ဒြပ်စင်ငါးခုစွမ်းအား
Vol. 8 Ch. 106
----------
လုံထန်တစ်ယောက် ကျောက်ဖြာ၏ အထက်၌ ကျင့်ကြံနေရင်းဖြင့် သူ၏ စိတ်က နစ်မြုပ်နေခဲ့သည်။ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်၏ ရွှေရောင်ဒြပ်စင်စွမ်းအားကျင့်စဉ်၏ အညွှန်းအတိုင်း တစ်ကြိမ်သူ၏ ခန္ဓာကိုယ်၌ လှည့်ပတ်လိုက်တိုင်း၌ ပတ်ဝန်းကျင့်၏ ရွှေဒြပ်စင်စွမ်းအားတွေ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုအယက်ဝင်လာခဲ့သည်ကို ခံစားမိနေခဲ့သည်။
အဝေးမှ စောင့်ကြည့်နေသော အောင်းလန်ပင် လုံထန်၏ ရှ်ိရာသို့ သူကအံအားသင့်နေသော မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်။ ပတ်ဝန်းကျင့်၏ ရွှေစွမ်းအားများကလျှင်မြန်သော အရှိန်ဟုန်ဖြင့် ရွှေလျားနေသည်ကို သူအာရုံခံမိသည်။
နဂါးဧကရာဇ်က အံဩစရာပဲ ၊ သူရဲ့သွေးမျိုးဆက်စွမ်းအားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလည်း အောင်းလန်တစ်ယောက် ကြည့်နေရင်းဖြင့်ပင် မတွေးတက်ချေ။ သူဆက်ကြည်နေရင် ပိုပြီး ထပ်ပြီးအံဩရမှာဆိုး၍ မျက်စိမှိတ်ကာ သူလည်းကျင့်ကြံလိုက်တော့သည်။
အချိန်များ တရွှေ့ရွှေ့ဖြင့် ကုန်ဆုံးသွားခဲ့ကာ ညအချိန်သို့ရောက်လာခဲ့သည်။ သို့သော်လည်း လုံထန်တစ်ယောက် မလှုပ်မယက်ဖြင့် ထိုင်နေတုန်းဖြင့်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင် စွမ်းအင်များက ဖုံးလွမ်းနေခဲ့သည်။
ဘုန်း ~ ဘုန်း ~။
တိုးညှင်းသော ပေါက်ကွဲသံအချို့ကို လုံထန်သူ၏ ခန္ဓာကိုယ် အတွင်းမှ ကြားလိုက်ရသည်။ ထိုအသံများနှင့်အတူတူ သူ၏ ခန္ဓာကိုယ်က ပြောင်းလဲလာခဲ့သည်ကို ခံစားမိလိုက်သည်။
ဘုန်း ~ ။
ရွှေဒြပ်စင်စွမ်းအင်များက လျှင်မြန်သော အဟုန်ဖြင့် လုံထန်၏ ခေါင်းထက်၌ လေဝဲကြီးတစ်ခုကဲ့သို့ စုစည်း ဝင်နေ၍ အကြီးကဲ အောင်းလန်နှင့် တောင်ကြောတစ်လျှောက်လေ့ကျင့်နေသူများ ထိတ်လန့်သွားကြသည်။
ဘာဖြစ်တာလည်း ~ အောင်းလန်က ကျင့်ကြံနေရင့်ဖြင့် ရုတ်တရက်အပြောင်းလဲကြောင့် သူက ကျင့်ကြံနေရင်းဖြင့် လန့်သွားခဲ့ကာ ခုန်ထ၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူကြည့်၍ စစ်ဆေးနေစဉ် လုံထန်ကိုကြည့်မိချိန်၌ သူတစ်ဘဝလုံးစာ မမေ့နိုင်သော မြင်ကွင်းကို မြင်လိုက်ရတော့သည်။ လုံထန်၏ တစ်ကိုယ်လုံးက တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွမ်းနေခဲ့ကာ ဦးခေါင်းထက်၌ ရွှေဒြပ်စင်စွမ်းအင်များက ရေဝဲသဏ္ဍန်ဖြင့်တည်နေခဲ့ကာ ကြည့်မိသူတိုင်းကို မျက်စိများ ကျိမ်းစေမတက် စူးရှလှသည်။
