အဆင့်မြင့်ကျင့်စဉ်များ နှင့် မိုးကြိုးဝိညာဉ်သစ်သိး။
Vol. 8 Ch. 99
---------
ဘာဖြစ်တာလည်း အောင်းယွီရန်က လုံထန်ကိုယ်အနီးသို့ရောက်ရှိလာသည့်နှင့် ကြည့်၍ မေးလိုက်သည်။
ဟမ့် ။
ထိုအချိန်မှာ သူအပျော်လွန်ပြီးတော့ အပြင်မှာ စိတ်လွတ်လိုက်ပြီးရီမောလိုက်မိသည့်ကိုယ် သတိထားလိုက်မိသည်။
အဟွက်... အဟွက် ။
မဟုတ်ပါဘူး ... ငါတစ်ခုကိုယ်ကို တွေးမိပြီးတော့ ရီလိုက်မိတာပါ ။ လုံထန်က ရှက်ရွံ့ဟန်ဖြင့် ချောင်းကိုယ် ဟန့်၍ အောင်းယွီရန်ကိုယ် ပြန်ပြောလိုက်သည်။
သွားပြီး တော့ မင်းလို့အပ်တာကိုယ် ယူလိုက်ပါ ။
ကောင်းပြီ ။
အောင်းယွီရန်က လုံထန်ကိုယ် တစ်ချက်ထူးဆန်းသလို့ကြည့်၍ သူလိုအပ်သည့်ရတနာပစ္စည်းကိုယ် ရွှေးချယ်ရန်ပြန်ထွက်ခွာသွားတော့သည်။
ဟူး ။
ထိုအချိန်မှ လုံထန်လည်း သက်ပြင်းချလိုက်မိသည်။သူ၏ ချမ်းသာကြွယ်ဝမှုတွေကိုယ်တွေးပြိး ပျော်ပြီးစိတ်လွတ်လက်လွတ်ရီမောလိုက်သည်က သူမိန်းမအရှေ့မှာ အရှက်ကွဲတော့မလိုပင် ။
လုံထန်လည်း ချီဝိညာဉ်ကျောက်တုန်းများကိုယ် ကျော်ဖြတ်၍ အခြား ရတနာပစ္စည်းများကိုယ်ရှာရန်သွားလိုက်သည်။
သူအခြားဘက်စီဦးတည်ပြီး အနည်းငယ်ခန့်သွားပြီးချိန်တွင် ဒြပ်စင်အလင်းငါးခု ဖြာထွက်နေသော ဒြပ်စင်ကျောက်တုန်းပုံကြီးကိုယ် တွေလိုက်ရသည်။
ဟူး ။
လုံထန်တစ်ယောက်လေအေးများကိုယ်ရူရိူက်လိုက်ရင်းဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရွှေရောင်နဂါးမျိုးနွယ်မှု၏ ချမ်းသာကြွယ်ဝမှုကြောင့် သူကိုယ် ထပ်ခါထပ်ခါပင် အံဩနေရစေခဲ့သည်။
လုံထန်က ထိုအရာတွေကိုယ်ဖြတ်ကျော်၍ ကျင့်စဉ်များ ရှိနေသော နေရာသို့သွားလိုက်၏ ။
ရွှေရောင် နဂါးမျိုးနွယ်စု အဆင့်မြင့်နည်းစနစ်များထားရှိရာသို့ ရောက်ရှိလာခဲ့သည်။အားလုံးက လေထဲတွင် အလင်းတန်းများဖြင့် ဖုံးအုပ်ကာ လွင့်မျောနေခဲ့သည်။
အားလုံးပေါင်းမှာ အခု ငါးဆယ်လောက်သာရှိသောလည်း အားကောင်းသော ကျင့်စဉ်များဖြစ်သည့်ဆိုတာတော့ ပြောစရာပင်မလို့ချေ။
လုံထန် ကျင့်စဉ်များကိုယ် အနည်းကပ်လေ့လာကြည့်ချိန်မှာတော ကျင့်စဉ်တွေရဲ့ အပေါ်တွင် ဒြပ်စင်စွမ်းအားတွေရဲ့ အပေါ်မှုတည့်၍ အရောင်တွေကွဲပြားသည့်ကိုယ် တွေလိုက်ရသည်။ အဝေးမှကြည့်ရင် မသိသာသော်လည်း သေချာအနည်းကပ်ကြည့်လိုက်ရင် ဒြပ်စင်အလင်းရောင်ဖျော့ဖျော့လေး လင်းလက်နေသည့်ကိုယ်တွေမြင်နိုင်သည်။
