မိုးကြိုးတစ်ရာ အပြစ်ပေးအကျဉ်းထောင်
Vol. 8 Ch. 112
--------
ဝေးကွာလှသောနယ်မြေ။
မိုးပြာနဂါးအင်ပါယာမြို့တော်၏ အတွင်း၌ မိုးကြိုးတစ်ရာအပြစ်ပေး အကျဉ်းထောင်ဟု ခေါ်သော အပြစ်သားများကို အပြစ်ပေးသည့် အမည်ကျော်ကြားသော နေရာရှိသည်။
မိုးကြိုးတစ်ရာအပြစ်ပေး အကျဉ်းထောင်က စွမ်းအားကြီးအပြစ်သားများကို အကျဉ်းချအပစ်ပေးသော နေရာဖြစ်ရွှေ့ မိုးပြာနဂါးအင်ပါယာအတွင်းရှိ သက်ရှိတိုင်း သည့် ၎င်း၏ အမည်ကိုကြားရုံနှင့် သေးထွက်မတက် သွေးပျက်ခြောက်ရှားစေသည်။
မိုးကြိုးတစ်ရာအပြစ်ပေး အကျဉ်းထောင်၌မှု အဆိုးဝါးဆုံးသော လူများကိုသာ အကျဉ်းချ ပြစ်ဒဏ်ပေးစေသိ နေရာဖြစ်သည်။ ၎င်း၏ အကျဉ်းထောင်အတွင်းကျဆင်းသွားနှင့် ကျင့်ကြံမှုက ချိတ်ပိတ်ခံရ၏ ။ ထိုအပြင် အကျဉ်းသားတွေရှိသည့် အကျဉ်းခန်းတိုင်းတွင်လည်း မိနှစ်ဝက်တစ်ခါ အလွန်ပြင်းထန်သော မိုးကြိုးများက ပစ်ချခြင်းခံနေကျရမည်ဖြစ်သည်။
စွမ်းအားမြင့်ကျင့်သူများအဖို့ ကျင့်ကြံမှုကို ချိတ်ပိတ်ထားခဲ့လျှင်ပင် သူတို့၏ သန်မာသော ခန္ဓာကိုယ်ဖြင့် မိုးကြိုးများ ခုခံနိုင်သည်။ သို့သော် အချိန်ကြာမြင့်လာသည့်အမျှ ကြာဆင်းလာနေသော မိုးကြိုးများကြောင့် သူတို့၏ သန်မာသော ခန္ဓာကိုယ်များပင် အကန့်သတ်သို့ရောက်ရှိသွားစေကာ အသည်းခိုက်လုမတက်နာကျင်မှုများကို ဖြစ်စေနိုင်သည်။
မိုးကြိုးတစ်ရာအပြစ်ပေးအကျဉ်းထောင်၏အတွင်း၌ မီတာတစ်ရာအကျယ်ဝန်းခန့်ရှိသော အခန်းငယ်လေး၏ အလယ်၌အသက်ငါးဆယ်လောက်ဟုထင်ရာကာ စုတ်ထောင်းနေသော ဆံပင်များနှင့်အတူတူ ခန္ဓာကိုယ်တစ်ခုလုံး၏ အပြာရောင်အကြေးခွံတစ်ချို့ကလည်း အက်ကွဲကာ သွေးများစီးကြနေသော ပုံရိပ်တစ်ခုရှိသည်။
သူက မိုးကြိုးများကျဆင်းလာတိုင်းနာကျင်မှုကို အန်တု၍ အန်ကျိတ်ထားခဲ့ကာ မအော်ခဲ့ချေ။ သူ၏ မျက်ဝန်းများကလည်း သေချာကြည့်မယ်ဆိုရင် စိတ်ပိုင်းဖြတ်မှုများနှင့် သူ၏ မျက်လုံး၏ အနက်ရိူင်းဆုံးသော နေရာ၌ နှောင်တတရားများရှ်ိနေခဲ့သည်။
မင်းသားလေး ဒီအဘိုးကြီးတော့ ဒီအကြိမ်မှာ မင်းသားလေးကိုရှေ့ဆက်ပြီးတော့ စောက်ရှောက်ပေးနိုင်တော့မယ်မထင်ဘူး။ ဒီအဘိုးကြီးရဲ့ အကန့်သတ်ကိုရောက်လာပြီ ။ အဘိုးကြီးက မျက်ဝန်းများ မှိန့်ဖျော့သွားခဲ့ကာဆိုလိုက်သည်။ ရှေ့လျှောက် ကိုယ်ကို ဂရုစိုက်ပြီးတော့ သန်မာမာ ကြီးထွားလာပါ ။ အဘိုးကြီးဖေးက တိုးညှင်းစွာဖြင့်ရေရွတ်လိုက်သည်။
ကျဆင်းလာနေသော အနီရောင်မိုးကြိုးများက သူကိုအရိုးခိုက်မတက်နာကျင်စေခဲ့သည်။ အချိန်အတော်ကြာ တောင်ခံထားနိုင်သောလည်း သူ၏ ခန္ဓာကိုယ်က အကန့်သတ်သို့ရောက်ရှိနေပြီဖြစ်သည်။
