပြီတော့ မင်းသမီးရဲ့ ရွေရောင်နဂါးသွေးမျိုးဆက် စွမ်းအားတွေ ကိုယ် ဖိနှိပ့် ဖျက်စီးပြစ်နေခဲ့တာ ကြာပြီ။
မိတ်ဆွေလေးရဲ့ သွေးမျိုးဆက်က စွမ်းအားကြီးတာ မှန်ပေမဲ့လည်း နတ်ဆိုးနဂါးမျိုးနွယ်စုခေါင်းဆောင်ရဲ့ သွေးစွမ်းအားကလည်း အားမနည်း ဘူး ။
ပထမနည်းလမ်းနဲ့ အလုပ်မဖြစ်ချင်တော့ ။ ဒုတိယနည်းလမ်းကိုယ် သုံးမှ ရမယ် ။
အဲတာကတော့ " ထာဝရနှလုံးသားကျင့်စဉ် " လို့ခေါ်တယ် ။ မိတ်ဆွေလေး ။
" ထာဝရနှလုံးသားကျင့်စဉ် "ဟုတ်လား ။ အဲတာက ဘာများတုန်း ကျွန်တော်တစ်ခါမှ မကြားဖူးဘူး ။ လုံထန်က နားမလည် နိုင်စွာဖြင့်မေးလိုက်၏။
အဲ ။
အဲဒီကိစ္စက နည်းနည်းတော့ ရူပ်ထွေးတယ်။ ပထမနည်းလမ်းကိုယ် အရင်ဆုံး အသုံးပြုကြတာပေါ့ ။ အောင်းကျန်းဟန်က လုံထန်ကိုယ် မပြောပြချင်သေး၍ စကားလမ်းကြောင်းလွဲလိုက်၏ ။
လုံထန်လည်း အောင်းကျန်းဟန်က ဆက်၍ မပြောချင်သဖြင့် ဆက်မမေးတော့ပဲ ကျောက်စိမ်းပုလ္လင် ရှိရာစီသို့ လျှောက်သွားလိုက်သည်။
အနီးကပ်ရှိသည့်အချိန်မှာ ပုလ္လင်ပေါ်ရှိ ကြွေရုပ်လေးအလား မိန်းမလှလေးမှာ သူအရင်အဝေးက ကြည့်နေချိန်က ထက်ပို၍ လှပသည့်ကိုယ် တွေလိုက်ရသည်။
မဟုတ်ဘူး အာရုံစိုက်ရအောင် ။ လုံထန်လည်း သူ၏ စိတ်များကိုယ် ပြန်၍ ထိန်းချုပ်လိုက်၏ ။
သူ၏ လက်ထိပ်ကိုယ် ကိုက်ဖောက်လိုက်၍ ဒြပ်စင်အလင်းများထုတ်လွတ်နေသော သွေးတစ်စက်ကိုယ် ကျောက်စိမ်းပုလ္လင်ထက်မှ မိန်းမလှလေး ၏ နှတ်ခမ်းလေးများထဲသို့ သူ၏ စွမ်းအားဖြင့် ထိန်းချုပ်ကာ ကျဆင်းစေလိုက်သည်။
ဒြပ်စင်အလင်းများထုတ်လွတ်နေသော သွေးတစ်စက်က သူမ၏ နှတ်ခမ်းကြားမှ တစ်ဆင့် သူ၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်၍ ဝင်ရောက်သွားစေခဲ့တော့သည်။
လုံထန်၏ သွေးစက်က သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့်နှင့် သူမ၏ လှပသော မျက်နှာလေးက ပို၍ ဖြူလျော့သွားခဲ့သည်။
သူမ၏ ခန္ဓာကိုယ် အတွင်းတွင်လည်း လုံထန်၏ထိန်းချုပ်ထားသော သွေးစက်နှင့် နတ်ဆိုးနဂါးမျိုးနွယ်စု ခေါင်းဆောင်၏ သွေးစွမ်းတို့က ပြင်းထန်စွာ အပြိုင်ဆိုင်တိုက်ခိုက်နေကြသည်။
လုံထန်၏ သွေးစွမ်းအားမှာ အစွမ်းထက်သည့်မှာ မှန်ကန်သောလည်း သူ၏ စွမ်းအားက နိမ့်ကျနေသေးသည့် အတွက်ကြောင့် ကိုးရောင်ခြယ်ဒြပ်စင်နဂါး၏ အပြည့်ဝလွန်းမိုးမူကိုယ် မထုတ်လွတ်နိုင်သေးချေ။
တစ်ဖက်တွင်ရှိသော နတ်ဆိုးနဂါးမျိုးနွယ်စုခေါင်းဆောင်မှာ သူ၏ သွေးမျိုးဆက်စွမ်းအားက လုံထန်၏ သွေးမျိုးဆက်စွမ်းအားလောက် အစွမ်းထက်ခြင်းမရှိ သော်လည်းပဲ အစွမ်းထက်နေသေးသည်။ အဲဒါအပြင်သူ၏ ကျင့်ကြံမှုမှာက လုံထန်ထက်အစပေါင်းများစွာသာလွန်၏ ။
