ရွှေဒြပ်စင်စွမ်းအားတောင်
Vol. 8 Ch. 105
------------
လုံထန်က သူ၏ တိုးလာသော စွမ်းအင်များကြောင့်ပျော်နေမိသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်း စွမ်းအင်များအညီညွတ်မှုကြောင့် သူကိုယ်အပျော်ဝမပျော်နိုင်ချေ။
ဟူး ~ နောက်ဆုံးတော့ ငါနောက်ထက် ရွှေဒြပ်စင်စွမ်းအင်ကို လေ့ကျင့်ရန်အချိန်ကြပြီ ။ ငါမှာ ရွှေဒြပ်စင်ကျောက်ရှိပေမဲ့ လုံလောက်မနေဘူး ။
တော်ဝင်ဘဏ်ဏ္ဍာတိုက်ကိုပြန်သွားအုန်းမှ ၊ လုံထန်က တွေးပြီးသည့်နှင့် အရင်ဆုံး အောင်းယွီရန်ထံသို့သွားရန်ပြင်လိုက်သည်။ သူမထံ၌ ရွှေဒြပ်စင်၏ သဘာဝနှင့်အနီးကပ်ဆုံးနေရာရှိမရှိသိချင်မိသည်။ ၎င်းက ဒြပ်စင်ကျောက်၏ စွမ်းအားကို စုပ်ယူပြီးကျင့်ကြံသည့်ထက်ပို၍ အာနိသင့်ရှိသည်။
လုံထန်လည်း ဧကရာဇ်ဉယျာဉ်မှနေ၍ အောင်းယွီရန်၏ နန်းဆောင် ရှိရာ တောင်သို့ပျံသန်းသွားတော့သည်။ သူ၏ အမြန်နူန်းက လျှင်မြန်လှသဖြင့် မိနှစ်အနည်းငယ်သာ ကြာပြီးနောက် အောင်းယွီရန်ရှ်ိရာသို့ရောက်ရှိသွားခဲ့သည်။
သူရောက်ရှ်ိ၌ လေ့ကျင့်နေသော အောင်းယွီရန်က ကျင့်ကြံနေရာမှ မျက်လုံးဖွင့်လာခဲ့သည်။ လေ့ကျင့်လို့ပြီးသွားပြီလား ၊ အောင်းယွီရန်က ပြုံး၍ မေးလိုက်သည်။
အင်း ' အခုပဲပြီးသွားတယ် ။ မေးစရာရှိလို့ ယွီရန် ၊ ဒီနေရာမှ ရွှေဒြပ်စင်စွမ်းအားလေ့ကျင့်လိုသင့်တော်မည့်နေရာရှိလား ။ လုံထန်က မျော်လင့်နေသော မျက်လုံးများဖြင့်မေးလိုက်သည်။
ရွှေဒြပ်စင်စွမ်းအားလေ့ကျင့်မလို့လား ။ အောင်ယွီရန်က လုံထန်ကိုကြည့်၍ မေးလိုက်သည်။
ဟုတ်တယ် ! လေ့ကျင့်မလို့ ရှိလား ။
ရှ်ိတယ်လေ ၊ လိုက်ပို့ပေးမယ် အောင်းယွီရန်က ပြောလိုက်သည်။
လုံထန်တစ်ယောက် ပျော်ရွှင်သွားခဲ့သည်။ ရွှေနဂါးမျိုးနွယ်များက ဒြပ်စင်ငါးခုကိုအသုံးပြုနိုင်သော်လည်း ၎င်းတို့က သူတို့၏ မွေးရာပါ စွမ်းအားလို့ဖြစ်သည်။ သူနှင့်မတူချေ သူကတော့ တစ်ခုခြင်းစီကို လိုက်၍ လေ့ကျင့်၍မှ ရတာပဲဖြစ်သည်။
အောင်းယွီရန်၏ ဦးဆောင်မှုနှင့် အတူတူ သူတို့နှစ်ဦးက အိပ်ဆောင် နန်းတော်ရှိရာ မြောက်ဘက်အရပ်စူးစူးသို့ ပျံသန်းလာခဲ့ကြသည်။
အဲဒီနေရာက နည်းနည်းတော့ဝေးတယ် ။ အောင်းယွီရန်ကပြောလိုက်သည်။
သူတို့နှစ်ဦးသားစကားတစ်ပြောပြောဖြင့် နေရာစုံကိုဖြတ်ကျော်၍ ပျံသန်းလာရင်းဖြင့် ဆယ်ငါးမိုင်လောက်အထိပျံသန်းသွားခဲ့သည်။
