နဂါးထိန်းချုပ်ရေးစာအုပ်
Vol. 9 Ch. 120
-------------
အောင်းလန်က လုံထန်ရှိရာသို့ ပျံသန်းသွားပြီးနောက် ကျီထန်ပင်းကို မြှောက်၍ ပြလိုက်သည်။ လုံထန်က ၎င်းကိုယ်မြင်သည့်နှင့် သူကကျယ်လှောင်စွာဖြင့်အော်ဟစ်လိုက်သည်။
မင်းတို့ရဲ့ ခေါင်းဆောင်ကို ကြည့်လိုက် ၊ မသေချင်ရင် အညံခံရင် အသက်ရှင်မယ် ။ မဟုတ်ရင် အားလုံးအသတ်ခံရမယ် ။ လုံထန်၏ အသံက ချီစွမ်းအင်ကို အသုံးပြုထားခြင်းဖြစ်၍ တိုက်ပွဲဖြစ်ရာ ဆူညံသံများကို ဖုံးလွမ်းသွားခဲ့ကာ တိုက်ခိုက်နေသော နှစ်ဖက်စလုံးက ရပ်တန့်ကာ သူတို့က အသံလာရာစီသို့ ကြည့်လိုက်ကြသည်။
ရေခဲနဂါးမျိုးနွယ်စုနှင့် အနက်ရောင်ဝတ်များ၏ မျက်နှာများက ပျက်ယွင်းသွားခဲ့သည်။ သူတို့၏ ခေါင်းဆောင်က ယခု အောင်းလန်၏ လက်ထဲ၌ အသက်တောင်မနည်းရူနေရသည့်အထိ ဖြစ်နေခဲ့သည်ကို တွေ့လိုက်ရသည်။
ရွှေနဂါးမျိုးနွယ်စုမှ စစ်သည်များကတော့ ပျော်ရွှင်စွာဖြင့် ဟစ်ကြွေးလိုက်၍ အောင်ပွဲခံလိုက်သံက အထက်ဘဝ်တိုင် လွင့်ပျံနေခဲ့သည်။
ရေနဂါးမျိုးနွယ်စုမှစစ်သည်များနှင့် အနက်ရောင်ဝတ်ရုံနက်များ၏ မျက်ဝန်းများအတွင်း၌ အလိုလားမှုများပြည့်နက်နေခဲ့သော်လည်း ၊ တိုက်ခိုက်ရန်အတွက် အင်အားမမျှတဖြစ်နေခဲ့၍ သူတို့အတွက်လက်လျော့ရန်သာရှိတော့သည်။ သူတို့အရေတွက်မှာ သာလွန်သော်လည်း ၊ စွမ်းအားရဲ့ အရှေ့၌မှာတော့ အရေတွက်က ၊ ဘာမှမဟုတ် သာဖြစ်တော့သည်။
သူတို့အားလုံးက တိုက်ခိုက်လိုစိတ်များကို ဖယ်ရှားလိုက်၍ မြေပြင်ထက်သို့ ဆင်း၍ ဒူးထောက်လိုက်ကျတော့သည်။ ရေခဲနဂါးမျိုးနွယ်စုနှင့် အနက်ရောင်ဝတ်စုံဝတ်များမှာ ယခင်က တစ်သောင်းခွဲခန့်ရှိသောလည်းယခုမှု တစ်သောင်းတစ်ထောင်လောက်သာ ကျန်ရစ်တော့သည်။
ချုဟီနှင့် အောင်းယွီရန်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော် အချိန်အနည်းငယ်လေးက အရည်တွက် သုံးထောင်နည်းပါးလောက် သေဆုံးကုန်ကျသည် ။
ချုဟီက စိတ်ပျက်စွာဖြင့်မြေပြင်ထက်၌ ရှိနေသော ရေခဲနဂါးမျိုးနွယ်စု စစ်သည်များနှင့်အနက်ရောင်ဝတ်စုံဝတ် တစ်သောင်းတစ်ထောင်ကိုကြည့်လိုက်၍ ခေါင်းညိတ်လိုက်သည်။
