အခန်း (၁၂၁)
Vol. 9 Ch. 121
----------
လုံထန်ကမိုးကြိုးမြို့တော်သို့ပျံသန်းသွားရင်းဖြင့် သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ အချိန်တော်အကြာသည့်အထိ သူ၏ စိတ်အာရုံကို ဖြန့်ကျက်ရှာဖွေ့ပြီးနောက်တွင်တော့သူနင့် ရင်းနှီးသော ၊ အားနည်းဖျော့တော့သော အရောင်ဝါကို အာရုံခံမိလိုက်သည်။
ထိုအချိန်နောက်လုံထန်က သူ၏ နောက်ရှိလူများကိုကကြည့်၍ ပြောလိုက်သည်။ မျိုးနွယ်စုရဲ့ ကိစ္စတွေကို ဘိုးဘေးတို့ပဲ ကိုင်တွယ်လိုက်ပါ ။
အကြီးကဲအောင်းလန် ၊ အကြီးကဲအောင်းမင် သူတို့ကို တစ်ချက်ထိန်းသိမ်းထားပေးပါ ။ လုံထန် ကျီထန်ပင်းနှင့် ရေခဲနဂါးမျိုးနွယ်စု၏ စစ်သည်များနှင့် ဝတ်ရုံနက်များကိုကြည့်၍ ပြောလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ။
ဒါပေါ့မဲ့ ~ အောင်းလန်က စကားဆက်ပြောဟန်ပြင်လိုက်သည်။
လုံထန်က အောင်းလန်ဆက်ပြောလာမည့်စကားများကို နားထောင်နေခဲ့သည်။
အရှင်မင်းကြီး ~ ဒီကိစ္စကို မျိုးနွယ်စုပထမအကြီးကဲကို အကြောင်းကြားသင့်တယ် လို့ထင်ပါတယ် ။ မဟုတ်ရင် ကျွန်တော်မျိုးတစ်ယောက်ထဲ ဒီအခြေနေကို မထိန်းနိုင်မှ စိုးရိမ်မိပါတယ် ။ အောင်းလန်က အနည်းငယ်မျက်နှာ မဲမှောင်နေစွာဖြင့်ပြောလိုက်သည်။
သူကိုယ်သူနှိမ့်ကျပါသည့်ဟု မပြောချင်ပါသော်ငြားလည်း ၊ မိဖုရားကျီရှား၏ အခြေနေက သူကို ထိတ်လှန့်တုန်လှုပ်စေခဲ့ကာ ၊ ရက်စက်ကြမ်းကြုပ်သော မိစ္ဆာစွမ်းအင်များကြောင့် အကူညီမဲ့သလို ခံစားရစေသည်။
ကောင်းပြီ ~ အကြီးကဲ ဒီကိစ္စကို တာဝန်ယူလိုက်ပါ ။လုံထန် အမိန့်ပေးလိုက်သည်။
သွားစို့ ~ လုံထန်က သူ၏ ဘေးရှိ အောင်းယွီရန်ကိုပြောလိုက်ရင်းဖြင့် သူအာရုံခံမိသော အငွေ့သက်ရှိရာသို့ လျှင်မြန်စွာပျံသန်းသွားကြသည်။
လုံထန်တို့ နှစ်ယောက်ထွက်သွားသည့်နှင့် ၊မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးများဖြစ်သော လုံချီယုနှင့် လုံကျားချီတို့မှာလည်း ထွက်ခွာသွားကြသည်။
အောင်းမင်နင့် ၊အောင်းလန်လည်း ကျီထန်ပင်းတို့အုပ်စုကို ထိန်းသိမ်းနေရင်းဖြင့် အောင်းလန်ကသူ၏ ဆက်သွယ်ရေးသတ္တုပြားမှ တစ်ဆင့် မျိုးနွယ်စုအကြီးကဲ အောင်းကျန်းဟန်ကို ဆက်သွယ်လိုက်ကာ ယနေ့ဖြစ်ပျက်ခဲ့သော အကြောင်းရာများကို ခရေစိတွင်းကျ ရှင်းပြလိုက်သည်။
