တော်ဝင်ဘဏ္ဍနာတိုက်အတွင်းပိုင်း။
Vol. 7 Ch. 98
-------------
လုံထန်နှင့် အောင်ယွီရန်တို့ အနက်ရောင်တံခါးကြီး အတွင်းသို့ ဝင်ရောက်လိုက်သည့်နှင့် သူတို့ဝင်ရောက်ရင်အတွက် ပွင့်ဟနေသော တံခါးပေါက်ကြီးက လျှင်မြန်စွာပြန်ပိတ်သွားခဲ့သည်။
ကျီ ...။
ဝုန်း ။
သွားကြစို့ ။
တော်ဝင်ဘဏ္ဍနာတိုက်က အကန့်သုံးခုရှိတယ် ။ အပြင်ပိုင်းအကန့် ၊အလယ်ပိုင်းအကန့်၊ အတွင်းပိုင်း အကန့်ဆိုပြီးတော့ပေါ့ ။ ငါက အတွင်းပိုင်းအကန့် ကိုယ် မဝင်ဖူးဘူး ။ အလယ်ပိုင်း အကန့်ထိပဲ ဝင်ဖူးတယ်။အောင်းယွီရန်က လုံထန်ကိုယ် ရှင်းပြလိုက်၏ ။
အပြင်ပိုင်းအကန့်မှာက ကြယ်ငါးပွင့်အောက်ကျင့်စဉ်တွေနှင့် ကြယ်ငါးပွင့်အောက်ဆေးလုံးတွင်ထားတယ် ။
အလယ်ပိုင်းအကန့်မှာက လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေကိုယ် ထားထားတယ် ။
အတွင်းပိုင်းအကန့်မှာက ကြယ်ငါးပွင့်အထက်ကျင့်စဉ်တွေနဲ့ ၊ ရှားပါးရတနာတွေထားထားတယ် ။ တန်ဖိုးကြီး ဆေးပင်များနှင့် စိတ်ဝိညာဉ်သစ်သီးတွေ ထားတယ်။ ဝိညာဉ်ကျောက်တုံးနှင့် ဒြပ်စင်ကျောက်တုံးတွေလည်း ရှိတယ် ။
ဒါဆိုသွားကြတာပေါ့ လုံထန်လည်း အောင်ယွီရန် ရှင်းပြချက်ကြောင့်လုံထန်၏ မျက်လုံးများက တောက်ပလာ၍ သူမကိုယ် လောဆော်လိုက်၏။
တော်ဝင်ဘဏ္ဍနာတိုက်၏ အတွင်းပိုင်း လေဟာနယ်ပြင်ကြီး တစ်ခုအတိုင်းပင်ဖြစ်သည်။
လုံထန်နှင့် အာင်းယွီရန်တို့ အရှေ့သို့ အနည်းငယ်လမ်းလျှောက် ပြီးချိန်တွင် လေဟာနယ်တွင် နေရာအနှံပြားတွက် လွင့်မျောနေသော ကျင့်စဉ်စာအုပ်များကိုယ် တွေလိုက်ရသည်။
လုံထန်သူ၏ အရှေ့မှာ လွင့်မျောနေသော ကျင့်စဉ်များကိုယ် ကြည့်၍ အံဩသင့်နေခဲ့သည်။ အရေတွက်မည်မျှရှိသည့်ပင် သူမသိအောင်များပြားလှသည်။
သို့သော်လည်းသူ ထိုအရာများကိုယ် လှစ်လုလျုထားခဲ့သည်။
သွားကြမယ် .... အလယ်ပိုင်းအကန့်ကိုယ် လုံထန်က အောင်းယွီရန်ကိုယ်ပြောလိုက်၏ ။
အွန်း ။
အောင်းယွီရန်က လုံထန်ကိုယ် ဦးဆောင်၍ ခေါ်ဆောင်သွားခဲ့သည်။ သိပ်မကြာလိုက်ခင်မှာပင် သူတို့အတားစီးတစ်ခုကိုယ် ဖြတ်ကျော်လိုက်ပြီးတော့ လက်နက်တွေနှင့် ချပ်ဝတ်တန်ဆာတွေ ထားသည့် အလယ်ပိုင်းအကန့်သို့ ရောက်ရှိလာကြသည်။
