မိဖုရားကျီရှားလွတ်မြောက်သွားခြင်း ။
Vol. 9 Ch. 119
-----------
သူတို့ကြည့်နေကြသော အကြည့်များ၏ အောက်၌ ကျီရှား၏ ပုံသဏ္ဍန်မှာ ပို၍ ကြောက်စရာကောင်းလာခဲ့သည်။ သူမ၏ ပုံသဏ္ဍန်က စိတ်လွတ်နေဟန်ရ၍ သူမ၏ ခန္ဓာကိုယ်ထံမှာလည်း မိစ္ဆာဆန်သော အော်ရာက ပို၍ အား ကောင်းလာခဲ့ကာ ကြောက်မက်ဖွယ်ရာ ပို၍ကောင်းလာခဲ့သည်။
အုန်း ~~~ ။
အောင်းလန်နှင့် ကျီရှား၏ တိုက်ခိုက်မှုက လုံချီယုနှင့် ကျီထန်ပင်း၏ တိုက်ခိုက်မှုများထက်ပို၍ ပြင်းထန်နေခဲ့သည်။ လုံထန်တို့ပင် နောက်ထပ် မိုင်တစ်ရာလောက် အကွာအထိ ထပ်၍ ဆုတ်လိုက်ရသည်။
အရှင်မင်းကြီးသတိထားပါ ~ သူမပုံစံကြည့်ရတာ မှုမမှန်ဘူး ။ အောင်မင်ကလည်း ထိတ်လန့်နေဟန်ဖြင့် လုံထန်၏ အရှေ့၌ ရပ်ကာကွယ်ပေးလိုက်ရင်း ပြောလိုက်သည်။
လုံထန်လည်း ၎င်းကိုသတိထားမိသည်။ ယခင်အချိန်အနည်းငယ်က အောင်းလန်က ကျီရှားကို ဖိနိုပ့်နေပြီးခဲ့သည်။ သို့သော်မိဖုရားကျီရှား၏ အနက်ရောင်ခေါင်းလောင်း ထွက်ပေါ်လာချိန်၌ သူမ၏ တိုက်ခိုက်မှုက အောင်းလန်နှင့်ပင် လက်ရည်တူညီနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မိစ္ဆာဆန်သော အော်ရာက ၊ အောင်းလန်နှင့်ပင် တူညီနေသည့်ဟု လုံထန်တစ်ယောက် ခံစားမိသည်။
ကျီရှား၏ တိုက်ခိုက်မှုများက ပြင်းထန်သထက် ၊ ပြင်းထန်လာနေခဲ့သည်။ အောင်းလန်ပင်လျှင်သတိထားနေရသည်။
ဒေါင် ~ ။
အောင်းလန်တစ်ယောက်သတိထားနေမှုများ၏ အောက်၌ပင် သူ၏ လုပ်ရှားမှုက အနည်းငယ်နှေးကွေးသွားခဲ့သည်။
သေစမ်း ။
နီရဲနေသောမျက်လုံးများနှင့် ရက်စက်ကြမ်းကြုပ်ဟန်ရသော သွေးနီရောင်လက်သည်းကြီးဖြင့် အောင်းလန်ကို ကုပ်ချလိုက်သည်။
အောင်းလန်တစ်ယောက် ပြန်လှည့်၍ လှုပ်ရှားမှုများလုပ်နိုင်သွားချိန်၌ သူ၏ ချီစွမ်းအင်များဖြင့် သူ၏ အရှေ့၌ အကာကွယ်လုပ်လိုက်သည်။ သို့သော်လည်း နောက်ကျသွားခဲ့သည်။
မိဖုရှားကျီရှား၏ တိုက်ခိုက်မှုက အလွန်လျှင်မြန်လှသည်။ အောင်းလန်၏ အကာကွယ်ဖွဲ့တည်မှုမပြီးသေးခင်မှာပင် လက်သည်း၏ တိုက်ခိုက်မှုကြောင့် အကာကွယ်က ပျက်စီးသွားခဲ့ကာ ကောင်းကင်ယံမှ သွေးများအန်ထွက်လာခဲ့ကာ မြေပြင်ထက်သို့ ပြုတ်ကျသွားခဲ့သည်။
ကမ္ဘာမြေကြီးတုန်ခါသွားသည့်အလား ဖြစ်တည်သွားခဲ့ကာ ၊ ဆယ်မိုင်လောက်ကျယ်ဝန်းသော ဧရာမ ချောက်နက်ကြီးဖြစ်တည်သွားခဲ့သည်။