∆∆∆
တစ်ဖက်၌ ။
လုံထန်က အောင်းယွီရန်၏ လက်ကိုဆွဲ၍ လျှင်မြန်စွာပျံသန်းနေခဲ့ကာ သူအာရုံခံစားမိသော အငွေ့သတ်မှာ မိုးကြိုးတစ်ရာ အပြစ်ပေးအကျဉ်းထောင်ဖြစ်နေသာကြောင့် လုံထန်တစ်ယောက် စိတ်ပူသွားခဲ့သည်။
သူ၏ အရှိန်ဟုန်ကို ပို၍ မြင့်တင်လိုက်သည်။ မိုးကြိုးမြို့တော်၏ အရှေ့ဘက်ပိုင်း၏ နှစ်မိုင်အကျယ်ရှိသော မြေပြင်ကြီးထက်၌ နေရာအပြည့်ယူထားသော အနက်ရောင်ဧရာမ မျော်စင်ကြီးကို တွေလိုက်ရသည်။ သူ၏ပတ်ပတ်လှည့်၌လည်း အစောင့်ကြပ်ရာချီ သည့်အထိ အတွက်ပေါင်းများစွာရှိနေခဲ့သည်။
ဤအနက်ရောင် ဧရာမမျော်စင်ကြီး သက်ရှိတိုင်း၏ အကြောက်တရားကို စိတ်အတွင်းထဲ၌ နက်နက်ရိူင်းရိူင်း တုန်လှုပ်စေသော မိုးကြိုးမြို့တော်၏ ကျော်ကြားသော" မိုးကြိုးတစ်ရာ အပြစ်ပေး " အကျဉ်းထောင်ကြီးသာဖြစ်သည်။
လုံထန်နှင့် အောင်းယွီရန်တို့ပျံသန်းလာချိန်၌ အောက်ဘက်၌ စောင့်ကြပ်နေသော အစောင့်ကြပ်များမှ သတိထားမိသွားကြသည်။
ရပ်လိုက်စမ်း ~ ဒါကတားမြစ်နေရာဆိုတာမသိဘူးလား ။ အခုချက်ချင်းထွက်သွားစမ်း ။ ခေါင်းဆောင်ဖြစ်ဟန်ရသော သူမှပြောလိုက်ရင်းဖြင့် သူ၏ သားရဲအရှင်သခင်အဆင့် အော်ရာမှာ လေဟာနယ်ကို တုန်ခါသွားစေကာ ပေါက်ကွဲထွက်ခဲ့သည် ။
လုံထန်ကလည်း စကားပြောလိုက်သောလူထံသို့ပျံသန်းသွားခဲ့သည်။ မင်းက ဒီနေရာရဲ့ ခေါင်းဆောင်လား လုံထန်၏ အသံက အေးစက်နေကကာ မေးလိုက်သည်။ ဤအချိန်၌ သူအမှန်တကယ် ဒေါသထွက်နေချေသည်။ မိုးကြိုးတစ်ရာအပြစ်ပေး အကျဉ်းထောင်က သူမရောက်ရှိဖူးသော်လည်းလူတိုင်း၏ စိတ်ဝိညာဉ်အတွင်းပိုင်းအထိပင် အကြောက်တရားကို ဖြစ်ပေါ်စေသော နေရာဖြစ်သည်။ အဘိုးကြီး ဖေးကို ဤသို့သော နေရာ၌ ထားခြင်းက သူကိုယ် ထိန်းချုပ်မထားနိုင်လောက်သည်အထိ ဒေါသထွက်စေသည်။
အစောင့်ခေါင်းဆောင်မှ ~ သူ၏ အမိန့်ကိုမနာခံပဲ အရှေ့တိုးလာသော လူနှစ်ယောက်ကြောင့် ဒေါသထွက်သွားသောလည်း အနီးကပ်လာချိန်၌ လုံထန်ကို မှတ်မိသွားခဲ့သည်။
