← Chapters

နတ်ဘုရားသားရဲဘုံ။

Vol. 7 Ch. 91

နတ်ဘုရားသားရဲဘုံ။

Vol. 7 Ch. 91

--------

ယခုအချိန်မှာတော့ သူတို့၏ မင်းသမီး ပြန်လည် နိုးထလာခဲ့ပြီဖြစ်သည်။ သူတို့ကိုယ် ဦးဆောင်၍ သူတို့မျိုးနွယ်စု၏ ဂုဏ်သတင်းများ ပြန်လှည့်ကာ ကျော်ကြားလာတော့မည်ဖြစ်သည်။

အကြီးကဲများအားလုံးကလည်း ထိုအတွေးများနှင့် ပျော်ရွှင်နေကြသည်။

ထိုအစဉ်......။

ရေတံခွန်ကြီးမှ အက်ကွဲကြောင်းကြီး ဖြစ်သွား၍ လုံထန်တစ်ယောက် ပြန်ထွက်လာခဲ့သည်။။

သူ၏ အရှေ့မြင်ကွင်းမှာတော့ အသက်ကြီးရင့်နေသော ဤလူအုပ်စု ငိုနေသော မြင်ကွင်းကိုယ် ထင်ရှားစွာတွေလိုက်ရ၏ ။

ဘာတုန်းဟ ။ ဒီအဘိုးကြီးတွေ ဘာများဖြစ်နေတာလည်း ။ အပျော်လွန်ပြီး ငိုနေကျတာလား။

လုံထန်လည်း သူတို့၏ အနီးနားသို့ သွား၍ သူတို့ ငါးဦးကိုယ် နှတ်ဆက်လိုက်၏ ။

အကြီးကဲတို့ ။

လုံထန်၏ အသံကိုယ် ကြားမှာ ထိုအကြီးကဲ ငါးဦးမှ သတိပြန်ဝင်လာခဲ့ကြသည်။

ဟားဟား ။

မိတ်ဆွေလေး အရှေ့မှာ မမြင်သင့်တာ တွေမြင်ကုန်ပါပြီ ။ အောင်းကျန်းဟန်က သူ၏ မျက်နှာအနေ ထားကိုယ် လျှင်မြန်စွာပြောင်းလဲ လိုက်ရင်းဖြင့်ပြောလိုက်သည်။

ကျေးဇူးတင်ပါတယ် ။ မိတ်ဆွေလေး ။

အကြီးကဲ ငါးဦးမှာ လုံထန်ကိုယ် ဦးညွတ်၍ ပြောလိုက်ကြသည်။

လုံထန်လည်း လျှင်မြန်စွာဖေးမ လိုက်၍ ကူညီပေးရင်းပြောလိုက်သည်။

မဟုတ်တာပဲ အကြီးကဲတို့ ။ ကျွန်တော်ကိုယ်လည်း အကြီးကဲတို့ အများကြီးကူညီထားတာပါပဲ ။

မိတ်ဆွေလေးရဲ့ အကူညီကြောင့် မင်းသမီးလေး ရဲ့ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာတာပါ ။

ဒီအဘိုးကြီးတွေရဲ့ အရိုသေပေးမှုကိုယ် လက်ခံပေးပါ ။ အောင်းကျန်းဟန်က ခေါင်းမာစွာ ထပ်ပြောလိုက်သည်။

လုံထန်လည်း ဤ ခေါင်းမာသော အဖိုးကြီး များက ပြောဆိုရ ခက်သည့်မှို့ သူတို့ကိုယ်သာ လုပ်ချင်တာ လုပ်ခွင့်ပြုလိုက်တော့သည်။

အောင်းကျန်းဟန်က တို့ အကြီးကဲ ငါးလုံထန်ကိုယ် ဦးညွတ်အရိုသေ ပေးပြီးသည့်နှင့် လုံထန်ကိုယ်ရွှေရောင် နန်းတော်ကြီး ထံသို့ ခေါ်ဆောင်သွားတော့သည်။

--------

အချိန် နေ့တစ်ဝက်ခန့်အကြာတွင် .....။

အောင်မြင်စွာဖြင့် အဆင့်ချိုးဖြတ် တက်ရောက်ပြီး၍ အောင်းယွီရန် ပြန်လည်ရောက်ရှိလာခဲ့သည်။

ရွှေရောင် နန်းတော်ကြီး၏ ကောင်းကင်ယံထက်၌ ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာခဲ့ကာ ထိတ်လန့်ရာ အရှိန်ဝါက ကြောက်မက်ဖွယ်ရာကောင်းလှပြီးတော့ မဆုံးနိုင်မည် ချောက်နက်ကြီးအလားပင်။ ရွှေရောင်နဂါးမျိုးနွယ်စု နယ်မြေတစ်ခုလုံးကိုယ် ဖုံးအုပ်သွားစေခဲ့သည်။

သူမ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ကာ ရွှေရောင်နန်းတော်ကြီး အတွင်းသို့ ပြန်လာဝင်ရောက်ချိန်မှ သူမ၏ အရှိန်ဝါအော်ရာကိုယ် ပြန်လည်ကာ ထိန်းချုပ်လိုက်သည်။

