← Chapters

အပြင်သို့ထွက်ခွာခြင်း (၂)

Vol. 8 Ch. 111

အပြင်သို့ထွက်ခွာခြင်း (၂)

Vol. 8 Ch. 111

--------

လုံထန်ကအောက်ဘက်ရှိနေသော ဒူးထောက်နေသည့်များကို ကြည့်၍ ကျယ်လှောင်သော အသံဖြင့်ပြောလိုက်သည်။

အားလုံးထကြလော့ ~ သူ၏ အသံက စွမ်းအင်ကိုအသုံးပြုထားသည့်အတွက် အားလုံးကြားနိုင်အောင်ပျံနှံသွားခဲ့သည်။

အောက်ဘက်ရှိ စစ်သည့်များနှင့် သာမာန်မျိုးနွယ်စုဝင်များက လုံထန်၏ အသံကြောင့်ပြန်၍ ထကာ မက်တပ်ရပ်တန့်လိုက်ကြသည်။

လုံထန်အပေါ်စီးမှ နေ၍ သူတို့အားလုံးပြန်၍ မက်တပ်ရပ်ပြီးချိန်ကို စောင့်ကြည့်၍ အားလုံးမက်တပ်ရပ်ပြီးနောက် သူက စကားပြန်စလိုက်သည်။ အားလုံးသိကြတဲ့ အတိုင်း ဒီနေ့က စပြီးတော့ မျိုးနွယ်စုက အားလုံးရဲ့ အရှေ့မှ ထွက်ပေါ်လာတော့မယ် ။ အဲဒီအတွက် ကြောင့်အခက်ခဲတွေ ရှိနေနိုင်ပေမဲ့ " ဒီလူက အကောင်းဆုံးကြိုးစားသွားမှာပါ " ။ လုံထန်က အရမ်းလည်းမောက်မာဟန်လည်းမရှိသလို့ မနိမ့်ချသော ပုံစံဖြင့် " ဒီဧကရာဇ်အစား၊ ဒီလူဆို၍ သုံးသွားခဲ့သည်။

အသင်တို့တွေလည်း အနာဂတ်မှာ မျိုးနွယ်စုရဲ့ ဂုဏ်သတင်းကို မြင့်တင်နိုင်ရန်အတွက်ကြိုးစားပြီးလေ့ကျင့်ပြီး မျိုးနွယ်စုကို ထောက်ပံပေးနိုင်အောင်ကြိုးစားကြပါ ။ ဒီနေ့ကစတင်ပြီးတော့ ရွှေနဂါးမျိုးနွယ်စုက ၊ ပုန်းကွယ်မနေတော့ဘူး အားလုံးရဲ့ အရှေ့မှောက်မှာ ပြန်လှည့်ထွက်ပေါ်လာခဲ့ပြီ ။ ကျုပ်တို့ရဲ့ စွမ်းအားတွေနဲ့ အားလုံးကိုပြသကြမယ် ။ ကျုပ်ပြောချင်တော့ ဒါပါပဲ ။ လုံထန်က သူပြောတာကို ပြောပြီးသည့်နှင့် အဆုံးသတ်လိုက်သည်။

အရှင်မင်းကြီး အသက် တော် ထောင်ချီရှည်ပါစေ ၊ ရွှေမျိုးနဂါးမျိုးနွယ် ၊ အဓွန့်ရှည်တည်တဲ့ပါစေ ။ အောက်ဘက်ရှိ လူများထံမှာ ကျယ်လှောင်သောအော်သံက ကောင်းကင်ကို တုန်ခါစေမတက်ထွက်လာခဲ့တော့သည်။

လုံထန်က သူတို့အားလုံးကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။

ကဲ့ ~ အားလုံးစတင်ပြီးတော့ ထွက်ခွာမယ် ။ လုံထန်က သူ၏ လက်ကိုမြှောက်၍ အသံများကို ရပ်တန့်ရန်အချက်ပြပြီးနောက် ပြောလိုက်သည်။

သူ၏အသံဆုံးသည့်နှင့် အောက်ဘက်ရှိစစ်သည့် သုံးထောင်က "ဉက္ကပျံ စစ်သင်္ဘော "များစီသို့ ပျံသန်း၍ တက်သွားကြတော့သည်။ စစ်သင်္ဘောတစ်စီးကို အရည်တွက်ငါးရာခန့် ခုန်တက်သွားကြသည်။

ကိုယ်တို့လည်း သွားစို့ ~ လုံထန်က သူ၏ နောက်ရှိ အောင်းယွီရန်ကို ပြောလိုက်သည်။

အင်း ~ သူတို့နှစ်ဦးက " ရွှေနဂါး " တော်ဝင်စစ်သင်္ဘောစီသို့ ပျံသန်းသွားခဲ့သည်။ သူတို့၏နောက်၌ အကြီးကဲ နှစ်ယောက် အောင်းလန် ၊ အောင်းမင် တို့လည်း လိုက်လာခဲ့သည်။

