← Chapters

သစ်သားဒြပ်စင်စွမ်းအား

Vol. 8 Ch. 102

သစ်သားဒြပ်စင်စွမ်းအား

Vol. 8 Ch. 102

-----------

လုံထန်က ဧကရာဇ်တောင်ထွဍ်မှထွက်ခွာလာခဲ့သည်။ သူ၏ လေ့ကျင့်ရန်အတွက် အဆင်ပြေမည့်နေရာကို လိုက်ကြည့်နေခဲ့သည်။ ဤကမ္ဘာငယ်လေးက အရမ်းကြီးမကျယ်ပြန်သောလည်း လှပသော မြစ်ချောင်းအင်း၊အိုင်များလည်းရှိ၍ တစ်ယံတစ်ခါ ပျံသန်းနေသော ရွှေရောင်နဂါးများကြောင့် မသေမျိုးကမ္ဘာနှင့် တူညီလှသည်။

လုံထန်က ၎င်းတို့ကိုကြည့်ရင်းဖြင့် ပျံသန်းသွားနေခဲ့သည်။ သူကတိတ်ဆိတ်အေးချမ်း၍ သစ်တောကြီးများထူထပ်သော နေရာသို့ ရှာနေခဲ့သည်။

အချိန်နာရီဝတ်ခန့်ပျံသန်းပြီးချိန်၌ နဂါးဧကရာဇ် တောင်ထွဍ်နှင့် ဆယ်မိုင်ခန့်အကွာဝေးသို့ရောက်လာခဲ့သည်။ ၎င်း၏ အရှေ့၌ စိမ်းစိုနေသော သစ်တောကြီးများကိုတွေလိုက်ရ၍ လုံထန်တစ်ယောက် ၎င်းနေရာသို့ပျံသန်းသွားတော့သည်။

သူကကောင်းကင်ယံ၌ ရပ်တန့်လိုက်၍ သစ်တော၏ အခြေနေကို လေ့လာကြည့်ပြီးနောက်တွင် သေးငယ်သော သားရဲငယ်လေးများသာ ရှိပြီးတော့ တိတ်ဆိတ်ကာ အေးချမ်းသည့်အသွင်ပြင်ရှိသည့်အတွက် ဤနေရာ၌ သာ သူလေ့ကျင့်ရန် စိတ်ကူးလိုက်တော့သည်။

ကောင်းကင်ယံ၌ ပျံသန်းနေရင်းဖြင့် သစ်တော၏ အလယ်ရှိ မီတာတစ်ရာနည်းပါးမြင့်မားသော သစ်ပင်ကြီး ရှိသည့်နေရာသို့ လုံထန်ရွှေးချယ်လိုက်သည်။

၎င်းနေရာ၌ သူ၏ သစ်သားဒြပ်စင်စွမ်းအားကိုကြံကျင့်ခဲ့ပါက ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိမှုဖြစ်သည်။ လုံထန် သူရွှေးထားသည့်နေရာ၌ ထိုင်ရန်အတွက် အဆင်ပြေအောင်ပြုလုပ်လိုက်ပြီးသည့်နောက် သူက ထိုနေရာ၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ စိတ်ကို တည်ငြိမ်သွားစေရန် ပြုလုပ်လိုက်တော့သည်။

သူ၏ စိတ်က တည်ငြိမ့်သွားချိန်၌ ကိုးရောင်ခြယ်ခြပ်စင်နဂါးကျင့်စဉ်၏ အညွှန်းအတိုင်း သစ်သားဒြပ်စင်စွမ်းအင်ကို စတင်၍ ကျင့်ကြံလိုက်တော့သည်။

သူကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏အညွှန်းအတိုင်း သစ်သားဒြပ်စင်ကိုလေ့ကျင့်ရန် စွမ်းအင်များကို လည့်ပတ်လိုက်ချိန်၌ သူ၏ ခန္ဓာကိုယ်တလျှောက် သေးငယ်သော နွေးထွေးသည် စီးကြောင်းတစ်ခု စီးဆင်းသွားခဲ့တာကိုခံစားလိုက်မိသည်။ ဤအရာအပြင် ပြင်ပမှ သစ်ပင်များ၏ ထံမှ သစ်သားဒြပ်စင်စွမ်းအင်များကိုလည်းပို၍ အာရုံခံမိလာခဲ့သည်။ ထိုအရာက အနည်းငယ်လေးသာဖြစ်သော်လည်း သူအတွက် တော့အစကောင်းသည့် အစပျိုးခြင်းတစ်ခုပင်ဖြစ်နေခဲ့သည်။

