အောင်းယွီရန်။
Vol. 7 Ch. 90
---------
အစပိုင်းမှ ငြင်းဆိုခဲ့ပေ့မဲ့လည်း အကြိမ်ပေါင်းများစွာ ကြာအပြီးနောက် တွင့်တော့ ရွှေရောင်နဂါးမျိုးနွယ်စု၏ မင်းသမီးလေး လည်း လုံထန်နှင့်အတူ ပူးပေါင်းပေးနေခဲ့သည်။
ထိုအချိန်မှ လုံထန်လည်း သူ၏ အမည်ကိုယ် သိခဲ့ရ၏ ။ သူမ၏ အမည်က အောင်းယွီရန် သာဖြစ်သည်။ { အခုမှပဲ အမည်သိရတဲ့လို့ကွာ 🤣}
လုံထန်နှင့် အောင်းယွီရန် တို့အတူ နှစ်ကိုယ် ပူးပေါင်းလေ့ကျင့်နေခဲ့သည့် အကြိမ်အရေ အတွက် များပြားလာသည့်နှင့် အမျှ အောင်းယွီရန်၏ ခန္ဓာကိုယ် အတွင်း၌ နတ်ဆိုး နဂါးမျိုးနွယ်စု ခေါင်းဆောင်၏ သွေးစွမ်းအားများက တဖြေးဖြေး ဖြင့် လွင့်ပါး ပျောက်ကွယ်လာခဲ့သည်။
အချိန် ခြောက်ရက် အကြာတွင် .....။
အောင်းယွီရန်၏ ခန္ဓာကိုယ် အတွင်းတွင်ရှိသော နတ်ဆိုးနဂါးမျိုးနွယ်စု ခေါင်းဆောင်၏ သွေးစွမ်းအားများကိုယ် အပြီးတိုင် ဖျက်စီး ချေဖြတ်နိုင်ခဲ့သည်။
ခုနှစ်ရက်မြှောက်နေတွင်......။
အောင်းယွီရန်၏ ဒဏ်ရာများက လုံထန်၏ သွေးမျိုးဆက်စွမ်းအားကြောင့် လျှင်မြန်စွာ ပြန်လှည့်ကာ ကောင်းမွန်လာခဲ့ပြီးနောက် သူမ၏ စွမ်းအားများမှာလည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။
လုံထန်မှာလည်း သူ၏ စွမ်းအားများက ကောင်းကင်းသာရဲဘုံ ဒုတိယအဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း ပဲ သူ၏ ခန္ဓာကိုယ်ရှိ တစ်ခုလုံးတွင် စွမ်းအားတွေနှင့် ပြည့်နက်နေသလို့ပင် ခံစားရသည်။
ဤသည့်က သူ၏ စွမ်းအားများမဟုတ်ချေ။ အောင်းယွီရန်၏ စွမ်းအားတွေသာဖြစ်သည်။
ဝုန်း ။
အောင်းယွီရန်၏ ခန္ဓာကိုယ် အတွင်းမှ ရှေးဦးသားရဲကြီး နိုးထလာသည့်အလားပင် ကြောက်မက်ဖွယ်ရာ အရှိန်ဝါကြီးက ဖြာထွက်လာခဲ့သည်။
ဒါကြီးက လုံထန်တစ်ယောက် အောင်းယွီရန်ကိုယ် ကြည့်ပြီးနောက် ထိတ်လန့်နေခဲ့သည်။
ပြီးတဲ့နောက်မှ ထာဝရ နှလုံးသားကျင့်စဉ်ကိုယ်လည်း ကျေးဇူးတင်မိသည်။ ပုံမှန် တိုင်းသာ ဆိုပါက အောင်းယွီရန်ကိုယ် ထိုသို့ လုပ်မိပါက နေရာတွင်ပင် တစ်ခါ ထဲဖြင့် အသားပြားဖြစ်အောင် ရိုက်သတ်ခံရမည်ဖြစ်သည်။
အောင်းယွီရန်က လုံထန်ငေးမောနေတာကိုယ်ကြည့်မေးလိုက်သည်။ ဘာလဲ နင်ကြောက်နေလား ။
ဟမ့်။
