အခန်း (၁၁၃)
Vol. 9 Ch. 113
----------
လုံထန်လည်း အောင်းယွီရန်ပျော်နေသည့်ကိုကြည့်၍ ထောက်ခံလိုက်သည်။ နှစ်ပိုင်းများစွာအကြာ ပိတ်လှောင်ထားခဲ့ရသော သူမ၏ အတွေ့ကြုံကို သူနားလည်နိုင်သည်။
သူမအချိန်တော်အကြာကြည့်နေပြီးနောက် လုံထန်၏ အမိန့်ပေးသံက ထွက်ခွာခဲ့သည်။
ကောင်းပြီ ~ အရှိန်ကိုမြင့်လိုက် ငါတို့သွေးနဂါးနယ်မြေကို ရောက် အမြန်ဆုံး ရောက်နိုင်အောင် လုံထန်က ပြောလိုက်သည်။
" ရွှေနဂါး "သင်္ဘော၏ ဝမ်းဗိုက်အပိုင်း၌ ရှိနေသော ထိန်းချုပ်ခန်း၏ အတွင်းမှ သူများက လုံထန်၏ အမိန့်ရသည့်နှင့် သင်္ဘော၏ အမြန်နူန်းကို မြင့်တင်လိုက်တော့သည်။
သူတို့၏ စစ်သင်္ဘော ခြောက်စီးက အရိပ်များအလား ကောင်းကင်ယံထက်၌ ဖြတ်သန်းပြေးသွားတော့သည်။
သူတို့လျှင်မြန်သော အမြန်နူန်းဖြင့်သွားမည်ဆိုလျှင်ပင် အချိန်က အနည်းဆုံးငါးရက်ခန့်တော့ကြာမြင့်နေမည်ဖြစ်သည်။
လုံထန်က ကုန်းပတ်၌ အောင်းယွီရန်မှ လွဲ၍ အခြားသောသူများကို ထွက်ခွာသွားခိုင်းလိုက်တော့သည်။ ဒီရက်များအတွင်း၌ သူအချိန်မဖြုန်းလို့ပဲ " ဒြပ်စင်ငါးခု နဂါးလက်ဝါး " လျို့ဝှက်ကျင့်စဉ်ကို လေ့ကျင့်ပြင်လိုက်သည်။
ရက်အချို့ ဒြပ်စင်ငါးခုနဂါးလက်ဝါး လျို့ဝှက်ကျင့်စဉ်ပထမအဆင့်ဖြစ်သော " တောင်လောင်မီးတောက် နဂါးလက် " ကိုလေ့ကျင့်ထားခဲ့ပြီဖြစ်သည်။
လေ့ကျင့်ချိန်နည်းနေသေးသော်လည်း ၎င်း၏ အတွင်း၌ ပါဝင်သော ကျင့်စဉ်၏ အနှစ်သာရကို ဖမ်းဆုပ်မိလုနီးပါးဖြစ်နေခဲ့သည်။
လုံထန်က ကုန်းပတ်၏ ပေါ်၌ သူ၏ ချီစွမ်းများကို ထိန်းချုပ်ထား၍ အခြေခံကြသော နည်းလမ်းအတိုင်း နှေးကွေးစွာဖြင့်လှုပ်ရှားနေခဲ့တော့သည်။
လုံထန်၏ လှုပ်ရှားမှုတိုင်းက အနည်းငယ်ဆန်းကျယ်သော်လည်း ဘေးနားမှ လုံထန်စောင့် နေခိုင်းသော ကြောင့်ရှိနေသော ကြည့်ရူနေသော အောင်းယွီရန်မှာ လုံထန်၏ လှုပ်ရှားမှုများက နှေးကွေးဟန်ရှိသောလည်း နောက်ကွယ်၌ ပုန်းအောင်းနေသော ပြင်းထန်သည့်စွမ်းအားများကို ခံစားမိနေခဲ့သည်။
သူတို့အားလုံးက လမ်းခရီး၌ အခက်ခဲမရှိ သွားနေခဲ့ကြသည်။
အချိန်ခြောက်ရက်ခန့်က မျက်စိတစ်မှိတ်အတွင်း၌ ကုန်ဆုံးသွားခဲ့သည်။ သူတို့၏ အရှေ့၌ သွေးနဂါးနယ်မြေသို့ လှမ်း၍ မြင်နေရပြီဖြစ်သည်။
