← Chapters

တော်ဝင်မဟာဗိုလ်ချုပ်များ။

Vol. 7 Ch. 93

တော်ဝင်မဟာဗိုလ်ချုပ်များ။

Vol. 7 Ch. 93

----------

အောင်းယွီရန်၏ အမိန့်ပေးမှု နှင့်အတူတူ အကြီးကဲ ငါးဦးမှာ တော်ဝင်မဟာဗိုလ်ချုပ်ငါးဦးကိုယ် ပြန်လည့်ကာ ဆင့်ခေါ်စေခဲ့သည်။

ရွှေရောင်နဂါးမျိုးနွယ်စု၏ နန်းတော်ကြီးအတွင်းမှာနေ၍ အနီရောင်လင်း ၊အပြာရောင်အလင်း၊ရွှေရောင်အလင်း၊ အစိမ်းရောင်အလင်း ၊အညိုရောင်အလင်း ငါးခုတို့က ကောင်းကင်ထက်သို့ ထိုးတက်သွား၍ နေရာအနှံသို့ တိုးဝင်ပျောက်ကွယ်သွားကြတော့သည်။

ရွှေနဂါးမျိုးနွယ်စု၏ ရှိရာနယ်မြေနှင့် မိုင်သန်းပေါင်း များစွာ ဝေးကွာသောနေရာ ။

မြောက်ပိုင်းဒေသကကြီးရှိ တန်းယွမ်မြို့တော်တွင် လူလတ်ပိုင်းတစ်ဦး နွမ်းပါးသော အဝတ်စားများကိုယ် ဝတ်ဆင်ထားပြီးတော့ မြို့တော်၏ လမ်းမထက်တွင် ဦးတည်ရာမဲ့၍လျှောက်သွားနေခဲ့သည်။

ဟမ့် ။

ဒါက.... ဖြစ်နိုင်မလား ။

ထိုလူက သူ၏ ရပ်နေရာမှာ ပျောက်ကွယ်သွားပြီး မြို့ပြင်ဘက်တောထဲ သို့ ပြန်ထွက်လာခဲ့သည်။ သူမြို့ပြင်သို့ ရောက်သည့်နှင့် အနီရောင်အလင်းတစ်ခုက သူရှိနေနေသော နေရာသို့ ရောက်ရှိ လာခဲ့၏ ။

ထိုလူက သူထံသို့ ဦးတည်၍ လာနေသော အနီရောင် အလင်းတန်းကိုယ် ဖမ်းယူပြီးချိန်မှာ သူ၏ မျက်နှာက တောက်ပသွားခဲ့သည်။

ဟားဟား ။

မင်းသမီးပြန်လည်နိုးထလာပြီပေါ့ ။

ဟားဟား ။

သိပ်ကောင်းတယ် .... အရမ်းကောင်းတယ် ။

ဟားဟား ။

သူ၏ ရယ်မောနေသော အသံက တောနက်ကြီးထဲတွင် ဟိန်းထနေခဲ့သည်။

နန်းတော်ကိုယ်ပြန်သင့်ပြီ။ ထိုလူက ရီမောပြီးသည့်နှင့်သူ၏ မျက်နှာက တည်ကြည့်ကာ လေးနက်သွားခဲ့သည်။

သူ၏ ခြေတစ်လှမ်းလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ဝိူက်တွင်ပြင်းထန်သောအနက်ရောင် မီးတောက်များ တောက်လောင်ပြီးနောက် တောက်ပလှသော အနီရောင်နှင့်အနက်ရောင် ချပ်ဝတ်တစ်ခု ကဝတ်ဆင်ပြီးသားဖြစ်သွားခဲ့၏ ။ ထိုလူလည်း ထိုနေရာမှာ ပျော်ကွယ်သွားတော့သည်။ သူ၏ ဦးတည်ရာကတော့ ရွှေရောင်နဂါးမျိုးနွယ်စုသာဖြစ်သည်။

-----------

အခြားတစ်ဖက်.....

တောင်ပိုင်းဒေသ အစိမ်းရောင်တောအုပ်ကြီးတစ်ခုထဲတွင် အသက်သုံးဆယ်အရွယ်ဟုထင်ရသော အမျိုးသမီးတစ်ဦးက သူမ၏ အရှေတွင် ကြီးမားသော မီတာနှစ်ဆယ်ခန့်အရွယ်စားရှိသော အနီရောင်ပဒူကောင်ကြီး များရှိနေခဲ့သည်။

သူမ၏ လက်က တစ်ချက်လှုပ်ရှားလိုက်တိုင်းမှာ သစ်နွယ်များက သက်ရှိမြွေများအလား နေရာအနှံမှ တိုက်ခိုက်လာပြီးတော့ အနီရောင်အဆိပ်ပဒူကောင် အုပ်ကြီး၏ အသက်များကိုယ် ချွေယူနေခဲ့သည်။

မင်း ... လွန်လာမလာနဲကွ ။

ပဒူကောင်အုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန်ရသောအနက်ရောင်ပဒူကောင် ကြီးက ဒေါသထွက်နေသော အမှုရာ ဖြင့် သူတို့၏ အရှေမှ အမျိုးသမီးကိုယ် ပြောလိုက်သည်။

ထိူအစဉ် .....

