← Chapters

ကိုးရောင်ခြယ်ဒြပ်စင်နဂါးနှလုံးသား

Vol. 8 Ch. 107

ကိုးရောင်ခြယ်ဒြပ်စင်နဂါးနှလုံးသား

Vol. 8 Ch. 107

----------

အပြင်ဘက်ရှိ အပြောင်းလဲများကို လုံထန်တစ်ယောက် သတိမထားမိချေ။ သူ၏ စိတ်ဝိညာဉ်ပင်လယ်၏ အထဲ၌ အပြောင်းလဲများကို စောင့်ကြည့်နေခဲ့သောကြောင့်ပင် ။

စိတ်ဝိညာဉ်ပင်လယ်၏ အထက်၌ ရှိနေသော ရောင်စုံအလင်းတန်းများက မြန်ဆန်သော အရှိန်ဟုန်ဖြင့် လှည့်ပတ်နေရင်းဖြင့် သူတို့၏ အရွယ်အစားကလည်း ကြီးထွားလာနေခဲ့သည်။

ဘုန်း ....။

အချင်းဆယ်ငါးမီတာသို့ ရောက်သွားချိန်၌ လှည်ပတ်နေသော ရောင်စုံအလင်းလုံးများထံမှ ရုတ်တရက်ဆိုသလို့ စွမ်းအင်များဖြာထွက်လာခဲ့သည်။ ၎င်းတို့က မီးစွမ်းအားကို ကိုယ်စားပြုသော အနီရောင် ၊ ရေစွမ်းအားကို ကိုယ်စားပြာသော အပြာရောင် ၊ ရွှေစွမ်းအားကို ကိုယ်စားပြုသော ၊ ရွှေရောင် ၊ သစ်သားစွမ်းအားကို ကိုယ်စားပြုသော အစိမ်းရောင် ၊ မြေစွမ်းအားကို ကိုယ်စားပြုသော ၊ အညိုရောင် ၊ မိုးကြိုးစွမ်းအားကို ကိုယ်စားပြုသော ခရမ်းရောင်တို့ဖြစ်သည်။

၎င်းတို့က ချိန်းကြိုးများကဲ့သို့ ဖြာထွက်လာခဲ့ကာ လုံထန် သူ၏ ခန္ဓာကိုယ်ထံမှ နွေးထွေးသော စီးကြောင်းကို ခံစားလိုက်ရသည်။ ထိုစွမ်းအင်စီးကြောင်းများက မြန်ဆန်သော အရှိန်ဟုန်ဖြင့် သူ၏ နှလုံးသားစီသို့ စုပြုံသွားနေခဲ့သည့်ကို သတိထားမိသည်။

သူစောင့်ကြည့်နေသော အောက်၌ပင် ဒြပ်စင်စွမ်းအားများက သူ၏ နှလုံးသားထံသို့ စုပြုံ၍ တိုးဝင်သွားခဲ့တော့သည်။ ရုတ်တရက်အရိုင်းဆန်စွာဖြင့် တိုးဝင်လာခဲ့သော ဒြပ်စင်စွမ်းအားများကြောင့် သူ၏ နှလုံးသားက ပေါက်ကွဲထွက်လုမတက် နာကျင်လာခဲ့သည်။

အား ~ အား ။

ပြင်ပရှိ သူ၏ ခန္ဓာကိုယ်၌လည်း ပါးစပ် ၊ နှာခေါင်းတို့ထံမှ သွေးများ ရိုစီးကျလာခဲ့သည်။

∆∆∆

ဘာဖြစ်တာလည်း ~ အောင်းယွီရန်တစ်ယောက်ထိတ်လန့်သွားခဲ့သည်။ အရင်ခနလေးကပင် အဆင်ပြေနေပြီးတော့ အဘယ်အတွက်ကြောင့် သွေးများ ထွက်လာရသနည်း .?