သူတို့အရှေ့၌ ဧရာမ တောင်ကြီးငါးခုကိုတွေလိုက်ရသည်။တောင်တစ်လုံးကို မီတာငါးထောင်ခန့်ရှိသည်။ ဒီမှာက အကြီးကဲငါးယောက်နေတာလေ ၊ သူတို့က တစ်တောင်ကို တစ်ယောက်စီစောင့်ရှောက်ကြတယ် ။
တောင်တစ်ခုစီမှာ ဒြပ်စင်တစ်ခုကို ကိုယ်စားပြုတယ် ။ အဲတာက အရင်တုန်းက ဘိုးဘေးတွေပြုလုပ်ထားခဲ့တာတွေပါ။ ငါတို့ ပြောင်းရွှေ့လာတော့ တစ်ခါထဲယူလာခဲ့တာ ။ ငါတို့မျိုးနွယ်စုက မွေးရာပါ ဒြပ်စင်ငါးမျိုးကိုသုံးနိုင်ပေမဲ့ မလေ့ကျင့်လိုမှမရတာ အောင်းယွီရန်ပြောလိုက်သည်။
သိပ်မကြာခင် ရွှေဒြပ်စင်စွမ်းအားများကိုအဝေးမှပင် ခံစားရနိုင်သော ငါးခုမြှောက်တောင်သို့ရောက်လာခဲ့သည်။ အဝေးမှနေ၍ပင် ၊ ရွှေဒြပ်စင်စွမ်းအား၏ စူးရှ၊ ထက်မျှခြင်းကို ခံစားနိုင်သည်။ လုံထန်တစ်ယောက် စိတ်ထဲ၌ အံဩနေသလို့ ထိတ်လန့်မှုကိုလည်း ခံစားရသည်။ ယခင်က သူသစ်သား ဒြပ်စင်စွမ်းအင်ကိုလေ့ကျင့်ရန် သစ်တောတွေ လိုက်ရှာမိတာပင် သူကိုရီချင်မိသည်။ ဒီလောက်ကောင်းတဲ့ နေရာတွေကို သူဘာလို့များမသိမိရသနည်း ။
အောင်းယွီရန်က လုံထန်၏ အတွေးကိုအသိချေ ။ သူမက ဆက်၍ ရှင်းပြပေးနေခဲ့သည်။ ဒီတောင်ကို အကြီးကဲ အောင်းလန်က စောင့်ရှောက်တာ ။ သူတို့စကားပြောနေချိန်၌ သူတို့၏ အရှေ့၌ အောင်းလန်တစ်ယောက် ထွက်လာခဲ့သည်။
နဂါးဧကရာဇ် နဲ့ မင်းသမီးကို နှတ်ဆက်ပါတယ် ။ အောင်းလန်က ရိုသေစွာဖြင့်နှတ်ဆက်လိုက်သည်။
အင်း ! အကြီးကဲ သူက ရွှေဒြပ်စင်လေ့ကျင့်မလို့တဲ့ အဲဒါကြောင့်ဒီကို ခေါ်လာခဲ့တာ အောင်းယွီရန် လုံထန်ကိုကြည့်၍ ပြောလိုက်သည်။
နဂါးဧကရာဇ်က ရွှေစွမ်းအင်လေ့ကျင့်မလို့လား ။ အောင်းလန်က ချက်ချင်းပင် သူတို့နှစ်ဦးကို တောင်ထိပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့သုံးကဦးတောင်ထိပ်သို့ တိုက်ရိုက်ပျံသန်းသွားကြသည်။ တောင်ခြေ ၊ တောင်လယ်၌ လေ့ကျင့်နေသူများရှိနေကြသည်။ လုံထန်တစ်ယောက်ပျံသန်းရင်းဖြင့် အခြားသူများကို စစ်ဆေးကြည့်နေခဲ့သည်။ ရွှေဒြပ်စင်စွမ်းအင်များ၏ သိပ်သည်းမှုက တောင်၏ အမြင့်ပိုင်းသို့ရောက်လာလေပိုအစွမ်းထက်လေဖြစ်သည်။
တောင်၏ ထိပ်ဆုံး၌ မှုတော့ ဘယ်သူမှရှိတော့ချေ။
နဂါးဧကရာဇ် ဒီနေရာမှ စိတ်အေးလက်အေးကျင့်ကြံလို့ရပါတယ် ။ ဒီထိပ်မှာက ကျွန်တော်မျိုးတစ်ယောက်ပဲ နေတာပါ။ ကလေးတွေက တောင်လယ်မှာပဲ လေ့ကျင့်ကြတာပါ ၊ အဲဒီအတွက် ဒီနေရာမှာ အနှောက်ယုက်အမရှိလေ့ကျင့်လိုရပါတယ် ။ အောင်းလန် လုံထန်ကို ရိုသေစွာပြုံး၍ ပြောသည်။