နတ်ဘုရားဗိုလ်ချုပ်သုံးယောက်က နောက်က အနည်းငယ်ခွာ၍ ပျံသန်း၍ လိုက်ပါလာခဲ့တော့သည်။

∆∆∆

အောက်ဘက်ရှ်ိလူများကလည်း ၎င်း၏ မြင်ကွင်းများကိုကြည့်၍ စိတ်ဓာက်များတက်ကြွနေခဲ့သည်။ သူတို့က စစ်သင်္ဘောများကို ကြည့်၍ သူတို့၏ သွေးများပင် လှုပ်ရှားထကြွလာမှုကို ခံစားနေရသည်။

ဒီနေ့ကစပြီးတော့ ငါသေချာလေ့ကျင့်တော့မယ် ။ ငါအရှင်မင်းကြီးနှင့်အတူတူ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးစားမယ် ။

ငါလည်း ကြိုးစားပြီးလေ့ကျင့်တော့မယ်။တစ်နေ့ အဲဒီစစ်သင်္ဘောတွေအပေါ်မှာ လိုက်ပါနိုင်ရမယ် ။

ငါကောပဲ ~ အမျိုးမျိုးသော စိတ်လှုပ်ရှားသံများကထွက်ပေါ်လာနေခဲ့ကြသည်။

∆∆∆

" ရွှေနဂါး " တော်ဝင်စစ်င်္ဘော အပေါ်သို့ လုံထန် ၊ အောင်းယွီရန် ၊ အကြီးကဲ နှစ်ယောက်နှင့် နတ်ဘုရား ဗိုလ်ချုပ်သုံးယောက် တို့ရောက်လာချိန်၌ စစ်သင်္ဘောကို မောင်းနှင်ရန်အစောထဲက ရောက်နေသော ထိန်းချုပ်ခန်းမှ လူများမှ စတင်၍ မောင်းနှင်လိုက်တော့သည်။

" ရွှေနဂါး " စစ်င်္ဘော၏ နောက်၌ " ဉက္ကပျံ " စစ်သင်္ဘောငါးစီးကလည်း ကပ်လာခဲ့ကြသည်။

" ရွှေနဂါး " စစ်င်္ဘော၏ ကုန်းပတ်၌ လုံထန်တစ်ယောက် ရပ်တန့်နေခဲ့သည်။ တိုးဝှေ့နေသော လေညှင်းများကြောင့်သူ၏ သရဖူအောက်မှ အနက်ရောင်ဆံနွယ်များက လှုပ်ရှားနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်မှ လည်း ဆန်းကျယ်မြင့်မြတ်သော အော်ရာက ထွက်ပေါ်နေခဲ့သည်။ သူ၏ ဘေး၌ ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အောင်းယွီရန်လည်း ရပ်နေခဲ့သည်။

စစ်င်္ဘော၏ ကုန်းပတ်ပေါ်၌ ချောမောခန့်ငြားသော အမျိုးသားနှင့် အမျိုးသမီးရပ်တန့်နေဟန်က ထူးရှားသော မြင်ကွင်းကို ဖြစ်ပေါ်နေစေသည်။

အပြင်ကို ပထမဆုံးပြန်ထွက်ရတာ စိတ်တောင်မှ လှုပ်ရှားလာမိတယ်။ အောင်းယွီရန်က ပြောလိုက်သည်။

နောက်ဆိုအရင် အမြဲတန်းထွက်ခွာလို့ရပါပြီ ။ လုံထန်က ပြုံး၍ ပြောလိုက်သည်။

ဪ ~ ဒါနဲ့ ဒီကနေထွက်ရင် ဘယ်နေမှာကိုထွက်မှာလည်း လုံထန်က သတိရဟန်ဖြင့်မေးလိုက်သည်။ သူက ဒီကနေ အခုမှ ပထမဆုံးထွက်ဖူးခြင်းဖြစ်သည်။

အရှင်မင်းကြီး ~ ဒီကနေထွက်ရင်ပထမဆုံး အန်းတောင်တန်းကို ရောက်မှာပါ။ အဲဒီကနေ့မှ မီးနဂါးနယ်မြေရဲ့ နယ်စပ်ကို ဖြတ်ပြီးတော့ သွေးနဂါးနယ်မြေကို ရောက်နိုင်ပါတယ် ။ အောင်းလန်က လုံထန်ကို အဖြေပေးလိုက်သည်။

အချိန်ဘယ်နှစ်ရက်ကြာနိုင်လည်း လုံထန်က ထပ်မေးလိုက်သည်။

ခုနှစ်ရက်လောက်ပါအရှင်မင်းကြီး ။

ဟုတ်လား ~ လုံထန်က ခေါင်းညိတ်လိုက်သည်။ သူတို့၏ စစ်င်္ဘောများက မြန်ဆန်သောလည်း နယ်မြေများက ကျယ်ပြန့်၍ အချိန်တိုတိုဖြင့် ခရီးမရောက်နိုင်ချေ။

သူတို့စကားပြောနေရင်းဖြင့်ပင် သူတို့၏ အရှေ့ရှိ ကောင်းကင်ယံက ရုတ်တရက်အက်ကွဲလာခဲ့ကာ ဟင်းလင်းပြင် တွင်းပေါက်ကြီးဖြစ်သွားတော့သည်။

စစ်သင်္ဘောများက၎င်း ၏ အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။

All Chapters