ထာဝရနှလုံးသားကျင့်စဉ်။
Vol. 7 Ch. 88
----------
အောင်းကျန်းဟန် လည်း ထိတ်လန့်သွားခဲ့၏ ။ သူက လျှင်မြန်စွာ လုံထန်၏ အနားသို့ ရောက်လာခဲ့ကာ လုံထန်ကိုယ် ကူညီပေးလိုက်သည်။
မိတ်ဆွေလေး အဆင်ပြေရဲ့လား ။
ကျွန်တော်က အဆင်ပြေပါတယ် ။ အကြီးကဲ ကျွန်တော် ဒီလောက်ပဲ ထိန်းထားနိုင်တော့မယ် ။
သူမကိုယ်ကယ်တင်ရန် ဒုတိယ နည်းလမ်းက ဘာလဲ အမြန်ပြောပါ ။
မဟုတ်ရင်သူမက သေသွားလေ့မယ် ။ ကျွန်တော်ရဲ့ စွမ်းအားက သူကိုယ် အချိန်ကြာကြီး မထောက်ပံပေးထားနိုင်ဘူး။ ကျွန်တော်ရပ်တန့်လိုက်တာ နဲ့ သူမရဲ့ အသက်ဓာက်တွေက ကုန်ခမ်းသွားလေ့မယ် ။
အဲတာ အဲဒီနည်းလမ်းက နည်းနည်းတော့ ရူပ်ထွေးတယ် ။ အောင်းကျန်းဟန်က ပြောရမှာ တစ်မျိုးဖြစ်နေခဲ့သည်။
ဘာများလည်း လုံထန်လည်း နားမလည်နိုင်ဟန်ဖြင့်ပြောမေးလိုက်သည်။
မိတ်ဆွေလေးကိုယ်တိုင်ပဲ ကြည့်လိုက်ပါ။
အောင်းကျန်းဟန်က လုံထန်၏ လက်ထဲသို့ အနက်ရောင် ရှေးဟောင်းအငွေ့သတ်များထုတ်လွတ်နေသော တံဆိပ်တော်တစ်ခုကိုယ် သူ၏ သို့လှောင်လက်စွပ်အတွင်းမှာ ထုတ်ပေးလိုက်သည်။
ဒီတံဆိတ်တော်အတွင်းမှာပါတဲ့ ကျင့်စဉ်က ငါတို့ရဲ့ အရင်ဘိုးဘေးတွေ အသုံးပြုခဲ့တာ ပဲ ငါတို့မျိုးဆက်မှာတော့ ဘယ်သူမှ အသုံးမပြုဖူးဘူး ။ အဲတာကြောင့် ဒီအဘိုးကြီးလည်း မိတ်ဆွေလေးကိုယ် အကူညီမပေးနိုင်ဘူး ။
ရွှီရန်ပြောတာတော့ မိတ်ဆွေလေးရဲ့ နားလည် သဘောပေါက်နိုင်စွမ်းက အားလုံးထဲမှာ ထိပ်တန်းလို့ ပြောဖူးတယ် ။
မိတ်ဆွေလေး ဒီနည်းစနစ်ကိုယ် အရင်ကျွမ်းကျင်အောင်လေ့ကျင့်လိုက်ပါ ။ အဲတာမှ မင်းသမီး ကယ်တဲ့ အခါမှာ အဆင်ပြေပြေ အောင်မြင်လေ့မယ် ။
ဒီအဘိုးကြီးက မိတ်ဆွေလေး လေ့ကျင့်ပေးနေတဲ့ အချိန်မှာ မင်းသမီးလေးရဲ့ အသက်ဓာက်ကိုယ် ထောက်ပံ ပေးထားပါမယ်။
ကောင်းပါပြီ ။
လုံထန်လည်း အောင်းကျန်းဟန်၏ လက်အတွင်းမှ ရှေးဟောင်း တံဆိတ်တော်ကိုယ် ယူလိုက်၏ ။
အောင်းကျန်းဟန်က လည်း သူ၏ သစ်သားဒြပ်စင် စွမ်းအားကိုယ် အဆုံးစွန်းထိ ထုတ်သုံးလိုက်ပြီးတော့ သူတို့မျိုးနွယ်စု၏ မင်းသမီးလေး အသက်ဓာက်ဆုတ်ရုတ်လာမှုကိုယ် တားစီးထားခဲ့သည်။
လုံထန်လည်း ရှေးဟောင်းတံဆိတ်တော်အတွင်းသို့ သူ၏ စွမ်းအင်များကိုယ် စီးဆင်းစေလိုက်သည်။
ထိုအချိန်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ ခေါင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ပြီးတဲ့နောက်တွင်တော့ သူ နှင့် မရင်းသော မှတ်ဉာဏ်များကိုယ် တွေလိုက်ရသည်။
မှတ်ဉာဏ်များအားလုံးပြည့်စုံသွားချိန်မှာတောကျင့်စဉ်တစ်ခုဖြစ်သွားခဲ့သည်။
" ထာဝရနှလုံးသားကျင့်စဉ် "
ဤကျင့်စဉ်က အဆင့်သတ်မှတ်ချက်မရှိချေ။ အဲဒီအချက်က လုံထန်ကိုယ် လုံးဝ အံဩသွားစေခဲ့သည်။
" ထာဝရနှလုံးသား ကျင့်စဉ် "
ဤကျင့်စဉ်က နှစ်မွှာကျင့်စဉ် ဖြစ်သော်ငြားလည်းရှားပါး၍ ထူးဆန်းလှပြင် ဆန်းကျယ်မှုတွေလည်း များစွာပါရှိပြီး အစွမ်းထက်လှသည်။
