← Chapters

တော်ဝင်မဟာဗိုလ်ချုပ်ငါးယောက်။

Vol. 7 Ch. 92

တော်ဝင်မဟာဗိုလ်ချုပ်ငါးယောက်။

Vol. 7 Ch. 92

------------

အောင်းယွီရန် နှင့် လုံထန် လိုက်ပါပြီးသွားပြီးတဲ့နောက်မှာ အောင်းယွီရန် နေထိုင်သော အခန်းသို့ရောက်ရှိသွားခဲ့သည်။

အခန်း၏ အပြင်ဆင်မှာတော့ ထူးခြားမှုမရှိပဲ ရိုးရှင်းလှသည်။ အခန်းထဲတွင် သာမန်ဆန်သော စားပွဲဝိုင်းတစ်ခုနှင့် အမျိုးသမီးတိုင်း၏ အခန်းမှာရှိသော အလှပြင်ခုံတစ်ခုနှင့် အိပ်ဖို့အတွက် ကုတင်လေးတစ်လုံးသာ ရှ်ိသည်။

ငါဒီကိုယ် ပြန်မလာခဲ့တာတောင် တော်တော်ကြာပြီပဲ ။ အောင်းယွီရန်က သက်ပြင်းချကာ စကားစပြောလိုက်သည်။

လုံထန်က စကားမပြောပဲ ရပ်တန့်နေခဲ့သည်။

အောင်းယွီရန်ကလည်း စကားမပြောပဲ တိတ်ဆိတ်သွားတော့သည်။

နှစ်ယောက်စလုံးစကားများ မပြောကျသည့် အတွက်ကြောင့် အခန်းတွင်းရှိ တိတ်ဆိတ်မှုကသာ ကြီးစိုးသွားခဲ့သည်။

လုံထန်က သူ၏ အရှေရှိမိန်းမလှလေး ကိုယ် ကြည့်ကာ စကားစလိုက်သည်။

ငါမင်းနဲ့ အတူတူနေ့ခဲ့တာကြောင့် ငါမင်းကိုယ် တာဝန်ယူမှာပါ ။

ဟွန့် ။

နင်တာဝန်မယူလို့က တော့ ငါနင်ကိုယ် တစ်ခါထဲ တန်းပြီး သတ်ပလိုက်မယ် ။ အောင်းယွီရန်၏ အေးစက်သော စကားသံက ထွက်ပေါ်လာခဲ့သည်။

ကျေးဇူးတင်ပါတယ်။ ငါကိုယ် ကယ်တင်ပေးခဲ့လို့ ငါတစ်သက်လုံး ဘယ်တော့ မှ ပြန်မလာနိုင်တော့ ဘူးထင်နေခဲ့တာ ။ အောင်းယွီရန်၏ စကားသံက ထွက်ပေါ်လာခဲ့သည်။

မလိုပါဘူး ငါလုပ်သင့်တာ ပါ ။ လုံထန်က အောင်းယွီရန်ကိုယ် ပြန်ပြောလိုက်သည်။

ဒီနှစ်ပိုင်းတွေမှာ သူမဘယ်လောက် ခက်ခဲခဲ့သည့်ကိုယ် သူလည်းနားလည်၏ ။ အဲတာက ထာဝရနှလုံးကျင့်စဉ် ၏ သက်ရောက်မှု ဖြစ်သည်။

ထာဝရနှလုံးသားကျင့်စဉ်ကိုယ် အောင်းယွီရန်အပေါ် အသုံးပြုလိုက်သည်အတွက်ကြောင့် သူမ ၏ အတိတ်အကြောင်းရာ တော်တော်များများကိုယ် လည်း သူသိရှိခဲ့ရ၏ ။ လုံထန်၏ အတိတ်ကြောင်း အချို့ကိုယ်လည်း အောင်းယွီရန်လည်းသိရှိခဲ့ရသည်။

သို့သော်လည်း စနစ်၏ တည့်ရှိမှုနှင့် အချို့သော ဆန်းကျယ်သော ကိစ္စအရှိကိုယ် သူမမသိခဲ့ရချေ။

လာထိုင်ပါ ။

ငါနင်ကိုယ် ပြောစရာရှိတယ် ။ အောင်းယွီရန်က လုံထန်ကိုယ် ထိုင်ခုံတစ်ခုတွင်ထိုင်ခိုင်းလိုက်၏ ။

လုံထန်လည်း အောင်းယွီရန်ပြောသော နေရာတွင်ထိုင်လိုက်၏ ။ ပြောပါ မင်းဘာပြောမလို့လည်း ။

အဲတာက နင်ကိုယ် ငါတို့မျိုးနွယ်စုရဲ့ ဧကရာဇ် တစ်ပါး လုပ်ပေးစေချင်တယ် ။ ဘာလို့ ဆိုရင် နင့်က ငါရဲ့ယောင်္ကျား ဖြစ်တဲ့ဆိုတော့ ဒီကိစ္စက နင်လည်း တာဝန်ယူသင့်တယ် ။ အောင်းယွီရန်က ထိုသို့ပြောပြီးသည့်နှင့် သူမ၏ မျက်နှာလေးက နီရဲသွားခဲ့သည်။

ဟမ့် ။

နေပါအုန်း ။

မင်းကိုယ်တိုင်နန်းတက် လိုက်ပြီး ဧကရီ လုပ်လိုက်တာ မကောင်းဘူးလား ။

မဟုတ်ဘူး ။

ငါအပြင်ကိုယ် မထွက်ချင်သေးဘူး ။ ငါအပြင်ကိုယ် ထွက်တာနဲ့ နတ်ဆိုးနဂါး မျိုးနွယ်စုက ငါမသေသေးတာ သိသွားခဲ့ရင်သူတို့ ဒီအတိုင်းထားမှာ မဟုတ်ဘူး ။