မင်းသားခြောက် ~ ဟုတ်ပါတယ် ၊ ကျွန်တော်မျိုးက ဒီနေရာရဲ့ အစောင့်ကြပ်ခေါင်းဆောင်ပါ ။ ထိုအစောင့်ခေါင်းဆောင်မှာ ချက်ချင်းပင် ဦးညွတ်နှတ်ဆက်လိုက်သည်။ သူလည်း အစောအချိန်အလေးက ဖြစ်ပွားခဲ့သော အဖြစ်ပျက်များကို ကိုယ်တိုင်မမြင်ခဲ့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်ဖြစ် ဘာဖြစ်သွားသည့်ကို သတိထားမိသည်။
လုံထန်က ~ ထိုသူကို သေချာကြည့်ပြီးနောက် သူ၏ ရေခဲတမျှအေးစက်နေသော အသံဖြင့်မေးလိုက်သည်။ အဘိုးကြီးဖေး ဒီမှာဖမ်းထားတာလား ။
ထိုအချိန်၌ အစောင့်ခေါင်းဆောင့်နှင့် သူ၏ နောက်တွင်ရှိသော ရာချီသော အစောင့်ကြပ်များမှာရုတ်တရက်သူတို့၏ ပတ်ဝန်းကျင်က အလွန်အေးစက်လာခဲ့ကာ သူတစ်ကိုယ်လုံး အေးခဲသွားစေမတက် အအေးဓာက်ကိုခံစားလိုက်ရသည်။
အစောင့်ခေါင်းဆောင်မှာ ကြောက်ရွံသွားသောလည်း သူက လျှင်မြန်စွာပြန်လှည့်၍ ဖြေကြားလိုက်သည်။
ဟုတ်ပါတယ် ~ မင်းသားခြောက် ။ သူလည်း မင်းသားခြောက် လုံထန်၏ ဘေး၌ ငယ်စဉ်ကထဲအမြဲတန်းစောင့်ရှောက်ပေးခဲ့သော အဘိုးကြီးဖေး၏ အကြောင်းကို သူလည်းသိ၏ ။
ကောင်းပြီ ~ ငါကို ခေါ်သွားပေး ။ လုံထန် ပြောလိုက်သည်။
နားလည်ပါပြီ ~ ကျွန်တော်မျိုးရဲ့ နောက်ကလိုက်ခဲ့ပါ ။ အစောင့်ခေါင်းဆောင်မှာ လုံထန်၏ အေးစက် နေ၍ ဒေါသထွက်နေဟန်ရသော အမှုရာကြောင့်ချက်ချင်းပင် လမ်းပြဦးဆောင်သွားကာ ခေါ်သွားလိုက်သည်။
အစောင့်ခေါင်းဆောင်၏ လမ်းပြမှုကြောင့် ၊ အနက်ရောင်မျော်စင်၏ အတွင်းသို့ဝင်ရောက်သွားခဲ့သည်။ အတွင်းပိုင်း၌ မှောင်မဲ့နေခဲ့ကာ ၊ လမ်းကြောင်းများက အရမ်းမကျယ်ပဲ ၊ ဆယ်ငါးမီတာ အကျယ်သာ ရှိ၏ ။ လမ်းကြောင်းတလျှောက်လုံးတွင် မီတာတစ်ရာ အကွာဝေးတိုင်း၌ ညအလင်းပုလဲတစ်လုံးထား၍ လမ်းကြောင်းကို မြင်သာရန်သာ ပြုလုပ်ထားသည်။ အတွင်းပြင်းလေထုမှာ အပြင်ပိုင်းနဲ့ ကွာခြားကာ အလွန်ခြောက်ဖွယ်ရာပင် အော်ဟစ်ငြီးငြူသံများနှင့် သွေးရနံများကို လိူင်လိူင်ထနေခဲ့သည်။
အစောင့်ခေါင်းဆောင်၏ လမ်းပြမှုအောင်၌ အချိန်အတော်ကြာထိ လမ်းခြောက်ပြီးနောက်တွင် အစောင့်ခေါင်းဆောင့်က သော့ဖြစ်သူရပ်နေသော အရှေ့ရှိအခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