လုံထန်သူနှင့် အနည်းကပ်တွင်ရှိနေသော ကျင့်စဉ်စာလိပ်ကိုယ် ယူလိုက်၏ ။ ထိုကျင့်စဉ်က အပြာရောင်အလင်းဖျော့ဖျော့ ထုတ်လွတ်နေ၏ ထိုအရာက ရေဒြပ်စင်ကျင့်စဉ်သာဖြစ်သည်။
သူ၏ ဝိညာဉ်ချီစွမ်းအားကိုယ် အနည်းငယ် ထိုးသွင်းလိုက်ချိန်တွင် အပြာရောင်အလင်းများကြားတွင် စာတန်းများပေါ်လာခဲ့၏ ။
ရေဓားသွားကျင့်စဉ်~~~ ကြယ်ခုနစ်ပွင့် အလယ်လတ် ။
နောက်ထပ် စာလိပ်တစ်ခုကိုယ် ဆွဲယူ၍ သူ၏ ဝိညာဉ်စွမ်းအားများကိုယ် ထိုးသွင်းလိုက်၏ ။ အပြာရောင်အလင်းများ ဖုံးလွမ်းလာ၍ စာတန်းတစ်ခုဖြစ်ပေါ်လာခဲ့၏။
မဟာဖျက်စီးခြင်းရေလိူင်းကျင့်စဉ် ~~~ ကြယ်ရှစ်ပွင့်အဆင့်မြင့် ။
လုံထန်တစ်ယောက်နီးကပ်နေသော ကျင့်စဉ်ကိုယ်ယူကြည့်လိုက်ချိန်တွင် ကြယ်ခုနှစ်ပွင့်ကျင့်စဉ် ကြယ်ရှစ်ပွင့်ကျင်စဉ်တွေ ဖြစ်နေသည့်ကိုယ် တွေလိုက်ရသည်။
နောက်ထပ် အနီရောင်အလင်းဖျော့ဖျော့ဖြင့် ဖုံးအုပ်နေသော စာလိပ်တစ်ခုကိုယ်လုံထန်ယူလိုက်ပြီးနောက် သူ၏ ဝိညာဉ်ချီစွမ်းအင်အနည်းငယ်ကိုယ် ထိုးသွင်းလိုက်၏ ။
အနီရောင်အလင်းက တောက်ပလာခဲ့ကာ စာတန်းတစ်ခုဖြစ်ပေါ်လာခဲ့၏ ။
မီးတောက်ဉက္တာခဲကျင့်စဉ် ~~~ ကြယ်ခုနှစ်ပွင့် အဆင့်မြင့် ။
လုံထန်တစ်ယောက် အခြားဒြပ်စင်အလင်းများဖုံးလွမ်းနေသော ကျင့်စဉ် စာလိပ်များကိုယ်လည်း ယူကြည့်ခဲ့၏ ။
မြေဒြပ်အလင်းများဖုံးအုပ်နေသော စာလိပ်တစ်ခုတွင် ကြယ်ရှစ်ပွင်အဆင့်မြင့်ကျင့်စဉ်ကိုယ်တွေလိုက်ရ၏ ။
မြေကမ္ဘာတုန်ခါအက်ကွဲခြင်း ~~~~ ကြယ်ရှစ်ပွင့် အဆင့်မြင့် ။
ရွှေရောင်သတ္တုအလင်းများဖုံးအုပ်နေသော စာလိပ်တွင် ကြယ်ကိုးပွင့် အဆင့်နိမ့်ကျင့်စဉ်ပင်တွေခဲ့ရသည်။
တိုက်ပွဲဝင်သတ္တုခန္ဓာကိုယ်ကျင့်စဉ် ~~~ ကြယ်ကိုးပွင့်အဆင့်နိမ့်ကျင့်စဉ် ။
အစိမ်းရောင်အလင်းများကြားတွင်လည်း ကြယ်ရှစ်ပွင့် အလယ်လတ်ကျင့်စဉ်များကိုယ် တွလိုက်ရသည်။
သစ်သားဧကရာဇ်ကျင့်စဉ် ~~~~ ကြယ်ရှစ်ပွင့် အလယ်လတ် ။
ဒါတွေက တော်ဝင်ဘဏ္ဍတိုက်၏ အတွင်း၌ အားအကောင်းဆုံးကျင့်စဉ်များဖြစ်သည်။
ဟူး ။
လုံထန်တစ်ယောက် ဒါတွေကိုယ် ကြည့်ပြီးနောက် ထပ်မံ၍ သက်ပြင်းချလိုက်မိသည်။
ဤကျင့်စဉ်များသာ အပြင်ရောက်သွားပါက ဘယ်လောက်ပင် ပရမ်းပတာ ဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့ ပင်မချေ။
ထိုအစဉ်.....
