ဧကရာဇ်တစ်ပါးဖြစ်လာခြင်း ။
Vol. 7 Ch. 95
---------
နောက်ထပ်အချိန်သုံးရက်ခန့် ကုန်ဆုံးပြီးတဲ့ချိန်...
ရွှေရောင်နဂါးမျိုးနွယ်စုရှိ၊ ရှိရှိသမျှလူများအားလုံး ရွှေနန်းတော်ကြီး၏ အရှေ့ ကွင်းပြင်ကြီးထဲ တွင် စုဝေးနေကြသည်။
ရွှေနန်းတော်ကြီး၏ အရှေ အလယ်တည့်တည့်
၌ အနီရောင် အခင်းကျင်းကြီး ခင်းထားခဲ့၏။
ဘေးဘက်တွင်တောက်ပတဲ့ အပြင်ဆင် ။ အလှဆင်ထားသော တန်ဖိုးကြီး ရတနာများ နှင့် လမ်းတလျှောက်တွင်လည်း စိတ်ကိုယ် အေးချမ်းသာယာစေမည့် စိတ်ဝိညာဉ်ရတနာ ဆေးပင်အချို့ကိုယ် အသုံးပြုထားခဲ့သည်။
အနီရောင်အခင်းကြီးတိုင်း ရွှေနန်းတော်ကြီး ထံသို့ ဦးတည်သွားလိုက်ရင် ကြီးမားသော ရွှေရောင် လှေကားကြီးရှိ၏ ။ လှေကားကြီးက အထစ်ပေါင်း 1000 အတိရှိသည်။ လှေကားအထစ်တစ်ထောင်မြှောက်တွင် ကြီးမားလှသော ရွှေနဂါးကြီးတစ်ကောင်ရစ်ခွေနေသည့် အလားရွှေပိုးသားကျောက်စိမ်းဖြင့် သေသပ်လှပစွာပြုလုပ်ထားသော ပုလ္လင်ကြီးရှိ၏ ။
ရွှေရောင်နဂါးမျိုးနွယ်စုရှိလူတိုင်းကလည်း ထိုအပြင်ဆင်များကိုကြည့်၍ သူတို့၏ ပျော်ရွှင်မှုများက ထပ်တူကျနေခဲ့သည်။
ဒီအခမ်းနားကြီးပြီးသွားချိန်မှာ သူတို့၏ ဧကရာဇ်က သူတို့ကိုယ် အပြင်လောကကိုယ်ရောက်ရှိအောင် ဆောင်ကျဉ်းပေးမည်ဖြစ်သည်။
သူတို့လို့ တစ်ချိန်ထင်ခြားကျော်ကြားပြီး မျိုးနွယ်စုတိုင်းမှန်သမျှသူတို့ကိုယ် လေးစားရကြသည်သူတွေက ။ အခုလို့မျိုး သူတို့လို့ ပြင်ပလောက နှင့်အဆက်သွယ်ဖြတ်နေရခြင်းက ကြီးမားသော စော်ကားမှု အရိပ်ဆိုးကြီး တစ်ခုလို့ပင်ဖြစ်သည်။
သူတို့က ရောက်ရှိလာမည် ဧကရာဇ်အသစ်ကိုယ် စောင့်မျော်ရင်းဖြင့် သူတို့အချင်းချင်း ပျော်ရွှင်စွာဖြင့် စကားပြောနေကျသည်။
နောက်ဆုံးတွင်သူတို အခုလို ပုန်းကွယ်နေစရာမလို့တော့သည့် အတွက် ကြောင့် အမှန်ပင် ပျော်ရွှင်နေမိသည်။
----------
ထိုအစဉ် တစ်ဖက်ရှိ.....