အကြီးကဲ အုပ်စုမှာလည်း ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း သူတို့အားလုံး ဘာလုပ်ပေးရမည်မှန်းမသိ ချေ။ အားလုံးက အခုချိန် လုံထန်ကို သွားနိုးထစေလိုက်ရင် ပိုပြီး ဆိုးဝါးသွားစေမည်မှန်းသိကြသည်။

ရှင့်တောင်ခံထားရမယ် ~ အောင်းယွီရန်က သူမ၏ လက်သီးကိုဆုပ်၍ တီးတိုးပြောလိုက်သည်။ သူမနှင့် လုံထန်က ဆက်နွယ်နေခဲ့သည်အတွက် လုံထန် နာကျင်စွာ ခံစားနေရသည့်ကို သူသတိထားမိသည်။

∆∆∆

စိတ်ဝိညာဉ်ပင်လယ်၏ အထဲ၌ လုံထန်တစ်ယောက်သူ၏ နှလုံးနေရာသို့ ဆုပ်ကိုင်၍ လှဲ့လျောင်းနေရင်းဖြင့် နာကျင်စွာ အော်ဟစ်နေခဲ့သည်။ ယခုနာကျင်မှုက ယခင် ကိုးရောင်ခြယ်ဒြပ်စင်နဂါး သွေးစက်ကို စုပ်ယူချိန်က အလားသဏ္ဍန် တူညီနေခဲ့သည်။

နာကျင်မှုကြောင့်အချိန်မည်မျှကြာသွားသည့်ကို မသိခဲ့ချေ။ လုံထန်တစ်ယောက် နာကျင်မှုက တစ်ဖြေးဖြေးဖြင့်သက်သာလာခဲ့သိကိုသာ သတိထားမိသည်။ ဤအတွက်ကြောင့်သူက သူ၏ နှလုံးသားနေရာစီသို့ စစ်ဆေးကြည့်လိုက်သည်။

သူ၏ အကြည့်အောက်၌ပင် သူ၏ နှလုံးသား ဒြပ်စင်စွမ်းအားများကို စုပ်ယူနေရင်းဖြင့် ပြောင်းလဲလာခဲ့သည်။ သူ၏ နှလုံးသားက ကြွေထည်တစ်ခုအလား အက်ကြောင်းများ ရှိနေခဲ့သော်လည်း ဒြပ်စင်စွမ်းအားများကို စုပ်ယူရင်းပြောင်းလဲ လာခဲ့သည်။ အက်ကြောင်းများကလည်း ပြန်၍ ပျောက်ကွယ်လာခဲ့ကာ အရောင်ခြောက်ရောင်ရှိကာ မှေးမှိန်စွာဖြင့် စတင်၍ ပုံပေါ်လာခဲ့သည်။

∆∆∆

ပြင်ပရှိလုံထန်၏ ခန္ဓာကိုယ်တွင်တော့ မွေးညှင်းပေါက်များစီမှပင် သွေးများစီးကျနေ၍ သူ၏ ရွှေရောင်ဧကရာဇ် ဝတ်ရုံတစ်ခုလုံး အနီရင့်ရောင်သွေးများဖြင့် စိုချွဲနေခဲ့သည်။

∆∆∆

စိတ်ဝိညာဉ်ပင်လယ်၏ အတွင်း၌ လုံထန်တစ်ယောက်သူ၏ နှလုံးသားကိုကြည့်နေရင်းဖြင့် တောက်ပလာသော အရောင်ခြောက်ခုကို တွေ့နေရသည်။

ဒါ ~ ဒါက ~ ကိုးရောင်ခြယ်ဒြပ်စင်နဂါး ကျင့်စဉ်ရဲ့ အညွှန်းတိုင်းဆိုရင် ဒီအခြေနေက ငါရဲ့ ကိုးရောင်ခြယ်ဒြပ်စင်နဂါး နှလုံးသားက ၅၀% ပြီးဆုံးသွားပြီးပေါ့ ။ လုံထန်က ပျော်ရွှင်နေဟန်ဖြင့်ရေရွတ်လိုက်သည်။

ဒြပ်စင်စွမ်းအားများကို လျှင်မြန်သော အလျှင်နူန်းဖြင့် စုပ်ယူနေသော နှလုံးသားရှိ ဒြပ်စင်ခြောက်မျိုး၏ အလင်းများဖြင့် တောက်ပလာခဲ့တော့သည်။ အချိန်အနည်းခန့်ကြာပြီးတော့ နှလုံးသားထံမှ စုပ်ယူနေမှုက ရပ်တန့်သွားခဲ့တော့သည်။ ရောင်စုံအလင်းခြောက်မျိုးဖြင့် နှလုံးသားက တောက်ပနေခဲ့ကာ ပြန်၍ တည့်ငြိမ်သွားတော့သည်။