ငါမဟုတ်ပဲ ကျန်တဲ့သူတွေ ဆိုရင် သူတို့က သိပ်ပြီး ဂရုစိုက်အုန်းမှာ မဟုတ်ဘူး။ အခြားလူတွေက ငါရဲ့ သွေးမျိုးဆက်လောက် အစွမ်းမထက်တော့ သူတို့ အတွက် ပြဿနာလို့ မမြင်သေးဘူး ။

ဒါပေမဲ့ ငါဆိုရင်တော့ ကွဲပြားသွားပြီ။

ဪ ။

ဒါပေမဲ့နင်က နတ်ဘုရားသားရဲ ဘုံ ကိုယ် ရောက်နေပြီလေ ။ နတ်ဆိုးနဂါးမျိုးနွယ်စု ကိုယ် မယှဉ်နိုင်သေးဘူးလား ။ လုံထန်လည်း သိချင်စွာဖြင့်မေးလိုက်သည်။

အွန်း ။

နတ်ဆိုးနဂါးမျိုးနွယ်စုက လျော့တွက်မရဘူး သူတို့က အရမ်းအစွမ်းထက်တယ် ။ သူတို့ကလည်း ငါတို့ လိုပဲ ဒြပ်စင်စွမ်းအားငါးခုကိုယ် ထိန်းချုပ်နိုင်တယ် ။ သူတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ စွမ်းအား လွန်ခဲ့တဲ့ အတိတ်တုန်းက နှစ်ပေါင်းများစွာတုန်းကလည်း အရမ်း အစွမ်းထက်တယ် အခုဆိုရင်သူဘယ်တောင် အစွမ်းထက်နေမလဲ ငါမပြောနိုင်ဘူး ။ အဆင့်မြင့်နတ်ဘုရား ဘုံတောင်ဖြစ်နိုင်တယ် ။ အဲထက်တောင်ကျော်လွန်နိုင်အုန်းမလား တော့မသိဘူး။

[မှတ်ချက် ။ ။ နတ်ဆိုးနဂါးမျိုးနွယ်စု ကိုယ် " နဂါးနက် မျိုးနွယ်စု " ပြောင်းခေါ်ပါမယ်။ ]

ဒါပေမဲ့ ငါလည်း နင့်ရဲ့ သွေးမျိုးဆက် စွမ်းအားတွေကြောင့် ငါရဲ့ သွေးမျိုးဆက်စွမ်းအားကလည်း အရင်ကထက်ပို့ပြီးတော့ စွမ်းအားကြီးလာပြီ ။ အချိန်တစ်ခု ကြာပြီးရင် ငါသူတို့ကိုယ် ကျော်လွန်သွားနိုင်တယ် ။

အဲတာကြောင့် အခုချိန်မှာ ငါအပြင်မထွက်သေးတာ အကောင်းဆုံးပဲ ။ နင်ကတော့ မတူဘူးလေ ။ ဘယ်သူကမှ နင်ကိုယ် အာရုံစိုက်မှာ မဟုတ်ဘူး ။

ကောင်းပါပြီ ။

နင်ကငါမိန်းမက တောင်းဆိုတော့လည်း ငါက လိုက်လျော့ပေးရမှာပေါ့ ။ လုံထန် ရီမောကာဖြင့် ပြန်ပြောလိုက်၏ ။

ကောင်းပြီ ။

ငါတို့ တော်ဝင်မဟာ ဗိုလ်ချုပ်ငါးယောက်ပြန်လာတာနဲ့ နန်းတက်ပွဲ စတင်လေ့မယ် ။

တော်ဝင်မဟာဗိုလ်ချုပ်တွေက ဘယ်သွားတာ မှို့လို့လဲ လုံထန်က သိချင်စွာဖြင့် အောင်းယွီရန်ကိုယ် မေးလိုက်၏ ။

တော်ဝင်မဟာဗိုလ်ချုပ်လေးယောက်က ငါအိပ်စက်သွားတဲ့ အချိန်ထဲက အပြင်လောက ကိုယ်ထွက်ခွဲသွားကြတာ ပဲ ။

သူတို့က ငါရဲ့ အမိန်တစ်ခုပဲ နားခံတယ် ။ အခြားသူတွေ အမိန့်ပေးလိုမရဘူး ။ အဲတာကြောင့် သူတို့က ငါမရှိတော့ ဒီမှာမရှိပဲ အပြင်ထွက်သွားခဲ့တာ ပဲ အပြင်လောကမှာ ငါရဲ့ ဒဏ်ရာကိုယ် ကုသနိုင်မည့် တစ်ခုခုကိုယ် ရှာဖွေ ရန်အတွက်ပေါ့ ။

သူတို့က ငရဲမီးဗိုလ်ချုပ် ၊ ဝိညာဉ်ရေ ဗိုလ်ချုပ် ၊ ရွှေရောင်သတ္တုဗိုလ်ချုပ် ၊ သစ်စိမ်း ရောင်သစ်သားဧကရီဗိုလ်ချုပ် ၊ အညိုရောင်မြေကမ္ဘာ ဗိုလ်ချုပ်လို့လည်း ခေါ်တယ် ။ သူတို့က ငါငယ်စဉ်က တည်းငါ အနားမှ ရှိနေပေးခဲ့တဲ့ သူတွေပဲ ။

အောင်းယွီရန်က သူ၏ ဗိုလ်ချုပ်များ အကြောင်းကိုယ် လုံထန်ကိုယ် ရှင်းပြလိုက်သည်။

All Chapters