သူတို့အားလုံးက မီးနဂါးနယ်မြေကို ဖြတ်ကျော်ခဲ့ရသော်လည်း နယ်စပ်စောင့်ကြပ်သည့် ဗိုလ်ချုပ်က မရှိနေ၍ သူတို့က နယ်စပ်စောင့်စစ်သည့်များက အလွယ်တစ်ကူဖြင့် လှည့်စား၍ ဖြတ်ကျော်လာခဲ့သည်အတွက် သူတို့၏ သတင်းများက မပြန့်နှံသွားသေးချေ။
လုံထန်က သူ၏ အရှေ့ရှိသွေးနဂါးနယ်မြေကို သေချာကြည့်လိုက်သည်။ ဤနယ်မြေက သူ၏ အပိုင်ဖြစ်ခဲ့ဖူးသည်။ ယခင်အချိန်က သူရှိနေခဲ့သည်မှာ အချိန်က အနည်းသာဖြစ်ခဲ့သော်လည်းသက်ရှိများစုံလင်စွာဖြင့် စီကားသိုက်မြိုက်ခဲ့ဖူးသည်။ ယခုအချိန်၌တော့ သွားလာနေသော သက်ရှိများရှိသော်လည်း အနည်းငယ်သာ သွားလာလှုပ်ရှားနေခဲ့ကြသည်။
လုံထန်က သူ၏ အတွေးများကို ဖြတ်လိုက်သည့် နောက်တစ်ချိန်သူဒါတွေကို ပြန်ပြီးတော့ပြုလုပ်နိုင်ပါသည်။ အရေးကြီးဆုံးက သွေးမြိုတော်ကိုသွား၍ ငရဲမီးဗိုလ်ချုပ်နှင့် ဝိညာဉ်ရေ ဗိုလ်ချုပ်၏ စစ်တပ်များနှင့် သွား၍ ပေါင်းစည်းက မိုးပြာနဂါးအင်ပါယာသို့သွားရမည်ဖြစ်သည်။
တစ်နာရီနည်းပါးကြာပြီးနောက် သွေးမြိုတော်သို့ သူတို့ ရောက်ရှိသွားခဲ့ကြသည်။ အရင်ထဲက ပြင်ဆင်ရန်အမိန့်ပေးထားသည့်အတွက် ငရဲမီးဗိုလ်ချုပ်နှင့် ဝိညာဉ်ရေဗိုလ်ချုပ်၏ စစ်သည်များပါသော " ဉက္ကာပျံ " စစ်သင်္ဘော လေးစီးမှာ သွေးမြိုတော်၏ ကောင်းကင်ယံ၌ အဆင့်သင့်သူတို့အလာကို စောင့်မျော်နေခဲ့ကြသည်။
အရှင်မင်းကြီး နဲ့ မင်းသမီးကို နှတ်ဆက်ပါတယ် ။ နတ်ဘုရားဗိုလ်ချုပ်နှစ်ယောက် လုံထန်နှင့် အောင်းယွီရန် ပါရှိသော " ရွှေနဂါး " စစ်သင်္ဘောသို့ ရောက်လာ၍ နှတ်ဆက်လိုက်သည်။
အင်း ~ ဗိုလ်ချုပ်တို့ မိုးပြာနဂါးအင်ပါယာကို ဒီဧကရာဇ်နဲ့အတူတူ သွားကြစို့ ။ လုံထန်က ဗိုလ်ချုပ်နှစ်ယောက်ကိုကြည့်၍ ပြောလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ။
ငရဲမီးဗိုလ်ချုပ်နှင့် ဝိညာဉ်ရေဗိုလ်ချုပ်တို့လည်း " ရွှေနဂါး " စစ်သင်္ဘောသို့တက်လိုက်သည်။ သူတို့၏ စစ်သည့်များက သားရဲဧကရာဇ်အဆင့် ဒုဗိုလ်ချုပ်များနှင့် လက်လွဲထားပြီဖြစ်သည်။
ဗိုလ်ချုပ်နှစ်ယောက်သည့်နှင့် ရပ်တန့်ထားသော ရွှေနဂါး စစ်သင်္ဘောက စတင်၍ တုန်ခါလာခဲ့ကာ လျှင်မြန်သော အရှိန်ဟုန်ဖြင့် မိုးပြာနဂါးအင်ပါယာသို့ဦးတည်၍ ထွက်ခွာသွားတော့သည်။