အချိန်အနည်းငယ်ခန့်သာ ရှိနေသေး သည့် အခြေနေများတွင်ဆိုရင်လည်း လုံထန်၏ သွေးစွမ်းအားက နတ်ဆိုးနဂါးမျိုးနွယ်စု၏ သွေးစွမ်းအားကိုယ် အပြည်ဝလွမ်းမိုးနိုင်၏ ။ သို့သော်လည်း နတ်ဆိုးနဂါးမျိုးနွယ်စုခေါင်းဆောင်၏ သွေးစွမ်းအားမှာ ရွှေရောင်နဂါးမျိုးနွယ်စု၏ မင်းသမီး၏ ခန္ဓာကိုယ် အတွင်းမှနှစ်ပေါင်းများစွာ ကြာအောင်တည်ရှိနေခဲ့တာပဲ ဖြစ်သည်။
သူသာ အတင်းကျပ်ပြုလုပ်လိုက်ပါသူမကိုယ်ပို၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားနိုင်သည်။ ထိုထက်ပို၍ ဆိုးနိုင်သည့်က သူမပင်သေဆုံးသွားနိုင်သည်။
လုံထန်၏ မျက်နှာထက်တွင် ချွေးအေးများစီးကျလာခဲ့သည်။ သူ၏ သွေးစက်ကိုယ် ထိန်းချုပ်၍ နတ်ဆိုး နဂါးမျိုးနွယ်စုခေါင်းဆောင်၏ သွေးစွမ်းအားကိုယ် တိုက်ခိုက်ရသည်က သူကိုယ် များစွာပင်ပန်းစေခဲ့သည်။
ဘေးနားတွင်ရှိနေသော အောင်းကျန်းဟန်မှာလည်း လုံထန်၏ မျက်နှာ အမူရာကိုယ် ကြည့်၍ သူမှာလည်း လေးနက်နေခဲ့သည်။
ပထမနည်းလမ်းက အဆင်မပြေခဲ့ရင် သူတို့လုပ်နိုင်သည်က ဒုတိယနည်းလမ်းသာရှိတော့သည်။
သူ၏ အရှေမှာ ရှိနေသော ဤလူငယ်လေးမှာလည်းတောက်ပသော အနာဂတ်နဲ့ သူတို့မျိုးနွယ်စုထက်ပင် အစွမ်းထက်သော ဒဏ္ဍရီထဲမှ သွေးမျိုးဆက်စွမ်းအားရှိသူ ဖြစ်သဖြင့် သူလည်းသဘောကျသဖြင့် မင်းသမီးလည်း သဘောကျမှာ ပါဟုတွေးလိုက်သည်။
ဤနည်းလမ်းမှ မသုံးချင်ရင်လည်း ။သူတို့၏ မင်းသမီးမှာ ပြန်လည် ကောင်းမွန်လာဖို့ဆိုတာ မဖြစ်နိုင်ချေ။ အခုချိန်မှာ သူတို့၏ မင်းသမီး ပြန်လည်ကောင်းမွန်လာမှ သာလျှင်သူတို့ကိုယ် ပြန်လည်ကာ ဦးဆောင်၍ သူတို့၏ ရန်သူများကိုယ် ပြန်လှည့်ကာ လက်စားချေနိုင်မည်ဖြစ်သည်။
ထိုအစဉ် .....
အဟွက်...အဟွက် ။
ဝေါ့ ။
လုံထန်မှာ သူရပ်နေသော နေရာမှနေ၍ လှဲကျမလို့ ဖြစ်သွားခဲ့၍ သွေးတစ်လုပ်အန်လိုက်ရသည်။
ကျောက်စိမ်းပုလ္လင်ထက်ရှိမိန်းမလှလေး၏ မျက်နှာမှာလည်း ပို၍ ဖြူလျော့လာခဲ့ကာ အသက်ဓာက်များကလည်း လျှင်မြန်စွာ ဆုတ်ယုတ်လာခဲ့သည်။
လုံထန်လည်း လျှင်မြန်စွာပင် သူ၏ သွေးများသုတ်ပစ်လိုက်ကာ သူ၏ သစ်သားဒြပ်စင်စွမ်းအားကိုယ်အသုံးပြု၍ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ပို့လွတ်လိုက်၏ ။
သူ၏ သစ်သားဒြပ်စင်စွမ်းအားက သူမ၏ အသက်ဓာက်လျှင်မြန်စွာ ဆုတ်ယုတ်လာမှုကိုယ် အနည်းငယ်တော့ အနှောက်ယုက်ဖြစ်စေခဲ့ကာ သူမ၏ အသက်ဓာက်များ အနည်းငယ်ပြန်လည်ကာ တည့်ငြိမ်လာခဲ့သည်။