လုံထန်တစ်ယောက် ထပ်မံ၍ အံဩသွားမိပြန်သည်။ နေရာအနှံအပြားထိ သူ၏ မျက်စိအဆုံး လက်နက်နဲ့ ချပ်ဝတ်မျိုးစုံကိုယ် တွေ့နေရသည်။ သေမျိုးလက်နက်နှင့် မြေကမ္ဘာအဆင့်မြင့် လက်နက် အထိ ရှိကြသည်။
ရွှေရောင်နဂါးမျိုးနွယ်စုတွင်တော့ ကောင်းကင်လက်နက် က တစ်ခုသာရှိသည်။ အဲတာကတော့ လုံထန်၏ ဦးခေါင်းထက်၌ ဆောင်းထားသော ကောင်းကင်တစ်ပိုင်းအဆင့်သို့ ကျဆင်းသွားသည့် ကောင်းကင်ဧကရာဇ်သရဖူသာဖြစ်သည်။
လုံထန်လည်း သူ၏ အံဩနေသည့်များကိုယ်ဖိနှိပ့်၍ အတွင်းပိုင်း အကန့်ထံသို့ သွားဖို့ပြောလိုက်သည်။
အောင်းယွီရန်လည်း လုံထန်ကိုယ် အတွင်းပိုင်း အကန့်ထိသို့ ဦးတည်ခေါ်ဆောင်သွားလိုက်၏ ။
အလယ်ပိုင်းအကန်နှင့် အတွင်းပိုင်းအကန့် ကိုယ် ခြားနားထားသာ အတားစီးတစ်ခုရှိ၏ ။
ထိုအရှေ့သိုရောက်ချိန်မှာ အောင်းယွီရန်က လု့ထန်ကိုယ် ကြည့်၍ ပြောလိုက်၏ ။ ကောင်းကင်းဧကရာဇ်သရဖူကိုယ် အသက်သွင်းပြီးတော့ ဒြပ်စင်ငါးခုစွမ်းအားကိုယ်စုစည်းပြီးတော့ အတားစီးကိုယ် ထိလိုက်ပါ ။
ကောင်းပြီ ။
လုံထန်လည်း အောင်းယွီရန်ပြောသည့်အတိုင်း ကောင်းကင်ဧကရာဇ်သရဖူကိုယ် အသက်သွင်း၍ မီး၊ရေ၊သတ္တု၊မြေ၊သစ်သား စွမ်းအင်များကိုယ် သူ၏ လက်ဝါး၌ စုစည်းလိုက်၏ ။
မတူညီသောဒြပ်စင်စွမ်းအားများဖြစ်သော်လည်း လုံထန်၏ လက်အတွင်း၌ တွန်းကန်လှုပ်ရှားခြင်းမရှိပဲ သူနေရာနှင့်သူသာ တည်ငြိမ့်လျက်ရှိ၏ ။
လုံထန်လည်း ဒြပ်စင်ငါးခုစွမ်းအားကိုယ် စုစည်းပြီးသည့်နှင့် အတားစီးကိုယ် သူ၏ လက်ဖြင့် ထိကပ်လိုက်သည်။
ဝုန်း ။
အတားစီးက တုန်ခါသွားပြီးနောက်တွင် လူတစ်ယောက်ဝင်စာအပေါက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
သွားကြစို့ ။
လုံထန်က ဝင်ရန်အပေါက်ပေါ်လာသောအခါ အောင်းယွီရန်၏ လက်ကိုယ်ဆွဲ၍ အတားစီးကိုယ် ဖြတ်၍ အတွင်းပိုင်း အကန့်သတ်သို့ ဝင်ရောက်လိုက်တော့သည်။
သူတို့နှစ်ဦးသား အထဲသို့ဝင်ဖူးချိန်မှာ တားစီးက ပြန်လည်ကာ ပိတ်သွားခဲ့သည်။
