← Chapters

မိုးကြိုးမြို့တော်

Vol. 9 Ch. 114

မိုးကြိုးမြို့တော်

Vol. 9 Ch. 114

----------

အပြာရောင်ကောင်းကင်ကြီး၏ အောက်၌ တိမ်များလည်းကင်းစင်နေပြီးတော့ ကြည်လင်၍ တောက်ပနေခဲ့သည်။ ၎င်း၏ အောက်၌ မှု အလင်းတန်းများအလား ပျံသန်းနေသော စစ်ဘက်သုံး သင်္ဘော ဆယ်စီးဆယ်တစ်စီးခန့်က ပျံသန်းနေခဲ့သည်။

အလင်းတန်းများအလား ပျံသန်းနေသော စစ်သင်္ဘောများ၏ အမြန်နူန်းကြောင့် သူတို့ဖြတ်သန်းသွားရာ လမ်းကြောင်း၌အက်ကြောင်းကြီးဖြစ်ကျန်ခဲ့ကာ လေထုပင်လျှင် တုန်ခါနေခဲ့ကြသည်။

အချိန်များလျှင်မြန်စွာဖြင့် ဆယ်ငါးရက်ခန့်ကုန်ဆုံးသွားခဲ့သည်။

လုံထန်တို့အုပ်စုက မိုးပြာနဂါးအင်ပါယာနှင့် မိုင်တစ်သောင်းအကွာသို့ရောက်ရှိလာခဲ့သည်။

သူတို့အုပ်စုရောက်လာချိန်၌ မိုးပြာနဂါးအင်ပါယာမြို့တော်၏ အတွင်းဘက်အကျဆုံးအပိုင်း၌ မီတာတစ်သောင်းခန့်မြင့်မားသော တောင်ကြီး၏ ထိပ်မှာ အသက်အရွယ်ကြီးရင့်နေဟန်ရသော အဘိုးကြီးနှစ်ယောက်မှာ သူတို့၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူတို့၏ အော်ရာမှ အလွန်မြင့်မြတ်၍ ခမ်းနားကာ ဆန်းကျယ်လှသည်။

ထိုအဘိုးကြီးများ၏ မျက်လုံးဖွင့်လိုက်သော အခိုက်တန့်၌ အပြာရောင်မျက်စံများထံမှာ မိုးကြိုးအလင်းများ ထွက်လာခဲ့ကာ လေထုပင် ပြင်းပြင်းထန်ထန်ပေါက်ကွဲသွားကြသည်။

စွမ်းအားကြီးမားတဲ့သူတွေ ချည်းကပ်လာတယ် ။ ဘိုးကြီးနှစ်ဦးထံမှ ပို၍ အသက်ကြီးဟန်ရသော သူမှ ပြောလိုက်သည်။

ထိုလူက မိုးပြာနဂါးမျိုးနွယ်၏ ဆယ်ဆက်မြောက်မျိုးဆက်ဧကရာဇ်လုံချီယု ဖြစ်သည်။

ဟုတ်တယ် ~ သူခွန့်အားက အားနည်းဘူး အခြားတစ်မှလည်း ပြောလိုက်သည်။ ပြန်ပြောလိုက်သူက လုံချီယု၏ ညီဖြစ်သူ လုံကျားချီ ဖြစ်သည်။

သူတို့၏ မျက်နှာများက အနည်းငယ်လေးနက်မှုရှိနေခဲ့ကြသည်။ သို့သော်လည်း သူတို့၏ အော်ရာများကို မဖုံးကွယ်ပဲ အတိုင်းသားထုတ်လွတ်ထားခဲ့၍ အဝေးစီမှာစွမ်းအားကြီးသူတို့ကိုသတိပေးထားနေခဲ့သည်။

သူတို့၏ ကြောက်မက်ဖွယ်အော်ရာက မိုးကြိုးမြို့တော်တစ်ခုလုံးကို လွမ်းခြုံသွားစေခဲ့ကာ မြို့တွင်းရှိလူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ထိုအော်ရာက သူတို့ကို ဦးတည်ထားခြင်းမဟုတ်သော်ငြားလည်း မြို့အတွင်း၌ ရှိသော သက်ရှိတိုင်းကို အသက်ရူကြပ်အောင်ပြုလုပ်နေခဲ့သည်။

ဘာတွေဖြစ်နေတာလည်း ~ ဘိုးဘေးနဂါးတောင်က ဘိုးဘေးတွေ ဘာလို့သူတို့ရဲ့ အော်ရာကို ထုတ်လွတ်လိုက်တာလည်း ရန်သူတွေရောက်လာတာလား ။

