လက်သည်းကိုးခုနှင့် ဒြပ်စင်ကိုးခုနဂါးပုံရိပ် ။
Vol. 7 Ch. 96
-----------
ကျယ်လှောင်လှသော နဂါးဟိန်းသံကိုယ် လူတိုင်းကြားလိုက်ရ၏ ။ ထိုနဂါးဟိန်းဟောက်သံကိုယ် ကြားလိုက်ရသူတိုင်း ကိုယ်တွင်းရှိသွေးများ ဆူပွတ်လာသကဲ့သို့ပင် ရှိနေသော လူများအားလုံး ခံစားလိုက်ရသည်။
လုံထန်၏ ခေါင်းထက် ကောင်းကင်ယံထက်၌လည်း ယုံကြည့်မှု စွမ်းအားများနှင့်ပေါင်းစည်း၍ လက်သည်းကိုးခု ဒြပ်စင်နဂါးကြီး၏ ပုံရိပ်က မီတာသောင်းချီထိ အောင်ကြီးမားသော ပုံရိပ်ကြီးဖြစ်ပေါ်လာခဲ့သည်။
ဤပုံရိပ်ကိုယ် မြင်ရသူတိုင်းက ရိုသေလေးစားမှု ၊ကြောက်ရွံ့မှု ၊အံဩသင့်မှု၊ မယုံကြည့်နိုင်မှုတို့ ဖြစ်ပေါ်နေကြသည်။
လက်သည်းကိုးခု ဒြပ်စင်နဂါးကြီးက မီတာသောင်းချီထိကြီးမားသလို့ သူ၏ ခန္ဓာကိုယ် တွင် ဒြပ်ကိုးခု အလင်းများက ဝန်းရံနေခဲ့သည်။ သူခန္ဓာကိုယ်မှ ထွက်ပေါ်နေသောထွက်ပေါ်နေသော အော်ရာနှင့် အရှိန်ဝါက မြင့်မြတ်ကာ တော်ဝင်ဆန်လှသည်။
ထိုအရှိန်ကြီးကြောင့် ကွင်းပြင်ထဲလူများသာ မက အကြီးကဲငါးဦးနှင့် တော်ဝင်မဟာဗိုလ်ချုပ် ငါးဦးတို့ပါ ဒူးထောက်၍ အရို သေပေးလိုက်ကြသည်။
နဂါးဧကရာဇ် သက်တော်ထောင်ချီရှည်လျားပြီး ။ မျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေ တိုးပွားအောင်ဆောင်ကျဉ်းပေးနိုင်ပါစေ ။
ကွင်းပြင်ထဲရှိလူတိုင်းက ထိုအသံတိုင်းပင်လိုက်လံရွက်ဆိုနေ၍ ကျယ်လှောင်လှသော အသံက ကောင်းကင်ကိုးခုထိတိုင်အောင် ပဲ့တင်ထက်နေသည့်ဟု ထင်ရသည်။
အောင်းယွီရန်၏ မျက်နှာလေး ထက်၌ မြင်သူတကာ ငေးမောရသော အပြုံးလှလှလေး တစ်ခုက ဆင်မြန်းထားခဲ့သည်။ ဤသည့်ကိုယ် ကြည့်ချင်းအားဖြင့် သူမဘယ်လောက် ပျော်ရွှင်နေသည့်ကိုယ် တွေမြင်နိုင်သည်။
လုံထန်လည်း သူ၏ အောက်ဘက်၌ ဒူးထောက်ကာ အရိုသေ ပေးနေကြသော လူများကိုယ် ကြည့်လိုက်သည်။ လူများ၏ ထံမှလည်း များပြားလှသော ယုံကြည့်မှု စွမ်းအားများ ထွက်ပေါ်လာလျက်သူ၏ ခန္ဓာကိုယ် အတွင်းသို့ လာရောက်ပေါင်းစည်းနေကြသည်။
သူ၏ စိတ်ထဲတွင် တွေးမိလိုက်သည်။ဤ အတွက်ကြောင့် လူတိုင်းက ဧကရာဇ်တစ်ဦး ဘာလို ဖြစ်ခြင်းနားလည်သွားသည်။ အခုချိန်မှာ သူက မျိုးနွယ်စုတစ်ခု ဤ ဧကရာဇ်တစ်ပါးသာဖြစ်သော်လည်း ထိုလူများ၏ ယုံကြည်မှုစွမ်းအားများ သူကိုယ် များစွာအထောက်ကူပြု၏ ။
