← Chapters

မြင့်မြတ်တောင်နှင့် ဧကရာဇ်ဉယျာဉ် (၁)

Vol. 8 Ch. 103

မြင့်မြတ်တောင်နှင့် ဧကရာဇ်ဉယျာဉ် (၁)

Vol. 8 Ch. 103

-------

အကြီးကဲများပြန်၍ ထွက်ခွာသွားချိန်၌ ခန်းမကြီးအတွင်း လုံထန်နှင့် အောင်းယီရန်တို့ နှစ်ဦးသာ ကျန်ရစ်နေခဲ့သည်။

ငရဲမီးဗိုလ်ချုပ်နဲ့ ဝိညာဉ်ရေဗိုလ်ချုပ်တို့ ဘာသတင်းပို့သေးလည်း လုံထန်က အောင်းယွီရန်ဘက်သို့လှည့်ကြည့်လိုက်ရင်းဖြင့်မေးလိုက်သည်။

ဟမ့်အင် ~ သူတို့ သွေးနဂါးနယ်မြေထိရောက်ဖို့ အချိန် ခုနှစ်ရက်လောက်တော့ ယူရလေ့မယ် ။ သူတို့ကကူးပြောင်းရေးနေရာက နေ တိုက်ရိုက်သွားတာမဟုတ်တော့ အချိန်အနည်းငယ်တော့ကြာလေ့မယ် ။ အရမ်းကြီး စိတ်မပူပါနဲ့ အောင်းယီရန်က ပြုံး၍ ပြောလိုက်သည်။ သူမ၏ အပြုံးက အေးမျှနေကာ လုံထန်တစ်ယောက် နှစ်မျောသွားခဲ့သည်။

လာပါ .... ရှင့်ကို တစ်နေကိုခေါ်သွားပေမယ် စိတ်ပြေလက်ပျောက်ပေါ့ ။ အောင်းယွီရန်က ဖုံးကွယ်ထားဟန်ဖြင့်ပြောလိုက်သည်။

အို့ ~ ဘယ်ကိုများလည်း လုံထန်က သိချင်သွားခဲ့သည်။

ဟိဟိ ~ ရောက်ရင်သိမှာပေါ့ အောင်းယွီရန်က ပေါ့ပါးစွာဖြင့် ရီမောလိုက်ရင်းဖြင့် လုံထန်၏ လက်ကိုဆွဲလာခဲ့သည်။

သူတို့နှစ်ယောက်က ရွှေနဂါးခန်းမထံမှ ထွက်ခွာ၍ သွားကြပြီး အောင်ယွီရန်၏ ခေါ်ဆောင်ရာသို့ပါသွားခဲ့သည်။ ရွှေနဂါးခန်းမနှင့် ကီလိုမီတာ တစ်ရာအကွာ၌ ရှိသော တစ်ကီလို့မီတာအမြင့်ရှိသော တောင်သို့ရောက်လာကြသည်။

တောင်တစ်ခုလုံးက မြူခိုးများရစ်သိုင်းနေခဲ့ကာ ကြည့်မိသူတိုင်းကို စိတ်ကိုအေးချမ်းစေကာ ရင်သပ်ရူမောဖွယ်ဖြစ်သွားစေသည်။ ထိုမြူများကို သေချာကြည့်မိရင် ၎င်းတို့က ဝိညာဉ်ချီများကြောင့် မြူများသဏ္ဍန်ဖြစ်တည်လာခြင်းဖြစ်သည့်ကိုမြင်နိုင်သည်။

ပေါများလိုက်တဲ့ ဝိညာဉ်ချီစွမ်းအင်တွေ လုံထန်တစ်ယောက် ကြည့်ပြီးနောက် မနေနိုင်ပဲ ရေရွတ်လိုက်မိသည်။ ယခင်က သူဒီနေရာကို မသိချေ။ ယခုလို့ ရွှေနဂါခန်းမနှင့်သိပ်မဝေးသော နေရာ၌ ယခုလိုနေရာရှိမည်မထင်ထားချေ။

သွားကြစို့ .... အောင်းယွီရန်က လုံထန်၏ လက်ကိုဆွဲပြီးနောက် တောင်ခြေသို့ရောက်လာခဲ့သည်။ တောင်ခြေမှ တောင်ထိပ်အထိ ကျောက်သားလမ်းတစ်ခုဖောက်လုပ်ထားသည်။

ဒီကနေ လှမ်းလျှောက်ပြီးတော့တက်ကြစို့ ။ အောင်းယွီရန်က ပြုံး၍ ပြောလိုက်သည်။

အင်း ..... သူတို့နှစ်ဦးသား စကားပြောရင်းဖြင့် တောင်ထိပ်စီသို့တက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်၌ ကြီးမားသော သစ်ပင်ကြီးများရှိနေခဲ့ကာ အံဩဖွယ်ရာ တစ်ခုကဲ့သို့ဖြစ်နေခဲ့သည်။