ဘာဖြစ်တာလည်း ~ တောင်ကြောမှ လေကျင့်နေသူများက ထိတ်လန့်စွာဖြင့် တောင်ထိပ်၏ အဖြစ်ပျက်ကိုကြည့်ကြသည်။ သူတို့၏ မျက်လုံးများကြောင့်ကြည့်နေပြီး မျက်နှာများက ထိတ်လန့်မှုများအပြည့်ပင် ။
အခြားသော တောင်များမှ အကြီးကဲများလား လျှင်မြန်စွာဖြင့် တောင်ထိပ်သို့ရောက်လာခဲ့သည်။
ဘာတွေဖြစ်နေတာလည်း ~ အောင်းကျန်းဟန် က မျက်မှောင်ကြုပ်၍ မေးလိုက်သည်။ ရုတ်တရက် အပြောင်းလဲကြောင့် သူ၏ အရှေ့မှမြင်ကွင်းကိုကြည့်၍ မေးလိုက်သည်။
ထိုအစဉ် အောင်းယွီရန်လည်းလည်းရောက်လာခဲ့သည်။ သူမ အလောတကြီးဖြင့် ဟင်းလင်းပြင်ကို ထိုးခွဲ ထွက်လာခြင်းဖြစ်သည်။ နတ်ဘုရား အဆင့်ကို ရောက်ချိန် ဟင်းလင်းပြင်ကို ထိုးခွဲ၍ နေရာအချို့ထိ သွားနိုင်သည်။ အရမ်းကြီး ဝေးထိမသွားနိုင်သော်ငြား တစ်ခါသွားရင် မိုင်တစ်ရာ အကွာထိ လျှင်မြန်စွာ သွားနိုင်သည်။ ဤသည့်က နတ်ဘုရားဘုံ၏ အစွမ်းဖြစ်သည်။
ဘာဖြစ်နေတာလည်း ~ အောင်ယွီရန်ရောက်လာချိန်၌ အလောတကြီးဖြင့် မေးလိုက်သည်။
အကြီးကဲ အုပ်စုက ဘာမှ မပြောနိုင်ပဲ ~ လုံထန်၏ ထံသို့သာ လက်ညိုးထိုးပြနိုင်ကြသည်။
#
ထိုအချိန် လုံထန်တစ်ယောက်က သူစိတ်ဝိညာဉ်ပင်လယ်ဟု ဆိုနိုင်သော နေရာသို့ ရောက်ရှိနေခဲ့သည်။ ကျယ်ပြန့်ကာ အဆုံးမရှိသည့်ဟု ထင်ရကာ အာကာသ နှင့်ပင် တူညီနေသည်ဟု သူတွေးမိသည်။
သူ၏ စိတ်ဝိညာဉ်ပင်လယ်၏ အလယ်၌ ရောင်စုံအလင်းလုံး ခြောက်ခုရှိနေခဲ့သည်။ ၎င်းတို့က အမှောင်အာကသ အတွင်းမှ ကြယ်များနှင့်ပင် တူညီနေသည်။ အားလုံးက အချင်းချင်း သဟဇာတ ဖြစ်စွာဖြင့် ညိမ်ငြိမ်သက်နေခဲ့သည်။ သို့သော်လည်း သူတို့၏ အရွယ်စားက တစ်ခုနှင့် တစ်ခုမတူညီချေ။
အနီ၊ အပြာ ၊ အစိမ်း ၊ ရွှေ ၊ အညို ၊ ခရမ်း ရောင်တို့ဖြစ်သည်။ ရွှေရောင်အလင်းလုံးက သေးငယ်နေခဲ့ကာ ဘောလုံးတစ်လုံး၏ အရွယ်စားသာရှိသည်။ ကျန်အရွယ်စားများမှာ ဆယ်မီတာပတ်လည်ခန့် အရွယ်စားကြီးကာ တောက်ပနေခဲ့သည်။ ဒါတွေက ငါကျင့်ကြံထားခဲ့တဲ့ ဒြပ်စင်စွမ်းအားတွေလား ။