အခြားမျိုးနွယ်စုတွေကိုယ် သူလက်အောက်ခံဖြစ်သို့ ထားရှိလိုက်ရင် သူ၏ စွမ်းအားများမှာပို၍ တိုးတက်လာမည်မဟုတ်ပါလား ။ သို့သော်လည်း ဤ ကိစ္စက ပြောသလောက်တော့ မလွယ်ကူချေ။
လုံထန်လည်း သူ၏ ခေါင်းကိုယ် ခါယမ်းလိုက်သည်။ လောလောဆယ် သူလုပ်စရာကိစ္စများရှိနေသေးပြီး သူ၏ အတွေးများကိုယ် မောင်းထုတ်လိုက်သည်။
ကောင်းပြီ ။ အားလုံးထကြလော့ ။
ဒူးထောက်ကာ အရိုသေပေးနေသူများအားလုံး ပြန်လည်၍ မက်တပ်ရပ်လာကြသည်။
လုံထန်လည်း သူ၏ ယုံကြည့်မှု စွမ်းအားတွေနှင့် ဖြစ်ပေါ်နေသော လက်သည်းကိုးခု ဒြပ်စင်နဂါးကြီးကိုယ် သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည်ကာ သိမ်းဆည်းလိုက်၏ ။
ရွှေရောင်နဂါးမျိုးနွယ်စု၏ ဒလေ့ထုံးတန်းစဉ်လာများအတိုင်း လုပ်ကိုင်ပြီးနောက်တွင် လုံထန်တစ်ယောက် ရွှေရောင်နဂါးမျိုးနွယ်စု၏ ဧကရာဇ်တစ်ပါး ဖြစ်လာတော့သည်။
လုံထန်က ကွင်းပြင်ထဲရှိလူများကိုယ် စကားအနည်းငယ် ပြောဆိုပြီးနောက် အကြီးကဲများနှင့် သာလွဲထခဲ့သည်။
သူက တော်ဝင်မဟာဗိုလ်ချုပ်တွေကိုယ် ခေါ်ဆောင်၍ အချို့ကိစ္စများကိုယ် တိုင်ပင်နေခဲ့သည်။
သူ၏ လုပ်စရာများအားလုံးကိုယ် လုပ်ပြီးသွားသည့်အချိန်တွင် နေလည်သို့ရောက်ရှိသွားခဲ့၏ ။
ညနေဘက်တွင် လုံထန်နှင့် အောင်းယွီရန်က သူတို့၏ ဘိုးဘေးများနှင့် ဂါရဝပြုခဲ့ပြီး သေရည်ခွက်ကိုယ် လဲလှယ်သောက်ခဲ၍ အသေးစားမင်္ဂလာပွဲ တစ်ခု ပြုလုပ်ခဲ့ကြသေးသည်။
သူတို့နှစ်ဦးမင်္ဂလာပွဲတွင် အကြီးကဲ ငါးဦးနှင့် တော်ဝင်မဟာဗိုလ်ချုပ် ငါးဦးသားပါးပြီး ။ လူပေါင်းဆယ်ယောက်သာ ပါရှိသည့် မင်္ဂလာပွဲတစ်ခုဖြစ်သည်။
--------
ညပိုင်းအချိန် အောင်းယွီရန်၏ အခန်းအတွင်းတွင် လုံထန်တစ်ယောက်ကြီးမားသော ကုတင်ကြီး ထက်သို့ပစ်လှဲချလိုက်ပြီး စိတ်ပျက်စွာဖြစ် ငြူးညူနေခဲ့သည်။
အား။
ဧကရာဇ်တစ်ပါးဖြစ်တာ တစ်ကယ်ပင်ပန်းတာပဲ ။
ဟိဟိ ။
လာပါအရမ်း စိတ်ပျက်မနေပါနဲ့ ။
အောင်ယွီရန်က အလိုက်သိစွာဖြင့် သေရည်အိုးများကိုယ် ပြင်ဆင်ထားပြီး လုံထန်ကိုယ် ခေါ်လိုက်သည်။
ဟမ့် ။
ဒါဘာနံလည်း မွေးလိုက်တာ ။
