← Chapters

အထူးမစ်ရှင်

Vol. 9 Ch. 115

အထူးမစ်ရှင်

Vol. 9 Ch. 115

-----

သူတို့နင့် မျက်နှာချင်းဆိုင်သို့ရောက်ရှိ၍ လာသော လူငါးယောက်ကို လုံချီယုနှင့် လုံကျားချီက အချိန်မရွှေးတိုက်ခိုက်နိုင်ဟန်ပြင်ဆင်ထားကာ စူးစိုက်၍ သေချာကြည့်နေခဲ့သည်။

တစ်ဖတ်၌ လုံထန်ကလည်း သူ၏ အရှေ့မှာ အဖိုးကြီးနှစ်ဦးကို သေချာကြည်၍ စစ်ဆေးနေခဲ့သည်။ သူတို့နှစ်ဦးနဲ့ မျက်နှာချင်းဆိုင်ပြီးသည့်နောက် လုံထန်က သူ၏ မျက်နှာ အမှုရာကို ပြောင်းလဲလိုက်သည်။

ကျွန်ုပ်လုံထန်က ဘိုးဘေးတွေကို နှတ်ဆက်ပါတယ်။

ဟမ့် ~ ဘာတုန်းဟ ၊ လုံချီယု နှင့် လုံကျားချီတို့နှစ်ဦးစလုံး တိုက်ခိုက်နိုင်သည့်ကိုယ်ဟန်ကို အဆင့်သင့်ပြင်ထားခဲ့သော်လည်း ရုတ်တရက်အပြောင်းလဲကြောင့် သူတို့နှစ်ဦးစလုံး အံဩကာ ကျက်သေသေသွားခဲ့သည်။

မင်းက ငါတို့မျိုးနွယ်စုကလား ၊ အချိန်အတော်ကြာသည့်အထိ မင်သက်ကာ အံဩနေပြီးနောက်တွင် ပြန်လည်၍ သတိပြန်ဝင်လာသော လုံချီယုက လုံထန်ကို သေချာကြည့်၍ မေးလိုက်သည်။

ဟုတ်ပါတယ် ~ အရင်ချိန်တုန်းကပါ ကျွန်ုပ်က မိုးပြာဂါးမျိုးနွယ်စုရဲ့ ခြောက် ယောက်မြောက် မင်းသားတစ်ယောက်ပါ ၊ အခုတော့မဟုတ်တော့ပါဘူး ။ကျွန်ုပ်က မိုးပြာနဂါးမျိုးနွယ်က နှင်ထုတ်ခံလိုက်ရတော့ အခုအချိန်မှာတော့ မိုးပြာနဂါးမျိုးနွယ်စုနှင့် လားလား မှ မဆိုင်တော့ပါဘူး ။ လုံထန်က ရီမောလိုက်ရင်းဖြင့်ပြောလိုက်သည်။

ဒါက ~ ဘာအဓိပ္ပာယ်လည်း လုံချီယုနှင့် လုံကျားချီတို့ နှစ်ဦးစလုံး လုံထန်စကားကိုနားထောင်ပြီးနောက်ပြန်လှည့်က မင်သက်သွားခဲ့ပြန်သည်။

ဒီအငယ်လေးလာတာက ၊ ပြသာနာဖြစ်စေချင်မဟုတ်ပါဘူး ။ ကျွန်ုပ်ရဲ့ လူတွေကို ဖမ်းစီးသွားလို့ ပြန်ပြီးတော့ လွတ်ပေးနိုင်မလားမလို့မေးရုံပါ ။ လုံထန်က သူ၏ စကားဆုံးသည့်နှင့် အောင်းယွီရန်၏ ကျင့်ကြံမှုအချိန်ကို ယူဆောင်ယူ သူ၏ ခန္ဓာကိုယ်မှ တစ်ဆင့် နတ်ဘုရားသားရဲဘုံ အော်ရာကို ထုတ်လွတ်လိုက်သည်။

