← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

-----------

အချိန်တစ်ပတ်ခန့်ကြာပြီးတဲ့နောက် .....။

ရွှေရောင်နဂါးမျိုးနွယ်စု နေရာသို့ နှစ်ပေါင်းများစွာကြာအောင် အပြင်မှာရှိနေသော တော်ဝင်မဟာဗိုလ်ချုပ်ကြီးများက တစ်ယောက်ပြီး တစ်ယောက်လျှင်မြန်စွာဖြင့် ပြန်လည်ရောက်ရှိလာကြသည်။

သူတို့ ပြန်ရောက်ရှိလာသည့်နှင့် အောင်းယွီရန်ထံသို့ လျှင်မြန်စွာရောက်ရှိလာကြသည်။

မင်းသမီး ။

တော်ဝင်မဟာဗိုလ်ချုပ်ငါးယောက်က အောင်းယွီရန်ကိုယ် မြင်သည်နှင့် လျှင်မြန်စွာ နှတ်ဆက်အရိုသေပေးလိုက်ကြသည်။

အဆင်ပြေသလို့နေပါ။

ဗိုလ်ချုပ်ငါးယောက် ဒီနှစ်တွေမှာ အပြင်မှာ ဒီမင်းသမီး အတွက်နဲ့ ပင်ပန်းသွားခဲ့ရပါပြီ ။ အောင်းယွီရန်က အပြုံးလေးဖြင့်ပြောလိုက်သည်။

မဟုတ်တာပဲ ကျုပ်တို့လုပ်သင့်တာပါ ။

အခုချိန်ထိ ကျုပ်တို့အပြင်မှာနေခဲ့ပြီးတော့ မင်းသမီးရဲ့ ဒဏ်ရာတွေကိုယ်ကုသဖို့ လိုအပ်တာတွေ ရှာဖွေခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး ။ အဲဒီအတွက် ကျုပ်တို့ကပဲ မင်းသမီးရဲ့ဆီက ခွင့်လွတ်မှုကိုယ် တောင်းခံပါရစေ ။

တော်ဝင်မဟာဗိုလ်ချုပ်ငါးယောက်က အောင်းယွီရန်ကိုယ် လေးနက်စွာဖြင့် ကြည့်၍ ပြောလိုက်သည်။

မဟုတ်တာပဲ အခုလို့ အပြင်မှာ နှစ်ပေါင်းများကြာအောင် ဗိုလ်ချုပ်တို့ ရှိနေရတာကို ဒီမင်းသမီးကပဲ တောင်းပန်ရမှာပါ ။

လာထိုင်ပါ ။

အောင်းယွီရန်က သူတို့ကိုယ်လက်ဖက်ရည်အိုး

များအသင့်ရှိနေသော စားပွဲဝိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့ယောက်ရှိသွားချိန်မှာ လူစိမ်းလူငယ်လေးတစ်ယောက်ကိုယ် တွေလိုက်ရ၏ ။ ဗိုလ်ချုပ်ငါးယောက်၏ မျက်နှာများက ပြောင်းလဲသွားခဲ့သည်။

အံဩမှု ၊သိလို့မှု ၊ အထူးဆန်းဖြင့်နေသည့်များက မျက်နှာပေါ်တွင်ထင်ဟက်နေခဲ့သည်။ သူတို့နှစ်ပေါင်းများစွာကြာအောင် အောင်းယွီရန်၏ နောက်ကိုယ်လိုက်ပါလာခဲ့ကြသည်။ အောင်းယွီရန်၏ အခန်းတွင်မဆိုနှင့် သူနှင့် အနည်းကပ်တွင် ပတ်သက်ဖူးသည့်မည့် အမျိုးသားတစ်ဦးပင် မရှိချေ။ မင်းသမီးက မပြော၍ သူတို့မှာ မင်းသမီးရဲ့ ကိုယ် ရေးကိုယ်တာ ကိစ္စကိုယ် ဝင်စွက်ဖက်ခွင့်မရှိချေ။

အောင်းယွီရန်က သူ၏ ဗိုလ်ချုပ်ငါးယောက်၏ မျက်နှာပေါ်တွင် လုံထန်၏ အကြောင်းကိုယ် သိလို့နေသော အမှုရာများကိုယ် မြင်လိုက်ရသည်။