မိဖုရားကျီရှား၏ ၊ နီရဲနေသော မျက်ဝန်းအစုံက ကောင်းကင်ယံထက်၌ ရပ်နေပြီးတော့ တစ်လောကလုံး ဂရုမစိုက်ဟန်ဖြင့်ရှိနေခဲ့သည်။ ထိုအစဉ်၌ သူမက သူမ၏ ခေါင်းကိုဆုပ်ကိုင်၍ နာကျင်ဟန်ဖြင့် အော်ဟစ်လိုက်ကာ သူမ၏ အော်ရာများက မတည့်မငြိမ်ဖြစ်လာခဲ့သည်။
မဟုတ်ဘူး ~ ဒီလို့မဖြစ်ရဘူး ၊ မိဖုရားကျီရှား၏ လက်မခံလိုသော် အသံက ထွက်လာခဲ့သည်။ သူမ၏ အော်ရာလည်း အရှိန်ဟုန်ပြင်းစွာထွက်ပေါ်နေပြီးတော့ လေဟာနယ်ကို ဖန်တစ်ချက်အလား အက်ကွဲသွားစေသည်။
ဟားဟား ~ မင်းငါကို ဒီလိုအသုံးပြုပေးလိုက်တာ ကိုကျေးဇူးတင်ရမယ် ။ မိဖုရားကျီရှား၏ ခန္ဓာကိုယ်မှာ ဩရှရှ အသံကထွက်လာခဲ့သည်။ သို့သော်လည်း ထိုအစဉ်မှာ သူမ၏ ခန္ဓာကိုယ်က ရေခဲတမျှအေးစက်သော အော်ရာက ထွက်ပေါ်လာ၍ မိဖုရားကျီရှား၏ အသံက တဖန်ပြန်၍ ထွက်လာပြန်သည်။
မဟုတ်ဘူး ~ ငါခန္ဓာကိုယ်ကို ငါပဲ ထိန်းချုပ်ရမယ် ။ သူမက နာကျင်နေဟန်ဖြင့် ခေါင်းကို ဆုပ်ကိုင်၍ ပြောနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်၏ အော်ရာက အလွန်မတည့်မငြိမ်ဖြစ်နေခဲ့သည်။ တစ်ရံတစ်ခါ အလွန်အေးစက်သော အော်ရာက ထွက်ပေါ်လာပြီး၊ တစ်ရံတစ်ခါ သူမ၏ အော်ရာက အလွန်မိစ္ဆာဆန်သော အော်ရာက ထွက်ခဲ့သည်။
ဝေါင်း ~ ဝေါင်း ~ ဝေါင်း ။
ကျယ်လှောင်သာ နဂါးဟိန်းသံကြီးထွက်ပေါ်လာခဲ့ကာ မြေပြင်ထက်မှ ချောက်နက်ကြီးထံမှာ လက်သည်းခြောက်ချောင်းရှ်ိသော ဧရာမ ရွှေရောင်နဂါးကြီး ကောင်းကင်ယံသို့ ပျံတက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က မီတာတစ်ထောင်အထိရှည်လျား၍ ထုတ်လွတ်နေသော အော်ရာက အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ရွှေရောင်နဂါးကြီးက ကောင်းကင်ယံသို့ရောက်လာသည့်နှင့် သူ၏ ဧရာမလက်သည်းကြီးဖြင့် မိဖုရားကျီရှားကို ကုပ်ချလိုက်သည်။
ရွှေရောင်လက်သည်းကြီးက အလွန်လျှင်မြန်လှကာ ၊ မိဖုရားကျီရှားထံသို့ ကျဆင်းသွားခဲ့သည်။ မိဖုရားကျီရှားက သူမ၏ ခန္ဓာကိုယ်အတွင်းရှိနေသော တည်ရှိမှုနှင့် အလုပ်များနေသည့်အတွက်ကြောင့် ရွှေရောင်နဂါးလက်သည်းကြီးကို ရှောင်တိမ်းနိုင်ခြင်းမရှိပဲ တိုက်ရိုက် ထိမှန်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ထက်၌ ချီစွမ်းအင် အကာကွယ်ကို ဖန်တီးထားသော်လည်း တားစီးရန်မှာ ခက်ခဲနေခဲ့သည်။
အုန်း ~~~~ ။