လုံချီယုနှင့် လုံကျားချီမှာလည်း လုံထန်၏ အနားသို့ရောက်လာခဲ့သည်။ မင်းရဲ့အကူညီအတွက်ကျေးဇူးပါပဲ ၊ မဟုတ်ရင် အခြေနေက ထိန်းမရလောက်ဘူး။ လုံချီယုရ ခေါင်းကိုရမ်း၍ မတက်နိုင်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏ မျက်ဝန်းအတွင်း၌လည်း ကူရာကယ်ရာမဲ့မှုများပြည့်နေခဲ့သည်။
အဆင်ပြေပါတယ် ~ ဘိုးဘေးတွေရဲ့ ကတိစကားကြောင့်ပါ ၊ လုံထန်ကလည်းပြုံး၍ ပြောလိုက်သည်။
စိတ်မပူပါနဲ့ ~ မနက်ဖြန် အရေးကြီးသူတွေအားလုံးကို ခေါ်ပြီးတော့ မိုးပြာနဂါးမျိုးနွယ်စုရဲ့ အုပ်ချုပ်သူနေရာကို မင်းအတွက် အားလုံးသိအောင်လုပ်ပြီး ၊ အားလုံးရဲ့အရှေ့မှာ လွဲပြောင်းပေးမှာပါ။ လုံချီယုက ပြောလိုက်သည်။ သူက အောင်လန်၏ ခွန့်အားကို တွေ၍ အနည်းငယ်လန့်မိသည် ။
{ ဒင် ! နဂါးမျိုးနွယ်စုများကို စုစည်းခြင်း }
မစ်ရှင်ခွဲ ~~~ မိုးပြာနဂါးမျိုးနွယ်စုကို စုစည်းနိုင်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ။
{ဆုလဒ် ~~~ နဂါးထိန်းချုပ်ရေးစာ အုပ်ကိုရရှိပါတယ် ။ }
လုံထန်၏ စိတ်ထဲ၌ အေးစက်စက်အသံက ပေါ်လာပြီးတော့ သူ၏ အရှေ့၌ မှန်သားပြင်တစ်ခုပေါ်လာခဲ့သည်။
လုံထန်တစ်ယောက်ပျော်ရွှင်သွားခဲ့သည်။ နဂါးထိန်းချုပ်ရေးစာ အုပ်ရဲ့ အကြောင်းကိုပြပေး ။ လုံထန်က သူ၏စိတ်ထဲမှာ အမိန့်ပေးလိုက်သည်။
ဒင် !
" အမည် ~~~ နဂါးထိန်းချုပ်ရေးစာအုပ် "
အသုံးပြုမှု ~~~ ပထမအဆင့် " နဂါးထိန်းချုပ်ရေးစာအုပ် "ကို ပိုင်ရှင်နဲ့ ဝိညာဉ်ရိုက်နိပ့်ပြီး တော့ အရင်ဆုံးချိတ်ဆက်ပါ ။ ဒုတိယအဆင့် ~~~ ပိုင်ရှင်ရဲ့ သွေးစက်နဲ့ကို အသုံးပြုပြီးတော့ ချိတ်ဆက်မှုကို ခိုင်မာ အောင်လုပ်ပါ ။ ပိုင်ရှင်နဲ့ ချိတ်ဆက်တာအတည့်ပြုပြီးသွားရင် နဂါးမျိုးနွယ်စုဝင်တွေရဲ့ ၊ သွေးနဲ့ သူတို့ရဲ့ အမည်များကို "နဂါးထိန်းချုပ်ရေးစာအုပ် " မှာရေးထိုးခိုင်းပြီးတော့ သူတို့ကို ထိန်းချုပ်နိုင်ပါတယ် ။ သူတို့သစ္စာဖောက်ခဲ့ရင်တောင် ပိုင်ရှင်က တန်းပြီးတော့သိမှာဖြစ်ပြီးတော့ ပိုင်ရှင်က အတွေးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ပါတယ် ။ ဒါပေမဲ့ " နဂါးထိန်းချုပ်ရေး စာအုပ်" မှာ လတ်မှတ်ထိုးထားပြီးရင် ပိုင်ရှင်အပေါ်သစ္စာမဖောက်နိုင်သလောက်ပါပဲ ။
မှတ်ချက် ~~~ နဂါးမျိုးနွယ်စုများ၏ အပေါ်၌သာအသုံးဝင်သည် ။ အခြားမျိုးနွယ်စုများအပေါ်အသုံးပြု၍မရပါ ။
အံဩစရာပဲ ဒီလိုမျိုးအရာတွေကို ဘယ်သူများဖန်တီးခဲ့တာပါလေ့ ။ ဒီအရာကို ဖန်တီးသူရဲ့ စွမ်းအားက တစ်ကယ်ကို ခန့်မှန်းမရနိုင်လောက်နက်နေမှာပဲ လုံထန်က သူ၏ ပျော်ရွှင်မှု မြိုသိပ်လိုက်ရင်းဖြင့် ပြောလိုက်သည်။
စနစ် ! ငါကိုယ် " နဂါးထိန်းချုပ်ရေးစာအုပ် " ထုတ်ပေးပါ ၊ လုံထန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ ပြောလိုက်သည်။ သို့သော်လည်း သေချာကြည့်ရင် သူ၏ လက်များမှာ ပျော်ရွှင်မှုကြောင့် အနည်းငယ်တုန်ခါနေသည့်ကို မြင်နိုင်သည်။
ဒင် ! ပိုင်ရှင်၏ အမိန့်တိုင်းပါ ။
စနစ်၏ စကားဆုံးသည့်နှင့် သူ၏ မျက်နှာအရှေ့မှ လေဟာနယ်က အလင်းတန်းများဖြင့်တောက်ပသွားခဲ့ကာ စာအုပ်တစ်အုပ်ပေါ်လာခဲ့သည်။ ၎င်းက ဆယ်ငါးစင်တီမီတာ အလျားရှိပြီး ၊ အနံမှာလည်း ဆယ်ငါးစင်တီမီတာရှိ သည်။ ၎င်း၏ အထူကလည်း ဆယ်ငါးစင်တီမီတာ အထူ ရှိသည်။
၎င်း၏ မျက်နှာဖုံးက နဂါးတစ်ကောင်၏ ကောင်းကင်နှင့် ဆက်သွယ်နေသည့် အလား မြင့်မားသော တောင်ကြီးကို ရစ်ခွေ့ကာ ကောင်းကင်ကို မထီမဲ့မြင်ဟန်ဖြင့်ကြည့်နေသော အကြည့်ဖြင့်ကြည့်နေခဲ့ရင်းဖြင့် ဟိန်းဟောက်နေသည့်ပုံပင်ဖြစ်သည် ။ ထိုအပေါ်မှာရှိနေသော နဂါး၏ အကြေးခွံများမှာ သက်ရှင်ထင်ရှားနဂါးတစ်ကောင်အလား စာအုပ်၏အပေါ်မှနဂါးမှာ အသက်ဝင်လာ ပြီး အချိန်မရွှေးခုန်ထွက်လာတော့မည့်အလားပင် ။ သေချာကြည့်ပါကာ၎င်း၏ နဂါးအပေါ်မှ အကြေးခွံများမှာ လုံထန်၏ ခန္ဓာကိုယ်မှ ထုတ်ပေါ်လာသော ပုံရိပ်ရောင်နဂါးကြီးဖြစ်သော ကိုးရောင်ခြယ်ဒြပ်စင်နဂါး၏ အကြေးခွံများနှင့် အလားသဏ္ဍန်တူညီသည်။ ဤစာအုပ်တစ်ခုလုံးကလည်း ခောက်ပေါင်းမည်မျှရှိ နေမည်ကို မှန်းဆ၍မရနိုင်ရလောက်အောင် ရှေးဟောင်း အရှိန်ဝါများက ထွက်နေခဲ့သည်။