အရင်တုန်းက မင်းကိုယ်ကို ဒီတောင်ကိုမလာနဲ့ ပြောထားသေးတယ်မလား ။ လုံထန်တစ်ယောက် လှမ်းလျှောက်နေရင်းဖြင့် သတိရသွားဟန်ဖြင့် အောင်းယွီရန်ကိုကြည့်၍ မေးလိုက်သည်။ ထိုအချိန်က သူမ၏ အမှတ်ရစရာများကြောင့်ဟုထင်ခဲ့ကာ လုံထန်လည်း ခေါင်းညိတ်၍ ဆက်မမေးခဲ့ခြင်းဖြစ်သည်။

အပေါ်ရောက်ရင်သိမှာပေါ့ .... အောင်းယွီရန်က မဖြေပဲ ဆန်းကျယ်သောအပြုံးဖြင့် ပြောလိုက်သည်။ ယခုအချိန်၌ သူမက သွက်လက်ကာ သာမန်မိန်းခလေးတစ်ယောက်အတိုင်း ကဲ့သို့ဖြစ်နေခဲ့သည်။ လုံထန်လည်း သူ၏ ခေါင်းကိုသာ မတက်သာဟန်ဖြင့် ခါရမ်းလိုက်ရင်းဖြင့်တောင်ထိပ်သို့ ဆက်၍ တက်လာခဲ့သည်။

ဆယ်မိနှစ်ခန့်လောက်ကြာချိန်၌ သူတို့ တောင်ထိပ်သို့ ရောက်လာခဲ့ကြသည်။ ၎င်းတို့ကို စီး၍ ကြို့နေသော မြင်ကွင်းကြောင့် လုံထန်တစ်ယောက် အံဩကာ ပါးစပ်အဟောင်းသားဖြင့် ကျက်သေ သေသွားခဲ့သည်။

သူ၏ အမြင့်များကို စီးကြို့နေခဲ့သည့်က လှပသော ဉယျာဉ်ကြီးနှင့် ခမ်းနားသော နန်းဆောင်ကြီးဖြစ်သည်။ ထိုအပြင် ဖန်တီးထားသော မီတာတစ်ရာခန့်အကျယ်ရှိသော ရေကန်နှင့် ရေတံခွန်ငယ်လေးလည်းရှိသည်။ ရေကန်အတွင်း၌ ကြီးမားသော ကြာပွင့်ဖြူကြီးများရှိနေခဲ့ပြီး ရေကန်၏ အတွင်း၌ကြည့်လင်နေသော ရေထဲ၌ ငါးအမျိုးမျိုးက လှပစွာ ကူးခက်ကြသည်။

ရေကန်၏ အလယ်၌ အနားယူရန်အတွက် တည်ဆောက်ထားသာ နန်းဆောင်တစ်ခုရှိပြီး ၎င်း၏ အတွင်း၌ စားပွဲခုံများချထားကြသည်။

လေတစ်ချက်အဝှေ့တိုင်းကမွှေးပျံလှသော ကြာပန်းများ၏ ရနံက သူ၏ စိတ်ကိုအေးချမ်းစေသည်။

ဘယ်လိုလည်း ~ အဲဒီရေကန်ထဲက ကြာပန်းတွေကို သန့်စင်ကြာပန်းဖြူ လို့ခေါ်တယ်ပြီးတော့သူက ကြယ်ခြောက်ပွင့်ဆေးပင်ပဲ စိတ်ကိုအေးချမ်းစေတဲ့ အာနိသင့်ရှိတယ် သူရဲ့ မွှေးရနံကိုအမြဲတန်းရနံရရင် စိတ်စွမ်းအားကိုအများကြီးတိုးတက်စေတယ် ပြီးတော့ သူကိုအသုံးပြုရင် ဝိညာဉ်စွမ်းအားကိုလည်း ကြီးကြီးမားမားတိုးတက်လာစေတဲ့ အာနိသင့်ရှ်ိတယ် ။ အောင်းယွီရန်က ဂုဏ်ယူဟန်ဖြင့်ခြင်းပြနေခဲ့သည်။

၎င်းတို့ကိုကြည့်ခြင်းအားဖြင့် အတိတ်တစ်ချိန်က ရွှေနဂါးမျိုးနွယ်က မည်မျှချမ်းသာကြွယ်ဝခဲ့သည်ကိုသိနိုင်သည်။ လုံထန်တစ်ယောက် အံဩလွန်း၍ သက်ပြင်းသာ ချနိုင်သည်။