ဤကျင့်စဉ်ကိုယ် ကိုယ်ရဲ့ အဖော်နဲ့ လေ့ကျင့်လိုက်ပါက သူတို့ရဲ့ သွေးစွမ်းအားတွေ ၊ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ် အတွင်းမှ ပြန်နှံသွားမည်ဖြစ်သည်။
ထိုအပြင်မှာ ထိုသို့ကျင့်ကြံပြီးပါက လက်တွဲဖော်ကိုယ် အကွာဝေးမည်မျှခြားထားပါစေ ဆက်သွယ်နိုင်စွမ်းရှိသည်။
သူတို့၏ ဝိညာဉ်တွေက ထာဝရ ချိတ်ဆက်ထားသည့် အလားပင် ။
သွေးစွမ်းအားတွေ ၊ ဝိညာဉ်တွေ ချိတ်ဆက်နေပြီးတော့ ၊ စွမ်းအားကိုယ်ပင် မျှဝေ သုံးစွဲနိုင်သည်။ ဤ ကျင့်စဉ် အကျိုးသက်ရောက်မှုက မနည်းချေ။
လုံထန်လည်း ကျင့်စဉ် မိတ်ဆက်ရှင်းပြချက်များကိုယ် လေ့ကျင့်ပြီးသည့်နှင့် စတင်ကာကျင့်ကြံလိုက်တော့သည်။
ရွှေရောင်နဂါးမျိုးနွယ်စုက သူကိုယ် များစွာကူညီထားသည့် အပြင် ၊ သူတို့၏ မင်းသမီးလေးက လည်း ချောမောလှပလှသည်။ ဤအတွက် ကြောင့်သူတွင်လည်း ငြင်းဆန်ရမည့် အကြောင်းပြချက်မရှိချေ။
လုံထန်တစ်ယောက် " ထာဝရနှလုံးသား " ကျင့်စဉ်၏ အညွန်းစာများကိုယ် သေချာစွာမှတ်သားလိုက်ပြီးနောက် စတင်ကာ ကျင့်ကြံလိုက်တော့သည်။
ကိုးရောင်ခြယ်ဒြပ်စင် နဂါး သွေးမျိုးဆက်ကြောင့် သူ၏ နားလည်သဘောပေါက်ထိုးထွင်းသိမြင်မှုများက မြင့်မားသည့် အတွက်ကြောင့် အချိန် တစ်နာရီ အကြာတွင် ထာဝရ နှလုံးသား ကျင့်စဉ်ကိုယ် တက်ကျွမ်းသွားခဲ့သည်။
လုံထန်လည်း အောင်းကျန်းဟန် စီသို့ပြန်သွားလိုက်၏။
အကြီးကဲ ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ။
ကောင်းပြီ။ အောင်းကျန်းဟန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
ဟမ့် ။
မင်းဘာပြောတယ် ။ အောင်းကျန်းဟန်က အလန့်တကြားဖြင့် ထပ်မေးလိုက်သည်။
ကျွန်တော်အဆင်သင့်ဖြစ်နေပြီလို့ ပြောတာပါ။ လုံထန်က အောင်းကျန်းဟန်ကိုယ် ပြန်ကြည့် လေးနက်စွာပြန်ပြောလိုက်သည်။
ဘာကြီး ။ မင်းအဲဒီကျင့်စဉ်ကိုယ် တစ်ကယ် နားလည်သွားတာလား ။ အချိန်ဘယ်လောက်ကြာသေးလို့လည်း ။အောင်းကျန်းဟန် တစ်ယောက် မယုံကြည့်နိုင်ဟန်ဖြစ်ရေရွတ်နေမိသည်။
သို့သော်လည်း အခုချိန်က သူအတွေးများနေရမည့် အချိန်မဟုတ်သဖြင့် သူက လျှင်မြန်စွာ သတိပြန်ဝင်လာခဲ့သည်။
ကောင်းပြီ ။
မိတ်ဆွေလေး ဒီအဘိုးကြီး အပြင်ကနေပြီးတော့ သတင်းကောင်းကို စောင့်မျော်နေပေါ့မယ်။
အောင်းကျန်းဟန်က လိူင်ဂူအတွင်းမှာ လျှင်မြန်စွာ ပြန်ထွက်သွားခဲ့သည်။ လိူင်ဂူ၏ အတွင်းတွင် ရွှေရောင်နဂါးမျိုးနွယ်စု၏ မင်းသမီး မိန်းမလှလေး နှင့် လုံထန် သာကျန်ရစ်နေတော့သည်။
လုံထန်လည်း မိန်းမလှလေးကိုယ် ကြည့်လျှက်ဖြင့် သူမ၏ အနားသို့ ပို့၍ တိုးကပ်လိုက်၏ ။
ခွင့်လွတ်ပါမိန်းမလှလေး ။ ဒါကမင်းကိုယ် ကူညီဖို့ပါပဲ ။ ငါမင်းကိုယ် တာဝန်ယူမှာပါ ။
လုံထန်တစ်ယောက်သူ၏ လုပ်ငန်းကိုယ် စတင်တော့သည်။