ဘိုးဘေးတွေရဲ့အော်ရာက ငါတို့ကို သေအောင်လုပ်တော့မတက်ပဲ ။ ဘယ်လို့ရန်သူများရောက်လာတာလည်း ။

မြို့၏ အတွင်း၌ အမျိုးမျိုးသော အသံများထွက်လာခဲ့ကာ လူတိုင်းလည်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။ ဘိုးဘေးတွေတောင် လှုပ်ရှားရအောင် တစ်ဖက်ရန်သူက ဘယ်လောက်တောင် အားကြီးနေလို့လည်း ၊ ထိုအတွေးက သူတို့က ကြောက်ရွံ့စေ၏ ။

အချို့သူများမှာကြောက်ရွံ့နေကျသော်လည်း ကောင်းကင်သားရဲဘုံ ၊အထက်ဆင့်များက တော့ မိုးကြိုးမြို့တော်၏ ကောင်းကင်ယံသို့တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြသည်။

∆∆∆

မြို့တော်၏ အလယ်တည့်တည့်၌ ရှိသော ခမ်းနားသော နန်းတော်ကြီးများကြားမှာ နန်းတော် ဆောင်တစ်ခု၏ အတွင်း၌ မိဖုရားကျီရှား၏ ခမ်းနားထည်ဝါသော နန်းဆောင်ရှိ၏ ။ ၎င်းအတွင်း၌ လှပသော ပန်းဉယျာဉ်တစ်ခုရှိ၍ ကြည့်ရူနေဟန်ရသည့် မိဖုရှားကျီရှားက ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းလဲက သူမ၏ ကောင်းမွန်နေသော စိတ်အခြေနေကို ဆိုးဝါးသွားခဲ့သည်။

သူမ၏ စိတ်ခံစားချက်များက ကောင်းမနေခဲ့ချေ။ ယခုလိုအရေးကြီးနေသော အချိန်၌ မည်ကဲ့သို့သော် ရန်သူက ရောက်လာပြီး အခုလိုအုပ်အော်သောင်းနင်းဖြစ်စေသနည်း ။ ဤသည့်က သူမ၏ အစီစဉ်ကို ပျက်စီးစေနိုင်သည်။

လာကြစမ်း ~ မိဖုရားကျီရှား၏ အေးစက်စက်အော်သံက ထွက်လာခဲ့သည်။ သူမ၏ စကားသံအဆုံးသည့်နှင့် လေထဲမှ နေ၍ အနက်ရောင်ပုံရိပ်တစ်ခုက တစ္ဆေတစ်ကောင်အလား သူမနှင့် ဆယ်မီတာ အကွာ၌ ထွက်ပေါ်လာခဲ့သည်။

ဘယ်လို့ရန်သူရောက်လာလည်း သွားစုံစမ်းရေ ၊ ဒီဧကရီရဲ့ လမ်းကို ဝင်ရူပ်ရဲ ဒီဧကရီက တစ်ခါ သတ်ပေးလိုက်မယ် ။ မိဖုရားကျီရှား အသည်းခိုက်မတက် အေးစက်နေသော အသံက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။

အမိန့်တိုင်းပါ ~ အနက်ရောင်ပုံရိပ်က ဉယျာဉ်ထဲမှ ပျောက်ကွယ်သွားတော့သည်။

∆∆∆

" ရွှေနဂါး "စစ်သင်္ဘော၏ အပေါ်၌ လုံထန် နှင့် အောင်းယွီရန်က ဘေးချင်းယျဉ်၍ ရပ်နေပြီး၏ အဝေးမှ မိုးကြိုးမြို့တော်ကို ကြည့်နေခဲ့သည်။ သူတို့၏ နောက်၌ အကြီးကဲ နှစ်ယောက်နှင့် နတ်ဘုရားဗိုလ်ချုပ်ငါးယောက် ရှိနေခဲ့သည်။

အရှင်မင်းကြီး ~ တစ်ဖက်က နတ်ဘုရားသားရဲ ဘုံကျင့်ကြံသူတွေ ကျွန်တော်မျိုးတို့ကို တွေသွားပါပြီ ။ အောင်းလန် က လုံထန်ကို တင်ပြလိုက်သည်။

ဟုတ်လား ~ လုံထန်တစ်ယောက် အံဩသွားခဲ့သည်။ မိုးပြာနဂါး အင်ပါယာ၌ နတ်ဘုရားသားရဲဘုံအဆင့်စွမ်းအားကြီးသူ ရှိသည့်ကို သူမသိခဲ့ချေ။ သို့သော်လည်း သူပြန်တွေးကြည့်ရင်လည်း သူလို့လူတစ်ယောက်က သူ၏ ဖခင်ကိုပင် မတွေခဲ့ရသည့်မှာ ၊ ထိုကဲ့သို့ စွမ်းအားကြီး ပုဂ္ဂိုလ်ကြီး များကို ဘယ်မှာ တွေရမည်နည်း ။ လုံထန်က သူ၏ အတွေးက ရီမောမိကာ သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။