လုံထန်က ဒီပုံစံအတိုင်းသာ ဆက်လက်ထိန်းထား၍ လေ့ကျင့်နေခဲ့သည်။ ပတ်ဝန်းကျင့်မှာ သစ်တော၏ စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးကလည်း အနွေးစီးကြောင်းများကြောင့် သက်သောင့်သက်သာရှိသလို့ခံစားနေရသည်။

အချိန်များမည့်မျှကုန်ဆုံးသွားသည့်ကိုပင် သတိမထားမိပဲ လုံထန်တစ်ယောက် သစ်တော၏ အလည့်၌ တစ်ယောက်ထဲ လေ့ကျင့်နေခဲ့သည်။ ကောင်းကင်ယံက လနေရာ၌လည်း နေက အစားထိုး၍ ဝင်ရောက်လာခဲ့တော့သည်။

လုံထန်လေ့ကျင့်နေစဉ်၌ သူ၏ ဆက်သွယ်ရေးသတ္တုပြားက တုန်ခါသွားသည့်ကိုသတိထားမိလိုက်၍ သူ၏ လေ့ကျင့်နေမှုကို ရပ်တန့်လိုက်ကာ ဆက်သွယ်ရေးသတ္တုပြားကို ကြည့်လိုက်၏ ။

ဟမ့် ..... ငါလေ့ကျင့်နေတာ တစ်ညတောင်ကုန်သွားတာပဲ ၊ လုံထန်တစ်ယောက် ဆက်သွယ်ရေးသတ္တုပြား၌ ပြောထားအကြောင်းရာကို ကြည့်လိုက်ရင်းဖြင့် တီးတိုးရေရွတ်လိုက်သည်။ သက်သင့်သက်သာရှိမှုကြောင့် အချိန်ကုန်ဆုံးသွားသည့်ကိုပင် သတိမထားမိခဲ့ပဲ တစ်ညကုန်ဆုံးသွားခဲ့သည်။

သူကိုဆက်သွယ်ထားခဲ့သည်က အောင်းယွီရန်ဖြစ်ကာ ၊ အကြီးကဲများအပြင်လောကအကြောင်းကို စုံစမ်း၍ ရပြီဖြစ်ကြောင်း သတင်းပို့ထားခြင်းဖြစ်သည်။

လုံထန်လည်း နန်းတော်သို့ပြန်ရန်အတွက် ထိုင်နေရာမှ ထရပ်လိုက်ရင်းဖြင့်သူ၏ ခန္ဓာကိုယ်ဆန့်ထုတ်လိုက်ချိန် ၊ ခန္ဓာကိုယ်အတွင်းမှ ပဲစီလှော်သံများအလား ၊ ဖောက်၊ဖောက် အသံများ စုံလင်စွာထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲ စွမ်းအင်အသစ်တစ်မျိုးရှိနေတာကို သူခံစားမိသည်။ ၎င်းကအခြားသော စွမ်းအင်များနှင့်မတူညီကာ နူးညံသိမ့်မွေ့ကာ သူကိုသက်သောင့်သက်သာဖြစ်စေသည့် ခံစားချက်ကိုဖြစ်စေသည်။

သစ်သားဒြပ်စွမ်းအား တစ်ကယ်မှကိုယ်အံဩဖွယ်ရာပဲ လုံထန်က သူ၏ ခန္ဓာကိုယ်စစ်ဆေးကြည့်ပြီးနောက် အံအားသင့်ဟန်ဖြစ်ရေရွတ်လိုက်သည်။ သစ်သားစွမ်းအားမှ တိုက်ခိုက်ခြင်း၌ အထင်ကြီး အလောက်စရာကြီးမပြင်းထန်ဘူးဟု လူတွေထင်ကြပြီး ၊ ကုသခြင်း၌ အထူးစွမ်းအားဟု ယူဆကြသည်။ လက်တွေ့၌ လုံထန်တစ်ယောက် ၎င်း၏ သီအိုရီမှာ မမှန်ကန်ကြောင်းခံစားမိသည်။

သစ်သားဒြပ်စင်စွမ်းကို သူအနည်းငယ်သာ နည်းလည်သေးသော်လည်း ၎င်းက အလွန်စွမ်းထက်သည့်ကို သူခံစားရသည်။

ဟူး.' အဲတာက ဝေးနေပါသေးတယ် ။ လုံထန်က သူ၏ ခေါင်းကိုခါရမ်းလိုက်ရင်းဖြင့် နန်းတော်ရှိရာသို့ ပြန်သွားလိုက်တော့သည်။ ယလုအချိန်၌ အပြင်လောက၏ အခြေနေကို အရင်ဆုံး သိချင်နေသေးသည်ဖြစ်သည်။