ဟမ့်.။

အမျိုးသမီး၏ အမျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူမက အနက်ရောင်ပဒူရောင်ကြီးကိုယ် ကြည့်ကာ ပြောလိုက်သည်။ မင်းတို့ကံကောင်းသွားတယ် မှတ်ပါ ။

သူမထိုနေရာမှာ နောက်ထပ်စကားမဆိုပဲ ထွက်ခွာသွားတော့သည်။

သူမအခြားတစ်ဖက်သို့ရောက်သည့်နှင့် အစိမ်းရောင်အလင်းတစ်ခုက သူမထံသို့ ရောက်ရှိလာခဲ့သည်။ သူက အစိမ်းရောင်အလင်းကိုယ် ဖမ်းယူပြီးတဲ့ နောက်မှာ သူမ၏ မျက်နှာက ပျော်ရွှင်ဝမ်းသာနေဟန်ရသည်။

နောက်ဆုံးတော့ အိမ်ပြန်လို့ရပြီပေါ့ ။

သူမထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

---------

အခြားတစ်ဖက်တွင် .....

အနောက်ပိုင်းတိုက်ကြီး နယ်စပ်ဒေသ လူသားမျိုးနွယ်စုနေထိုင်သော အရှေပိုင်းတိုက်ကြီးတို့ကြားတွင် ပိုင်းခြားထားသော အကန်သက်မဲ့ ပင်လယ်ကြီးရှ်ိသည်။

ထိုပင်လယ်ကြီးထဲရှိသေးငယ်သော ကျွန်းတစ်ခုလေး ပေါ်တွက် အသက်လတ်ပိုင်း အရွယ်လူတစ်ယောက်လည်း အပြာရောင်အလင်းတစ်ခုကိုယ် ရယူပြီးနောက် ပျော်ရွင်နေသော အမှုရာဖြင့် ထိုရာမှ ပျောက်ကွယ်သွားတော့သည်။

-----------

အရှေပိုင်းဒေသ .....

အနောက်ပိုင်းတိုက်ကြီးတစ်ခုလုံးတွက် အကျယ်ပြန်ဆုံးမြေပြင်ဒေသ ရှိရာ နယ်မြေလည်းဖြစ်သည်။

ထိုနေရာမှာ မြေဒြပ်စင်စွမ်းအားကိုယ် အသုံးပြုသည့် မျိုးနွယ်စုများစွာနေထိုင်ကြသည်။

ကျယ်ပြန်သောကွင်းပြင်ကြီးများပေါ်တွင် ကြီးမား မိစ္ဆာကျွဲရိုင်းအုပ်ကြီးနှင့် လူတစ်ယောက် တိုက်ခိုက်နေခဲ့သည်။

ဟျောင့်မင်းအစွမ်းထက်တယ် ဆိုတိုင်းငါတို့ကိုယ် အနိုင်မကျင့်နဲ့ ကွ။

ဒီတစ်ခါရတဲ့ မြေကမ္ဘာစွမ်းအင်ကျောက်တုံးတွေကိုယ် မင်းကိုယ် ဘယ်တော့မှ ပေးမှာမဟုတ်ဘူး ။

ဟမ့် ။

မင်းခေါင်းမာတာ မင်းရဲ့ အရည်ခွံပါ မာသလားငါကြည့်မယ် ။ ထိုလူက စတင်ကာ တိုက်ခိုက်ဖို့ပြင်လိုက်သည်။

ထိုအလိုက်မှာ သူ၏ ရှိရာထံသို့ ဦးတည်ရွှေ အညိုရောင် အလင်းတန်းက ပျံသန်းလာပြီးသူ၏ လက်အတွင်းသို့ကျဆင်းသွားခဲ့သည်။

ထိုလူက အညိုရောင်အလင်းကိုဖမ်းယူကြည်ပြီးသည့်နှင့် ကျယ်လှောင်စွာရီမောလိုက်တော့သည်။

ဟားဟား။

ငါဒီနေ စိတ်ပျော်နေလို့ မင်းတို့ကိုယ် လွတ်ပေးလိုက်မယ် ။ ထိုလူက ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ထိုအခါမှသာ မိစ္ဆာကျွဲနတ်ဆိုး အုပ်ကြီးလဲ အသက်ရူနိုင်သွားတော့သည်။

-----------

အခြားတစ်ဖက်.....။

တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသ ကြားတွင်ရှ်ိသော နယ်မြေတစ်ခုတွင် လူလတ်ပိုင်း အရွယ်တစ်ယောက်ကလည်း ရွှေရောင် အလင်းတန်းတစ်ခုကိုယ် ဖမ်းယူပြီးသည့်နှင့် သူ၏ အမှုရာ ကအလျှင်လို့နေဟန်ဖြင့် ထုနေရာမှာ ပျောက်ကွယ်သွားတော့သည်။

---------

တစ်ဖက်တွင် ရွှေရောက်နဂါးမျိုးနွယ်စုတွင်ရှိသော နဂါးနန်းတော်ကြီးတွင်လည်း လူတိုင်းအလုပ်များနေကြသည်။

သူတို့၏ မင်းသမီး ပြန်လှည့်ရောက်ရှိလာမှုနှင့်အတူ နန်းတော်ပွဲအတွက် ရွှေရောင်နဂါးမျိုးနွယ်စုရှိလူတိုင်း အလုပ်ကိုယ်စီဖြင့် ရူပ်နေခဲ့ကြသည်။

All Chapters