အောင်းယွီရန်၏ အခမ်းထဲတွင် လုံထန်တစ်ယောက် အောင်းယွီရန် ပြင်ဆင်ပေးသော အနီရောင် ဝတ်စုံတစ်ခုကိုယ် ဝတ်ဆင်လိုက်၏။ ထိုဝတ်စုံဝတ်ဆင်ပြီးသွားချိန်မှာ လုံထန်၏ထံမှနေ၍ မြင့်မြတ်ကာ တော်ဝင်ဆန်သော အရှိန်ဝါက ဖြာထွက်လာခဲ့၏ ။
အောင်းယွီရန်က သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်ရင်းဖြင့် ကူညီပြီး ဝတ်ဆင်ပေးလိုက်ရင်းဖြင့် သူကလုံထန်ကိုယ် ကြည့်ကာ ရီမောလိုက်သည်။
နင်ကအခုလို့ဝတ်ကောင်းစားလှတွေ ဝတ်လိုက်တော့ ကြည့်ကောင်းသွားသားပဲ ။
ဟိဟိ ။
ဟမ့် ။
နင်ယောင်္ကျားက အရင်ထဲက ကြည့်ကောင်းပြီးသားပါ ။ လုံထန်က လည်း အောင်းယွီရန်ကိုယ် အကျော မခံပြန်၍ ပြောလိုက်သည်။
ဟုတ်ပါပြီ လာသွားစို့ ။
လုံထန်လည်း အောင်းယွီရန်၏ နောက်မှ လိုက်ပါလာခဲ့ပြီးတော့ ရွှေနန်းတော်ကြီး ၏ အရှေ့သို့ ဦးတည်လိုက်တော့သည်။
အချိန်အနည်းယူပြီးနောက် လုံထန်နှင့် အောင်းယွီရန်တို့ ရောက်ရှိလာကြသည်။
သူတို့ရောက်ရှိလာပြီး ရွှေနဂါးနန်းတော်ကြီး၏ ရင်ပြင်အတွင်းသို့ ခြေချလိုက်သည့်နှင့် သူတို့နှစ်ယောက်ကိုယ် အားလုံးက အာရုံစိုက်လာကြသည်။
လုံထန်နှင့် အောင်းယွီရန်က အနီရောင်အခင်းကျင်းကြီး အတိုင်း လျှောက်လှမ်း၍ လှေကထစ်တွေ၏ ထိပ်ဆုံးရှိ ပုလ္လင်ကြီး ထံသို့ဦးတည်လိုက်တော့သည်။
သူတို့နှစ်ဦး လျှောက်လှမ်းသွားသည့်ကိုယ် ရွှေရောင်နဂါးမျိုးနွယ်စုရှိလူတိုင်းက တိတ်ဆိတ်စွာဖြင့် ကြည်နေကြ၏ ။
သူတို့အားလုံး၏ စိတ်ထဲတွင် သူတို့အရှေမှ ထိုစုံတွဲထံမှ ထွက်ပေါ်နေသော အရှိန်ဝါကြောင့် ကြောက်ရွံ့မှု ၊ရိုသေလေးစားမှုများဖြစ်ပေါ်လာကြသည်။
လုံထန်နှင့် အောင်းယွီရန်က ရွှေရောင်လှေကားထစ်များကိုယ် စတင်လှမ်းလိုက်တော့သည်။
လှေကားအထစ်999 ဘေးတစ်ဖက်တစ်ချက်တွင် ကြီးမားသော ထိုင်ခုံကြီးများဆယ်လုံးရှိ၏ ။ သူတို့နေရာတွင် အကြီးကဲ ငါးယောက်နှင့် မဟာတော်ဝင်ဗိုလ်ချုပ် ငါးယောက်တို့ က မက်တပ်ရပ်နေကြသည်။
လုံထန်နှင့် အောင်းယွီရန်က ဖြေးညှင်းစွာဖြင့် လျှောက်လှမ်းလာရင်းဖြင့် ရွှေရောင်လှေကားထစ်တွေ၏ ထိပ်ဆုံးပုလ္လင်ကြီးထံသို့ ရောက်ရှိသွားတော့သည်။
လုံထန်က ရွှေပိုးသား ကျောက်စိမ်းပုလ္လင်ကြီး ထံသို့ ဦးတည်သွားလိုက်၏ ။
ထိုနေရာတွင် အရင်ထဲက ဗန်းတစ်ခုကိုကိုင်က စောင့်ဆောင်းနေသော အသက်လတ်ပိုင်း အရွယ် အစေခံတစ်ဦးရှိ၏ ။
လုံထန်ရောက်ရှိလာချိန် ထိုအစေခံက သူ၏ လက်ထဲ ဗန်းကိုယ် မြှောက်၍ ဒူးထောက်ချလိုက်သည်။
အောင်းယွီရန်က ထိုဗန်းပေါ်တွင်ရှိနေသောအနီရောင် ပိတ်စကိုယ် ဖယ်ရှားလိုက်၍ ဗန်းပေါ်၌ ရှိနေသော ဒြပ်စင်ငါးခုအလင်းရောင်များ ထုတ်လွတ်နေသော သရဖူတစ်ခုကိုယ် ယူလိုက်၏ ။
သရဖူက ဒြပ်စင်အလင်းတွေ ထုတ်လွတ်နေသောလည်း သူ၏အပေါ်တွင် အက်ကြောင်းတွေ ရှိနေခဲ့သည်။