လုံချီယု နှင့် လုံကျားချီ၏ အော်ရာထက် အားနည်းကာ အေးစက်နေသော်လည်း လုံထန်၏ အော်ရာက မိုးကြိုးမြို့တော်သို့ လွမ်းခြုံသွားခဲ့သည်။ နတ်ဘုရားသားရဲဘုံအဆင့် သုံးယောက်၏ အော်ရာကြောင့် မိုးကြိုးမြို့တော်ကြီးလည်း တုန်ခါနေခဲ့သည်။

ဘာဒီအရွယ်လေးနဲ့ နတ်ဘုရားသားရဲဘုံလား ၊ ဘာတွေဖြစ်ကုန်တာလည်း ၊ လုံချီယုနှင့် လုံကျားချီတစ်ယောက်အံဩ ထိတ်လန့်သွားခဲ့သည်။ လုံချီယုက သူစိတ်ထဲမှာ နေ၍ သူ၏ သားဖြစ်သူ လုံချီကျန်းကို ဆဲဆိုလိုက်သည်။ ( လုံချီကျန်း လက်ရှိမိုးပြာနဂါးမျိုးနွယ်စုကို အုပ်ချုပ်သော ဧကရာဇ်၏ အမည် လုံထန်၏ အဖေပါ ) ။

သူ၏အပြင်ဘက် မျက်နှာက အနည်းငယ်ပြုံးလိုက်ပြီးနောက် လုံထန်ကိုကြည့်၍ပြောလိုက်သည်။ မင်းရဲ့ လူတွေကို ဘယ်သူဖမ်းစီးသွားတာလည်းဆိုတာ ဒီအဘိုးကြီးတွေသိလို့ရမလား ။ လုံချီယုက လုံထန်ကိုကြည့်၍ တည်ငြိမ်စွာဖြင့်မေးလိုက်သည်။ သူတို့က ဘိုးဘေးနဂါးတောင်၌ သာနေပြီးတော့ အင်ပါယာ၏ အရေးကိစ္စများကို ဝင်မရူပ်ခဲ့သည့်အတွက် အသေးစိတ်ကျသော ကိစ္စများ သေချာမသိချေ။

မိဖုရားကျီရှားပါ ~ ဒီက ဘိုးဘေးနှစ်ဦးစလုံးကလည်း ဒီအငယ်လေးရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စည်းပေးမယ်လို့မျော်လင့်ပါတယ် ။ လုံထန်က ပြုံး၍ သူခန္ဓာကိုယ်ကို အနည်းငယ် ဦးညွတ်၍ ပြောလိုက်သည်။ သူအနေနှင့် မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးများကို မကြောက်သော်လည်း ပုံမှန်အတိုင်းသာ ဖြေရှင်းရချင် အကောင်းဆုံးပင် ။ သူတို့က သူ၏ တောင်းဆိုမှုကို လက်မခံပါက သူတိုက်ခိုက်ဖို့အတွက် ဝန်လေးနေမှာမဟုတ်ချေ။ ဤမျိုးနွယ်စု၏ အတွင်း၌ သူတွယ်တာ စရာ တစ်ခုမှကိုမရှိခဲ့ချေ။

ဒင် ! အထူးမစ်ရှင်ကို အသက်သွင်းလိုက်ပါပြီ ။

{ မစ်ရှင် ~ အသေး စိတ်။ နဂါးမျိုးနွယ်စုများကို စုစည်းရန် }

ဆုလဒ်~ ???

