← Chapters

မြင့်မြတ်တောင်နှင့် ဧကရာဇ်ဉယျာဉ်(၂)

Vol. 8 Ch. 104

မြင့်မြတ်တောင်နှင့် ဧကရာဇ်ဉယျာဉ်(၂)

Vol. 8 Ch. 104

----------

လုံထန်နှင့် အောင်းယွီရန်တို့ ရေကန်၏ အလည့်၌ တည်ရှိနေသော နားနေရာ နန်းဆောင်၌ လက်ဖက်ရည်သောက်နေကြသည်။ ၎င်းတို့၏ သင်းပျံနေသော လက်ဖက်ရည်၏ ရနံက တောင်ထိပ်၌ သင်းပျံနေခဲ့သည်။

လှပသောရူခင်းများ၏ အောက်၌ ဆန်းကျယ်သော မြူများအချို့ကရစ်သိုင်းနေခဲ့ကာ ရွှေရောင်နဂါးကြီး၏ ရုပ်ပုံများပါသော ဧကရာဇ်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက် ၊ ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသော နတ်မိတမျှ လှပသော အမျိုးသမီးတစ်ယောက် အေးချမ်းစွာထိုင်၍ စကားပြောနေသည့်ဟန်က ကောင်းကင်အောက်က သဘာဝ ပန်းချီကားတစ်ခုအလား ခံစားရစေသည်။

ဘယ်လို့လည်း အခုတော့ စိတ်ဖိစီးမှုတွေရောနည်းသွားပြီမလား ။ အောင်းယွီရန်က သူမ၏ လက်ဖက်ရည်ခွက်ကို ညှင်သာစွာဖြင့် မှုတ်ကာသောက်လိုက်ရင်းဖြင့် မေးလိုက်သည်။

ဟုတ်တယ် ~ အခုမှပဲ နေရတာအဆင်ပြေသွားတော့တယ် ။ လုံထန်က ပြုံး၍ပြန်ပြောလိုက်သည်။

သူတို့နှစ်ဦးအချိန်အ တော်ကြာမြင့်သိအထိ ရောက်တာရာရာ စကားပြောနေရင်းဖြင့် ညချမ်းချိန်သို့ရောက်လာခဲ့သည်။ လှပသော လမင်းကြီးက ကောင်းကင်ယံ၌ ထွန်းလင်းနေခဲ့ လောကတခွင်အလှဆင်ထားခဲ့သည်။ သူတို့နှစ်ယောက်စလုံး စကားတစ်ခွန်းမှမပြောတော့ပဲ တိတ်ဆိတ်စွာဖြင့် ကောင်းကင်သို့ကြည့်နေခဲ့သည်။

ယွီရန်အခုချိန် ငါမိုးပြာနဂါးမျိုးနွယ်ကိုတိုက်ခိုက်မယ်ဆိုရင် မှန်တယ်လို့ထင်လား ။ လုံထန်က ကောင်းယံသို့ကြည့်နေရင်း တိတ်ဆိတ်နေသော လေထုကိုဖြို့ခွင်းလိုက်ရင်းဖြင့်မေးလိုက်သည်။ သူ၏ စိတ်ထဲ၌ သူတိုက်ခိုက်လိုက်ချိန်၌ ရွှေနဂါးမျိုးနွယ်ရှိနေကြောင်းပြန်ပေါ်ထွက်လာသည့်ကို အားလုံးသိသွားချိန်၌ ပြသာနာများဖြစ်လာနိုင်မှာမလိုလားချေ။ အခုချိန် ရွှေနဂါးမျိုးနွယ်စု၏ အရေတွက်ကအလွန်နည်းပါးနေ၏ ။

အရမ်းကြီးစိတ်မပူပါနဲ့ ..... တစ်နေနေ့မှာတော့ ရွှေနဂါးမျိုးနွယ်က ပြန်ပြီးတော့ ထွက်ပေါ်လာရမှာပဲလေ။ အခုလိုတစ်ချိန်လုံးနေလိုမှမရတာ ။ အခုချိန်ထိနေလာခဲ့တာ လုံလောက်ပါပြီ အောင်းယွီရန်က လုံထန်၏ အတွေးကိုတွေးမိသည့်အလား လုံထန်၏ လက်ကိုကိုင်၍ ပြုံးကာပြောလိုက်သည်။

သူမလည်း အရင်တုန်းကလုံထန်ခံစားခဲ့ရသည့်များကို ထာဝရနှောင်ကြိုးကျင့်စဉ်ကြောင့်သိခဲ့ရသည်။ ထိုကြောင့် လုံထန်ကို ထပ်ပြီးတော့ မခံစားနေချင်တော့ချေ။ ထိုအပြင် သူမကလည်း နတ်ဘုရားသားရဲ ဘုံအဆင့်သို့ရောက်နေပြီဖြစ်ကာ သူမကိုသူမ ယုံကြည်မှုရှိနေခဲ့ပြီဖြစ်သည်။

