← Chapters

အကြွေးတင်နေရင် ပြန်ဆပ်ရမယ် ။

Vol. 9 Ch. 116

အကြွေးတင်နေရင် ပြန်ဆပ်ရမယ် ။

Vol. 9 Ch. 116

----------

လုံထန်၏ စကားကိုကြားသည့်နှင့် လုံချီယု နှင့် လုံကျားချီတို့က မျက်မှောင်ကြုပ်သွားကျသွား၏ ။ မင်းဘာကိုဆိုလိုချင်တာလည်း လုံကျားချီက အေးစက်သော အကြည့်ဖြင့် လုံထန်ကိုကြည့်၍ မေးလိုက်သည်။

မိဖုရားကျီရှားကလည်း လုံထန်ကိုမျက်မှောက်ကြုပ်၍ ကြည့်လိုက်သည်။ သူမ၏ စိတ်ထဲ၌လည်း လုံထန်လုပ်မည်အရာများကို တွေးနေခဲ့သည်။

ဒီအငယ်လေးပြောချင်တာ ဘိုးဘေးတို့က ဒီအငယ်လေးရဲ့လမ်းကို လာမရူပ်ပါနဲ့လိုပါ ။ အဲဒီလိုသာဖြစ်ခဲ့ရင် ဒီအငယ်လေးကလည်း ဘိုးဘေးတို့ကို ကျေးဇူးတင်နေမှာပါ ။ နောက်ပြီးတော့ မိဖုရားကြီးလည်း အတိတ်က အကြွေးတွေကို ပြန်ဆပ်သင့်ပြီလို့ထင်တယ်နော် လုံထန်ကပြုံးလိုက်ရင်းဖြင့် မိဖုရားကျီရှားကိုကြည့်၍ ပြောလိုက်သည်။ အကြွေးရှိရင် ပြန်ဆပ်ရမယ် နော် ။

မင်းစကားကဘာစကားလည်း လုံကျားချီက ဒေါသတကြီးဖြင့်ပြောလိုက်ရင်းဖြင့် သူ၏ နတ်ဘုရားသားရဲဘုံ တတိယအဆင့် အဆင့်မြင့်အဆင့် ၏ အော်ရာက အပြည်ဝထွက်ပေါ်လာခဲ့သည်။ လေထုကလည်း မျက်စိဖြင့်မြင်နိုင်သော အဟုန်ဖြင့် တွန်လိမ့်လာခဲ့တော့သည်။ သူ၏ မျက်ဝန်းများကလည်း ဒေါသကြောင့်အလင်းတန်းများဖြင့် ပြည့်နက်နေခဲ့သည်။

လုံကျားချီတိုက်ခိုက်ဟန်ပြင်လိုက်ချိန်၌ လုံချီယုက ခေါင်းရမ်းပြ၍ သူ၏ ညီဖြစ်သူကိုတားလိုက်သည်။ လုံချီယု၏ ဟန့်တားမှုကြောင့် လုံကျားချီက သူ၏ အရှိန်ဝါများကို ပြန်လှည့်သိမ်းလိုက်သည်။

အို့ ~ ဘယ်အကြွေးကိုများပြောတာလည်း ဒီမိဖုရားက မသိဘူးဆိုတော့ သားတော်ခြောက်က သတိပေးမှထင်တယ် ။ မဟုတ်ရင် ဒီမိဖုရားက မှတ်မိမယ်မထင်ဘူး ။ ဒီမိဖုရားက အရေးမပါတာတွေဆို မှတ်မထားတက်တော့ သားတော်ခြောက်က သတိပေးပါအုန်း ။

ဟိဟိ ~ ကျီရှား၏ လှောင်ပြောင်ရီမောလိုက်ကာ လုံထန်ကိုကြည့်၍ပြောလိုက်သည်။

ကောင်းတယ် ~ သိပ်ကောင်းတယ် ၊ ခနကြာရင် ခင်ဗျားဒီလို့ရီမောနိုင်မယ်လို့ ထင်ပါတယ် ။ လုံထန်က သူ၏ အော်ရာများကို ထုတ်လွတ်၍ ပြောလိုက်သည်။

အို့ ~ ဒီမိဖုရားကို ဒီလောက်လေးနှင့်အနိုင်ယူနိုင်မယ်လို့ တွေးထားရင်တော့ သားတော်ခြောက်က ဒီမိဖုရားကို အရမ်းအထင်သေးနေပြီပဲ ။ မိဖုရားကျီရှားက စကားပြောနေရင်းဖြင့် သူမ၏ အကြည့်များအေးစက်လာခဲ့ကာ ပတ်ဝန်းကျင်က အနုတ် တစ်ရာဒီကရီ အထက်သို့ပင်ရောက်ရှိသွားသည့်ထင်ရသည်။

