← Chapters

လျို့ဝှက်ကျင့်စဉ်

Vol. 8 Ch. 108

လျို့ဝှက်ကျင့်စဉ်

Vol. 8 Ch. 108

----------

အောင်းယွီရန်၏ နန်းဆောင်ထက်၌ အနောက်ဘက်၌ အငွေ့များ တထောင်းထောင်းထွက်နေသော သဘာဝ ရေပူစမ်းတစ်ခုရှိနေခဲ့သည်။

လုံထန်တစ်ယောက် ၎င်း၏ အတွင်းထဲ၌ အနားယူ၍ စိမ့်နေခဲ့သည်။ သူ၏ ဘေး၌လည်း အောင်းယွီရန်ကပါ ၊ ရေစိမ့်နေခဲ့သည်။

ရှင့် ~ အခု ဒြပ်စင်ငါးလုံးလေ့ကျင့်ပြီးသွားပြီမလား အောင်းယွီရန်က လုံထန်ကိုကြည့်၍ မေးလိုက်၏ ..?

ဟုတ်တယ် ~ ကျင့်ကြံပြီးသွားပြီ လုံထန်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

ဒါဆိုရင် ရှင့် ~ ရွှေနဂါးမျိုးနွယ်စုရဲ့ ဧကရာဇ်တွေသာ ကျင့်ကြံလို့ရတဲ့ လျို့ဝှက်နည်းစနစ်ကို လေ့ကျင့်လို့ရပြီ ။ အောင်းယွီရန်က ပြောရင်းဖြင့် သူမ၏ သို့လှောင်လက်စွပ်၏ အတွင်းမှ တစ်ခုလုံးမဲနက်နေသော အလုံးတစ်လုံးကိုထုတ်လိုက်သည်။ ၎င်းက ဘောလုံးတစ်ခု၏ အရွယ်စားရှိသည်။

ဒါကဘာလည်း ~ လုံထန်က စူးစမ်းဟန်ဖြင့်မေးလိုက်သည်။

ရှင့်~ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ဒီကျောက်တုန်းထဲကို ထိုးသွင်းလိုက် ၊ ရှင့်ထံကို လျိုဝှက်ကျင့်စဉ်ကို လွဲပြောင်းပေးလေ့မယ် ။ ဒီကျင့်စဉ်က လျို့ဝှက်နည်းစနစ်ပဲ ရွှေနဂါးမျိုးနွယ်ရဲ့ ဧကရာဇ်တွေပဲ ကျင့်ကြံလို့ရတယ် ။ အောင်းယွီရန်က အနက်ရောင် အလုံးကို ပေး၍ ပြောလိုက်သည်။

လုံထန်က အနက်ရောင်ဘောလုံးကိုယူ၍ သေချာစစ်ဆေးကြည့်သော်လည်း ဘာမှ ထူးထူးခြားမတွေ့ရချေ။ ဒါက အံဩစရာပဲဟု လုံထန်က သေချာကြည့်ပြီးနောက်တွေးလိုက်သည်။

အောင်းယွီရန်ပြောသည့်အတိုင်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အနက်ရောင်အလုံး၏ အတွင်းသို့ထဲလိုက်သည်။

သူ၏ စိတ်စွမ်းအင်ကို ထိုးသွင်းလိုက်ချိန်၌ အနက်ရောင်အလုံးထံမှ ဆန်းကျယ်သော စွမ်းအားတစ်ခုက သူ၏စိတ်ဝိညာဉ်ကိုစုပ်ယူသလိုခံစားလိုက်ရကာ သူ၏ အမြင်အာရုံများက ပြောင်းလဲသွားခဲ့သည်။ သူ၏ အမြင်များ၌ တိမ်ညိုတိမ်မဲများက အုပ်ဆိုင်းနေခဲ့ကာ မိုးခြိမ်းသံများကလည်း တစ်အုန်း ၊ အုန်း နှင့် ကမ္ဘာပျက်တော့မည့်အလားပင် အသံများကို ကြားနေရသည် ။ ဤမြင်ကွင်းများက သူကို ကျောချမ်းအောင်ပြုလုပ်နေခဲ့သည် ။