ကျေးဇူးပါပဲ ~ အကြီးကဲ လုံထန် တစ်နေကာကို ကြည်၍ ခေါင်းညိတ်ကာပြောလိုက်သည်။ တောင်ထိပ်၌ နန်းဆောင်တစ်ခါသာ ရှိပြီးတော့ အစေခံအချို့သာရှိ၏ ။ ထိုအပြင် တိတ်ဆိတ်ငြိမ်သက်မှုလည်းရှိကြသည်။
ဒါဆို ကိုယ်ဒီမှာလေ့ကျင့်လိုက်အုန်းမယ် ။ လုံထန်က အောင်းယွီရန်ကို ပြုံး၍ ပြောလိုက်သည်။
အင်း ~ အေးအေး လေ့ကျင့်ပါ ။ အောင်းယွီရန်ကလည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။
လုံထန်လည်း တောင်ထိ၏ အစွမ်းပိုင်း၌ ရှိသော ဧရာမ ကျောက်ပြားကြီး အထက်၌ ထိုင်ချလိုက်သည်။ ဤကျောက်ပြားကြီး၏ အထက်၌ ထိုင်၍ ကြည့်ရူလိုက်ရင် နေလည်ခင်း အချိန်ဖြစ်နေသောကြောင့် ဆန်းကျယ်သော မြူအချို့ကို ကျဲနေခဲ့ရာ အောက်ခြေရှိ လှပေသော ရူခင်းများကို မြင်နိုင်သည်။
လုံထန်ကသူ၏ စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီးနောက် ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ထဲမှ ရွှေဒြပ်စင်စွမ်းအား၏ အညွှန်းအထဲမှ အတိုင်း စတင်၍ လည့်ပတ်လိုက်တော့သည်။
လုံထန် လေ့ကျင့်နေသည်ကို အောင်းလန်နှင့် အောင်းယွီရန်က ရပ်၍ ကြည့်နေခဲ့သည်။
နဂါးဧကရာဇ်၏ တိုးတက်နူန်းက အရမ်းမြန်တယ် ။ သူနဲ့သာဆိုရင် ကျုပ်တို့ရဲ့ မျိုးနွယ်က ထိပ်ဆုံးကိုပြန်ရောက်နိုင်ဖို့ဆိုတာ အချိန်တစ်ခုပဲ ၊ အောင်းလန်က အနာဂတ်သို့ကြို့တင်၍ မျော်လင့်နေဟန်ဖြင့် ပြောလိုက်သည်။
အောင်းယွီရန်လည်း ပြုံး၍ ခေါင်းညွှတ်လိုက်သည်။ လုံထန်၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်စွမ်းအားကို သူမလည်း သိသည်။ အချိန်တစ်ခုသာ ပေးလိုက်ရင် သူမ၏ ယောင်္ကျားက အားလုံးထိပ်ဆုံး၌ ရပ်တည်နေမည့်ဆိုတာ သူမလည်း သိသည်။
ကဲ့ပါ ~ သူလေ့ကျင့်နေပါစေ။ အပြင်လောကအကြောင်း စောင့်ကြည့်နေတာ ဘာထူးသေးလည်း အောင်းယွီရန်က ပြုံးနေရင်းဖြင့် သူမ၏ မျက်နှာထားက တည့်သွားခဲ့သည်။ အခြားလူများအတွက်ဆိုရင် သူမ၏ ချိုသာမှု ၊ညှင်သာမှုတွေမရှိနေချေ။
အခုတော့ဆက်ပြီးတော့စောင့်ကြည့်နေပါတယ် ။ ရေခဲနဂါးမျိုးနွယ်က ပေါ်တင်တော့မလှုပ်ရှားသေးပေမဲ့ တိတ်တစ်စိတ်ဖြင့် သူတို့ပတ်လည့်က မျိုးနွယ်စုတွေကို သူတို့လက်အောက်ကို သွပ်သွင်းနေတယ်လို့တော့ ကြားထားပါတယ် ။ အောင်းလန်ကလည်း ပြန်၍ ပြောလိုက်သည်။
ဆက်စောင့်ကြည့်ထားပါ ။ တစ်ခုခုထူးရင် ကျွန်မကို ပြောပါ ။ အောင်းယွီရန်က ပြောလိုက်သည်။
နားလည်ပါပြီ ~ မင်းသမီး ။