အချိန်အကန့်သတ် ~ မရှိ ။

မှတ်ချက် မျိုးနွယ်စုကို တစ်ခုကို စုစည်းပြီးချိန်တိုင်း ဆုလဒ်များရရှိနိုင်ပါတယ် ။

∆∆∆

ဒင် ! မစ်ရှင်ခွဲအသက်ဝင်လာပါပြီ ။ မိုးပြာနဂါးမျိုးနွယ်စုကို သိမ်းပိုက်ပါ ။

[ ဆုလဒ်~ နဂါးထိန်းချုပ်ခြင်းစာအုပ် ]

[အချိန်အကန့်သတ် ~ တစ်လ ]

လုံထန်က သူ၏ မျက်စီအရှေ့၌ ရုတ်တရက်ကြီးဆိုသလို့ပေါ်လာသော မှန်ဘောင်ပြင်၏ စာတန်းများကြောင့် အံဩသွားခဲ့သည်။

နဂါးမျိုးနွယ်စုများအားလုံးကိုစုစည်းရန် ၊ နဂါးမျိုးနွယ်စုတစ်ခုကို သိမ်းပိုက်ပြီးတိုင်းကြီးမားသော ဆုလဒ်များရရှိမည်ဖြစ်သည်။" နဂါးထိန်းချုပ်ခြင်း စာအုပ် " က ဘာလည်းဆိုသည့်မှာ သူသေချာမသိရှိခဲ့သော်လည်း " စနစ် " ထံမှ ဆုလဒ်များက အံဩစရာဖြစ်နေမည့်မှာ အထူးပြောစရာမလိုအပ်ချေ ။ ဤအတွက်ကြောင့် လုံထန်၏ မျက်ဝန်းများက ထူးထူးခြားခြား တောက်ပသွားခဲ့သည်။

နဂါးမျိုးနွယ်စုအားလုံးကို စုစည်းရန်တဲ့လား ၊ အံဩစရာကိစ္စပဲငါသဘောကျတယ် ။ လုံထန်က သူ၏ နှတ်ခမ်းကို တွန့်ကွေးစွာဖြင့် ရေရွတ်လိုက်ရင်းဖြင့် သူ၏ ဦးညွတ်နေသော ခေါင်းကို မြှောက်လိုက်သည်။

ပြီးတော့ ဒီအငယ်လေးပြောချင်သေးတာက ၊ မိုးပြာနဂါးဘုရင့်ကြီးက ကျန်းမာရေးမကောင်းလို့ လက်ရှိမိုးပြာနဂါးမျိုးနွယ်စုက အုပ်ချုပ်သူကင်းမဲ့နေပါတယ် ။ မျိုးနွယ်စုကြီးတစ်ခုအနေနဲ့ အုပ်ချုပ်သူကင်းမဲ့တာမျိုးကမဖြစ်သင့်ပါဘူး ။ အဲဒီအတွက်ကြောင့် ဒီအငယ်လေးက မိုးပြာနဂါးမျိုးနွယ်စုကို လက်လွဲယူပြီးတော့ အုပ်ချုပ်ဖို့ ဘိုးဘေးတွေကို အသိပေးပါရစေ ။ ဘိုးဘေးများက လက်ခံနိုင်မယ်မလား ။ လုံထန်က ပြုံး၍ ပြောလိုက်သည်။

သူ၏ စကားများကို လုံချီယုနှင့် လုံကျားချီတို့ နှစ်ဦးစလုံးကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့အရှေမှ ကလေးက ထိုမျှအထိ ရဲတင်းမည့်ဟု သူတို့မတွေးမိချေ။ တစ်ဖက်မှ ကြည့်ပြန်ရင်လည်း ဤကလေး၏ ကျင့်မှုက အံဩဖွယ်ရာပင် သူတို့မည်ကဲ့သို့စကားမျိုးပြန်လည်၍ ပြောဆိုရမည်ကို မသိ အခက်တွေ့နေခဲ့သည်။

ကြီးကျယ်လိုက်တာ ၊ အစေခံရဲ့သား မြင့်မြတ်တဲ့ ဧကရာဇ်၏ နေရာကို မှန်းဆရဲတယ်ပေါ့ ။ လုံချီယုနှင့် လုံကျားချီတို့ စဉ်းစားနေချိန်၌ မိုးကြိုးမြို့တော်၏ အတွင်းမှ အေးစက်နေသောအသံဖြင့် လှောင်ပြောင်ရီမောသံက ထွက်လာခဲ့သည်။ ထိုအသံအဆုံး၌ မိုးကြိုးမြိုတော်၏ အတွင်းမှ ပုံရိပ်သုံးခုပျံသန်းလာခဲ့သည်။