ရုတ်တရက်ကြီး လုံထန်၏ လက်ထဲ၌ စာအုပ်ကြီးပေါ်လာသောကြောင့် အောင်းယွီရန်နှင့် အကြီးကဲများမှာ အံဩသွားသော်လည်း သူတို့ထိုစာအုပ်ကိုကြည့်လိုက်ချိန်၌ စိတ်ဝိညာဉ်၏ အတွင်းပိုင်းထံမှ လာနေသော အကြောက်တရားကို ခံစားရ၍ သူတို့၏ အကြည့်များကို ချက်ချင်းပြောင်းလိုက်ရတော့သည်။
လုံထန်က သူ၏ ဘေးရှိလူများ၏ အပြောင်းလဲကို မသိပဲ "နဂါးထိန်းချုပ်ရေးစာအုပ်" နှင့်ဆက်သွယ်ရန်ပြုလုပ်နေခဲ့သည်။
ပထမဆုံးစာအုပ်အပေါ်ကိုယ်ပေါ်ကို စိတ်ဝိညာဉ်ရိုက်နိပ့်ပြီးတော့ စာအုပ်နဲ့ ကိုယ်ကြားကို ဆက်သွယ်ရမယ် ။ လုံထန်က စနစ်ပြောကြားထားသည့်အတိုင်းပင် ပြုလိုက်သည်။ သူ၏ စိတ်ဝိညာဉ်ကို ရိုက်နိပ့်လိုက်ချိန်၌ စာအုပ်နဲ့ သူနှင့်အကြား ဆက်သွယ်မှု အနည်းငယ်ကို ခံစားလိုက်ရသည်။ သို့သော်လည်း ၎င်းက အနည်းငယ်လေးသာဖြစ်သည်။ ဒါဆိုပထမဆုံးအဆင့်တော့လုပ်ပြီးသွားပြီပေါ့ ။
ဒါဆို့ ဒုတိယအဆင့်လုပ်ဖို့ပဲကျန်တော့တယ် ၊ လုံထန်က သူ၏ လက်ကို ကိုက်ဖောက်ပြီးတော့ ဒြပ်စင်အလင်းခြောက်မျိုး၏ အလင်းရောင်မှိန်မှိန်လေး ထွက်နေသော သွေးတစ်စက်ကို စာအုပ်၏ မျက်နှာဖုံးအပေါ်ရှိ ဟိန်းဟောက်နေသော နဂါး၏ ပါးစပ်အတွင်းသို့ ချလိုက်သည်။
သွေးစက်ကျသွားချိန်၌ မျက်နှာဖုံးပေါ်ရှိ နဂါးအသက်ဝင်လာသည့်လား သူ၏ မျက်လုံးများက တောက်ပလာသော အလင်းတန်းများထွက်ပေါ်လာခဲ့ကာ လုံထန်၏ သွေးစက်ကို စုပ်ယူလိုက်သည်။ သွေးစက်ပျောက်ကွယ်သွားချိန်၌ လုံထန်က စာအုပ်၏ ပထမဆုံးစာမျက်နှာ၌ သူ၏ အမည်ကို ချရေးလိုက်တော့သည်။
ထိုအချိန်၌ " နဂါးထိန်းချုပ်ရေး စာအုပ် " နဲ့သူနှင့် ဆက်သွယ်ရေးက ပို၍ ခိုင်မာလာခဲ့သည့်ကို ခံစားလိုက်ရသည်။ ယခင်ထက်လည်း ပို၍ ထိန်းချုပ်နိုင်လာပြီးတော့ ၊ စာအုပ်က သူ၏ ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကဲ့သို့ ခံစားနေရတော့သည်။ ဒါဆိုအားလုံးပြီးသွားပြီပေါ့။ လုံထန်က ခေ့ါင်းညိတ်လိုက်သည်။
