တိုက်ခိုက်ခြင်း
Vol. 9 Ch. 117
----------
မိဖုရား ကျီရှား၏ လုပ်ရပ်ကိုမြင်ရလိုက်ချိန်၌ လုံချီယုနှင့် လုံကျားချီတို့၏ မျက်နှာများမှာ မဲပုတ်သွားတော့သည်။ သူတို့၏ ထိန်းချုပ်ထားသော အကြည့်များအောက်၌ ကျီရှားက ထိုမျှသော လူများကို ဖုံးကွယ်ထားခဲ့သည်။
သေစမ်း ~ လုံချီယုနှင့် လုံကျားချီတို့၏ အော်ရာများက သူတို့၏ ခန္ဓာကိုယ်များ၏ အတွင်းမှာ ကြမ်းတမ်းခက်ထန်စွာဖြင့် ထွက်ပေါ်လာခဲ့ကြသည်။ သူတို့ မိဖုရားကျီရှားတို့ကို တိုက်ခိုက်ရန် ပြင်လိုက်ချိန်၌ ရုတ်တရက် ပြောင်းလဲသွားသည့်ကို သတိထားလိုက်သည်။
မိဖုရားကျီရှား၏ ဘေးရှိ လေဟာနယ်ကြီးမှာ တုန်ခါသွား၍ မီတာ တစ်ရာခန့်တွင်းနက်ကြီးဖြစ်တည်သွားခဲ့သည်။ ၎င်း၏ အတွင်းထံမှာ အနက်ရောင်ဝတ်ရုံထက်၌ အဖြူရောင်နဂါးတစ်ကောင်၏ ရုပ်ကြွပုံသဏ္ဍန် ချည်ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ထွက်လာခဲ့သည်။
၎င်းအမျိုးသားက အသက်ငါးဆယ်အရွယ်လောက်ရှိပြီးတော့ ရေခဲသရဖူတစ်ခုကို ဆောင်းထားခဲ့ကာ အေးစက်သော အော်ရာက သူ၏ ခန္ဓာကိုယ်ထွက်နေခဲ့ကာ လေထုကိုပို၍ ပင်အေးခဲသွားစေသည်။ သူ၏ အော်ရာက မိဖုရားကျီရှားထက်ပို၍ ကြောက်စရာကောင်းပေသည်။
လုံချီယုနှင့် မျက်မှောင်ကြုပ်လိုက်သည်။ ၎င်းက ရေခဲနဂါးမျိုးနွယ်၏ ဧကရာဇ်ဟောင်းဖြစ်သူ ကျီထန်ပင်း ဖြစ်သည်။ သူတို့က မျိုးဆက်တစ်ခုထဲဖြစ်သတ်မှတ်နိုင်ပေမဲ့ တော့ လုံချီယုက သူတို့ထက်ပိုသန်မာခဲ့သည်။
ကျီထန်ပင်း ဒါကဘာသဘောလည်း ~ လုံချီယုက သူ၏ ဒေါသကို ဖိနှိပ့်လိုက်ရင်းဖြင့်မေးလိုက်သည်။
အို့ ~ ဒါကလား ဘာသဘောမှ မဟုတ်ပါဘူး ။ ငါတို့က မင်းတို့ကို ကူညီပြီးပေးမလို့ပါ ။ မင်းတို့ရဲ့ မျိုးနွယ်စုက အခု ဖရိုဖရဲဖြစ်နေတယ်မလား ။ ကျီထန်ပင်း ပြုံး၍ ပြောလိုက်သည်။ သူ၏ လေသံက သူတော်ကောင်းတစ်ယောက် အတိုင်းပင် အမှန်တစ်ကယ်ပင် အကူညီမည့်အတိုင်းပင်ဖြစ်နေခဲ့သည်။
ဒါကမင်းတို့ရဲ့ ~ သဘောထားလား ၊ မင်းတို့ရဲ့ အကျင့်ဇရိုက်တွေက ဒီလိုမှန်းသာသိခဲ့ရင် လွန်ခဲ့တဲ့ နှစ်နှစ်ရာက မီးနဂါးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို ငါတို့ကူညီပေးခဲ့မှာ မဟုတ်ဘူး ။ လုံကျားချီက ဒေါသတကြီးဖြင့်ဖြစ်လိုက်သည်။
အို့ ~ မင်းတို့ဒီလို့ပြောလိုမရပါဘူးနော် ~ တစ်ကယ်ဆိုရင် ငါတို့မျိုးနွယ်စုရဲ့ ပါရမီရှင်အလှဆုံးမင်းသမီးလေးကို မင်းတို့နဲ့ မဟာမိတ်အတွက် ငါတို့လက်ဆက်ပေးခဲ့ရတာပဲ လေ ။ မဟုတ်ဘူးလား ။