ထိုမိုးခြိမ်းသံများနှင့် တိမ်မဲများအုပ်မိုးနေသော ကောင်းကင်ကြီး၏ အောက်၌ မီတာ တစ်သောင်းခန့်ထိ ကြီးမားသော လက်သည်းကိုးခု ရွှေရောင် နဂါးကြီးကကောင်းကင်ကြီးအောက် ခမ်းနားကြီးစိုးသော အော်ရာကို ထုတ်လွတ်၍ ပျံသန်းနေခဲ့သည်။

သူ၏ အောက်ဘက်၌လည်း သူ၏ အော်ရာနှင့် ထူးမခြားနား ထုတ်လွတ်ထားသော လူရိပ်များရှိနေခဲ့သည်။ ရုတ်တရက် အောက်ဘက်ရှိလူများက ရွှေနဂါးကြီး စတင်၍ တိုက်ခိုက်လိုက်သည်။

ထိုအချိန်၌ ရွှေရောင်လက်သည်းကိုးခု နဂါကြီး ကြီးမားသော လှုပ်ရှားမှု တစ်ခုပြုလုပ်လိုက်သည်။ ၎င်းက ကြီးမားသော နဂါးလက်ကြီးဖြစ်သည်။ မီတစ်သောင်းချီခန့်ကြီးမားကာ ဒြပ်စင်ငါးခု၏ အလင်းများထုတ်လွတ်နေခဲ့ကာ အောက်ဘက်ရှ်ိလူများကို တုန်ပြန့်ရန် အချိန်မရှိရအောင် ဖိချလိုက်သည်။

နဂါးလက်ကြီးက မြေပြင်နှင့် ပြင်းပြင်းထန်ထန် ထိသွားက မ္ဘာပင်တုန်ခါသွားသယောင်ရှ်ိသည်။ အဝေးစီမှာကြည့်ရူနေသော လုံထန်ပင် သူ၏မျက်နှာကို ထိခက်လာသော လေပြင်းများကို ခံစားမိသည်။ ဒါကြီးက ကြမ်းတမ်းလွန်းတယ် ။ အဒီလက်ဝါးများကြီးသာ သူ၏ အပေါ်သို့ကျဆင်းလာရင် ထွက်ပေါ်လာသော အရှိန်ဝါကပင်သူကို သတ်နိုင်သည့်ဆိုတာ ပြောစရာမလို့ချေ။ လုံထန်တစ်ယောက်သူ၏ ကျော၌ ချွေးအေးများစီးကျလာကာ လေအေးများသာ ရူရိူက်လိုက်မိသည်။

ထိုအချိန်၌ သူ၏မြင်ကွင်းများက ပျောက်ကွယ်သွားခဲ့ကာ ခေါင်းထဲသို့ မရင်းနှီးသော မှတ်ဉာဏ်များဝင်လာခဲ့သည့်ကို တွေလိုက်ရသည်။ ၎င်းက ခုနက ရွှေနဂါးကြီး အသုံးပြုသွားသော လျို့ဝှက်ကျင့်စဉ်ပင်ဖြစ်သည်။

" ဒြပ်စင်ငါးခု နဂါးလက်ဝါး လျို့ဝှက်ကျင့်စဉ် "

လုံထန်တစ်ယောက်သူ၏ မျက်လုံးကိုဖွင့်လိုက်၍ ထိတ်လန့်နေခဲ့သည်။ သူက ဤအကြိမ်ပထမဆုံး လျို့ဝှက်နည်းစနစ်များကို တွေ့ဖူးခြင်းဖြစ်သည်။

လျို့ဝှက်ကျင့်စဉ်များက ထူးခြားကျသည့်။ သူတို့က အဆင့်ကန့်သတ်ထားခြင်းမရှိပဲ အသုံးပြုသူ၏ စွမ်းအားပြင်းထန်အပေါ်မှုတည်၍ အဖျက်စွမ်းအားကကွာခြားကြသည်။

