ထူးဆန်းနေသော အနက်ရောင် ခေါင်းလောင်း
Vol. 9 Ch. 118
---------
ကျီရှား၏ လုပ်ရှားမှုက သာမန်ဆန်သော်လည်းပဲ စွမ်းအားများမှာတော့ ကြောက်ခန့်မှန်းလီလီပင် ဖြစ်ခဲ့သည်။ သူမကသူမ၏ တိုက်ခိုက်မှုကို မည့်သို့ကာကွယ်မည့်ကို သိချင်ဟန်ဖြင့် လုံထန်တို့အုပ်စုစီသို့ ကြည့်နေခဲ့သည်။
မိဖုရားကျီရှား၏ လှုပ်ရှားမှုကြောင့် အောင်းလန် ၏ မျက်ဝန်းအစုံက အေးစက်သွားခဲ့သည်။သူက ကျီရှားကို အထင်သေးဟန့်ဖြင့်ကြည့်လိုက်ရင်းဖြင့် လုံထန်တို့၏ အရှေ့ကို ထွက်လာခဲ့ကာ ရွှေရောင်စွမ်းအင်အတားစီးကြီးကို ထုတ်လွတ်လိုက်သည်။
မိဖုရားကျီရှား၏ ရေခဲစူးချွန်များမှာ အောင်းလန်၏ ထုတ်လွတ်ထားသော ရွှေရောင်စွမ်းအင်အကာကွယ်နှင့် တွေသွားချိန်၌ ကျယ်လှောင်သော ပေါက်ကွဲသံများထွက်ပေါ်လာသော်လည်း ရွှေရောင်စွမ်းအင်အတားစီးကို ဖြတ်ကျော်နိုင်ခြင်းမရှိခဲ့ချေ။
ဘာတုန်းဟ ~ မိဖုရားကျီရှားတစ်ယောက် ရုတ်တရက်ဖြစ်ပေါ်လာသော ရွှေရောင်စွမ်းအင်အတားစီးကိုယ် မျက်ေမှာင်ကြုပ်၍ကြည့်လိုက်သည်။ ဤငနဲ့၌ ဖုံးကွယ်ထားသောစွမ်းအင်များရှိနေအုန်းမည်မထင်ထားချေ။ သူမ၏ အတိုက်ခိုက်မှုက သာမန်သာဖြစ်သော်လည်း နတ်ဘုရားသားရဲဘုံ ပဉ္စမအဆင့်၏ အလယ်လတ်အဆင့်မှာဖြစ်သည်။ ထိုအပြင်သူမ၏ စွမ်းအားကို သူမယုံကြည့်မှုရှိသည့် ပဉ္စမအဆင့်၏ အဆင့်မြင့်စွမ်းအားကြီးသူများကို သူမ သတ်ဖြတ်နိုင်စွမ်းရှိသည်။
ယခုလို သူမ၏ တိုက်ခိုက်မှုက အလွယ်လေးတားစီးလိုက်တာ ဘယ်အဆင့်စွမ်းအားကြီးသူလည်း သူကအနည်းဆုံးတော့ နတ်ဘုရားသားရဲဘုံ ပဉ္စမအဆင့်၏ အထွတ်ထိပ်၌ ရှိရမည်ဖြစ်သည်။ မိဖုရား ကျီရှားက လုံထန်တို့အုပ်စု၏ အရှေ့၌ ရပ်နေသော အောင်းလန်ကို ကြောက်ရွံဟန်ဖြစ်ကြည့်လိုက်သည်။
ကျင့်ကြံမှုမြင့်မားလာလေ အဆင့်တက်ရန်ခက်ခဲလာပြီးတော့ အဆင့်ကျော်ပြီးတော့ တိုက်ခိုက်ရန် ခက်ခဲလာလေဖြစ်သည်။ သူမက သူမ၏ မျိုးဆက်၌ ရှားပါးသော ပါရမီဖြစ်ခဲကာ နှစ်ပိုင်းသုံးရာငါးဆယ်အတွင်း၌ သူမက နတ်ဘုရားသားရဲ ဘုံ၏ ပဉ္စမအဆင့်၏ အလယ်လတ်သို့ရောက်နိုင်ခဲ့ပြီးတော့ သူမ၏ထက်အဆင့်သေးတစ်ခုမြင့်မားသော သူများကို တိုက်ခိုက်နိုင်ခဲ့သည်။ အဲဒီအတွက်ကြောင့်သူမက သူမ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားကာ ပဉ္စမအဆင့်၏ အဆင့်မြင့်အဆင့်သို့ရောက်ချိန်၌ ထုတ်ဖော်ကာ မိုးပြာနဂါးဘိုးဘေး လုံချီယုကို တိုက်ခိုက်ဖို့ ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် လုံချီယုကဲ့သို့ နောက်ထက်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လာဦးမည်မထင်ထားခဲ့ချေ။ သေစမ်း ။ သူမ၏ စိတ်ထဲ၌လည်း ဒေါသများနှင့် အကြောက်တရားများဖြင့်ပြည့်နက်သွားခဲ့သည်။