သူမအမှန်ပင်ဒေါသထွက်နေပြီဖြစ်သည်။ သူမ၏ အစီစဉ်တွေ ဒီငနဲ့ကြောင် ပျက်စီးရတော့မည်ဖြစ်သည်။ အခုကဲ့သို့ အရေးကြီးနေသော အနေထားမျိုး၌ ယခုလိုဖြစ်လာခြင်းက သူမ၏ သွားမည့်လမ်းကြောင်းကို တားစီးနေခြင်းပင်ဖြစ်သည်။ သူမ၏ ဘဝ၌လည်း ယခုလောက်အထိ တစ်ခါမှ ဒေါသမထွက်ဖူးချေ။ သူကိုယ်သတ်ရမည်သူမ၏ စိတ်ထဲ၌ ကျယ်လှောင်ဟစ်ကြွေးနေခဲ့သည်။ သို့သော် အပေါ်ယံ၌ မှု အပြုံးမပျက်ချေ။

သားတော်ခြောက် ~ သားတော်ခြောက် မင်းတစ်ကယ်ကို ကြီးပြင်းလာတာပဲ ။ မင်းကို ဆက်ပြီးတော့ အသက်ရှင်ခွင့်ပေးထားလို့မရတော့ဘူး ။ သူကိုသတ်လိုက်တော့ မိဖုရားကျီရှားက အေးစက်နေကာ သတ်ဖြတ်လို့သော အကြည့်များဖြင့် သူမ၏ နောက်မှာ အနက်ရောင်အရိပ်များကို ပြောလိုက်သည်။

"ဘန်း "

နတ်ဘုရားသားရဲဘုံ တတိယအဆင့် အစောပိုင်းနှင့် စတုတ္ထအဆင့် အလယ်လတ် ၏ အော်ရာက အနက်ရောင် ပုံရိပ်နှစ်ခုထံမှ ထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်ပုံရိပ်နှစ်ခုမှ အလွန်လျှင်မြန်လှသည်။မိဖုရှားကျီရှား၏ အမိန့်ရသည့်နှင့် ချက်ချင်းပျောက်ကွယ်သွား၍ လုံထန်တို့နှင့် မီတာတစ်ရာသို့ရောက်လာပြီး ကြီးမားသော စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နဂါးလက်ကြီးဖြင့် ကုတ်ချလိုက်သည်။

သေစမ်း ။

ရဲတင်းလိုက်တာ ၊ နဂါးဧကရာဇ်ကိုယ် မလေးအစားနဲ့ အောင်းမင်က သူ၏ အော်သံနှင့်အတူတူ အရှေ့သို့ထွက်ခွာလာခဲ့သည်။ နတ်ဘုရားသားရဲဘုံ စတုတ္ထအဆင့်၏ အဆင်မြင့်သို့ ရောက်ရှိနေခဲ့သော် သူ၏ အော်ကိုထုတ်လိုက်ရင်းဖြင့် သူတို့ထံသို့ ဦးတည့်လာသော စွမ်းအင်နဂါးလက်ကြီးကို ဦးတည်၍ ရွှေရောင်နဂါးလက်ကြီးတစ်ဖက်ကို ထုတ်လွတ်လိုက်သည်။

အောင်းလန်၏ ရွှေရောင်နဂါးလက်ကြီးနှင့် တွေချိန်၌ အနက်ရောင်ပုံရိပ်နှစ်ဦး၏ စွမ်းအင်နဂါးလက်ကြီးက စက္ကူတစ်စ အလားဖျက်စီးခံလိုက်ရသည်။

ဘာလည်းဟ ~ နတ်ဘုရားသားရဲဘုံ စတုတ္ထအဆင့် လား ။ မိဖုရား ကျီရှားက မျက်မှောင်ကြုပ်၍ ရေရွတ်လိုက်သည်။ အရင်က သူတို့၏ ဖုံးကွယ်ထားမှုက သူမပင် ဖြတ်မမြင်ရချေ။ ထိုအပြင် လုံထန်ဘက်မှာ လုံထန်၏ အနီးနားမှ အမျိုးသမီးတစ်ယောက်သာ နတ်ဘုရားသားရဲဘုံ ပထမအဆင့်၌ ရှိသည့်ဟုတွေးထားခြင်းဖြစ်သည်။

အောင်းလန်နှင့် အောင်းမင်တို့၏ အထူးဖုံးကွယ်ထားသော နည်းလမ်းက အခြားသူများပင် ဖြတ်မမြင်နိုင်ခဲ့ချေ။