နောက်ပြီး ဤကျင့်စဉ်ကို လေ့ကျင့်ရန် အဆင့်ငါးဆင့်ရှိသည်။ မီးတောက်လောင်နဂါးလက်ဝါး ၊ ရေလိူင်းလုံး နဂါးလက်ဝါး ၊သစ်တောစိမ်းနဂါးလက်ဝါး ကမ္ဘာတုန်ခါစေသော နဂါးလက်ဝါး၊ ရွှေနဂါးလက်ဝါး တို့ ဖြစ်သည်။ အဲတာတွေကို ကျင့်ကြံပြီးမှာ အပြင်းထန်ဆုံးသော ဒြပ်စင်ငါးခု နဂါးလက်ဝါးကို အသုံးပြုနိုင်သည်။ ယခင်စွမ်းအင်တွေပေါင်းစည်းသွားသည့်အတွက် သူ၏ စွမ်းအားက ယခင်ထက် ငါးဆခန့်ပို၍ သန်မာသွားသည့်ဖြစ်၏ ။

အံဩစရာပဲ လုံထန်က သူ၏ မျက်လုံးကို ဖွင့်လိုက်ချိန်၌ ပျော်ရွှင်မှုကြောင့် သူ၏ မျက်ဝန်းများက တောက်ပနေခဲ့သည်။

အောင်းယွီရန်က လုံထန်၏ အပြောင်းလဲကို ကြည့်၍ ပြုံးနေခဲ့သည်။

ကျေးဇူးပဲ ~ ယွီရန် လုံထန်ပြုံး၍ ပြောလိုက်သည်။ ဒါနဲ့ မင်းရော ဒီကျင့်စဉ်ကို မလေ့ကျင့်ဘူးလား ။ လုံထန်က သတိရဟန်ဖြစ်ပြောသည်။

မရဘူး ~ အောင်းယွီရန် သူမ၏ ခေါင်းကိုခါရမ်းလိုက်သည်။ စောစောက ပြောတယ်မလား ဒီကျင့်စဉ်က ရွှေနဂါးတွေရဲ့ ဧကရာဇ်တွေပဲ သီးသန့် လေ့ကျင့်ခွင့်ရှိတာ အခြားသူတွေ လေ့ကျင့်ခွင့်မရှိဘူး ။ မင်းသား ၊ မင်းသမီးတွေတောင် ခွင့်မရှိဘူး ။

ဟမ့် ~ လုံထန်တစ်ယောက် မျက်မှောင်ကြုပ်လိုက်၏ ။ အောင်းယွီရန် ကျင့်ကြံသင့်တယ်လို့ သူတွေးမိသည့် အဘယ်ကြောင့်ဆိုသော် အရင် ရွှေနဂါးဧကရာဇ်၏ တစ်ဦးထဲသော မျိုးဆက်ဖြစ်၍ သူမလည်း ကျင့်ကြံသင့်သည့်ဟုထင်သည်။

သို့သော်လည်း ဤသည့်က သူမတို့၏ ဘိုးဘေးတွေချမှတ်ထား၍ တန်းပြီးတော့ပြောင်းလဲ၍ မရချေ။ နောက်မှ သူမကို တဖြေးဖြေး တိုက်တွန်း၍ ကျင့်ကြံခိုင်းရန် လုံထန်ဆုံးဖြတ်ချက်ချလိုက်သည်။ ဤ လျို့ဝှက်ကျင့်စဉ်ကိုသာ ကျင့်ကြံလိုက်ရင် သူမ၏ စွမ်းအား အဆင့်တစ်ခုသို့ခုန်တက်သွားမည်ဖြစ်သည်။

လုံထန်က သူ၏ အတွေးကို မြို့သိပ်လိုက်ကာ ရေပူစမ်းကိုစိမ့်ရင်းဖြင့် ဆင်၍ အနားယူနေခဲ့တော့သည်။

All Chapters