ကျီထန်ပင်းက ပြုံး၍ ပြောလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ၌ သူတို့မျိုးနွယ်စုက မီးနဂါးဧကရာဇ်၏ ကျုးကျော်ခြင်းကို ခံခဲရသည်။ သူတို့မျိုးနွယ်စုက မီးနဂါးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို အလူးအလည်းခံခဲရသည်။ ထိုအတွက် မိုးပြာနဂါးမျိုးနွယ်စုကို သူတို့၏ ရှားပါးပါရမီရှင် တော်ဝင်မင်းသမီးကျီရှားကို လက်ဆက်ပေးပြီး သူတို့မျိုးနွယ်စုကိုယ် ကယ်တင်ရန် မဟာမိတ်ဖွဲ့ခဲ့ရသည်။
ဒီနှစ်တွေအတွင်းမှာ သူတို့ရေခဲနဂါးမျိုးနွယ်စုက မိဖုရားကျီရှား၏ ထောက်ပံမှုများဖြင့်ပြန်လည်၍ ကြီးထွားလာခဲ့သည်။ သို့သော် မိုးပြာနဂါးမျိုးနွယ်စုက ယခုနှစ်ပိုင်းများအတွင်း ကျဆင်းလာခဲ့သည်။ ဤအတွက်ကြောင့် ကျီထန်ပင်းက ဤအခွင့်ရေးကို ယူပြီးတော့ မိုးပြာနဂါးမျိုးနွယ်စုကို ဝါးမြို့ပြီးတော့ သူတို့ရဲ့ မျိုးနွယ်စုကို ကြီးထွားအောင်လုပ်ဖို့ကြံစီထားခြင်းဖြစ်သည်။
ကောင်းပြီလေ ~ မင်းတို့ရဲ့အကြံက ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့ လုံချီယုက ပြောလိုက်သည်။
တိုက်ခိုက်မှာလား ~ ဟားဟား ။ လုံချီယုမင်းတို့တစ်ကယ်ကြီး ငါတို့ကို တိုက်ခိုက်နိုင်မယ် ထင်ထားတာလား ။ ကျီထန်ပင်းက ရီမောရင်းဖြင့်ပြောလိုက်သည်။ သူ၏ စကားဆုံးချိန်၌ သူထွက်လာသော လေဟာနယ်တွင်းပေါက်ထံမှ ရေခဲချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသော စစ်သည့်များ ထွက်လာခဲ့သည်။ ၎င်းတို့အရေတွက် သောင်းချီရှိသည်။ သူတို့က မြေကမ္ဘာသားရဲဘုံမှ ၊ သားရဲအင်ပါယာဘုံအဆင့်ထိ ရှိကြသည်။ သူတို့နှင့် မိဖုရားကျီရှား၏ လူများပေါင်းလိုက်ချိန်၌ အရေတွက်က တစ်သောင်းခွဲလောက်ထိ ရှိသွားကြသည်။ သူတို့၏ ပေါင်းစည်းမှုမှ ထွက်ပေါ်လာသော အော်ရာက လုံချီယု၏ အကာကွယ်ရောက်၌ တည်ရှိနေသော မိုးကြိုးမြိုတော်ကြီးကို သိမ့်သိမ့် တုန်ခါနေစေသည်။
မင်းတို့ကငါတို့တိုက်ခိုက်နိုင်မယ်ထင်လား ၊ မင်းတို့မျိုးနွယ်စုရဲ့ စစ်သည့်တွေကို ငါတို့အတွေးကိုပို့ထားပြီးပြီ သူတို့ပြန်လာရင်တောင်မှာ ဒီကတိုက်ပွဲက ပြီးနေလေ့မယ်။ ကျီထန်ပင်း၏ အနိုင်ရသူတစ်ယောက်၏ လေသံမျိုးက ထွက်ပေါ်လာခဲ့သည်။