နတ်ဘုရားသားရဲဘုံ ၊ ဘယ်အဆင့်လောက်မှာရှိလည်း အာရုံခံမိလား ၊ လုံထန်က သူ၏ ရီစရာ အတွေးကို ဖယ်ထုတ်၍ ပြန်မေးလိုက်သည်။

နတ်ဘုရားသားရဲဘုံ ပဉ္စမ အဆင့် တစ်ယောက် ၊ တတိယအဆင့်တစ်ယောက်ပါ ။

အောင်းလန်က လုံထန်၏ အမေးကိုရိုသေစွာပြန်၍ ပြောလိုက်သည်။

သူတို့စကားပြောနေရင်းဖြင့် သူတို့၏ စစ်ဘက်သုံး သင်္ဘောများက မိုးကြိုးမြို့တော်၏ ဆယ်မိုင်အကွာသို့ရောက်လာ၍ ရပ်တန့်လိုက်သည်။

" ရွှေနဂါး " စစ်သင်္ဘော၏ နောက်၌ " ဉက္ကာပျံ " စစ်သင်္ဘော ဆယ်စီးကတန်းစီ၍ ရပ်နေခဲ့သည်။

သူတို့ သင်္ဘောများရပ်တန့်လိုက်ချိန်၌ တစ်ဖက်ရှိ မိုးကြိုးမြို့တော်၏ အတွင်းပိုင်းမှ နေ၍ စွမ်းအားကြီးအော်များ တဟုန်ထိုးတက်လာ၍ လျှင်မြန်နေသော အရှိန်ဟုန်ဖြင့် သူတို့ရှိရာသို့ ပျံသန်းလာသည့် ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလို့ပဲ သူတို့နှင့် တစ်မိုင်အကွာ၌ အဘိုးကြီးနှစ်ဦးတစ်ပြိုင်နက်ပေါ်လာခဲ့သည်။ကို လုံထန်တွေလိုက်ရသည်။

ထိုအဘိုးကြီးများက ဆံပင်၊ မုတ်ဆိတ် များဖြူနေ၍ သာ အဘိုးကြီးဟု ခေါ်ဆိုရခြင်းဖြစ်သည်။ သူတို့၏ အသားရဲ့များက ငယ်ရွယ်သူများသကဲ့ သို့နူးညံနေခဲ့ကာ မျက်နှာထက်၌လည်း အရေးအကြောင်းလေးအနည်းငယ်သာရှိသည်။

သူတို့၏ ကိုယ်၌ ထွက်ပေါ်နေသော အော်ရာက မြင့်မြတ်၍ တော်ဝင်ဆန်၏ ၊ တစ်ချိန်မှာ ထိုအော်ရာက အလွန်ကြောက်ဖွယ်ရာ ကောင်းနေပြန်သည်။ သူတို့၏ သူတို့၏ စူးရှနေသော အကြည့်များတစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ လုံထန် တစ်ယောက် ခံစားနေရသည်။

အသင့်တို့က ဘယ်သူတွေလည်း ၊ ကျွန်ုပ်တို့ရဲ့ မိုးပြာနဂါး အင်ပါယာကို အဘယ်ကြောင့်လာခဲ့ရတာလည်း ၊ လုံချီယုက အေးစက်စက် အကြည့်ဖြင့်မေးလိုက်သည်။

သူက တစ်ဖက်ရှိ လူများကို အကဲခက်ကြည့် ၎င်း၏ အလွင့်ထားသော အမှတ်သားကို ကြည့်သော်လည်း သူ၏ မှတ်ဉာဏ်အတွင်း၌ ရေရေရာရာ မမှတ်ပဲ ဝေဝါးနေခဲ့သည်။ တချိန်ထဲမှာ သူမြင်ဖူးသကဲ့သို့ ခံစားနေရသည်။

လုံထန်နှင့် အောင်းယွီရန် ၊ အကြီးကဲ နှစ်ယောက်တို့ကလည်း ရွှေနဂါး စစ်သင်္ဘော၏ ကုန်းပတ်အပေါ်မှ နေ၍ လေထဲသို့ ပျံသန်းလိုက်ရင်းဖြင့် အရှေ့သို့ ထွက်လိုက်၍ တစ်ဖက်ရှိ လုံချီယုနှင့် လုံကျားချီတို့နှင့် မျက်နှာခြင်းဆိုင်လိုက်တော့သည်။

All Chapters