အခန်း (၁၀၁)
Vol. 8 Ch. 101
--------
လုံထန်တစ်ယောက် ရွှေရောင်နန်းတော်၏ ရွှေပိုးသား ကျောက်စိမ်းပုလ္လင်၏ အထက်၌ အေးစက်သောမျက်နှာဖြစ် ထိုင်နေခဲ့သည်။ သူ၏ အတွေး၌လည်း မိဖုရားကျီရှားက ယခုလောက်ထိ လျှင်မြန်စွာဖြင့် ရဲ့တင်းသောအပြူမှုကို လုပ်မည်ဟုမထင်ချေ။ လုံထန်တစ်ယောက် အတွေးများနေစဉ် ၌ ရွှေရောင် နန်းတော်၏ အတွင်းသို့ နတ်ဘုရားဗိုလ်ချုပ်များနှင့် အကြီးကဲများရောက်ရှ်ိလာခဲ့ကြသည်။
နဂါးဧကရာဇ် ဗိုလ်ချုပ်ငါးယောက်နှင့် အကြီးကဲများက ရောက်ရောက်ချင်းပင် သူတို့က လုံထန်ကို အရိုသေပေးကာနှတ်ဆက်လိုက်ကြသည်။
သူတို့အားလုံးက ယခင်ကအေးအေးဆေးစွာဖြင့်နေသော လုံထန်တစ်ယောက် ယခုလုံးများ အေးစက်စော အငွေ့သက်များထုတ်လွတ်နေသိအထိ ဖြစ်အောင်ဘာဖြစ်သွားမှန်း ဘယ်သူမှသိချေ။ သူတို့အားလုံးက လုံထန်ပြောလာမည့်စကားများကို စောင့်မျော်နေခဲ့သည်။
အရင်ဆုံးဗိုလ်ချုပ်တွေ စစ်ပွဲအတွက် ပြင်ဆင်ထားပါ ။ ပြီးတော့ ငရဲမီးဗိုလ်ချုပ် ၊ ဝိညာဉ်ရေဗိုလ်ချုပ် ၊ အသင့်တို့ သွေးနဂါးနယ်မြေသို့ သွားပြီးတော့ အခြေနေကို စောင့်ကြည့်ရင်း သူကိုရှာဖွေ့ပါ ။ လုံထန်က ပြောလိုက်ရင်းဖြင့် သူ၏ စွမ်းအင်များဖြင့် အဘိုးကြီးဖေး၏ ရုပ်ပုံကိုဖန်တီး၍ ပြလိုက်သည်။
အသင့်တို့သွားချိန်မှာ အသင့်တို့စစ်တပ်များကို တစ်ပါထဲ ခေါ်ဆောင်သွားပါ ။ လုံထန်က အေးစက်စွာဖြင့်အမိန့်ပေးလိုက်သည်။
နားလည်ပါပြီ ..... နဂါးဧကရာဇ် ငရဲမီးဗိုလ်ချုပ်နှင့် ဝိညာဉ်ရေဗိုလ်ချုပ်က အရိုသေပေးကာ ထွက်ခွာသွားတော့သည်။
ပြီးတော့ .... အကြီးကဲတွေက မိုးပြာနဂါးအင်ပါယာရဲ့ လက်တလောလှုပ်ရှားမှုတွေကို စောင့်ကြည့်ထားပါ ။ သူတို့လူပ်ရှားမှု မှန်မျှ ကျုပ်ကိုတင်ပြပေးပါ ။ လုံထန်က အကြီးငါးယောက်ကို ကြည့်ရင်းဖြင့် ထပ်မံပြောလိုက်သည်။
နားလည်ပါပြီ .... နဂါးဧကရာဇ် ။
ရပြီ ..... အားလုံးသွားကြတော့။
အားလုံးထွက်ခွာသွားချိန်၌ အောင်းယွီရန်က လုံထန်ကိုကြည့်၍ မေးလိုက်သည်။ အစကနဲ့မတူညီပဲ လုံထန်၏ မျက်နှာပျက်ယွင်းနေခြင်းက တစ်ခုခုမှားနေမှန်းသိသည်။ သူတို့နှစ်ဦးက ထာဝရနှလုံးသားကျင့်စဉ်နှင့် ချည်နှောင်နေသော အောင်းယွီရန်က လုံထန်၌ ဖြစ်ပျက်သမျှအရာရာတိုင်းကို မသိနိုင်ခဲ့ချေ။
အဆင်ပြေလား ....... အောင်းယွီရန်က စိုးရိမ်စွာဖြင့်မေးလိုက်သည်။
အင်း ' ပြေပါတယ် ။ ပြသာနာနည်းနည်းတက်သွားရုံပါ လုံထန်ခေါင်းရမ်း၍ ပြောလိုက်သည်။ ။
မိုးပြာနဂါးနယ်မြေကို တိုက်တော့မလို့လား ။ အောင်းယွီရန်က ဆက်မေးလိုက်သည်။
အင်း ' လုံထန်က ခေါင်းညိတ်ပြလိုက်သည်။ ယခင်က သူဟာသူသာ လက်စားချေချင်သောလည်း ယခုမှု အခြေနေကမတူတော့ချေ။ သူ၏ လက်အောက်၌ စွမ်းအားကြီးသူများလည်း ရှိသည်။ ထိုအပြင် "စနစ်" ၏မစ်ရှင်ကြောင့် အချိန်မဆွဲချင်တော့ချေ။