∆∆∆
မိုးပြာနဂါးနန်းတော်ခန်းမ၏ အတွင်း၌ တောက်ပနေသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ကာ အပြာရောင် သရဖူကို ဆောင်ထားသော ပုံရိပ်တစ်ခုက အအေးဓာက်များ ထွက်ပေါ်နေနေသော ရေခဲပုလ္လင်ထက်၌ ထိုင်နေခဲ့သည်။ သူမနေရာ အခန်းက အနုတ်တစ်ရာဒီကရီအောက်သို့ ရောက်နေခဲ့သည်။ သူမက တော့ မိဖုရား ကျီရှားသာဖြစ်သည်။
သူမ၏ အော်ရာက မြင့်မြတ်ကာ ခမ်းနားနေပြီးတော့ ပုလ္လင်ထက်၌ ထိုင်နေသော အမူရာက ဧကရီတစ်ပါး၏ ကဲ့သို့ သော အော်ရာကို အစွမ်းကုန်ထုတ်လွတ်ထားခဲ့သည်။
အာခံနေတဲ့ လူတွေကို ဖြေးရှင်းပြီးသွားပြီလား ။ သူမက ရေခဲပုလ္လင်ထက်မှ ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။
အားလုံးပြီးသွားပါပြီ ~ အခု အင်ပါယာမှရှိတဲ့ သစ္စာရှိတဲ့သူတွေကို ကိုင်တွယ်ဖို့ပဲ ကျန်ပါတော့တယ် ။ အောက်ဘက်မှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူမှ ရိုသေစွာပြောကြားလိုက်သည်။
ဒါဖြင့်ရင် ~ ဖြေးဖြေးရှင်း သတိထားပြီးတော့ လုပ်ဆောင်တာပေါ့ ။ မဟုတ်ရင် ဟိုခေါင်းမာတဲ့ အဘိုးကြီးတွေကြောင့် ကိစ္စာတွေက ရူပ်ထွေးသွားနိုင်တယ် ။ မိဖုရား ကျီရှားအနည်းငယ်ထိတ်လန့်ဟန်ဖြင့် ပြောလိုက်သည်။
သူမပြောသော ခေါင်းမာတဲ့အဘိုးကြီးတွေဆိုသည့်မှာ မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးများဖြစ်ကြသည်။ သူတို့က ဘိုးဘေးနဂါးတောင်ဟု ခေါ်သော နေရာ၌သာ နေပြီးတော့ အင်ပါယာ၏ အတွင်းရေးပြသာနာများကို ဝင်၍ စွပ်ဖက်ခဲ့သည်။ သူတို့က အရေးအပေါ်အခြေမှသာလျှင်ဝင်၍ လူပ်ရှားကြသည်။
ထိုကြောင့် မိဖုရား ကျီရှားက တိတ်တဆိတ်လူပ်ရှားခိုင်းခြင်းဖြစ်သည်။ သူတို့၏ လုပ်ရပ်များပေါ်သွားခဲ့ရင် သူမ၏ နောက်ကွယ်ရှိ ရေခဲနေဂါးမျိုးနွယ်စုပင်လျှင် ထိုခေါင်းမာတဲ့ အဘိုးကြီးများ၏ ဒေါသကို မထိန်းချုပ်နိုင်ချေ။
ကောင်းပြီ~ မင်းသားခြောက်ရဲ့ အခြေနေကိုလည်း စောင့်ကြည့်ထားအုန်း သွားနိုင်ပြီ ။ မိဖုရားကျီရှားက သူမ၏ အောက်ဘက်ရှိပုံရိပ်ကိုပြောလိုက်သည်။
နားလည်ပါပြီ ~ အနက်ရောင်ပုံရိပ်က အရိုသေပေးပြီးသည့်နှင့် တပြိုင်နက် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့တော့သည်။
အခန်းမ၏ အတွင်း၌ မိဖုရားကျီရှားတစ်ယောက်သာ ရှိနေခဲ့သည်။ သူမက သူမ၏ ကျောက်စိမ်းသဏ္ဍန် သွယ်လျာသော လက်ချောင်းများကို ရေခဲပုလ္လင်၏ လက်တင်သည့်နေရာကို ခေါက်နေ၍ လေးနက်ဟန်ဖြင့် စဉ်းစားနေခဲ့သည်။