လုံထန်က သူ၏ နှာခေါင်းကိုယ် ရူံကာ အနံခံလိုက်ရင်းဖြင့်မေးလိုက်သည်။
ဒါလား ။
ဒြပ်စင်ငါးမျိုးသေရည်လေ အောင်းယွီရန်က အပြုံးလေးဖြင့်ပြောလိုက်သည်။ ဒါက ဒြပ်စင်ငါးခုစွမ်းအားရှိတဲ့ ဆေးပင်တွေ စိတ်ဝိညာဉ် သစ်သီးတွေနေ ပြုလုပ်ထားတာပဲ ။ ငါတို့ မျိုးနွယ်စုရဲ့ မိန်းခလေးတိုင်းက အရွယ်ရောက်လာရင် ဒီဒြပ်စင်ငါးမျိုးသေရည်ကိုယ်တိုင် ပြုလုပ်ရတယ် ။ ဒီသေရည်က ကိုယ်ရဲ့ တာအိုလက်တွဲဖော်တစ်ယောက်ကိုယ်ပဲ တိုက်ခွင့်ရှိတယ် ။ အခြားအမျိုးသားတွေကိုယ် တိုက်ခွင့်မရှိဘူး။ အဖေနဲ့ ညီကို မောင်နှမတွေကိုယ်လဲ တိုက်ခွက့်မရှိဘူး ။အောင်းယွီရန် လုံထန်ကိုယ် တဆက်ထဲ ရှင်းပြလိုက်၏ ။
လုံထန်တစ်ယောက် အောင်းယွီရန်ပြောသည့်ကိုယ် နားထောင်ပြီးနောက် သဘောကြစွာခေါင်းညိတ်လိုက်၏ ။ ဒါဆိုရင် ငါမိန်းမ ကိုယ်တိုင်ပြုလုပ်ထားတဲ့ သေရည်ကိုယ် သောက်ရတော့မှာပေါ့ ။
ငါဘယ်လောက်ကံကောင်းလိုက်သလဲ ။
နဂိုထဲမှ သေရည်ကြိုက်နှစ်သက်လုံထန် အတွက်တော့ လျှင်မြန်စွာပင် စားပွဲဝိုင်းသို့ ရောက်ရှိလာခဲ့သည်။
အောင်းယွီရန်က လုံထန်အတွက် သေရည်အိုးကိုယ်မ၍ ခွက်ထဲသို့ ဖြည်ပေးလိုက်သည်။
လုံထန်က လျှင်မြန်စွာပင် မော့ချလိုက်သည်။
အရက်က လျှင်မြန်စွာပင်သူ၏ လည်ချောင်းမှ တစ်ဆင့် ဝမ်းဗိုက်ထံသို့ ကျဆင်းသွားခဲ့သည်။
လည့်ချောင်းတစ်လျောက်ကျဆင်းနေစဉ်မှာ အပူ ၊အအေး ၊ စတဲ့ခံစားချက်ငါးခုကိုယ် တစ်လည့်စီခံစားလိုက်ရ၏ ။
ဟားဟား ။
အရက်ကောင်းပဲ ။
ညအချိန်မှာ မိန်းမလှလေးတစ်ယောက် နှင့် အရက်ကောင်း တစ်အိုး ဘယ်လောက်တောင်လိုက်ဖတ်လိုက်ပါသလဲ ။
အောင်းယွီရန်က ပျော်ရွင်စွာရီမောလိုက်ပြီးတဲ့နောက်တွင် ခုနက နင်ပဲ ပင်ပန်းလို့ ငြူးညူနေတာမလား ။အခုတော့ တက်ကြွနေလိုက်တာ ။
ဟားဟား ။
ငါရဲ့ မိန်းမအလှလေးနဲ့ တင်ပဲငါရဲ့ ပင်းပန်းမှုတွေ ပျောက်ကွယ်သွားပါပြီ ။
လာပါအတူတူ သောက်ရအောင် ။
လုံထန်ကသူ၏ ဘေးမှ ထိုင်ခုံကိုယ် ပြလိုက်၍ အောင်းယွီရန်ကိုယ် ထိုင်ခိုင်းလိုက်၏ ။
အောင်းယွီရန်လည်း လုံထန်၏ ဘေးတွင် ဝင်ထိုင်လိုက်၍ လုံထန်ကိုယ် အဖော်ပြုရင်းဖြင့် အပြင်ဘက်ရှိ ညရဲ့ အလှကိုယ် ခံစားကာ သေရည်ကိုယ် အတူတူသောက်နေကြတော့သည်။