တံခါးပွင့်သွားချိန်၌ သွေးရနံများကအရင်ဆုံး ထွက်ပေါ်လာခဲ့သည်။ လုံထန် အခန်းတံခါးမှ ကြည့်လိုက်ချိန်၌ အားနည်းလှသော အသက်ဓာက်က ဖယောင်းတိုင်မီးကဲ့သို့ အချိန်မရွှေးငြိမ်းသက်သွားနိုင်ဟန်ရသော ပုံရိပ်တစ်ခုကို တွေလိုက်ရသည်။
၎င်း၏ ခန္ဓာကိုယ်ထက်၌ သွေးများကရွဲ့ရွဲ့စိုနေခဲ့ကာ ၊ အက်ကြောင်းများပင်ဖြစ်နေခဲ့သည်။ လုံထန်၏ မျက်လုံးများက ၎င်းမြင်ကွင်းကြောင့် နီရဲသွားခဲ့ကာ သူ၏ အရှေ့သို့ ချက်ချင်းသွာ၍ ချည်နှောင်ထားသော အနက်ရောင်သံမဏိသံကြိုးကြီးများကို ဆွဲဖြုတ်လိုက်သည်။
ထိုနောက်တွင်အဘိုးကြီးဖေးကို သူ၏လက်ထဲ၌ရှိသော အမြင့်ဆုံးကုသရေးဆေးဖြစ်သည့် ကြယ်ခြောက်ပွင့် အဆင့်ရှိသော ကုသရေးဆေးကို ထုတ်၍ တိုက်လိုက်သည်။
သို့သော်အဘိုးကြီးဖေးမှာ လုံထန်တိုက်လိုက်သော ဆေး၏ အာနိသင်ကို စုပ်ယူနိုင်ခြင်းမရှိတော့ချေ။ ဤအတွက်ကြောင့် လုံထန်က သူ၏ ချီစွမ်းအင်ဖြင့် ဆေးကို ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စေပြီးတော့ ဆေးစွမ်းအင်များကို အဘိုးကြီးဖေး၏ ခန္ဓာကိုယ်မှ စုပ်ယူနိုင်ရန်ကူညီပေးလိုက်သည်။
လုံထန်၏အကူညီအောက်၌ အဘိုးကြီးဖေး၏ ခန္ဓာကိုယ်က ဆေးအာနိသင်ကို စုပ်ပြီးနောက် သူ၏ အသက်ဓာက်က အနည်းငယ်ပြန်လည့်ကာ တက်ကြွလာခဲ့သည်။ ယခင်ကဲ့ အချိန်အရွှေးသေဆုံးနိုင်သော ဖယောင်းတိုင်မီးနယ်မဟုတ်တော့ချေ။
ထိုအခါမှာ လုံထန်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ လုံထန်တစ်ယောက် နီရဲနေသောမျက်လုံးများဖြင့် အစောင့်ခေါင်းဆောင်ကို သတ်ဖြတ်ရန် အတွက် ကြည့်လိုက်သော်လည်း နောက်ဆုံး၌ ၎င်းက အမိန့်တိုင်းလုပ်ဆောင်ရသည့်သူသာဖြစ်၍ သူအပြစ်မတင်ချင်တော့ချေ။ သူက သူကအပြစ်မရှိသော သူများကို တော့မသတ်ချင်ချေ။
သွားကြစို့ ~ အခုချိန်၌ အဘိုးကြီးဖေးမှာပြန်ပြီးတော့ သတိမလည်သေးသော်လည်း ယခုအချိန်၌ အနည်းငယ်ပြန်ကောင်းလာခဲ့ပြီဖြစ်သည်။ လုံထန်က အဘိုးကြီးဖေး၏ ခန္ဓာကိုယ်သယ်ဆောင်၍ အောင်းယွီရန်နှင့်အတူတူ ယခင်သူနေထိုင်ခဲ့သော် နန်ုးဆောင်သို့ သွားခဲ့သည်။
လုံထန်ထွက်သွားချိန်မှသာ ၊ အစောင့်ခေါင်းဆောင်ခင်ဗျာ သက်ပြင်းချနိုင်တော့သည်။ လုံထန်၏ ထံမှာ တစ်ချက်တစ်ချက် ထွက်လာသော သတ်ဖြတ်ခြင်းစွမ်းအင်က သူကို ချွေးအေးများဖြင့် စိုရွဲ့နေစေခဲ့သည်။