အောင်းယွီရန်ပြောဖူးသည့် စကားကိုယ် အမှတ်ရသွားခဲ့သည်။ ဤ သရဖူက ရွှေရောင်နဂါး မျိုးနွယ်စု၏ ကောင်းကင်လက်နက်ဖြစ်သည့် ကောင်းကင်ဧကရာဇ်သရဖူ ဖြစ်သည်။
ကြည့်ရတာ ယွီရန်ပြောတာထက်တောင်ပို့ပြီးတော့ ပျက်စီးနေတာပဲ လုံထန်က သက်ပြင်းချကာ သူ၏စိတ်ထဲမှ တွေးလိုက်၏ ။ ယခုကောင်းကင်ဧကရာဇ် သရဖူမှာ ကောင်းကင်တစ်ပိုင်း အဆင့်စွမ်းအားသာရှိတော့သည်။ အရင်တုန်းက သူက ကောင်းကင်အဆင့်မြင့် လက်နက်ဖြစ်၍ အင်မော်တယ် လက်နက်ဖြင့်ဖို့ အလွန်နီးကပ်နေသော အားကောင်းသော လက်နက်ဖြစ်သည်။
ထိုအဆင့်လက်နက်ပင် အခုလို့ ဖြစ်သွားရသည့်က ပြီးခဲတဲ့ အတိတ်ကာလ ရွှေနဂါးဧကရာဇ်ကြီးနှင့် နဂါးနက်ခေါင်းဆောင်ကြားက တိုက်ပွဲက မည်မျှပြင်းထန်သည့် ကိုယ် တွေကြည့်နိုင်သည်။
ကဲ့ကဲ့ ဒါတွေမတွေးနဲ့ လက်ရှိဖြစ်နေတာကိုယ် ဂရုစိုက်ရအောင် လုံထန်လည်း သူ၏ အတွေးများကိုယ် ထိန်းချုပ်လိုက်၏ ။
လုံထန်လည်း အောင်းယွီရန်ကိုယ် ကြည့်လိုက်၏ ။ အောင်းယွီရန်က လုံထန်ကိုယ် ပြုံးပြကာ ခေါင်းညှိတ်ပြလိုက်၏။
သူ၏ လက်တစ်ဖက်ကိုယ် ကိုက်ဖောက်၍ကောင်းကင်ဧကရာဇ် သရဖူအပေါ်သို့ သွေးတစ်စက်ကိုယ် ကျစေလိုက်၏ ။ ကောင်းကင်ဧကရာဇ်သရဖူက လုံထန်၏ သွေးစက်ကျရောက်လာသည့် အခါ ငြင်းဆန်ဟန် မပြပဲ တစ်ချက်ခန့်တုန်ခါသွား၍ သူ၏ သွေးစက်ကိုယ် စုပ်ယူသွားခဲ့သည်။ ကောင်းကင်ဧကရာဇ်သရဖူ သူနှင့်တသားထဲဖြစ်နေသလို့ပင် ခံစားလိုက်ရ၏။
ကောင်းကင်ဧကရာဇ်သရဖူက သူကိုယ်လက်ခံလိုက်သည်နှင့် လုံထန်လည်း ဒူးတစ်ဖက်ထောက်ချလိုက်၍ သူ၏ ဦးခေါင်းထက်၌ အောင်းယွီရန်ကိုယ် သရဖူကိုယ် ဆောင်းစေလိုက်သည်။
သရဖူဆောင်းပြီး ချိန်တွင် အောင်းယွီရန်က နောက်ထပ် ရွှေရောင်နဂါးပုံသဏ္ဍန် တံဆိတ်တုံးတစ်ခုကိုယ် လုံထန်၏ ထံသို့ အပ်နှင်းလိုက်၏ ။
ဒုန်း ။
ကျယ်လှောင်လှသော ဒူးထောက်ချသံများနှင့် အသံအကျယ်ကြီး ထွက်လာခဲ့သည်။
ကြီးမြတ်လှသော နဂါးဧကရာဇ်ကိုယ် အရိုသေပေးပါတယ် ။
ဝုန်း ။
ကျယ်လှောင်လှသော အော်ဟစ်သံများက ကောင်းကင်ယံ၌ပင် ပဲ့တင်ထပ်နေ၏ ။အဲဒီနောက်တွင်တော့ ကောင်းကင်ထက်မှနေ၍ ရွှေရောင်အလင်းတန်းများ လုံထန်၏ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်ကိုယ် တွေလိုက်ရသည်။
ဟမ့် ။
ဘာလဲ ။ ဒါက ယုံကြည့်မှု စွမ်းအားတွေလား ။
လုံထန်တစ်ယောက်သူကိုယ် ဝန်းရံနေသော ရွှေရောင် စွမ်းအားတွေကိုယ် ကြည့်နေခဲ့သည်။
လုံထန်က သရဖူနှင့် တံဆိတ်တုန်းကိုယ် ယူပြီးနောက် ရွှေပိုးသားကျောက်စိမ်းပုလ္လင်ကြီးထက်၌ ထိုင်ချလိုက်၏ ။
လုံထန် ထိုင်ချလိုက်ချိန်၌ သူ၏ ခန္ဓာကိုယ်မှနေ၍ ကြီးစိုးကာ မြင့်မြတ်လှသော အရှိန်ဝါတစ်ခုကာ ဖြာထွက်လာခဲ့သည်။
ဝေါင်း။
ဝေါင်း။
ဝေါင်း။