နင်က ငါမိန်းမပဲ ကိုယ် ငါက ဘာကြောက်စရာလို့မှလည်း ။ လုံထန်တစ်ယောက်စိတ်ထဲ တွင် ထိတ်လန့်နေသ်ောလည်းပဲ အပြင်ပိုင်းတွင်တော့ ဂရုမစိုက်သည့် ပုံစံဖမ်းထားခဲ့သည်။
ဟိဟိ ။
နင်ရဲ့ ဒူးတွေက သစ္စာဖောက်နေတယ်နော် အောင်းယွီရန်၏ အသံလွင်လွင်လေးက ရီမောလိုက်သံနှင့် အတူတူ ထွက်လာခဲ့သည်။
ဟမ့် ။
လုံထန်တစ်ယောက်သူ၏ ဒူးတွေ တုန်နေတာကိုယ် သတိထားလိုက်မိသည်။
အဟမ်း ... အဟမ်း ။
အဲတာမင်းကြောင့်လေ လုံထန်က သူ၏ အမှုရာကိုယ် မပျက်ဆက်ပြောလိုက်သည်။
ဟွန့် ။
နင်နဲပြီးမှ ပြောမယ် ။
သူမက ထိုနေရာမှ ပေါက်ကွယ်သွား၍ ကောင်းကင်ရန်ထက်၌ ပြန်လည်ပေါ်လာခဲ့သည်။
အောင်းကျန်းဟန် ၊အောင်းထန်ရန် ၊အောင်းရွှီရန် ၊အောင်းမင် ၊အောင်းလန် တို့မှာလည်း သူတို့၏ မင်းသမီး မျက်နှာကိုယ် နောက်တစ်ကြိမ် ပြန်လည့်ကာ မြင်တွေလိုက်ရသည်။
မင်းသမီး ။
အင်း ။
ပြီးမှ စကားပြောမယ် ။
ငါလောလောဆယ် ဒီကပ်ဘေး မိုးကြိုးကိုယ် ကျော်ဖြတ်ရအုန်းမယ် ။
ဂျိန်း ။
ဂျိန်း။
ဂျိန်း။
ကျယ်လှောင်လှသော မိုးခြိမ်းသံများနှင့် အတူတူ ကောင်းကင်ယံထက်၌ တိမ်ညို့တိမ်မဲများ စုဝေးလာခဲ့ကျသည်။
အောင်းယွီရန် လည်း ဒီနေရာက တားမြစ်နယ်မြေ ဖြစ်တာ ကြောင့် အခြားနေရာသို့ ရွှေပြောင်းလိုက်သည်။
မဟုတ်ပါက ဒီနေရာ က သူမဖြတ်ကျော်မည့် မိုးကြိုးကပ်ပေး ပြစ်ဒဏ်၏ အောက်မှာ ပျက်စီးသွားမည်ဖြစ်သည်။
ရွှေရောင်နဂါးမျိုးနွယ်စု၏ အကြီးကဲ ငါးယောက်မှာ အောင်းရွှီရန် ပျောက်ကွယ်သွားသည့်နေရာကိုယ် လိုက်လံကာ ကြည့်ရူနေခဲ့မိသည်။
ဟားဟား ။
နောက်ဆုံးတော့ ငါတို့ မျိုးနွယ်စု ပြန်လှည့် ရှင်သန်လာပြီ ကွ ။
ဟားဟား ။
အောင်းကျန်းဟန်က မျက်ရည်များကျဆင်း၍ ပြောလိုက်သည်။
သူကအသက်ကြီးဖြစ်သလို့ ရှေးအချိန်များက သူတို့ ရွှေရောင်နဂါမျိုးနွယ်စု၏ တောက်ပသော အချိန်များကိုယ် လည်းမြင်တွေ ခဲ့ဖူးသည်။ သူ၏ မျက်စိအရှေ့မှာ ပင်သူတို့မျိုးနွယ်စု ကျဆင်းလာသည့်ကိုယ် ကြုံတွေခဲ့ရဖူးသည်။
သူတို့၏ မင်းသမီး အိပ်စက်သွားချိန်မှာတော့ သူတို့မျိုးနွယ်စုအမည်ကျော်ကြားခဲ့သော အရာများ အားလုံးက သမိုင်းထဲ မှာ ပျောက်ကွယ်မလို့ ဖြစ်သွား၍ နောက်မျိုးဆက်များ မှာ တချိန်က ကျော်ကြားခဲ့သော သူတို့၏မျိုးနွယ်စုများအကြောင်း ကိုသိရှိခြင်း မရှိတော့ချေ။