လုံထန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူက သူ၏ လက်စားခြေချင်စိတ်ကြောင့်နှင့် ရွှေနဂါးမျိုးနွယ်စုကို ဘေးဒုက္ခမရောက်စေချင်ချေ။ ရွှေနဂါးမျိုးနွယ်စု ထွက်လာချိန်၌ အနက်ရောင်နဂါးမျိုးနွယ်စုလည်း ပြန်ပြီးတော့ ထွက်ပေါ်လာမည်ဖြစ်သည်။

ကောင်းပြီ~ ငါလည်းပိုပြီးလေ့ကျင့်ရမယ် ။

ကျေးဇူးတင်ပါတယ် ~ ယွီရန် လုံထန် အောင်းယွီရန်ကို ဖတ်လိုက်ရင်းဖြင့်ပြောလိုက်သည်။ ကျယ်ပြန့်သော ရင်ခွင့်၏ အတွင်းမှ အောင်ယွီရန်က တိုးညှင်းသော အသံဖြင့်ပြောလိုက်သည်။

ကျွန်မတို့က အခု ~ လင်မယားတွေဖြစ်နေပြီလည်း အဲဒါတွေမလို့တော့ပါဘူး ။ ရှင့်နဲ့ပတ်သက်တာတွေမှန်သမျှကျွန်မနဲ့ သက်ဆိုင်ပါတယ် ။

လုံထန်လည်း အောင်းယွီရန်၏ စကားကြားပြီးနောက် သူ၏ ရင်ခွင်ထဲမှ အလှလေးကိုကြည့်၍ မထိန်းချုပ်နိုင်တော့ပဲ သူမ၏ နှတ်ခမ်းဖူးဖူးလေးကို အနမ်းချွေလိုက်မိတော့သည်။

သူတို့နှစ်ဦးသားကအနမ်းပေးနေရင်းဖြင့် နန်းတော်၏ ရှိရာသို့ပျံသန်းသွားခဲ့ကြကာ အတွင်းသို့ဝင်ရောက်တော့သည်။ အချိန်ခနကြာပြီးတော့ နန်းတော်၏ အတွင်း၌ သာယာပျော်မွေ့နေဟန်ရသော ငြီးသံများပျံလွင့်၍ လာတော့သည်။ ထိုအစဉ် ကောင်းကင်ယံ၏ လမင်းကြီးကလည်း ထိုစုံတွဲကို ကြည့်ရမည်ရှက်ရွံသည့်အလား တိမ်မဲများ ဖုံးကွယ်သွားတော့သည်။

ညအချိန်က လှပစွာကုန်ဆုံးသွားခဲ့ကာ လမင်း၏ နေရာ၌ နေရောင်ခြည်က အစားထိုးလာကြကာ ၊ ကျေးငှက်များ၏ ကျီကျီ ကျာကာ အော်မြည်သံများက ထွက်ပေါ်လာခဲ့ကြသည်။

ကြီးမားသော အိပ်ယာကြီး၏ အထက်၌ လုံထန်က သူ၏ ဘေး၌ အပြုံးမျက်နှာဖြင့် အိပ်ပျော်နေသော လှပသော မိန်းမလှလေးကိုကြည်၍ မနိုးပဲ အိပ်စက်စေ၍ သူ၏ ဝတ်စုံကိုဝတ်၍ အပြင်သို့ထွက်လာခဲ့တော့သည်။

ဒီနေရာ၌ ကြီးမားသောသစ်တောများရှိသည့်အတွက် သူလေ့ကျင့်ရန်လည်း အလွန်သင့်တော်လှသည်။ သစ်ပင်ကြီး ရှိရာနေရာသို့သွား၍ ထိုင်ရန်အတွက်အဆင်ပြေသည့်နေရာ၌ တင်ပျဉ်ခွေထိုင်လိုက်ကာ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏ သစ်သားဒြပ်စင်စွမ်းအားကျင့်စဉ်၏ အညွှန်းတိုင်း လှည်ပတ်လိုက်ရင်းဖြင့် ပတ်ဝန်းကျင့်မှာ သစ်ပင်များစီမှာ သစ်သားဒြပ်စင်စွမ်းအားများကို စုပ်နေခဲ့သည်။