ငါဒီရက်ပိုင်းမှာ ခံစားနေရတဲ့ စိတ် ခံစားချက်တွေသိပ်မကောင်းဘူး ။ပြသာနာတစ်ခုခုဖြစ်လာတော့မည်အတိုင်ပဲ ဖြစ်နေတယ် ။ ငါသတိမထားမိတဲ့ ပြသာနာများရှိနေတာလား ။ မဖြစ်နိုင်ဘူး အရာအားလုံးသေချာစီစဉ်ထားတာ ဘာပြသာနာမှမရှိနိုင်ဘူး ။ မိဖုရားကျီရှားက မျက်မှောင်ကြုပ်၍ ရေရွတ်လိုက်သည်။
သူမအကြိမ်ကြိမ် တိုင်းပြန်စဉ်းစားကြည့်သော်လည်း သူမ၏ အစီစဉ်၌ မည်သည့် အမှားယွင်းမှမရှိချေ။ ငါအတွေးများနေတာ ဖြစ်မှာပါ ။ အားလုံးက လမ်းကြောင်းမှန်ပေါ်ရောက်နေပြီပဲ ဒီအတိုင်းသာဆက်သွားနေရင် မိုးပြာနဂါးမျိုးနွယ်စုက ငါတို့မျိုးနွယ်စုရဲ လက်ထဲရောက်ဖို့ဆိုတာ အချိန်ခနပဲ ကြာလေ့မယ် ။ သူမ၏ မျက်ဝန်းများက ထိုသို့ပြောချိန်၌ ထူးခြားစွာဖြင့်တောက်ပနေခဲ့သည်။
သူမက တစ်ချိန်တုန်းကသူမ၏ မျိုးနွယ်စု အားနည်းနေသောအချိန်၌ သူမက မဟာမိတ်အတွက်နဲ့ လက်ထပ်ခဲ့ရသည်။ သူမက ထိုအခြင်းအရာကို မနှစ်မြို့သော်ငြားလည်း သူမ၏ ရည်မှန်းချက်အတွက် သူမကိုသူမ အနှစ်နာခံခဲ့ကာ အခုအချိန်ထိသည်းခံကာ အသေးစိတ်ကျသော အစီစဉ်များဆွဲက တစ်ဆင့်ခြင်း သေသပ်စွာလှုပ်ရှားလာခဲ့သည်။ အစီတိုင်းကလည်း သူမတွေးထားသည့်အတိုင်း အောင်မြင်ခဲ့သည့်ချည်းသာဖြစ်သည်။
အခုဆိုရင်သူမရဲ့ အောင်မြင်မှုအသီးပွင့်များကို ဆွတ်ခူးရဖို့ကာ အချိန်တစ်ခုသာကြာတော့သည်။ ထိုအချိန်၌ သူမ၏ မျိုးနွယ်စုက မိုးပြာနဂါးမျိုးနွယ်စု၏ အရင်းမြစ်များကို မှီခို၍ လျှင်မြန်စွာသန်မာလာမည်ဖြစ်သည်။ ထိုအချိန်၌ သူမ သန်မာသောမျိုးနွယ်စု နှစ်ခု၏ အမျိုးသမီး ဧကရီ တစ်ပါးဖြစ်လာမည်ဖြစ်သည်။ ဤသည့်က သူမ၏ ပန်းတိုင်သာဖြစ်သည်။ ငါရဲ့လမ်းမှာ တားစီးဝင့်သူတိုင်း ဒီဧကရီရဲ့ အမြတ်ဒေါသကို သိစေရမယ် မိဖုရား ကျီရှား၏ မျက်ဝန်းရုတ်တရက် အေးစက်သော အလင်းတန်းထွက်ပေါ်လာခဲ့ကာ ပြောလိုက်သည်။
∆∆∆∆
အခြားတစ်ဖက်၌ ။
လုံထန်တို့အုပ်စုပါသော " ရွှေနဂါး "သင်္ဘောနှင့် " ဉက္ကာပျံ " ငါးစီးတို့မှာ ဟင်းလင်းပြင်တွင်းပေါက်ကြီးကို ဖြတ်ကျော်လာခဲ့သည်။
အန်းတောင်တန်း၏ ကောင်းကင်ယံ၌ ဧရာမဟင်းလင်းပြင်တွင်းပေါက်ကြီး ပေါ်လာခဲ့ကာ ခမ်းနားလွန်းလှသော စစ်သင်္ဘောကြီး ခြောက်စီးက ထွက်လာခဲ့သည်။
နောက်ဆုံးတော့အပြင်လောကို ပြန်ရောက်ပြီပဲ အောင်းယွီရန်က အပြင်ကရှိ မျက်စိတစ်ဆုံးသစ်တောကြီးကိုကြည့် ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများကလည်း စိတ်လှုပ်ရှားမှုကြောင့် သောက်ရူးကြယ်လေးများအလား တောက်ပနေခဲ့သည်။