ဟားဟား ~ ကောင်းတယ် ၊ သိပ်ကောင်းတယ် ။ လုံချီယုက ကျယ်လှောင်စွာဖြင့်ရီမောလိုက်သည်။ ဒါဖြင့်ရင့် အဲဒီဘက်မှာလည်း အဆင့်ပြေပြီဆိုတော့ ငါတို့ရဲ့ ကိစ္စကိုလည်း ဖြေရှင်းရ အောင်လေ ။ လုံချီယုက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကျီထန်ပင်းကို ကြည့်၍ပြောလိုက်သည်။
ကျီထန်ပင်းတစ်ယောက်လည်း အရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေခဲ့သည်။ ယခင်သူတို့က အသာစီးရနေပြီးတော့ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူတွင်နောက်ဆုတ်နိုင်မည်လမ်းကြောင်းများမရှိတော့ချေ။ သူတို့၏ အစီစဉ်များကို ထုတ်ဖော်ပြီးသွားပြီဖြစ်သည်။ လုံချီယုနှင့် လုံကျားချီတို့က သူတို့ကို အလွန်ပေးမည်မဟုတ်ချေ။
ဒါဖြင့်လည်း တိုက်တာပေါ့ ။ ကျီထန်ပင်းက ပြောလိုက်ရင်း သူ၏ ခန္ဓာကိုယ် ရပ်နေရာမှ ဝေဝါးပျောက်ကွယ်သွားခဲ့သည်။
လုံချီယုကလည်း ရပ်နေရာမှ ဝေဝါးပျောက်ကွယ်သွားခဲ့သည် ။ သူတို့၏ ပုံရိပ်များ ပြန်လှည့်ထွက်ပေါ်လာချိန်၌ မိုးကြိုးမြို့တော်နှင့် မိုင်တစ် ထောင်အကွာဝေးသို့ရောက်ရှိနေကြာပြီး ကောင်းကင်ယံအမြင့်ပေ မီတာ တစ်သောင်းတွင်ပြန်လှည့်၍ ထွက်ပေါ်လာခဲ့ကြကာ ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်တည်လာတော့သည်။
၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုများက ပြင်းထန်လွန်း၍ လေဟာနယ်ပင် မှန်တစ်ချက်အလား ကြေကွဲသွားခဲ့ကြသည်။
∆∆∆
အကြီးကဲ အောင်းလန် သူမကို မသတ်နဲ့ အရှင်လိုချင်တယ် ။ လုံထန်က အောင်းလန်ကိုပြောလိုက်သည်။
ကောင်းပါပြီ အရှင်မင်းကြီး အောင်းမင်က လုံထန်ပြန်၍ အရိုသေပေးကာ ပြောလိုက်သည်။
အောင်းလန်က သူ၏ အော်ရာကို သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြည့်ဝ ထုတ်လွတ်လိုက်သည်။ နတ်ဘုရားသားရဲဘုံ ဆဠမ၏ အဆင့်နိမ့်အော်ရာအပြည်ဝ ထွက်ပေါ်လာခဲ့ကာ မိဖုရားကျီရှားကို ဦးတည်၍ ဖိနှိပ့်လိုက်သည်။
