အခန်း (၁၀၉)
Vol. 8 Ch. 109
---------
လုံထန်တစ်ယောက် ရေပူစမ်း၌ ရေစိမ့်ပြီးနောက် သူ၏ တစ်လုံးကို ထပ်မံ၍ မလေ့ကျင့်တော့ပဲ အနားယူလိုက်သည်။
နောက်တစ်နေ့မနက်ချိန်၌ "ဒြပ်စင်ငါးခုနဂါးလက်ဝါးလျို့ဝှက်ကျင့်စဉ်" ကိုစတင်၍ လေ့ကျင့်တော့သည်။ ပထမအဆင့်ဖြစ်သည် " မီးတောက်လောင် နဂါးလက်ဝါး " က မီးဒြပ်စင်စွမ်းအားကို အသုံးပြု၍ လေ့ကျင့်ရခြင်းဖြစ်သည်။
အခြေခံလူပ်ရှားမှုများကို လုံထန် တစ်ယောက် မြင့်မြတ်သော တောင်၏ သူ၏ နန်းတောင်အနောက်ဘက်၌ လေ့ကျင့်နေခဲ့သည်။ အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေရင်းဖြင့် နေလည်ရောက်ချိန်၌ ရပ်တန့်လိုက်တော့သည်။
နေလည်ခင်း၌ လုံထန်က သူ၏ ကိုးရောင်ခြယ်နဂါး ကျင့်စဉ်ကို လေ့ကျင့်ချိန်၌ အရင်အချိန်များကဲ့သို့ တစ်ကြိမ်ကို တစ်မျိုးစီသော ဒြပ်စင်စွမ်းအားတွေကို စုပ်ယူစရာမလို့တော့ပဲ သူ၏ စွမ်းအင်များကို လှည့်ပတ်၍ ပတ်ဝန်းကျင့်မှ စွမ်းအင်များစုပ်ယူလိုက်ချိန်၌ ဒြပ်စင်ခြောက်မျိုး၏ စွမ်းအင်များ စုစည်း၍ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်လာခဲ့သည့်ကို တွေ့လိုက်ရသည်။
ဤပြောင်းလဲမှုက လုံထန်ကို ကြီးမားစွာထိတ်လန့်အံဩစေကာ ပျော်ရွှင်စေခဲ့သည်။ ဤသည့်က ကိုးရောင်ခြယ်နဂါးနှလုံးသားကြောင့်မှန်း သိလိုက်ရသည်။ ဤကြီးမားသော အပြောင်းလဲကြောင့် လုံထန်ကျင့်ကြံမှု အမြန်နူန်းက ပို၍ မြန်ဆန်လာခဲ့သည်။
ယခုရက်များအေးချမ်းစွာဖြင့်ကုန်ဆုံးနေခဲ့သည်။ နောက်ငါးရက်ခန့်ကုန်ဆုံးသွားခဲ့သည်။ ဤနေ့ရက်များ၌ လုံထန်က မနက်ပိုင်း၌ ဝိညာဉ်ချီများကို စုပ်ယူပြီးသူ၏ စွမ်းအားကို တိုးအောင် လေ့ကျင့်ပြီးနောက် နေလည်ပိုင်း၌ " မီးတောက် လောင်နဂါးလက်ဝါးကို " လေ့ကျင့်နေခဲ့သည်။
ငါးရက်မြှောက်နေ့၏ နေ့လည်ခင်း၌ ငရဲမီးဗိုလ်ချုပ်၏ ဆက်သွယ်ချက်ကို လုံထန်တစ်ယောက်လေ့ကျင့်နေရင်းဖြင့် ရလိုက်သည်။
ငရဲမီးဗိုလ်ချုပ်ပေးပို့သော သတင်းများကို နားထောင်ပြီး နောက်လုံထန် သူ၏ဒေါသများ ပေါက်ကွဲထက်လာခဲ့သည်။
မိဖုရှားကျီရှားက သူမ၏ စစ်သည်များကို သွေးနဂါးနယ်မြေသို့စေလွတ်၍ နယ်မြေတစ်ခုလုံးကိုပြန်သိမ်း၍ချိန်၌ အဘိုးကြီးဖေးက တားစီးချိန်၌ အမိန့်ဖီဆန်သည့်ဟုဆိုကာ ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးခံရခဲ့ သည်ဟု ကြားလိုက်ရသောကြောင့်ဖြစ်သည်။
ကောင်းပြီလေ~ ဒီလို့ဆိုတော့လည်း အဆုံးထိသွားကြတာပေါ့ ။ လုံထန်က သူ၏ ဒေါသများကို မြိုသိပ့်၍ တီးတိုးရေရွတ်လိုက်ကာ ကျန်နေသော နတ်ဘုရားဗိုလ်ချုပ်များနှင့် အကြီးကဲများကို ရွှေနဂါးနန်းတော်ခန်းမ၌ စုစည်းရန် ဆက်သွယ်ဆေး သတ္တုပြားမှ တစ်ဆင့်အမိန့်ပေးလိုက်သည်။
သူကိုယ်တိုင်ကလည်း ရွှေနဂါးခန်းမဆီသို့ ပျံသန်းသွားတော့သည်။
အောင်းယွီရန်လည်း ထိုသတင်းရချိန်၌ သူမလည်း ရွှေနဂါး နန်းတော်ခန်းမသို့ သွားလိုက်သည်။ သူမလည်း ငရဲမီးဗိုလ်ချုပ် ပို့လိုက်သော သတင်းကို ရရှိချိန်၌ လုံထန်ရှိသို့သွားရန် ပြင်ဆင်သောကြောင့်ဖြစ်သည်။