ချီစွမ်းအင်လိူင်းများပျံနှံသွားခဲ့ကာ မိဖုရားကျီရှား၏ အကာကွယ်မှာ ရွှေနဂါး လက်သည်း၏ ချိုးဖောက်ခြင်းကို ခံလိုက်ရကာ ခန္ဓာကိုယ်မှာ မိုင်တစ်ရာအကွာဝေးထိပင် လွင့်ထွက်သွားခဲ့ကာ သူမ၏ ခန္ဓာကိုယ်ထက်မှ သွေးများပင်ထွက်ကျလာခဲ့သည်။ သူမက အောင်းလန်နှင့် လုံထန်တို့ဘက်ကို လှည့်၍ ကြည့်လိုက်ပြီး အေးစက်နေသော လေသံဖြင့်ပြောလိုက်သည်။
ငါတို့မပြီးသေးဘူး နော် ~~~ သားတော်ခြောက် ~ ငါပြန်လာခဲ့မယ် ။ မိဖုရားကျီရှားမှာ ထိုစကားဆိုပြီးသည့်နှင့် လေဟာနယ်ကို ထိုးခွဲကာ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သူမက လုံထန်ကိုယ်သတ်ဖို့ထက် သူမ၏ ခန္ဓာကိုယ်အတွင်း၌ တည်ရှိနေသောအရာကပိုအရေးကြီးပြီး ၎င်းကို ဖြေရှင်း အလောတစ်ကြီးထွက်ခွာသွားခြင်းပင် ။
အောင်းလန်က ချက်ချင်းပင် ထွက်ပြေးသွားသော မိဖုရားကျီရှားနောက်ကို လိုက်ရန်ပြင်လိုက်သော လုံထန် လှမ်း၍ တားလိုက်သည်။
အရှင်မင်းကြီး ~ အောင်းလန်က နားမလည်ဟန်ဖြင့် လုံထန်ကိုကြည့်လိုက်သည်။ သူမကိုယခုလို ဒဏ်ရာရနေချိန်ဖမ်းဆီးခြင်းက အကောင်းဆုံးပင်ဖြစ်သည်။
သူမကို ခနထားလိုက်ပါအုန်း ~ အရေးကြီးဆုံးဒီကပြသာတွေကို ဖြေရှင်းကျရအောင်။ သူမရဲ့ ပုံစံက အရင်းထူးဆန်းနေတယ် ၊ ဘာမှန်းမသိတဲ့ အခြေနေမှာ ခင်ဗျားတစ်ယောက်ထဲ လိုက်သွားတာ အရမ်း အန္တာရယ်များတယ် ။ လုံထန် အောင်းလန်ကို ပြောလိုက်သည်။
နားလည်ပါပြီ အောင်းလန်ကို အရိုသေပေး၍ ပြောလိုက်သည်။
မိဖုရားကျီရှား၏ ထူးဆန်းမှုကို သူက တိုက်ခိုက်ခဲ့ရသည့်အတွက်ပိုသိသည် ။ သူမ၏ ကျင့်ကြံမှုအဆင့်က မတက်လာသော်လည်း သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော ရင်စက်ကြမ်းကြုပ်သော အော်ရာက သူကိုပင် ဒုက္ခဖြစ်စေနိုင်ခဲ့သည်။
ဒီမှာရှိတဲ့လူတွေအားလုံးကို ရှင်းပြစ်လိုက်တော့ ၊ လုံထန်က အောင်းလန်နှင့် အောင်းပင်ကို ပြောလိုက်သည်။
နားလည်ပါပြီ အောင်းလန်နှင့် အောင်ပင်တို့က ချက်ချင်းပင် နတ်ဘုရားသားရဲဘုံအဆင့် ကျင့်ကြံသူများထံသို့ ဦးတည်၍ သွားတော့သည်။
ကိုယ်တို့လည်း ကိုယ်လက်လူပ်ရှားမှုလေးလုပ်ရအောင် လုံထန်ကလည်း သူ၏ ဘေးနားရှိ အောင်းယွီရန်ကိုပြောလိုက်သည်။
ကောင်းပြီလေ ~ အောင်းယွီရန်လည်း ပြုံး၍ ခေါင်းညိတ်လိုက်ကာ သူမ၏ နတ်ဘုရားသားရဲဘုံပထမအဆင့်အော်ရာက ပေါက်ကွဲထွက်လာခဲ့ကာ တိုက်ပွဲများရှိရာသို့ ဦးတည်၍ ဝင်ရောက်သွားတော့သည်။
လုံထန်ကလည်း အောင်းယွီရန်၏ နတ်ဘုရားသားရဲဘုံပထမအဆင့်ကို အသုံးပြုထား၍ တိုက်ပွဲများရှိသို့ဝင်ရောက်သွားတော့သည်။