အဝေးစီမှ အလောတကြီးပြေးလာသော အောင်းယွီရန်ကိုယ် လုံထန်တွေလိုက်ရသည်။ သူမ၏ မျက်နှာလေးက စိတ်လူပ်ရှားမှုကြောင်နီရဲနေခဲ့သည်။
ဘာဖြစ်လို့လည်း .... လုံထန်လည်း သူမကိုယ် ကြည့်၍ မေးလိုက်၏ ။
ဟိဟိ ။
ငါတော်ဝင်ဘဏ္ဍနာတိုက်ထဲမှာ ဒီလို့ တန်ဖိုးကြီး ရတနာများ သိမ်းစည်းထားမယ်လို့ မတွေးထားဘူး ။
အောင်းယွီရန်က စိတ်လူပ်ရှားနေဟန်ဖြင့် သူမ၏ လက်ထဲမှာ ရူပ်ထွေးလှသည့် အစီရင်များဖြင့် ဖုံးအုပ်ထားသော သတ္တာအနက်လေးကိုယ် လုံထန်ကိုယ် ပေးလိုက်သည်။
ဒါကဘာလည်း လုံထန်းလည်း နားမလည်ဟန်ဖြင့် မေးလိုက်၏ ။
ကိုယ်တိုင်ဖွင့်ကြည့်လိုက် ဒါကိုယ် နင်သဘောကျမှာသေချာတယ် ။ အောင်းယွီရန်က မပြောပဲ လုံထန်ကိုယ် ရီမော၍ ပြောလိုက်သည်။
လုံထန်လည်း အောင်းယွီရန်ပြောသည့် အတိုင်းပင် သေတ္တာလေး ကိုယ် သတိထားကာ ဖွင့်ကြည့်လိုက်၏ ။
သတ္တာလေး၏ အတွင်း၌ မိုးကြိုးစွမ်းအင်များဖြင့် ပြည့်နက်နေသော သစ်သီးသုံးလုံးခန့်ရှိနေခဲ့သည်။
မိုးကြီးဝိညာဉ်သစ်သီး ...။
လုံထန်တစ်ယောက်ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်သည်။ ရွှေရောင်နဂါးမျိုးနွယ်စုများ အတွက် ဒီအရာတွေက အသုံးမဝင်သည့်အတွက်ကြောင့် အာနိသင့်မလွင့်ပျံသွားအောင် သေတ္တာလေးဖြင့် ချိပ်ပိတ် သိမ်းထားခဲ့သည်။
သို့သော် အခုတော့ ဒီအရာက လုံထန်၏ လက်အတွင်းသို့ ကျဆင်းလာခဲ့သည်။
မိုးကြိုးဝိညာဉ်သစ်သီးက လျှပ်စီးဒြပ်စင်စွမ်းအားရှိသူများအတွက် များစွာအကျိုးသက်ရောက်မှုရှိသော ရတနာတစ်ပါးဖြစ်၏ ။
ဒီလို့ရှားပါးရတနာများကိုယ် ရွှေရောင်နဂါးမျိုးနွယ်စု ထံမှာတွေရမည်ဟု မထင်ထားချေ။
မိုးကြိုးစွမ်းအားကိုယ် အသုံးပြုသည့် မိုးပြာနဂါးမျိုးနွယ်စုတွင် ရှိမည်ဟု သူအာမမခံရဲချေ။