မင်းတို့ ~ လုံချီယု နှင့် လုံကျားတို့ ပြောစရာစကားများစွန့်အသွားခဲ့သည်။ သူတို့၏ မျိုးနွယ်စု အရေးကိစ္စများကို လစ်လျူရူ၍ ကျင့်ကြံနေခဲ့ရာမှာ ဤကဲ့သို့သော် အဖြစ်ပျက်မျိုးဖြစ်လာလေ့မည်ဟု မတွေးထားမိချေ ။
ထိုအစဉ် အေးစက်သော လေသံတစ်ခုက နှစ်ဖက်အကြားတင်းမာနေသော လေထုကို ဖြိုခွင်းလိုက်သည်။
တစ်ဆိတ်လောက် ~ ခင်ဗျားတို့ပြောလိုပြီးသွားပြီလည်း လုံထန် က ကျီထန်ပင်းတို့အုပ်စုကို လစ်လျုရူ၍ မေးလိုက်သည်။
ဘိုးဘေးတို့ ဒီအငယ်လေးရဲ့ စကားတွေက အခုထိအကြုံးဝင်သေးတယ် ။ ဘိုးဘေးတို့လက်ခံလိုက်ရင် ဒီအငယ်လေး ဒီအမှိုက်တွေကို အကုန်ရှင်းလေးပေးပေါ့မယ် ။ ဘိုးဘေးတို့ ဘယ်လိုထင်ပါလဲ ။ လုံထန်က ပြုံး၍ ပြောလိုက်သည်။ သူက အစမှအဆုံးထိ ကျီထန်ပင်းတို့ အုပ်စုကို လစ်လျုရူထားခဲ့သည်။
ဟမ့် ~ ကလေးမင်းလည်း ဒီအခြေနေကိုမြင်သားပဲ ၊ လုံချီယုက သူ၏ ခေါင်းကိုခါလိုက်သည်။ ကောင်းပြီလေ ~ မင်းသာ ဒီပြသာနာကို ရှင်းလင်းပေးနိုင်ရင် မင်းကို ဒီမျိုးနွယ်စုရဲ့ အုပ်ချုပ်သူဖြစ်လာစေဖို့ ဒီအဘိုးကြီးရဲ့ အသက်နဲ့ရင်းပြီးတော့ အာမခံတယ် ။ လုံချီယုက သူ၏ ရင်ဘက်ကို ပုတ်၍ ပြောလိုက်သည်။ အခုချိန်၌ သူတို့နှစ်ယောက်ထဲ၌ ကျီထန်ပင်းတို့ အနိုင်မရနိုင်မှန်း လုံချီယုသိသည်။
ကောင်းပြီလေ ~ ဒါဖြင့်ရင့် ဒီအငယ်လေးကလည်း ကိုယ်စကားကို တည့်ရမှာပေါ့ ။ လုံထန်က ရီမောလိုက်ရင်းဖြင့် အာမခံလိုက်သည်။
ဟမ့် ~ မင်းလို့မျိုးက လေးကဘာလုပ်နိုင်မှာ ကျီထန်ပင်းက သူတို့က အမှိုက်ဟု ခေါ်သွားသည့်ကို ဒေါသထွက်သွားသော်လည်း ထိုကောင်လေး၏ အနား၌ နားလည်နိုင်သော စွမ်းအားတစ်ခုရှိနေသော ကြောင့်သူက အစောတလျှင်မလုပ်ရှားသေးခြင်းပင် ။
အစေခံမသားက ဘာလုပ်နိုင်မှာလည်း ~ အားလုံးသတ်လိုက် မိဖုရားကျီရှားမှာတော့ ဒေါသကိုယ် မထိန်းသိမ်းတော့ပဲ သူ၏ နောက်ရှိစစ်သည်များကို အမိန့်ပေးလိုက်တော့သည်။ သူမ၏ အမိန့်ရသည့်နှင့် အနက်ရောင်ဝတ်ရုံများမှ ချက်ချင်းလုပ်ရှားသွားပြီး လုံထန်တို့ရှိရာသို့ ခုန်ဝင်သွားကြတော့သည်။
" သွားသတ် " လုံထန်က အေးအေးစက်စက်ဖြင့် ပြုံးလိုက်ရင်းဖြင့် နတ်ဘုရားဗိုလ်ချုပ်ငါးယောက်ကို အမိန့်ပေးလိုက်သည်။ နတ်ဘုရားဗိုလ်ချုပ်ငါးယောက်မှာ အရှင်သခင်သားရဲဘုံ အထွတ်ထိပ်၌ ရှိနေကြပြီးသူတို့က အချိန်အရွှေးအဆင့်တက်နိုင်သော သူများဖြစ်ကြသည်။ သူတို့ကလည်း သူတို့၏ စစ်သည်များကို ဦးဆောင်၍ ဝတ်ရုံနက်များနှင့်ထိပ်တိုက်တွေဆုံ၍ တိုက်ခိုက်ကြတော့သည်။