တိုက်ပွဲရှိရာ၌ သူ၏ သွားနေသော လမ်းကြောင်း၌ ရှိနေခဲ့ကာ နတ်ဘုရားဗိုလ်ချုပ်များနှင့်တိုက်ခိုက်နေသော အရှင့်သခင်သားရဲဘုံတစ်ယောက်ကို သူ၏ စွမ်းအင်များဖြင့်ဖန်တီးထားသော လက်ကြီးဖြင့်ရိုက်ချလိုက်သည်။
အုန်း ~~~ ။
ချီစွမ်းအင်က လေဟာနယ်ကို ပုံပျက်သွားခဲ့ကာ အနက်ရောင်ဝတ်စုံဝတ်ထားသော အရှင်သခင်သားရဲဘုံ ကျင့်သူတစ်ယောက်မှာ ကာကွယ်မှုပင်မပြုနိုင်ပဲ တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။
အရှင်မင်းကြီး ငရဲမီးဗိုလ်ချုပ်က လုံထန်ကိုကြည်၍ ဦးညွတ်လိုက်သည်။
အင်း~ တိုက်ပွဲကို အမြန်အဆုံးသတ်လိုက်တော့ ၊ လုံထန် ကပြောပြီးသည့်နှင့် ခြားသူများထံသို့ ဆက်လက်၍ ဝင်ရောက်သွားခဲ့ကာ ဆက်တိုက်သတ်ဖြတ်နေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ်များနှင့် ရေခဲနဂါးမျိုးနွယ်စု၏ စစ်သည်များမှာ လုံထန် နှင့် အောင်းယွီရန်တို့၏ တိုက်ခိုက်မှုကိုမခံနိုင်ပဲ တစ်ဖက်သက်သာ သတ်ဖြတ်ခြင်းခံနေရတော့သည်။
အနက်ရောင်ဝတ်စုံဝတ်ထားသော အနတ်ဘုရားသားရဲဘုံ တတိယအဆင့်ကျင့်ကြံသူနှင့် စတုထ္တအဆင့် ကျင့်ကြံသူလည်း မိဖုရာကျီရှားထွက်ခွာသွားသည့်နှင့် အခြေနေမကောင်းသည့်နှင့် သူတို့ကတိုကခိုက်နေမှုကို ရပ်တန့်လိုက်ကာ ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
နောက်ဆုံး၌ နတ်ဘုရားသားရဲဘုံအဆင့်ဆိုလို့ ကျီထန်ပင်းတစ်ယောက်သာ ကျန်ရစ်ခဲ့ကာ တိုက်ပွဲက တစ်ဖက်စောင်းနင်းဖြင့်သွားတော့သည်။
သေစမ်း ~~~ ဘာလို့ဒီလိုတွေဖြစ်လာရတာလည်း ၊ ကျီထန်ပင်းမှာ ထွက်ခွာ ပြေးချင်သော်လည်း မလွတ်နိုင်တော့ ချေ။သူ၏ နဂါးခန္ဓာကိုယ်၌လည်း အကြေးခွံများကွာနေခဲ့ကာ အနီရင့်ရောင်သွေးများက စီးကျနေခဲ့ကာ အခြေနေမကောင်းလှချေ။ ယခင်က လုံချီယုနှင့်ပင် သူမှာအသည်းသန်တိုက်ခိုက်နေခဲ့ရကာ အောင်းလန်ရောက်လာချိန်၌ တစ်ဖက်သတ်ဖိနှိပ့်ခံရတော့သည်။ ထွက်ပြေးရန်ပြင်သော်လည်း အောင်းလန်က ယခင်ကဲ့သို့သတိလက်လွတ်မဖြစ်နေပဲသူ၏ ပြေးပေါက်ကို ပိတ်ထားခဲ့သည်။ နောက်ဆုံး၌ အောင်းလန်၏ တိုက်ခိုက်မှုကိုခံရပြီးနောက် ကျီထန်ပင်း၏ တိုက်ခိုက်ရေးစွမ်းအားတွေကို ဆုံးသွားခဲ့ကာ အဖမ်းခံလိုက်ရတော့သည်။
လုံချီယုနှင့် အောင်းလန်က ကျီထန်ပင်းကို ဖမ်းခေါ်လာခဲ့ကာ လုံထန်တို့ရှိရာသို့ ပြန်လာခဲ့တော့သည်။ သူတို့ရောက်လာချိန်၌ပင် တိုက်ပွဲက တစ်ဖက်သက်ဖြစ်နေခဲ့ကာ အဆုံးသတ်ခဲ့နီးနေပြီဖြစ်သည်။