သေစမ်း ~ ရုတ်တရက်အပြောင်းလဲကြောင့် မိဖုရားကျီရှားတစ်ယောက် ကျိမ်ဆဲလိုက်သည်။ သူမတွေးထားသည့်အတိုင်း ဤလူက နတ်ဘုရားသားရဲဘုံ ဆဠမ၌ ရှိနေခဲ့သည်။ ၎င်း၏ အော်ရာက သူမအပေါ်ကို တောင်ကြီးတစ်လုံးနယ် မိနှိပ့်ထားခဲ့သည်။
သေစမ်း ~ ဘာလို့ဒီလိုပြောင်းလဲသွားရတာလည်း ~ ငါရဲ့ အစီစဉ်တွေက အားလုံးလမ်းကြောင်းပေါ်ရောက်လာပြီ ၊ အားလုံးနင်ကြောင့် နင်ကြောင့် ။
နင်သေရမယ် ~ နင်သေရင်အားလုံးပြီးသွားလေ့မယ် ။ သူမ၏ နှတ်မှ စကားများကိုထပ်ခါတစ်လှဲ့လှဲ့ ပြောနေခဲ့ကာ သူမ၏ ဒေါသကြောင့် စိတ်လွတ်သွားသည့်နယ် ။ မိဖုရားကျီရှား၏ မျက်လုံးများက နီရဲလာပြီးနောက် အရင်ကဲ့သို့မြင့်မြတ်သော တော်ဝင်ဆန်သော အရှိန်ဝါများ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ မျက်လုံးများက နီရဲနေခဲ့ကာ သတ်ဖြတ်ချင်စိတ်များဖြင့်ပြည့်နက်နေခဲ့သည် ။ သူမက ထိုအချိန်၌ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။ သူမဘာဆုံးဖြတ်လိုက်သည့်အား သူမကလွယ်၍ အခြားသော လူမသိနိုင်ချေ။
ငါလက်မခံနိုင်ဘူး ~ ကျီရှား၏ မခံရပ်နိုင်သော အော်သံက အောင်းလန်၏ ဖိနှိပ့်ထားမှုအောက်မှထွက်ပေါ်လာခဲ့သည်။ ထိုအသံဆုံးသွားသည့်နှင့်သူမ၏ လက်ထဲ၌ အနက်ရောင် အငွေ့သက်များ ထွက်ပေါ်နေသော သေးငယ်သော ခေါင်းလောင်းလေးထွက်ပေါ်လာခဲ့သည်။ မိဖုရားကျီရှားက ထို ခေါင်းလောင်းကို အောင်းလန်၏ ဖိနှိပ့်ထားသော အော်ရာများကြားမှ လူပ်ခါလိုက်သည်။
ဒေါင် ~ ဒေါင် ~ ဒေါင် ။
ကောင်းကင်ယံသို့တိုင်အောင် ကျယ်လှောင်သော ခေါင်းလောင်သံက ထွက်ပေါ်လာခဲ့သည်။ ထိုခေါင်လောင်းသံထွက်ပေါ်လာချိန်၌ အချိန်များပင်ရပ်တန့်သွားသယောင် ။
ဘုန်း ......။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ မိဖုရားကျီရှားက အောင်လန်၏ ဖိနှိပ့်မှုအောက်မှ ထွက်၍ တိုက်ခိုက်လိုက်သည်။ ကြီးမားသော ရေခဲများဖြင့် စုဖွဲ့ထားသော နဂါးလက်ကြီးက ကောင်းကင်ယံထက်မှပေါ်လာကာ လုံထန်တို့ ကို ကုတ်ချလိုက်သည်။
အချိန်အနည်းငယ်လောက် သူ၏ လှုပ်ရှားမှုများရပ်တန့်သွားသည့်ကို သတိထားမိသွားသော အောင်းလန်တစ်အသိပြန်ဝင်လာခဲ့သည်။ ဘာဖြစ်သွားတာလည်း သူစဉ်းစားလို့မဆုံးခင်၌ လုံထန်တို့အုပ်စုကြောင်အ၍ ရပ်နေသော နေရာသို့ကျဆင်းလာသော ရေခဲနဂါးလက်ကြီးကို တွေလိုက်ရသည်။
အရှင်မင်းကြီးသတိထား ~ အောင်လန်က ချက်ချင်းပင် လုံထန်တို့စီသို့ နေရာပြောင်းရွှေ့လိုက်ပြီးနောက် သူတို့ကို အဝေးတစ်နေရာသို့ပို့ဆောင်လိုက်သည်။ ထိုအချိန်မှ လုံထို့ အုပ်စုမှာ သတိပြန်ဝင်လာခဲ့သည်။