လာခဲ့ ..... ဒီနေရာမှာ စိုက်ထားတဲ့ ပန်းပင်အချို့က ကြယ်နှစ်ပွင့် နဲ့ ကြယ်တစ်ပွင့်ဆေးပင်တွေပဲ ၊ အောင်းယွီရန်က ခန်းနားသော နန်းတော်၏ အနားသို့ ဆွဲခေါ်သွားရင်းဖြင့်ပြောလိုက်သည်။ နန်းတော်၏ အရှေ့မျက်နှာစာ မီတာတစ်ရာဝန်းကျင့်လုံးလုံး ဆေးဖက်ဝင်ပန်းပင်များဖြင့် စိုက်ထားခဲ့သည်။ အခြားသူများအတွက် ၎င်းက တန်ဖိုးကြီးပစ္စည်းများဖြစ်သော်လည်း ဒီနေရာမှာက အလှဆင်စရာပစ္စည်းများဖြင့် အသုံးပြုထားသည်။ ၎င်းကိုကြည့်လေ လုံထန်တစ်ယောက် သူနှလုံးက အောင့်လာသလို့ခံစားရလေဖြစ်သည်။ သူနဂိုက ဘယ်လောက်တောင် ဆင်းရဲခဲ့သလဲ ၊ ယခုမှ သူထီဆုကြီးပေါက်သွားသကဲ့ ရုတ်တရက်ချမ်းသာသွားသလို့ခံစားရသည်။

ဒီနေရာက ရှင့်အတွက်ပဲ ၊ အရင်တုန်းက နန်းတော်ကိုမမှီပေမဲ့ တက်နိုင်သလောက်တော့ ပြင်ဆင်ထားခဲ့တယ် ။ နဂါးဧကရာဇ် သူရဲ့ကိုယ်ပိုင် နေရာတစ်ခုရှိသင့်တယ်လေ။ ဒီနေရာမှာ ရှင့်စာကြည့်ခန်းလည်းပါသလို့ နန်းတော်ရဲ့ နောက်ကျောမှာ လေ့ကျင့်ရန်အတွက် ပြုလုပ်ထားတဲ့နေရာတွေလည်းရှိတယ် ။ ဒီနေရာကို ဧကရာဇ် ဉယျာဉ်လို့ခေါ်ပြီးတော့ ဒီတောင်ကို မြင့်မြတ်တောင်လို့ ခေါ်အမည်ပေးထားတယ် ။ ဘယ်လို့လည်းသဘောကျတယ်မလား။ အောင်းယွီရန်က သိချင်စိတ်များတစ်ဖျက်ဖျက်လက်နေသော အကြည့်ဖြင့် လုံထန်ကိုကြည့်၍ မေးလိုက်သည်။

ဘာတဲ့ ~ အရင်နဂါးနန်းတော်ကိုတောင်မမှီသေးဘူး ။ လုံထန်တစ်ယောက်လိုက်မမှီတော့သလို့ ခံစားလိုက်ရသည်။သူ၏ အတင်းဖျစ်ညှစ်၍ ပြုံးကာ ခေါင်းညှိတ်လိုက်သည်။

ဒါဆို~ မင်းကိုယ်ကို ဒီကိုမလာခိုင်းတာဒါတွေပြင်ဆင်နေလို့ပေါ့ ၊ ဟုတ်လား ။ လုံထန်ကသိလိုစွာဖြင့် မေးလိုက်၏ .?

ဟုတ်တယ်လေ၊ အရင်က ကျွန်မ ဒဏ်ရာရနေတော့ အကြီးကဲတွေကအဲ မျိုးနွယ်စုကို စီမံခန့်ခွဲနေတော့ နန်းတော်ကိုပြန်ပြီးတော့ မတည်ဆောက်ဖြစ်ဖူးလေ။ အခုတော့ နဂါးဧကရာဇ်က ရှိလာပြီဆိုတော့ နန်းတော်ကိုပြန်ပြီးတော့ တည်ဆောက်လိုက်တာလေ ။ အောင်းယွီရန်က ပြုံး၍ ပြောလိုက်သည်။

ကျေးဇူးပါပဲ ~ လုံထန်က ပြောလိုက်ရင်းဖြင့်အောင်းယွီရန်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ အောင်းယွီရန်ကသူ၏ မျက်နှာလေးက နီရဲသွားသောလည်း လုံထန်၏ ရင်ခွင်ထဲ၌ ငြိမ်သက်စွာရှိနေခဲ့သည်။

လုံထန်ကတော့ သူ၏ အမေနှင့် အဘိုးကြီးဖေးပြီးပါက သူကိုယ်ဂရုစိုက်တဲ့သူက ကမ္ဘာပေါ်မှာ အောင်ယွီရန်သာရှိသည့်ဟုထင်မိသည်။ အဲဒီအတွက်သူစိတ်ထဲ၌လည်း သံဓိဠာန် ချလိုက်သည်။ သူမကို ဘယ်အလို့အခြေနေမျိုးမဆိုကာကွယ်ပေးလိုပြီးတော့ သူမကို နာကျင်စေခဲ့သော အနက်ရောင်နဂါးမျိုးနွယ်စု ခေါင်းဆောင်ကို လက်စားချေမည်ဟု ။

All Chapters