သူကြည့်နေသော အကြည့်များ၏ အောက်၌ အမှောင်အာကသ၏ အတွင်းသို့ ရွှေရောင်အလင်းများ ကျဆင်းလာခဲ့သည်ကို တွေ့လိုက်ရသည်။ ထိုရွှေရောင်အလင်းတန်းများက ရွှေရောင်အလင်းလုံး၏ ထံသို့ တိုးဝင်သွား၍ သူ၏ အရွယ်စားက သူ၏ အကြည့်အောက်၌ပင် မြင်နိုင်သော အချိန်ဟုန်ဖြင့် ကြီးထွားခဲ့သည်။
လျှင်မြန်သောအချိန်ဟုန်ဖြင့် ကြီးထွားလာနေသော ရွှေရောင် အလင်းလုံးက အခြားသော အလင်းလုံးများကို မှီလုသည့်အထိ ကြီးထွားလာခဲ့သည်။
အချိန်အနည်းငယ်ခန့်အကြာ၌ ရွှေရောင်လင်းတန်းက ကျဆုံးလာသည့်မှာ နှေးကွေးလာခဲ့သည်။ ရွှေရောင်အလင်းလုံးကလည်း အခြားသော အလင်းလုံးငါးခု၏ အရွယ်စားနှင့် နည်းတူညီမျှသွားခဲ့ပြီဖြစ်သည်။
ဘုန်း ~ တိုးညှင်းသော ပေါက်ကွဲသံကဲ့သို့ ခပ်အုပ်အုပ်အသံထွက်လာခဲ့ကာ သူ၏ အကြည့်အောက်၌ အလင်းလုံးတွေ တုန်ခါလာသည်ကို တွေလိုက်ရသည်။
ရောင်စုံကိုအလင်းလုံးများက ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ကာ စတင်၍ လှည့်ပတ်လာခဲ့တော့သည့် ရောင်စုံအလင်းလုံးတွေ လှည့်ပတ်ချိန်၌ ဆန်းကြယ်သော စွမ်းအားတစ်ခုကလည်း ၎င်းတို့ထံမှ ထွက်ပေါ်လာခဲ့သည်။ ထို မြင်ကွင်းက ထူးခြား၊ ဆန်းကျယ် လှသည် ။
အလင်းလုံးများ စတင်၍ လှည့်ပတ်လာချိန်၌ ပြင်ပရှိ လုံထန်၏ ခန္ဓာကိုယ်မှ ရှေးခောတ်ဟောင်းမှာ ဆန်းကြယ်သော အရှိန်ဝါ တစ်ခုထွက်ပေါ်လာခဲ့ကာ သူ၏ အရှိန်ဝါမှာလည်း မြင့်တက်လာခဲ့သည်။
ကောင်းကင်ဘုံသားရဲ ဒုတိယအဆင့်၏ အလယ်လတ်သို့ချက်ချင်းမြင့်တက်သွားခဲ့သည်။ ထိုမျှမက အဆင့်မြင့် ၊ အထွတ်ထိပ်သို့ ရောက်သွားခဲ့ကာ ၊ ကောင်းဘုံသားရဲ တတိယ အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
ဒါကြီးက ~ အောင်းယွီရန်နှင့် အကြီးကဲ အုပ်စုတို့ လုံထန်ကိုကြည်ပြီး ထိတ်လန့်အံဩသွားခဲ့ကာ မျက်လုံးများပြူးကျယ်၍ မေးရိုးများ ပြုတ်ကျမတက် ဖြစ်သွားခဲ့သည်။
သူတို့၏ အံဩနေသော အကြည့်များ၏ အောက်၌ လုံထန်၏ စွမ်းအင်များက မြင့်တက်နေစဲဖြစ်ကာ ၊ ကောင်းကင်ဘုံ စတုတ္ထ အဆင့်ကို ကျော်ဖြတ်သွားခဲ့ကာ ၊ အလယ်လတ် အဆင့်ရောက်မှသာ ရပ်တန့်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် အောင်းယွီရန်နှင့် အကြီးကဲများပင် စကားပင် မပြောနိုင်တော့ချေ။