လုံထန်တစ်ယောက် သူကို လှောင်ပြောင်သံကိုကြားချိန်၌ သူ၏ ခန္ဓာကိုယ်အတွင်းမှ အေးစက်သော အော်ရာများက ပေါက်ကွဲထွက်လာခဲ့သည်။ ဤအသံကို သူတစ်သက်မမေ့ချေ။ ကျီရှား လုံထန်က ထိုအမည်ကို တီးတိုးရေရွတ်လိုက်ရင်းဖြင့် သူခန္ဓာကိုယ်မှာ အော်ရာများက ကြမ်းတမ်းလာ၍ အရိုင်းဆန်လာခဲ့သည်။ သူ၏ ဒေါသများကြောင့် မျက်ဝန်းများက အနီရောင်အလင်းတန်းများဖြာထွက်နေခဲ့သည်။

ထိုအပြောင်းလဲကို မြင်ချိန်၌ အောင်းယွီရန်က လုံထန်၏ လက်ကို ညှင်သာစွာဖြင်ကိုင်လိုက်၍ သူမ၏ လက်ဖဝါးနုနုလေးများဖြင့် စိတ်မလှုပ်ရှားရန် ပုတ်ပေးနေခဲ့သည်။

လုံထန်လည်း အောင်းယွီရန်၏ အပြုမှုကြောင့်သူ၏ စိတ်များကိုပြန်လှည့်ထိန်းချုပ်လိုက်သည်။ သူဟ ခန္ဓာကိုယ်မှာ ထွက်ပေါ်နေသော ရိုင်းစိုင်းခက်ထန်သော အော်ရာများမှာလည်း ပြန်လှည့်၍ ပျောက်ကွယ်သွားခဲ့သည်။ ထိုနောက်သူက အဝေးမှ လာနေသော ပုံရိပ်များကို ကြည့်လိုက်သည်။

အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထား၍ ရေခဲ သရဖူကို ဆောင်းထားသော အမျိုးသမီးက အထင်သေးသော အကြည့်ဖြင့် ကြည့်နေခဲ့ကာ သူမ၏ နောက်ရှိ အနက်ရောင် ဝတ်စုံဝတ် နှစ်ယောက်ကို ဦးဆောင်၍ သူတို့အနီးသို့ရောက်လာခဲ့သည်။

မတွေ့တာကြာပြီနော် ~ သားတော်ခြောက် ၊ အလျှင်အမြန်ကြီးပြင်းလာတာပဲ ၊ ကျီရှားက လုံထန်ကို ကြည့်၍ သူမ၏ သားငယ်လေးအလားပြောလိုက်သည်။ သို့သော်သူမ၏ မျက်လုံးများ၏ အတွင်း၌ အထင်သေးရွံ့ရှာမှုများအပြည့်ပင် ။

သားတော်ခြောက် အင်ပါယာရဲ့ ဧကရာဇ်ရာထူးက ၊ မြင့်မြတ်တဲ့မျိုးနွယ်စုတွေအတွက်ပဲ၊ အစေခံမျိုးနွယ်စုတွေအတွက် မဟုတ်ဘူးဆိုတာ သိသင့်တယ် ။ ကျီရှား၏ လှောင်ရီသံက ထပ်မံ၍ ထွက်လာခဲ့သည်။

စတင်၍ရောက်လာချိန်ထဲက သူမက မိုးပြာနဂါးမျိုးနွယ်စု ဘိုးဘေးများကိုမကြည့်ချေ။ လုံထန်ကိုကြည့်၍ စကားပြောနေခဲ့သည်။