ရေခဲနဂါးလက်ကြီးက နဂိုက သူတို့ရပ်နေသော နေရာသို့ကျဆင်းလာခဲ့သည်။ ရေခဲနဂါးလက်ကြီး အရှိန်ဟုန်က ပြင်းထန်လွန်း၍ လေဟာနယ်ကြီးက ဧရာမတွင်းနက်ကြီးဖြစ်သွားခဲ့သည်။
ဘာဖြစ်သွားတာလည်း ~ ခုနက ခေါင်းလောင်းသံက ဘာလည်း ၊ လုံထန် နှင့် အခြားသူများမှာ အောင်းလန်၏ နယ်ရရာကူး ပြောင်းပေးမှုကြောင့် ပြန်လည့်သတိဝင်လာခဲ့ကာ ထိတ်လန့်သွားခဲ့သည်။ အောင်းလန်သာ သူတို့ကို မကယ်တင်ခဲ့ပါက သူတို့သေဆုံးသွားရမည်ဖြစ်သည်။
အရှင်မင်းကြီး သတိထားပါ ။ သူမရဲ့ ခေါင်းလောင်းရ မရိုးရှင်းဘူး ၊ သူရဲ့အဆင့်က ကောင်းကင်တပိုင်းလက်နက်ပဲရှိပေမဲ့ ၊ တော်တော် လေးကို ထူးဆန်းနေတယ် ။ အောင်းလန်က အလေးနက်ထားသော မျက်နှာထားဖြင့်ပြောလိုက်သည်။
ဝှစ် ။
ကျီရှားက အောင်းလန်ကို တို့စကားပြောနေသော အချိန်၌ ရောက်ရှ်ိလာပြီးနောက် သူမ၏ လက်ဝါးဖြင့်အောင်းလန်ကို ရိုက်ချလိုက်သည်။
ဘန်း ........။
အောင်းလန်၏ ပြန်လှည့်တုန်ပြန်တိုက်ခိုက်မှုကြောင့် လေထုထဲ၌ ကျယ်လှောင်သော ပေါက်ကွဲသံဖြစ်တည်ဘာပြီးတော့ ချီစွမ်းအင်လှိုင်းလုံးများက လေဟာနယ်ကို ပျက်စီးစေခဲ့သည်။
အောင်းမင်က လုံထန်တို့ကို ကာကွယ်လိုက်ပြီးနောက် အောင်းမင်တို့နှင့် ဝေးရာ မိုင်တစ်ထောင်အကွာသို့ ကူးပြောင်းသွားခဲ့သည်။
အဝေး၌ လုံထန် အောင်းလန်နှင့်အပြင်းထန်တိုက်ခိုက်နေသော ကျီရှားကို ကြည့်နေခဲ့သည် ။ သူမ၏ တိုက်ခိုက်ပုံမှာ အချိန်ကြာလာသည့်နှင့်အမျှထူးဆန်းလာပြီး သူမ၏ မျက်လုံးများကလည်း ပိုပြီးတော့နီရဲလာနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှ ရက်စက်သောကြမ်းကြုပ်သော အရှိန်ဝါကလည်းပိုပို၍ အားကောင်းလာနေခဲ့သည်။
လုံထန်က ကျီရှား၏ လက်အတွင်းမှ အနက်ရောင်ခေါင်းလောင်းကိုကြည့်လိုက်သည်။ သူမက ထိုခေါင်းလောင်းကို သုံးလိုက်ချိန်မှာ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။ အဲဒီခေါင်းလောင်းက တော်တော်ဆန်းတယ် မြင်ဖူးကြလား ။
ဘေးနား၌ ရပ်နေသော အောင်းမင် နှင့် အောင်းယွီရန်က အောင်းကိုသာ ခါရမ်းလိုက်ကြသည်။ထိုမျှထူးဆန်းသော ပစ္စည်းကို သူတို့မမြင်ဖူးကျချေ ။ ထိုလက်နက်က အစွမ်းထက်တာသာ သူတို့သိသည်။ ခေါင်းလောင်းအသံထွက်လာချိန်၌ လူတစ်ယောက်၏ လူပ်ရှားမှုများ ရပ်တန့်သွားစေခြင်းက ထူးခြားသော လက်နက်တစ်ခုပင်ဖြစ်သည်။