ဤအချိန်၌ လုံထန် တစ်ယောက်သူ၏ စွမ်းအားများက အဖက်ဖက်မှ နေ၍ အများကြီးတိုးတက်လာခဲ့သည်ကို သတိထားမိသည့် ။ သူ၏ အရှေ့မှ ရှိနေသော ဒြပ်စင်အလင်းခြောက်လုံးကလည်း မလှည့်ပတ်နေပဲ ပြန်လည့်၍ တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ အတိုးတက်လာဆုံးမှာတော့ သူ၏ စိတ်စွမ်းအားဖြစ်သည်။ ၎င်းကအသိသာဆုံးပင် သားရဲဘုရင့်ဘုံအဆင့်သို့ ထိုးတက်သွားခဲ့သည်။စိတ်စွမ်းအားက ကျင့်ကြံအဆင့်နှင့် တူညီသော အဆင့်နှင့် ညီမျှကာ ကျင့်ကြံသူများအတွက် စိတ်စွမ်းအားက တိုးတက်ရန်ခက်ခဲ့လှသည်။

ထို အချိန်မှာ ပြင်ပရှိ လုံထန်၏ ခန္ဓာကိုယ်ကလည်း အနည်းငယ် လူပ်ရှားလာခဲ့ကာ သူ၏ မျက်လုံးများက ဖွင့်လာခဲ့သည်။ သူ၏ မျက်လုံးဖွင့်လိုက်ချိန်၌ တောက်ပသော ဒြပ်စင်ခြောက်ခုအလင်းတန်းက လေဟာနယ်ကို တိုးဖောက်သွားခဲ့သည်။

ဟူး ~ နောက်ဆုံးတော့ပြီးသွားပြီပဲ ၊ နာကျင်မှုကြောင့် ပင်ပန်းသည့်ဟု ထင်ရသော်လည်း သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ချိန် အဆင့်နှစ်ဆင့်ခုန်တက်လာခဲ့ကာ ယခင်ထက် အဆပေါင်းများစွာ သန်မာလာခဲ့သည်ကို တွေလိုက်ရ၍ ပျော်ရွှင်သွားခဲ့သည်။

" မထိုးဖောက်နိုင်သော အကာကွယ်ဝတ်ရုံ၏ " အကူညီမယူရင်တောင်မှ သူ၏ ကောင်းကင်သားရဲဘုံ စတုတ္ထအဆင့်ဖြင့် ကောင်းကင်သားရဲဘုံ သတ္တမ အဆင့်ကို သတ်နိုင်သည့်ဟု ခံစားမိသည်။ အဠမအဆင့်ဆိုရင် မသတ်နိုင်သော်လည်း တန်းတူတိုက်ခိုက်နိုင်တယ် ။ လုံထန်က သူအတွေး ဆုံးသည့်နှင့် သူ၏ အရှေ့လေဟာနယ်ထဲသို့ သူ၏ လက်ကို ဆန့်ထုတ်၍ ရိုက်ချလိုက်သည်။

ဘုန်း ~။

စွမ်းအင်များဖြင့်ဖွဲ့စည်းထားသော မီတာတစ်ရာအချင်းဝက်ခန့်ရှိသော ဧရာမလက်ဝါးကြီးက လေထုကို တုန်ခါစေတက် ဖြစ်တည်သွားခဲ့သည်။ ၎င်း၏ စွမ်းအားက မည့်သည် နည်းစနစ်မှ မပါပဲနှင့်တောင် ကောင်းကင်သားရဲဘုံပဉ္စမ အဆင့်ကို ဒဏ်ရာရနိုင်စေ၏ ။ လုံထန်က သူ၏ စွမ်းအားကို ခေါင်းညိတ်လိုက်သည်။ ဤအရာက သူတွေးထားသည့်အတိုင်းပင်ဖြစ်သည်။