၎င်းကပထမအကြိမ်ကျင့်ကြံသည့်ထက်ပို၍ အဆင်ပြေချောမွေ့ပြီးတော့ သစ်သားဒြပ်စင်စွမ်းများကိုပို၍ စုပ်ယူနိုင်သည့်စွမ်းအင်များမှာလည်း ပို၍လျှင်မြန်လာတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိူက်၌လည်း အစိမ်းရောင်အလင်းတန်းများဖြင့် ဖုံးလွမ်းလာခဲ့တော့သည်။

လုံထန်လေ့ကျင့်နေချိန်မှ အောင်းယွီရန်တစ်ယောက်နိုးထလာခဲ့သည်။ ညဘက်နှစ်ပါးသွားကထားသော်လည်း သူ၏ မျက်နှာက လန်းဆန်းတက်ကြွနေခဲ့သည်။ သူ၏ အဝတ်စားများကို ပြန်လှည်ဝတ်ဆင်လိုက်ပြီးနောက် အိပ်ခန်းစီမှာနန်းတော်၏ အရှေ့စီသို့ထွက်လာခဲ့သည်။ သူမက လုံထန်လေ့ကျင့်နေရာကို အာရုံခံမိသော်လည်း တစ်ချက်သာကြည့်လိုက်ပြီးနောက် ရေကန်၏ အလယ်နားနေ နန်းဆောင်သို့ သွားလိုက်ကာ သူမ၏ စွမ်းအင်ကိုသုံး၍ လက်ဖက်ရည်ကိုဖျော်လိုက်တော့သည်။

အချိန်များကလျှင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ အချိန်ပေါင်းသုံးနာရီကြာသော်လည်း လုံထန်တစ်ယောက် ကျင့်ကြံခြင်းနှစ်မြုပ်နေတုန်းဖြစ်သည်။ အောင်းယွီရန်က ၎င်းကိုကြည်လိုက်ရင်းဖြင့် သူ၏ ခေါင်းကိုရမ်းကာ သက်ပြင်းချလိုက်ပြီးနောက် သူမ၏ နန်းဆောင်သို့ပျံသန်းသွားတော့သည်။ သူမက လုံထန်၏ ကျင့်ကြံနေခြင်းကို မနောက်ယုက်လို့ချေ။

နောက်ထပ်အချိန်သုံးနာရီက ခနလေးကုန်ဆုံးသွားခဲ့ကာ နေလည်ခင်းအချိန်သို့ပင်ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှ လုံထန်တစ်ယောက်ကျင့်ကြံရာမှ နိုးထလာခဲ့သည်။ သူ၏ မျက်လုံးကိုဖွင့်လိုက်ချိန်၌ သူ၏ မျက်လုံးများအတွင်းမှ အစိမ်းရောက်အလင်းတန်းအချို့ပြေးထွက်ခဲ့သည်။

ဟူး~~~ နေလည်ခင်းတောင်ရောက်သွားတာပဲ ၊ လုံထန်တစ်ယောက်ကောင်းကင်သို့မော့ကြည့်လိုက်ရင်းတီးတိုးရေ၇ွတ်လိုက်သည်။

အချိန်အတော်ကြာမြင့်ခဲ့သော်လည်း သူ၏သစ်သားဒြပ်စင်စွမ်း တိုးတက်လာမှုက အံမခန်းပင်ဖြစ်သည်။သူ၏ လက်ဝါးကို ဖြန့်လိုက်ချိန်၌ တောက်ပသောအစိမ်းရောင်အလင်းတန်းက လက်ဝါးတစ်ခုလုံးကို ရစ်သိုင်းနေခဲ့ကာ အသက်စွမ်းအားဖြင့် ပြည်နက်နေခဲ့သည်။

စမ်းကြည့်တာပေါ့ ~~ လုံထန်က သူ၏ လက်ကို ဒဏ်ရာတစ်ခုဖြစ်လာစေလိုက်သည်။ ဒဏ်ရာထံမှာ သွေးက ချက်ချင်းထွက်လာခဲ့၏ ။ ထိုအချိန်သူ၏ သစ်သားစွမ်းအင်ကိုသုံးလိုက်ချိန်၌ စက္ကန်ပိုင်းအတွင်း ဒဏ်ရာပါမကျန့် ပြန်ကောင်းမွန်သွားသည့်ကို တွေ့လိုက်ရသည်။

အံဩစရာပဲ~ လုံထန်က သူ၏ လက်ကိုကြည်ြလိုက်ရင်းဖြင့် ရေရွတ်လိုက်သည်။ ထိုကဲ့သို့ ကုသနိုင်စွမ်းနှင့်အတူတူ သူ၏တိုက်ပွဲအတွင်းတိုက်ပွဲဝင်စွမ်းအားက ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ရောက်သွားမည်ဖြစ်သည်။

All Chapters