အချိန်နာရီဝတ်ခန့်ပျံသန်းပြီးနောက် လုံထန်က နန်းတော်သို့ ပြန်ရောက်လာခဲ့ကာ ရွှေနဂါးနန်းတော်ခန်းမသို့ဦးတည့်ပြီးသွားလိုက်သည်။ သူရောက်သွားချိန်၌ အကြီးကဲငါးယောက်နှင့် အောင်းယွီရန်လည်း ရောက်ရှိနေကြောင်းတွေလိုက်ရသည်။

နဂါးဧကရာဇ်ကို နှတ်ဆက်ပါတယ် ။အကြီးကဲငါးယောက် လုံထန်ကိုမြင်သည့်နှင့် ချက်ချင်းနှတ်ဆက်လိုက်သည်။

လုံထန်က အောင်းယွီရန်ကို ပြုံးပြလိုက်ရင်းဖြင့် ရွှေပိုးသား ကျောက်စိမ်းပုလ္လင်၏ အထက်သို့ထိုင်ချလိုက်သည်။

ကောင်းပြီ ..... အကြီးကဲတို့ ဘာတွေသိခဲ့ရသလဲ ကျွန်ုပ်ကိုပြောပါအုန်း ။

အရှင်မင်းကြီး ..... အခုအပြင်လောကမှာ အခြေနေက အနည်းငယ်ပရမ်းပတာဖြစ်နေပါတယ် ။ မိုးပြာနဂါးဧကရာဇ်က ကျန်းမာရေးကြောင့်ဆိုပြီးတော့ မိဖုရားကျီရှားက နန်းတော်ရဲ့ အာဏကို ထိန်းချုပ်ထားပါတယ် ။ သူမက သူမရဲ့ လူတွေကိုလွတ်ပြီးတော့ သွေးနဂါးနယ်မြေကို သူမရဲ့ လက်ကိုပြန်ထိန်းချုပ်ဖို့စေခိုင်းတယ်လို့ကြားသိပါတယ် ။ အဲဒီမှာ လက်ခံတဲ့သူတွေနဲ့ မိဖုရားကျီရှားရဲ့ စစ်သည်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ် ။ ပြီးတော့ ရေခဲနဂါးနယ်မြေက လူတွေလည်း မိုးပြာနဂါးနယ်မြေကို အရင်ထက်ပိုပြီးတော့ လာတာ များလာပါတယ် ။ အောင်းကျန်းဟန် က ပြောလိုက်သည်။

လုံထန်က အောင်းကျန်းဟန်၏ စကားကြောင့် သူ၏ လက်ချောင်းများကို ပုလ္လင်၏ လက်တင်တန်းသို့ခေါက်နေရင်းဖြင့်စဉ်းစားခန်းဝင်သွားခဲ့သည်။ သူ၏ အသိများအရ ရေခဲနဂါးနယ်မြေက မိုးပြာနဂါး နယ်မြေလောက်တော့အားမကောင်းချေ။ ကြည့်ရတာ မိုးပြာနဂါးဧကရာဇ် ကျန်းမာရေးမကောင်းတာ သူတို့နဲ့ ပတ်သတ်နေရမယ် ။ လုံထန် ဆက်ဟက်၍ တွေးကြည့်ပြီးနောက် သိရှိသွားခဲ့သည်။

ရေခဲနဂါးနယ်မြေက မိုပြာနဂါးနယ်မြေလောက် အင်အားမကောင်းသိအပြင် နယ်မြေလည်းကျဉ်း၏ အဲဒီအတွက်ကြောင့် ရေခဲနဂါးဘုရင်၏ အချစ်ဆုံးသမီး မင်းသမီးကျီရှားကို မိုးကြိုးနဂါးနယ်မြေသို့ ပို့လွတ်ကာ မဟာမိတ်ဖွဲလက်ထပ်စေခဲ့သည်။ ယခု မိုးပြာနဂါးဘုရင့် ကျန်းမာရေးကြောင့် မိဖုရှားကျီရှားက အာဏကို ထိန်းချုပ်ထားရင် ရေခဲနေမြေက မိဖုရှားကျီရှားကြောင့် ပို၍ မိုးပြာနဂါးနယ်မြ၏ အရင်းမြစ်များစွာကြောင့် သူတို့ပိုပြီးသန်မာလာနိုင်ကာ သူတို့၏ ပိုင်နက်ကာလည်းကျယ်ပြန့်သွားသလို့ သူတို့၏ ခွန့်အားလည်းတိုးပွားသွားမည်ဖြစ်သည်။

ကောင်းပြီ ..... အကြီးကဲတို့ ရေခဲနဂါးနယ်မြေကိုလည်းဆက်ပြီးတော့ စောင့်ကြည့်ပေးထားပါအုန်း ။ လုံထန်က သူစဉ်းထားပြီးနောက်ပြောလိုက်သည်။

နားလည်ပါပြီ .... အရှင်မင်းကြီး ။

All Chapters