မိုးပြာနဂါးနယ်မြေကို တိုက်ဖို့အတွက်ဆိုရင်တော့ အရမ်းကြီး စိတ်မပူပါနဲ့ ။ ရွှေနဂါးမျိုးနွယ်က ဆုံးရူံးမှုအများကြီး ကြီးမားခဲ့တယ်ဆိုပေမဲ့ ၊ ကျန်ရစ်နေတဲ့သူတွေကလည်း ခွန့်အားအရမ်းကြီးမနည်းပါဘူး ။ နတ်ဘုရားဗိုလ်ချုပ်တွေရဲ့ အောက်မှာ ရှိတဲ့ စစ်သည်တွေကအားနည်းဘူး ။ စိတ်အေးအေးသာ ထားပါ ။ အောင်းယွီရန်က ပြုံး၍ ပြောလိုက်သည်။
အင်း ' သူစိတ်ပူနေသည့်ကထိုအရာမဟုတ်ချေ။ သူစိတ်ပူနေသည့်က အဘိုးကြီးဖေး တစ်ခုခုဖြစ်သွားမည်ကိုပင် ၊ မိုးပြာနဂါးအင်ပါယာကို သူစိတ်မပူချေ။ ရွှေနဂါးမျိုးနွယ်စု၏ စစ်သည်တွေနှင့် အလွယ်တစ်ကူနင်းချေနိုင်သည်။
သွားကြစို့ ..... အခုတော့ဘာမှ လုပ်မရသေးဘူးဆိုတော့ လေ့ကျင့်ကြတာပေါ့ ။ လုံထန်က ပြုံး၍ ပြောသေးသည်။ သူက ကောင်းကင်သားရဲ အဆင့်က်ိုရောက်သောလည်း သူ၏ ကိုယ်ပိုင်ခွန့်အားမှာနည်းနေသေးသည်။ အကြိမ်တိုင်းသူများကိုပင် အားမကိုးချင်ချေ။
လုံထန်နှင့် အောင်းယွီရန်က သူတို့၏ နန်းဆောင်ရှ်ိရာ နဂါးဧကရာဇ် တောင်ထိပ်သို့ပျံသန်းသွားကြသည်။( ယခင်က အိပ်ဆောင်လို့ရေးခဲ့ပေမဲ့ ၊ ယခု နဂါးဧရာဇ်တောင်လို့ပြောင်းရေးပါမယ် ။ )
နဂါးဧကရာဇ်တောင်သို့ထိပ်ရှိ နန်းဆောင်သို့ရောက်သည့်နှင့် သူတို့နှစ်ဦးသားက စကားအနည်းငယ်ခန့်ပြောပြီးနောက် လုံထန်က လေ့ကျင့်ဖို့ပြင်လိုက်တော့သည်။
နဂါးဧကရာဇ်တောင်၏ ထိပ်၌ သန့်စင်များပြားလွန်းလှသော ဝိညာဉ်ချီစွမ်းအင်များက ရစ်သိုင်းနေခဲ့သည်။ ၎င်းက တားမြစ်နယ်မြေလောက်တော့ မပေါများသော်လည်းပဲ ၊ အပြင်နယ်မြေများထက်တော့များပြားနေစဲပင်ဖြစ်သည်။
လုံထန် တောင်ထိပ်၌ တင်ပျဉ်ခွေထိုင်ချလိုက်ပြီးနောက် သူတွေးနေလိုက်သည်။ သူမီးစွမ်းကိုလည်း လေ့ကျင့်ပြီးခဲ့သည်။ ထိုအပြင်ရေစွမ်းအား ၊ မြေစွမ်းအားလည်း လေ့ကျင့်ပြီးသွားခဲ့သည်။ ဒြပ်စင်ငါးမျိုးကိုကျော်လွန်ပြီးနောက် မိုးကြိုးဒြပ်စင် စွမ်းအားကို လေ့ကျင့်ပြီးခဲ့သည်။ ၎င်းကိုလေ့ကျင့်ပြီးချိန်၌ သူ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားမျှချေကို ပျက်စီးနေသကဲ့သို့ခံစားရစေသည်။ သူ၏ သန်မာသော သွေးသားခန္ဓာကိုယ်ကြောင့်၎င်းက သိပ်မသိသော်လည်း ၎င်းကိုတော့ခံစားမိနေသည့်။
အချိန်အတော်ကြာ စဉ်းကြည့်ပြီးနောက် လုံထန်က ပထမဆုံး ဒြပ်စင်ငါးမျိုကို ပြီးမြှောက်အောင်ကျင့်ရန်ပြင်ဆင်လိုက်တော့သည်။ အခုငါ သစ်သားစွမ်းအားနဲ့ ရွှေစွမ်းအားကို လေ့ကျင့်ရမယ် ။
အရင်ဆုံးသစ်သားစွမ်းကို့လေ့ကျင့်သင့်တယ် ။ လုံထန်က တွေးပြီးသည့်နှင့် သစ်တောများရှိရာနေရာသို့ပျံသန်းသွားတော့သည်။ အောင်းယွီရန်က လေ့ကျင့်နေရင်းဖြင့် လုံထန် ထွက်သွားသည့်ကိုတွေလိုက်ရသော်လည်း သူ၏ မျက်လုံးမှိတ်၍သာပြန်၍ ကြံကျင့်နေခဲ့သည်။ သူမက နတ်ဘုရား သားရဲဘုံသို့ ရောက်နေသောလည်း အတိတ်မှ မဖြစ်ပျက်များကြောင့် သူမအားနည်းနေသည့်ကိုသတိထား၍ လေ့ကျင့်နေမှုကို မပျက်ကွက်ခဲ့ချေ။