ဘေးနားမှ ကြည့်နေသော လုံချီယုနှင့် လုံကျားချီမှာလည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။ ဤသည့်က သူတို့ အစောလေးက သတိထားခဲ့မိသည့် အော်ရာဖြစ်သည်။ သို့သော်ခနတာလေးနဲ့ ပြန်လည်ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ဤအရာထက် သူတို့ကိုယ်ပို၍ အံဩစေတာက သူတို့၏ မျက်စိအောက်၌ပင် နတ်ဘုရားသားရဲဘုံ တတိယအဆင့်နှင့် စတုတ္ထအဆင့်ကို ဖုံးကွယ်ထားသော မိဖုရားကျီရှားကို ဖြစ်သည်။

မိဖုရားကျီရှားက သူတို့ကို ဂရုစိုက်ခြင်းမရှိချေ။ သူမက သူ၏ အတွေး၌ နှစ်မြုပ်နေဟန်ရသည်။၎င်းက အချိန်အနည်းလေးသာဖြစ်သည်။ ယနေ့က သူမက ဖုံးကွယ်ထားမှု အချို့ပေါ်သွား၍ ဆက်ပြီးတော့ မဖုံးကွယ်ထားချင်တော့ချေ။

ကြည့်ရတာ သားတော်ခြောက်မှာလည်း အကူညီတွေရထားပုံရတယ် ။ ဒီမိဖုရားကိုယ် ဒီလိုဖိအားပေးတော့မှလည်း ဒီမိဖုရားကလည်း အဆုံးစွန်အထိကို ကိုင်တွယ်ပေးရမှာပေါ့။ ကျီရှားက သူမ၏ စကားဆုံးသည့်နှင့် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာက လျှင်မြန်စွာပြောင်းလဲသွားတော့သည်။

အားလုံး၏ အကြည့်များအောက်၌ သူမ၏ ပုံမှန်ထုတ်လွတ်ထားသော သားရဲဧကရာဇ်အဆင့်၏ အော်ရာကမြင့်တက်လာခဲ့ကာ အချိန်အတိုအတွင်းမှာ သားရဲအရှင်သခင်အဆင့်၏ ထိပ်ဆုံးသို့ရောက်သွားခဲ့သည်။ ထိုမျှနှင့် ရပ်တန့်ခြင်းမရှိချေ ။ ဆက်လက်၍ မြင့်တက်နေပြီး အချိန်အနည်းငယ်လေးနှင့် နတ်ဘုရားသားရဲဘုံ သို့ဝင်ရောက်သွားခဲ့သည်။

အေးစက်သော အော်ရာများက မိုးကြိးမြို့တော်ကြီးကို ဖုံးအုပ်သွားခဲ့သည်။ မိဖုရားကျီရှား၏ အဆင့်ကလျှင်မြန်စွာဖြင့် ထိုးတက်နေခဲ့ကာ နတ်ဘုရားသားရဲဘုံ ပဉ္စမအဆင့်၏ အလယ်လတ်သို့ရောက်ချိန်မှသာ ရပ်တန့်သွားခဲ့သည်။

ဘုန်း .......။

နတ်ဘုရားသားရဲဘုံ ပဉ္စမအဆင့်၏ အော်ရာအပြည်ဝအထွက်ပေါ်လာချိန်၌ လေထုက မျက်စိအောက်တွင်ပင် ခဲသွားခဲ့သည်။ မိုင်တစ်ရာအထိပင် ကောင်းကင်ယံ၌ ရေခဲပွင့်လေးများပင် ပြန့်လွင့်လျက်ရှိသည်။

လုံချီယုက မိဖုရားကျီရှား၏ ဘုံအဆင့်ကြောင့် အံဩသွားခဲ့သည်။ သူမ၏ အဆင့်က သူနှင့် အဆင့်သေးနှစ်ခုသာကွာခြားသည်။ သူက နတ်ဘုရားသားရဲဘုံ ပဉ္စမအဆင့် အထွတ်ထိပ်သို့ရောက်ရှိနေတာပဲဖြစ်သည်။ သူက အံဩနေသော်လည်း အလျှင်အမြန်သတိဝင်လာခဲ့ကာ သူ၏ စွမ်းအင်များဖြင့် ဆယ်မိုင်ခန့်အကျယ်ဝန်းရှိသော မိုးကြိုးမြို့တော်ကြီး မိဖုရားကျီရှား၏ စွမ်းများမှ ကာကွယ်ရန် ဖုံးအုပ်ပြီး အကာကွယ်ပြုလုပ်ပေးထားလိုက်သည်။