သူရဲ့အမည်က လုံထန်ပါ ။ သူကပဲ ဒီမင်းသမီးကိုယ် ကယ်တင်ခဲ့တာ ။ အောင်းယွီရန်က လုံထန်ကိုယ် ကြည့်၍ မိတ်ဆက်ပေးလိုက်သည်။

ဗိုလ်ချုပ်ငါးဦးကလည်း လုံထန်ကိုယ် စူးစမ်းလို့ဟန်ဖြင့် ကြည့်ရူနေကြသည်။ သူတို့၏ စိတ်ထဲတွင်လည်း မယုံနိုင်ဟန်ဖြစ်နေခဲ့သည်။ ကောင်းကင်သားရဲဘုံ ဒုတိယ အဆင့်လေးက မင်းသမီးကိုယ် ဘယ်လို ကယ်တင်နိုင်တာလည်း ။ သူတို့အတွေးထဲတွင် စဉ်းစားလေ မယုံကြည့်နိုင်လေ ဖြစ်နေခဲ့သည်။

လုံထန်လည်း တော်ဝင်မဟာဗိုလ်ချုပ်ငါးဦးကိုယ် ထ၍ နှတ်ဆက်လိုက်သည်။ ဤငါးဦး၏ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်ထိ ရောက်နေပြီလည်း သူမသိသော်လည်းပဲ သူတို့၏ စွမ်းအားများက မြင့်မားနေမည့်မှာတော့သေချာ၏ ။ မဟုတ်ပါက တော်ဝင်မဟာဗိုလ်ချုပ်များဖြစ်နိုင်မည်မဟုတ်ချေ။

မင်းသမီးကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး ။

ဗိုလ်ချုပ်ငါးကလည်း သူတို့မယုံကြည့်နိုင်ဖြစ်နေသော်လည်း မင်းသမီးက ပြောနေသည့် အတွက်ကြောင့် သူတို့အရှေရှိ ဤလူငယ်မှာ ထူးရှားဆန်းကြယ်မှု တစ်ခုခု ရှိရမည်ဟုတွေးလိုက်သည်။ မဟုတ်ပါက မင်းသမီးလို့ လူမျိုးက ဒီလောက်ထိ အလေးပေးမည် မဟုတ်ချေ။

သူတို့က လုံထန်ကိုယ် ဦးညွတ်ကာအရိုသေပေးလိုက်၏ ။

မဟုတ်တာပဲ ကျွန်တော်လုပ်သင့်တာပါ ။

အောင်းယွီရန်က ပြုံးကာ လုံထန်ကိုယ် ကြည့်၍ ပြောလိုက်သည်။ လုံထန် ဒါက ငရဲမီးဗိုလ်ချုပ် လုချီ။

သူကဝိညာဉ်ရေဗိုလ်ချုပ် လျုရီ။

သူက အစိမ်းရောင်သစ်သားဧကရီ ဗိုလ်ချုပ် အန်းလီ ။

သူကရွှေရောင်သတ္တု ဗိုလ်ချုပ် ကော့ပါး။

သူကတော့ အညိုရောင် မြေကမ္ဘာဗိုလ်ချုပ်စ ဖေးရန်။

အောင်းယွီရန်က လုံထန်ကိုယ် သူမ၏ တော်ဝင်ဗိုလ်ချုပ်တွေ၏ အမည်တွေကိုယ် လိုက်လံကာ မိတ်ဆက်ပေးလိုက်သည်။

မိတ်ဆက်ပေးသည့်နောက်တွင် အောင်းယွီရန်က သူမ၏ နတ်ဘုရားအာရုံကိုယ် ဖြန်ကျက်လိုက်ပြီးတော့ အကြီးကဲ ငါးဦးကိုယ် သူမရှိရာစီသို့ လာစေလိုက်၏ ။

အချိန်အနည်းငယ်ကြာပြီးသည့်နှင့် အကြီးကဲ ငါးဦးတို့ရောက်ရှိလာကြသည်။

မင်းသမီးကိုယ် နှတ်ဆက်ပါတယ် ။

လာထိုင်ပါ ။

အောင်းယွီရန်က သူတို့စားပွဲဝိုင်းတွင် ထိုင်ရန်အတွက် ရောက်ရှိလာသော အကြီးကဲ ငါးဦးကိုယ် ခေါ်လိုက်၏ ။