အဲဒီ ခွန့်အားလောက်နဲ့ နိုင်ချင်တာလား ၊ မိဖုရားကျီရှားက လှောင်ပြောင်လိုက်သည်။ အခုချိန်ထိသူတို့ဘက်၌ နတ်ဘုရားသားရဲဘုံ အဆင့် လေးယောက်နှင့် ရေခဲနဂါးမျိုးနွယ်စု၏ စစ်သည်များ တစ်သောင်းကို မတိုက်ခိုက်ခိုင်းရသေးချေ ။
သို့သော်လည်း အရှင်သခင်သားရဲ့ဘုံများ ဦးဆောင်သော တိုက်ပွဲက အလွန်ပင်ပြင်းထန်ကျသည်။ ချီစွမ်းအင်အဖျက်စွမ်းအင်များကြောင့် လေဟာနယ်ပင် လိူင်းအတွန့်များကို မျက်စိဖြင့်ပင်မြင်တွေနိုင်သည်။ ကောင်းကင်ယံ၌ လည်း ချီစွမ်းအင်များရ မီးရူးမီးပန်းများအလား ပေါက်ကွဲခဲ့ကြသည်။ သူတို့အားလုံးက ကောင်းကင်ယံ၌ တိုက်ခိုက်၍သာ တော်ခါကြသေးသည်။ မြေပြင်၌သာ တိုက်ခိုက်ခဲ့ပါကာ သူတို့၏ တိုက်ခိုက်မှုများကြောင့် ထွက်ပေါ်လာသော အဖျက်စွမ်းအင်များကြောင့် မြေပြင်များတစ်လျှောက်ကျက်တီးမြေများအဖြင့်သို့ ပြောင်းလဲသွားနိုင်သည်။
ဒါဆို့ရင် ငါတို့ တိုက်ခိုက်မှုကို စကြတာပေါ့ ။ သားတော်ခြောက်မင်းက ဒီဧကရီရဲ့ အစီစဉ်တွေကို တစ်ကယ်ပျက်စီးစေခဲ့တဲ့ အတွက်ကြောင့် မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ် မှ ဒီဧကရီက ကြေအေးပေးနိုင်မယ်။ မိဖုရားကျီရှားက သူမကိုသူမ" ဒီမိဖုရားအစား " " ဒီဧကရီဟု "သာ သုံးနူန်းတော့သည်။
သူမ၏ အော်ရာက အေးစက်နေပြီး လုံထန်ကိုသတ်ဖြတ်လို့သော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူမက သူမ၏ လက်ချောင်းများကို လေထုသို့ညွှန်လိုက်၏ ။ ရုတ်တရက်ဆိုသလို့ ရေခဲပွင့်ချပ်များက သာမန်မျက်လုံးများဖြင့် မြင်နိုင်သော အကြည့်များအောက်၌ ကြီးမားသော ရေခဲစူးချွန်များက တစ်မိုင်အကျယ်ဝန်း၏ ကောင်းကင်ယံ၌ ပြည့်နက်သွားခဲ့သည်။ သူမက သူမ၏ လူများကို ထိခိုက်မိမည့်ကို စိုး၍ သူမ၏ စွမ်းအားများကို ထိန်းချုပ်ထားခြင်းပင် ။
သေစမ်း။
ကောင်းကင်ယံ၏ ရေခဲစူးချွန်များမှာ တုန်လူပ်လာ၍ လျှင်မြန်သော အရှိန်ဟုန်ဖြင့် လုံထန်တို့ထံသို့ ဦးတည်၍ ပြေးဝင်လာကြသည်။ နတ်ဘုရားသားဘုံ၏ စွမ်းဆိုသည့်အတိုင်းပင် သာမန်ဆန်သော လူပ်ရှားမှုလေးကပင် ရေခဲစူများဖြတ်သန်းသွားရာ လမ်းတစ်လျှောက် လေဟာနယ်က အေးခဲသွား၍ အနက်ရောက်အက်ကြောင်းများ ဖြစ်တည်သွားခဲ့သည်။ ဤသည့်ကိုကြည့်လျင် နတ်ဘုရားသားရဲ ဘုံ၏ ဖြတ်တည်မှုများ၏ စွမ်းအားကို ခန့်မှန်းနိုင်မည်ပင် ။