လုံထန်က ရွှေနဂါးခန်းမထံသို့ အချိန်အနည်းငယ်ကြာပြီးနောက် ရောက်ရှိလာခဲ့သည်။ သူရောက်ရှိချိန်၌ အားလုံးလည်း ရောက်ရှိနေပြီဖြစ်သည်။
နဂါးဧကရာဇ်ကို နှတ်ဆက်ပါတယ် ။
အကြီးကဲများနှင့် နတ်ဘုရားဗိုလ်ချုပ်သုံးရောက်ကလည်း ရိုသေစွာနှတ်ဆက်လိုက်သည်။
လုံထန်က အားလုံးကိုဖြတ်ကျော်၍ ရွှေပိုးသားကျောက်စိမ်းပုလ္လင်အထက်သို့ သွားရောက်၍ ထိုင်ချလိုက်သည်။
ကောင်းပြီ ~ အားလုံးလည်း ဘာဖြစ်နေတာလည်း သိလောက်ပါပြီ ။ ကျွန်ုပ် မိုးပြာနဂါးမျိုးနွယ်စုစီကို စစ်သည်တွေကို ခေါ်ဆောင်သွားမယ် ။ အဲဒီအတွက် ကြောင့် ရွှေနဂါးမျိုးနွယ်က အားလုံးရဲ့ အရှေ့မှာ ပြန်လည့်၍ ပေါ်ထွက်လာတော့မယ် ။
ဒီကိစ္စ အကြီးကဲများဘယ်လို့ထင်သလဲ ? ။
လုံထန်အောက်ဘက်၌ ရှ်ိနေသော အကြီးကဲငါးယောက်ကို ကြည့်၍ မေးလိုက်သည်။ အောင်းယွီရန်က ခွင့်ပြုသော်လည်း သူက အကြီးကဲများ၏ စကားကိုလည်း ကြားချင်သေးသည်။
အရှင်မင်းကြီးရဲ့ အမိန့်တိုင်းကျုပ်တို့က လိုက်နာမှာပါ ။ ပြီးတော့ကျုပ်တို့မျိုးနွယ်မှာလည်း အခုဦးဆောင်သူ ရှိပြီဆိုတော့ အပြင်လောကကို ထွက်ဖို့အဆင့်သင့်ဖြစ်နေပါပြီ အရှင်မင်းကြီး ။ အောင်းကျန်းဟန်က လျှင်မြန်စွာဖြင့် ပြောလိုက်သည်။
ကောင်းတယ် ~ ကျွန်ုပ်က အားလုံးကိုစိတ်ပျက်စေရအောင် လုပ်မှာမဟုတ်ပါဘူး ။ လုံထန်က ကတိပေးလိုက်သည်။ အကြီးကဲများနှင့် ရွှေနဂါးမျိုးနွယ်တစ်စုလုံးက သူကို ယုံကြည့်အားကိုးသည့်ကို ခံစားမိ၍ ထပ်မံ၍ ကတိပေးလိုက်သည်။
ကောင်းပြီ ~ နတ်ဘုရားဗိုလ်ချုပ်တို့ စစ်သည်တွေအသ်င့ပြင်ထားလိုက်တော့ မနက်ဖြန်မှာ စတင်ပြီးတော့ ထွက်ခွာမယ် ။ လုံထန်က သူ၏ ပုလ္လင်ထက်မှ ရပ်၍ ပြောလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ။ အမိန့်တော်အတိုင်းပါ။
အကြီးကဲများနှင့် နတ်ဘုရားဗိုလ်ချုပ်များက လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။ သူနှင့် အောင်းယွီရန်သာ ကျန်ရစ်ခဲ့တော့သည်။
ယောင်္ကျား ၊မနက်ဖြန် ကျွန်မပါလိုက်ခဲ့မယ် ။ အပြင်မထွက်ရတာကြာပြီဆိုတော့ အပြင်က ရူခင်းတွေကိုကြည့်ရအောင် အောင်းယွီရန်က ပြုံး၍ပြောလိုက်သည်။
ကောင်းပြီ ~ အတူတူသွားကြတာပေါ့ ။
ဒီနေ့၌ လုံထန်က ရွှေနဂါးမျိုးနွယ်စု အပြင်သို့ ထွက်ပေါ်တော့မည်ကို မျိုးနွယ်စုတစ်ခုလုံးကို ကြေညာလိုက်၏။
၎င်းအမိန့်ကို ကြားသိရသည့်နှင့် ရွှေနဂါးမျိုးနွယ်စု၏ အသက်အရွယ်မျိုးစုံတို့က ပျော်ရွှင်စွာဖြင့် စားသောက်ပွဲတွေပင် ကျင်းပကြတော့သည်။ သူတို့အားလုံးက ယခုလိုပုန်းချိုးကွယ်ချိုးနေရာတာကို မုန်းတီးနေ၍ အပြင်သို့ထွက်ကာ သူတို့၏ရန်သူများကို တိုက်ခိုက်ချင်နေပြီဖြစ်ကြသည်။
တစ်ချိန်တုန်းက သူတို့မျိုးနွယ်စု၏ ဘိုးဘေးများခောတ်တုန်းက အတိုင်းသူတို့၏မျိုးနွယ်စုကို ဂုဏ်သတင်းကြီးမားသော မျိုးနွယ်စု တဖန်ပြန်ဖြစ်လာအောင် သူတို့၏ ခွန့်အားများဖြင့် သက်သေပြတိုက်ခိုက်ချင်နေကြခြင်းဖြစ်သည်။