မဟုတ်ပါက ~ မိဖုရားကျီရှား၏ လှုပ်ရှားမှု တစ်ခုကပင် မြို့တော်အတွင်းသက်ရှိအားလုံးကို အဆုံးသတ်၍သွားစေနိုင်သော ကြောင့်ဖြစ်သည်။

အားလုံး၏ အံဩနေသော အကြည့်များအောက်၌ လုံထန်၏ ဘက်သို့ လှောင်ပြောင်ဟန်ဖြင့် မိဖုရားကျီရှားက ကြည့်လိုက်သည်။ သူမ၏ အကြည့်များကိုအဆုံးမဲ့ အေးစက်မှုများဖြင့် ပြည်နက်နေပြီး၏ ။ထိုအကြည့်ဖြင့် အကြည့်ခံလိုက်ရချိန်၌ လုံထန်တစ် သူ၏ စိတ်ဝိညာဉ်ထိတိုင်အေးခဲသွားစေတော့မည့်အလား ခံစားလိုက်ရသည်။ အောင်းလန်က လုံထန်၏ အဖြစ်ပျက်ကိုမြင်သည့်နှင့်သူ၏ စွမ်းအင်များဖြင့် ချက်ချင်းကာကွယ်ပေးလိုက်သည်။

ဒီမိန်းမက ကြောက်စရာပဲ ၊ အရင်က ငါအလျှင်စလို မလုပ်မိတာကံကောင်းတာပဲ၊ လုံထန်တစ်ယောက် ထိတ်လန့်သွားခြင်းဖြင့်သူ၏ စိတ်ထဲမှ ပြောလိုက်သည်။

ဒီမိဖုရား၏ အကြံစီတွေကို ဒီလိုဖော်ထုတ်အောင်လုပ်လိုက်တာက သားတော်ခြောက်မင်းတော့ ဒီမိဖုရားရဲ့ ကြီးမားတဲ့ အပြစ်ပေးမှုကို ခံရတော့မယ်။ မိဖုရားကျီရှားက လှောင်ပြောင်လိုက်သည်။

မင်းက ငါတို့ရဲ့ အကြည့်အောက်မှာ ဒီလိုဖုံးကွယ်ထားရဲတယ်ပေါ့ ၊ မင်းရဲ့ အကြံစီတွေက ဘာများလည်းဆိုတာ ဒီဘိုးဘေးက ကြည့်ချင် စမ်းပါဘိ ၊မင်းရဲ့ အဖြေကို ကောင်းကောင်း ဖြေရင်ကောင်း လေ့မယ် ။ လုံကျားရီတစ်ယောက် ဒေါသတစ်ကြီးဖြင့်ပြောလိုက်သည်။ သူ၏ ယခုအချိန်၌ အတည်ဒေါသထွက်နေပြီ ဖြစ်သည်။ သူတို့၏ ထိန်းချုပ်ထားမှု၏ အောက်၌ နတ်ဘုရားသားရဲဘုံအဆင့် သုံးယောက် ထွက်လာခဲ့သည်က သူတို့ကိုယ် မျက်စိထဲမထည့်ထားပဲ လှုပ်ရှားနေခြင်းဖြစ်သည်။

လုံချီယုကတော့ စကားမဆိုခဲ့ချေ။ သို့သော်သူ၏ အကြည့်များကလည်း အေးစက်နေခဲ့သည်။

လုံကျားချီ၏ စကားကိုကြားချိန်၌ မိဖုရားကျီရှား အထင်သေးဟန်ဖြင့် နှာခေါင်းရူံက စကားပြန်အပြောချေ။

အားလုံးလည်းဖော်ထုတ်ပြီးသွားပြီဆိုတော့ ထွက်လာခဲ့တော့ အစီစဉ်ကို ရှေ့တိုးပြီးတော့ အောင်မြင်အောင်လုပ်ကြတာပေါ့ ။ မိဖုရားကျီရှားက အေးစက်စက်ဖြင့် ပြောလိုက်သည်။

သူမ၏ စကားဆုံးသည့်နှင့် လေထုထဲ၌ အနက်ရောင်ပုံရိပ်များ ထောင်ချီ ပေါ်လာခဲ့ကြသည်။ ၎င်းတို့အားလုံးထံမှ လည်း ကြောက်မက်ဖွယ်အော်ရာကို ထုတ်လွတ်ထားသည်။ သူတို့၏ အထဲ၌ အဆင့်အနိမ့်ဆုံးမှာ မြေကမ္ဘာသားရဲဘုံဖြစ်သည်။

All Chapters