ဒါက ~ အကြီးကဲများ ပင်ထိတ်လန့်သွားခဲ့သည်။ စွမ်းအားကြီးလွန်းတယ် သူတို့၏ စိတ်ထဲ၌ ထိုအတွေးသာရှိတော့သည်။

အဆင်ပြေရဲ့လား ~ အောင်းယွီရန်၏ စိုးရိမ်စိတ်ပူနေသော အသံက တုန်ယင်စွာဖြင့် လုံထန်ကို သူ၏ အတွေးများစီမှ အပြင်လောကထံသို့ ဆွဲထုတ်လိုက်သည်။

အဆင်ပြေပါတယ် ~ ခုနက လေ့ကျင့်နေရင်းအဆင့်တစ်ခု ကျော်ဖြတ်နေတာမှို့ပါ စိတ်မပူပါနဲ့ လုံထန်က ပြုံးရင်းဖြင့် နှစ်သိမ့်ပေးလိုက်သည်။

ထိုအချိန်မှ လုံထန်တစ်ယောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွမ်းနေခဲ့သည်ကိုသတိထားမိလိုက်သည်။ ခုနက ပျော်ရွှင်နေသောကြောင့် ၎င်းတို့ကိုသတိမထားမိချေ။ ဤသွေးတွေက သူ၏ နှလုံးသားက ကိုးရောင်ရောင်ဒြပ်စင်နဂါး နှလုံးသားအဖြစ်သို့ပြောင်းလဲချိန်၌ မသန့်စင်သော သွေးများပြန်ထွက်လာခဲ့သည့်ဟု တွေးမိလိုက်၏ ။

အခုသူ၏ နှလုံးသား ကိုးရောင်ခြယ်ဒြပ်စင်နဂါးနှလုံးသားဖြစ်သွားခဲ့ပြီဖြစ်သည်။ ၎င်းက အပြည်ဝမဟုတ်သေးသော်လည်း ၎င်း၏ သန်မာမှုက လျော့တွက်ရမည်အရာမဟုတ်ချေ။

အဆင့်ပြေပါတယ် ~ စိတ်မပူတော့နဲ့ လုံထန်က ထရပ်လိုက်ရင်းဖြင့် အောင်းယွီရန်၏ မျက်နှာလေးကို ပွတ်လိုက်သည်။ သူမ၏ မျက်လုံးများပင် နည်းငယ်နီရဲနေသည့်ကို သတိထားခဲ့သည်။

အဆင်ပြေတယ်ဆိုရင်လည်း ~ ရှင့်ခန္ဓာကိုယ်ကို သန့်စင်ဖို့သွားရအောင် ၊ အောင်းယွီရန်က လုံထန်၏ ခန္ဓာကိုယ်ကြည့်၍ ပြောလိုက်သည်။

" အင်း "

အောင်းယွီရန်က ဘာမှ ပြောမနေတော့ပဲ လုံထန်၏ လက်ကိုဆွဲ၍ ဟင်းလင်းပြင် ကို ထိုးခွဲ၍ ဝင်ရောက်ကာ ခေါ်ဆောင်သွားတော့သည်။

အကြီးကဲ ငါးယောက်အုပ်စုကတော့ အံအားသင့်နေသော မျက်နှာများဖြင့် စကားပင် မပြောနိုင်ပဲ ကျန်ရစ်နေခဲ့ကြသည်။ သူတို့အားလုံး အသိမဝင်သေးချေ။

ဘာတွေဖြစ်နေလည်း သူတို့၏ အတွေးလိုက်မမိခဲ့ချေ။ တစ်ခါထဲနှင့် အဆင့်နှစ်ဆင့်တက်တာကဘာလည်း ၊ သူတို့ဒီအသက်ရွယ်အထိ မကြုံဖူးချေ။ ဤအရာက သူတို့၏ အသိမြင်များထက်ကျော်လွန်ခဲ့တော့သည်။

ဟူး ~ မယုံနိုင်စရာပဲ ၊ အောင်းကျန်းဟန်က သူ၏ ခေါင်းကိုရမ်းလျက်ရေရွတ်လိုက်၏ ။

အခြားအကြီးကဲများမှလည်း အံဩလွန်း၍ သက်ပြင်းသာ ချနိုင်တော့သည်။

All Chapters