လုံထန်က ပြုံး၍ သူ၏ ဘေး၌ ရပ်နေသော အောင်းယွီရန်ကို ကြည့်လိုက်သည်။ ယွီရန် ဒီမှာ မင်းရဲ့ သွေးကိုသုံးပြီးတော့ အမည်ကို ရေးလိုက်အုန်း လုံထန်က ပြောလိုက်သည်။
အောင်းယွီရန်က ရုတ်တရက်ကြောင့်သွားသော်လည်း လုံထန်၏ စကားအတိုင်းစာအုပ်၌ သူမ၏ သွေးကိုသုံး၍ သူမ၏ အမည်ကို ရေးလိုက်သည်။ တောက်ပသော အလင်းတန်းများဖြာထွက်လာပြီးနောက် သူမ အနီရောင်စာလုံးများဖြင့် အမည်က လုံထန်၏ရွှေရောင်တောက်ပနေသော အမည်၏ အောက်၌ ရှိနေခဲ့လေသည်။
အောင်းယွီရန်မှာ ဘာမှမခံစားရသော်လည်း ၊ လုံထန်ကတော့ အောင်းယွီရန်နှင့် ဆက်သွယ်နေသော အနီရောင်ချည်မျှင်လေးကို မြင်နေရသည်။ ဤချည်မျှကို သူ၏ စိတ်ကြိုက်ထိန်းချုပ်နိုင်သည်။ ၎င်းအနီရောင် ချည်မျှင်ကို ဖြတ်လိုက်ပါက အောင်းယွီရန်မှ သေဆုံးသွားရမည်ဖြစ်သည်။
လုံထန်က ခေါင်းညှိတ်လိုက်သည်။ သူက အောင်းယွီရန်ကို မယုံကြည့်တာမဟုတ်သော်လည်း ၊ "နဂါးထိန်းချုပ်ရေး စာအုပ် " အုပ် နဂါးမျိုးနွယ်စုအားလုံး၏ သက်ရှိတိုင်း၏ အမည်တိုင်းကို မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်ထားတာပဲဖြစ်သည်။
အားလုံးပဲ မြို့တော်ထဲကိုသွားကြစို့ မြို့တော်ထဲမှာ အနားယူကြမယ် ။ လုံထန်က သူကိုယ်ဝိုင်းကြည့်နေသောလူများကြောင့် ပြန်လည့်သတိဝင်လာခဲ့ကာပြောလိုက်သည်။
နားလည်ပါပြီ အရှင်မင်းကြီး ၊ သူတို့ကိုယ်ကော ဘယ်လို လုပ်ရမလည်း ငရဲမီးဗိုလ်ချုပ် လုံထန်ကိုကြည့်၍မေးလိုက်သည်။
သူတိုကိုယ်ပါခေါ်လာခဲ့လိုက် ~ ငါမှာ သူတို့အတွက်လုပ်စရာရှိတယ် ။ သူတို့ကိုအရင်ကလို့ အလကားသတ်ပြစ်စရာမလိုအပ်ချေ။ ယခုမှာ တော့ နဂါးထိန်ချုပ်ရေးစာအုပ်ရှိနေမှတော့ သူ၏ ကိုယ်ပိုင်ခွန့်အားများဖြစ်လာကြမည့်ဖြစ်သည် ။ ဤအတွက် ၎င်းတို့ကို သတ်ပြစ်စရာမလိုအပ်တော့ချေ။
နားလည်ပါပြီ အရှင်မင်းကြီး ။ ငရဲမီးဗိုလ်ချုပ်က လုံထန်ကို အရိုသေပေးပြီးနောက် ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။