စစ်သင်္ဘောဆယ်စီးက အရှိန်ဟုန်မြင့်စွာဖြင့် ကောင်းယံ၌ ပျံသန်းနေခဲ့သည်။ မိုးပြာနဂါး အင်ပါယာမြို့တော်သို့ရောက်ရန် သူတို့၏လျှင်မြန်သော စစ်သင်္ဘောများနှင့်ပင် အနည်းဆုံး ဆယ်ငါးရက်တော့ကြာနိုင်သည်။
ငရဲမီးဗိုလ်ချုပ် ~ ကိုယ်တော်ကို ဒီသွေးနဂါးနယ်မြေရဲ့ ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်ကို သိထားသလောက်ပြောပါအုန်း ။ လုံထန်က ရွှေနဂါး သင်္ဘော၏ ကုန်းပတ်၌ ရူခင်းများကို ကြည့်ရူနေရင်းဖြင့် သူ၏ နောက်၌ ရိုသေစွာရပ်နေသော ဗိုလ်ချုပ်များကို ပြောလိုက်သည်။
တင်ပြတယ် ~ အရှင်မင်းကြီး ။
ဒီငယ်သားတို့ရောက်တဲ့ အချိန်မှာ သွေးနဂါးနယ်မြေက တော်တော်လေးဖရိုဖရဲ ဖြစ်နေပြီ ။ မြိုတော်တွေမှာတောင်မှ သက်ရှိတွေအနည်းငယ်လေးက လွဲလို့အခြားမရှ်ိပါဘူး ။ အရှင်မင်းကြီးပြောတဲ့ အတိုင်းလိုက်စုံစမ်းကြည့်ခဲ့တော့မှာ အဲဒီလူကို ဖမ်းခေါ်သွားခဲ့ကြောင်းသိရပါတယ် ။
အခြားလွတ်မြှောက်သွားတဲ့ အုပ်စုတွေလည်းရှိပါတယ် ။ သူတို့ကိုတော့ ဘယ်မှာ ပုန်းရှောင်နေလည်း မသိနိုင်ပါဘူး ။
ဒါပေမဲ့ အရင်နှစ်ရက်တုန်းက မီးနဂါးနယ်မြေကလူတွေ သွေးမြို့တော်ကို ပေါ်ပေါ်ထင်ထင်ဝင်လာနေပြီးသွားလာလှုပ်ရှားနေတာလည်း ရှိပါတယ် ။ ငရဲမီးဗိုလ်ချုပ်က သူသီထားခဲ့ရသမျှ မချွန်းမချန် အကုန်ပြန်၍ ပြောလိုက်သည်။
အင်း ~ နောက်ဆုံးတော့ အဲဒီ မြေခွေးလို့အဘိုးကြီး မစောင့်နိုင်တော့ဘူးပေါ့ ။ အခုလို အခြေနေကို စောင့်ကြည့်ပြီးရင် သူလှုပ်ရှားမှာပဲ ၊ သူမလှုပ်ရှားမှသာပဲ ထူးဆန်းနေမှာ လုံထန်ကအနည်းငယ်ပြုံးကာ ခေါင်းကိုရမ်း၍ တီးတိုးပြောလိုက်သည်။
မီးနဂါးနယ်မြေ၏ နယ်စပ်ကို စောင့်ကြပ်သော အဆင့်မြင့် ဗိုလ်ချုပ် တိတန်း က ယခင်ထဲက သွေးနဂါးနယ်မြေကို မျက်စိကျနေချင်းဖြစ်သည်။ ယခင်က မိုးပြာနဂါးနယ်မြေ၏ အာဏက တည်ငြိမ့်နေ၍ သူပေါ်တင်မလှုပ်ရှားခဲ့ပဲ အမှောင်ထဲမှာသာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ယခုလိုမိုးပြာနဂါးအင်ပါယာ၏ အာဏ ချိန်ဝင်လျှာ လှုပ်တုတ် လှုပ်တုတ်ဖြစ်နေခြင်းက ထိုမြေခွေးအိုကြီးကို အခွင့်ရေးပေးနေသကဲ့သို့သာ ဖြစ်သည်။