လုံထန်က မိဖုရားကျီရှား၏ လှောင်ပြောင်သံကြောင့် ဒေါသထွက်နေခဲ့သော်လည်း အောင်းယွီရန်၏ နှစ်သိမ့်မှုကြောင့်သူ၏ ဒေါသကို ထိန်းချုပ်ထားခဲ့သည်။ မိဖုရှားကျီရှား၏ စကားများကို လစ်လျုရှုပြီး မိုးပြာနဂါးဘိုးများဖြစ်သော လုံချီယုနှင့် လုံကျားချီကို ကြည့်လိုက်သည်။

ဘိုးဘေးနှစ်ယောက်ကော ဒီအငယ်လေးရဲ့ ပြောသည့်စကား တွေကို ဘယ်လို့မြင်ပါလည်း လုံထန်က ပြုံး၍ ပြောလိုက်သည်။ သို့သော်သူ၏ အပြုံးများကတော့ အေးစက်နေခဲ့သည်။

ဘယ်လို့ ~ နင်လို့အစေခံမသားက ၊ ဒီဧကရီကို လှစ်လျုရူရဲတယ်ပေါ့ ။ မိဖုရားကျီရှား၏ မျက်လုံးများက အေးစက်နေသောသတ်ဖြတ်ချင်စိတ်များဖြင့် လင်းလတ်သွားခဲ့သည်။ သို့သော်လည်း ၎င်းတို့က အချိန်ခနတာလေးသာ ရှိနေခဲ့ပြီး အခြားသူများသတိမထားမိခင်ပျောက်ကွယ်သွားခဲ့သည်။ သူမက ပြုံးလိုက်၍ မိုးပြာနဂါးဘိုးဘေးများဖြစ်သော လုံချီယုနှင့် လုံကျားချီ၏ နှတ်မှ ထွက်လာမည့်စကားကို စောင့်မျော်နေခဲ့သည်။

လုံချီယုနှင့် လုံကျားချီတို့က သူတို့နှစ်ဦးကိုဝိုင်းဝန်းကြည့်နေကျသော အကြည့်များ၏ အောက်၌ ဆုံးဖြတ်ချက်ချရကျပ်ခဲ့ကြသည်။

မျိုးနွယ်စုမှာ အုပ်ချုပ်သူမရှိလို့မရတာမှန်ပေမဲ့ လက်ရှိမှာ မျိုးနွယ်စု ဧကရာဇ်က ရှ်ိနေသေးတယ် ။ နောက်ထပ် ဧကရာဇ် အသစ်တင်မြှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ မျိုးနွယ်စုရဲ့ ဧကရာဇ်တစ်ပါးဖြစ်လာဖို့ တော်ဝင်မျိုးနွယ်စုရဲ့ သွေးလည်းလိုအပ်သလို့ အခြားသော လူများ၏ ထောက်ခံမှုကိုလည်း လိုအပ်သေးတယ် ။ မဟုတ်ရင် အတွင်းပိုင်းပြသာနာတွေ တစ်စီတစ်တန်းဖြစ်လာလေ့မယ် ။ လုံချီယုက အားလုံးကြားနိုင်လောက်သည့်အသံဖြင့် ပြောလိုက်သည်။

ဒါဖြင့်ရင့် ၊ ဒီအငယ်လေးရဲ့ တောင်းဆိုမှုက အလုပ်ဖြစ်ပုံမရဘူးပဲ ။ စိတ်မကောင်းစရာပဲ။ လုံထန်က သူ၏ ဦးခေါင်းကို ခါရမ်း၍ ပြောလိုက်သည်။

အဲဒီတော့ဒီအငယ်လေးကို အပြစ်မမြင်ပါနဲ့ ၊ ဒီအငယ်လေးမှမဖြစ်မနေ လုပ်ကိုလုပ်ရမဲ့ အရာက ရှိနေသေးလို့ပါ ။ လုံထန်က ပြုံး၍ ပြောလိုက်သည်။ သို့သော်လည်း ပြောနေရင်းဖြင့် သူ၏ ခန္ဓာကိုယ်မှ အေးစက်သော အော်ရာများက ဖြာထွက်လာခဲ့သည်။

All Chapters