အကြီးကဲ ငါးဦးရောက်လာချိန်မှာ သူတို့ထိုင်ပြီးသည့်နှင့် အောင်းယွီရန်က စကားစလိုက်၏ ။

ဒီနေ ဒီမင်းသမီး မင်းတို့ကိုယ် ခေါ်ရတာက အသိပေး စရာရှိလို့ပါ ။

နန်းတက်ပွဲမှာ လုံထန်က ရွှေနဂါးမျိုးနွယ်စု၏ ဧကရာဇ်အဖြင့် နန်းတက်လေ့မယ် ။ မင်းတို့က သူကိုယ် အစွမ်းကုန် ကူညီပေးရမယ် ။

ဟမ့် ။

မင်းသမီး ပြောတာ ကဒီလူငယ်လေးကိုယ် နန်းတက်ခိုင်းမှာလား ။ သူက မငယ်လွန်းဘူးလား ။ သူကအခုမှ ကောင်းကင်သာရဲ ဘုံဒုတိယအဆင့်ပဲ ရှိသေးတာ အဆင်ပြေပါမလား ။ဝိညာဉ်ရေဗိုလ်ချုပ်က ပြောလိုက်သည်။ ငရဲမီး ဗိုလ်ချုပ်က ဝိညာဉ်ဗိုလ်ချုပ်၏ စကားကိုယ် ထောက်ခံလိုက်၏ ။

မင်းသမီး ပြန်စဉ်းစားပါအုန်း ။

အကြီးကဲငါးဦးကတော့ မင်းသမီးရဲ့ လုပ်ရပ် မှန်ကန်သည့်ဟု တွေးမိ၍ ဘယ်သူမှာ ငြင်းဆိုခြင်းမရှိချေ။ လုံထန်၏ ကြောက်မက်ဖွယ်ရာ သွေးမျိုးဆက်စွမ်းအားနှင့် သူတို့ ဖိနှိပ့်ခံပြီးတဲ့ထဲ မှတ်သွားခဲ့ပြီဖြစ်သည်။ နောက်ထပ်က လုံထန်က မင်းသမီး၏ စွမ်းအားကိုယ် ယူသုံးနိုင်သေးသည်။ အပြည့်ဝမဟုတ်တောင် သူက အစွမ်းထက်နေအုန်းမည်ဖြစ်သည်။

မဟုတ်ဘူး ။

ဒီမင်းသမီးရဲ့ စကားကိုယ် ဆုံးအောင်နားထောင်အုန်း ။ လုံထန်ရဲ့ အဆင့်က နိမ့်နေပေမဲ့ သူကိုယ် အထင်မသေးနဲ့ သူက ဒီမင်းသမီးရဲ့ စွမ်းအားတွေကိုယ် ယူသုံးနိုင်တယ် ။

ဟမ့် ။

မင်းသမီးပြောတာက မျိုးနွယ်စုရဲ့ ဟိုကျင့်စဉ်လား ။ ဗိုလ်ချုပ်ငါးယောက်က အလန့်တကြားဖြင့် ထအော်လိုက်သည်။ ။ အောင်းယွီရန်၏ မျက်နှာက နီရဲသွားပြီး ခေါင်းညိတ်ပြလိုက်၏ ။

ကဲပြောချင်တာ ဒီလောက်ပဲ နန်းတက်ပွဲအတွက် လို့အပ်သည့်တွေ ပြင်ဆင်ထားပါ။

အောင်းယွီရန်က ရှက်ရွံနေသည့်မှို စကားဝိုင်းကိုယ် အဆုံးသတ်လိုက်၏။

နားလည်ပါပြီမင်းသမီး ။

သူတို့အသီးက လည်း အောင်းယွီရန်က နှင်ထုတ်နေသည့်မှို့ဆက်နေ၍ မရတော့ချေ။

အားလုံးက အောင်းယွီရန်၏ အခန်းမှာ ထွက်ခွာသွားတော့သည်။

နင်လည်းပြင်ဆင်ထားအုန်း ။ အောင်းယွီရန်က ပန်းပေါင်းစုံ ဖူးပွင့်လာသည့်အလားပြုံးလိုက်ပြီး လုံထန်ကိုယ် ပြောလိုက်သည်။

လုံထန်လည်း သူမ၏ အပြုံးကြောင့် ငေးမောကြည့်နေပြီး သူမ၏ စကားသံကိုယ် သတိထားမိလိုက်ခြင်းမရှိချေ။

All Chapters