အထဲတွင် အလင်းတန်းများထွက်ပေါ်နေသော တန်ဖိုးကြီး ရတနာများစွာက လေထဲတွင် လွင့်မျောနေခဲ့သည်။
အပြင်ပိုင်းအကန့် ၊အလယ်ပိုင်းအကန့်လောက် ပစ္စည်းများ များပြားရှင်းမရှိသော်လည်း ဤနေရာရှိပစ္စည်းတိုင်းက တန်းဖိုးကြီးပစ္စည်းများသာဖြစ်သည်။
အောင်းယွီရန်လည်း မင်သက်အံဩသင့်လျက်ရှိသည်။ သူမလည်း ယခုအကြိမ်က ပထမဆိုးအကြိမ်အဖြင့် ဘဏ္ဍနာတိုက်၏ အတွင်းပိုင်းကိုယ် ဝင်ရောက်ဖူးခြင်းဖြစ်သည်။
သွားကြစို့ ငါတို့ လိုအပ်တာတွေ ရွှေးရအောင် လုံထန်က ငေးမောနေသော အောင်းယွီရန်ကိုယ် ပြောလိုက်၏ ။
သူကိုယ်တိုင်လည်း ပစ္စည်းတွေကိုယ် ယူဆောင်ဖို့မဆောင်နိုင်တော့ချေ။
အင်း ... အင်း...ကောင်းပြီ ။ အောင်းယွီရန်လည်း ကမန်းကတန်း ခေါင်းညိတ်လိုက်၏ ။
လုံထန်တစ်ယောက်သူ၏ အရှေ့တွင် တောက်ပသော အလင်းတန်းများထုတ်လွတ်ကာ ပုံနေသော ချီကျောက်တုံးများကိုယ်ကြည့်လိုက်သည်။
အလယ်လတ်အဆင့်နှင့် ချီကျောက်တုန်းများ၊ အဆင်မြင့်ချီကျောက်တုန်းများနှင့် အထွတ်ထိပ်အဆင့် ချီကျောက်တုန်းတွေသာဖြစ်သည်။
လုံထန်တစ်ယောက် ထိုအရာများကိုယ် ကြည့်၍ သူဘဝသူ မေးခွန်းပင်ပြန်ထုတ်မိသွား၏ ။ အရင်က အောင်းချင်းထန် ၏ လက်စွပ်အတွင်းမှ ချီကျောက်တုန်းတွေနှင့် လက်နက်ဆေးဝါးတွေကိုယ် ရ၍ သူကိုယ် သူချမ်းသော သူတစ်ယောက်ဟု ထင်မိသည်။
အခုတော့သူ၏ အတွေး များက အမှန်တစ်ကယ်ပင်မှားနေခဲ့သည်။ အမည်ကျော်ကြားသော မျိုးနွယ်စုတွေ၏ ကြွယ်ဝချမ်းသာမှုက သူမေးခွန်းထုတ်နိုင်သော အရာမဟုတ်မှန်း အခုမှ နားလည်သွားတော့သည်။
ဟူး ။
လုံထန်တစ်ယောက်သူကိုယ် သူတွေးမိ၍ သက်ပြင်းသာချမိလိုက်သည်။ နောက်တစ်ခနတွင်သူ၏ မျက်နှာက ပြန်လည်ကာ တောက်ပလာခဲ့သည်။ တွေးကြည့်တော့လည်းဒါကလည်း ငါရဲ့ဟာတွေပဲကိုယ် ။
ဟားဟား ။
လုံထန်၏ ရုတ်တရက်ကြီး ထရီမောလိုက်သံကြောင့် ရတနာတွေရွှေးချယ်နေသော အောင်းယွီရန်တစ်ယောက် ထိတ်လန့်သွားခဲ့သည်။
သူမက လုံထန်ရှိရာစီသို့ လျှင်မြန်စွာပြန်ပြေးလာခဲ့သည်။
နင်ဘာဖြစ်တာလည်း သူမက လုံထန်ကိုယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။