အကြီးကဲ ငါးဦးကလည်း လျှင်မြန်စွာနုတ်ဆက် အရိုသေပေးလိုက်ကြ၏ ။

မင်းသမီး နတ်ဘုရား သားရဲဘုံ ကိုယ် ရောက်ရှိသွားတဲ့ အတွက် ဂုဏ်ယူပါတယ်။ မင်းသမီးရဲ့ ဦးဆောင်မှုနှင့် ကျုပ်တို့ မျိုးနွယ်စုက အတိတ်နေရက်တွေထက် သာလွန်သွားမယ်လိုယုံကြည်ပါတယ် ။

အကြီးကဲ ငါးဦးက အောင်းယွီရန်ကိုယ် အရိုသေပေးရင်းပြောလိုက်သည်။

လုံထန်လည်း ထိုမြင်ကွင်းကိုယ် ကြည့်၍ ထိတ်လန့်သွားမိသည့် ။သူဘာကြားလိုက်တာလည်း နတ်ဘုရားသားရဲ ဘုံ အဆင့် ။ ဤအဆင့်က သူတစ်သက်တာမှ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။

သူကလည်း အောင်းယွီရန်၏ စွမ်းအားများကိုယ် ယူ၍ သုံးဆွဲနိုင်သည်။ သူ၏ ခန္ဓာကိုယ်က အောင်းယွီရန်၏ စွမ်းအား အနည်းငယ်ကိုယ် ဆွဲယူသုံးဆွဲနိုင်၏ ။ သို့သော်လည်း အတင်းကြပ်သုံးစွဲပါက သူ၏ ခန္ဓာကိုယ်ပင် ပေါက်ကွဲ သွားရမည်ဖြစ်သည်။

ဤအတွက်ကြောင့်သာ သူ၏ သွေးသားဆဲ တွေတစ် ခုစီတိုင်းက စွမ်းအားတွေ ပြည့်နက်နေသည့်ကိုယ် လုံထန်နားလည်သွားတော့သည်။

အောင်းယွီရန်က ရွှေရောင်နန်းတော်ကြီး၏ အလယ်၌ ကြီးမားသော ရွှေပိုးသားကျောက်

စိမ်းပုလ္လင်ကြီးထက်၌ ထိုင်ချလိုက်၏ ။

ကျွန်မ မရှိတဲ့ နှစ်ပိုင်းတွေမှာ ဘာတွေပြောင်းလဲ သွားသေးလဲ ။ အောင်းယွီရန်က အကြီးကဲ ငါးဦးကိုယ် မေးလိုက်သည်။

မင်းသမီး မရှိတဲ့ အချိန်မှာ ကျုပ်တို့ အကောင်းဆုံး ကိုင်ကွယ်ထားပါတယ်။ အဲတာကြောင့် ထူးထူး ခြားခြား ပြောင်းလဲသွားချင်း မရှိပါဘူး။

ကောင်းပြီ ။

တော်ဝင်မဟာဗိုလ်ချုပ် ငါးယောက်ကိုယ်ဆင့် ခေါ်လိုက်ပါ ။ နောက်ရက်မှ နန်းတက်ပွဲကျင်းပ မယ် ။

နားလည်ပါပြီ မင်းသမီး ။

နင်ငါနောက်ကိုယ် လိုက်ခဲ့ပါ။ အောင်းယွီရန်က မက်ထတပ်ရပ်လိုက်ပြီးနောက် လုံထန်ကိုယ် ခေါ်လိုက်သည်။

ဟမ့် ။

ငါကိုယ်လား ။

နင်မဟုတ်လို့ ဒီမှာဘယ်သူရှိသေးလို့လည်း ။ အောင်ယွီရန်က ရီချင်စိတ်ကိုယ် ထိန်းချုပ်ထားသော မျက်နှာဖြင့်ပြောလိုက်သည်။

ကောင်းပြီ ။

အောင်းရွှီရန်က သူ၏ အရှေ့ရှိ ဟင်းလင်းပြန်အက်ကြောင်းအဖြင့် ထိုးခွဲလိုက်၍ ထိုးအထဲသို့ ဝင်ရောက်သွားတော့သည်။

လုံထန်လည်း သူမ၏ နောက်သို့ လောက်၍ ထိုဟင်းလင်းပြင် အက်ကြောင်း အတွင်းသို့ ဝင်ရောက်သွားတော့သည်။

အကြီးကဲ ငါးယောက်မှာ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်နေခဲ့သည်။

အဆင်ပြေမှာပါ ။

အောင်းကျန်းဟန်က ပြောလိုက်၏ ။ ငါတို့ မင်းသမီးပြောတဲ့ အတိုင်း တော်ဝင်မဟာ ဗီုလ်ချုပ် ငါးယောက်ကိုယ် ပြန်ခေါ်ဖို့ လုပ်ရမယ်။

သူတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရွှေနန်းတော်ကြီး အတွင်းမှ ထွက်ခွာသွားကြတော့သည်။

All Chapters