← Chapters

မိုးထိတောင်သို့ (မဟုတ် ) ပြန်လမ်းမဲ့တောင်

Vol. 9 Ch. 122

မိုးထိတောင်သို့ (မဟုတ် ) ပြန်လမ်းမဲ့တောင်

Vol. 9 Ch. 122

----------

လုံထန်က အဘိုးကြီးဖေး၏ ခန္ဓာကိုယ်ကို သယ်ဆောင်၍ အရင်သူနေထိုင်ခဲ့သော နေရာသို့ ရောက်ရှိလာခဲ့သည်။ အဘိုးကြီးဖေးကို သူ၏ အခန်းတွင်း၌ အနားယူစေလိုက်သည်။

ကုတင်၏ အထက်၌ လှဲ့လျောင်းနေသော အဘိုးကြီးဖေးကို ကြည့်၍ လုံထန်တစ်ယောက် မိဖုရားကျီရှားအပေါ်မုန်းတီးမှုက နဂိုထက်ပို၍ ပြင်းထန်လာခဲ့သည်။

အောင်းယွီရန်က အဘိုးကြီးဖေး၏ ဖြူလျော့နေသော မျက်နှာကို ကိုယ်ကြည့်၍ သူမ၏ သိမ့်မွေ့ညှင်သာသော ချီစွမ်းအင်ဖြင့်လွမ်းခြုံ၍ အဘိုးကြီးဖေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။

ထိုအစဉ်၌ သူမ၏ မျက်နှာကပျက်ယွင်းသွားခဲ့သည်။

လုံထန်ကအောင်းယွီရန်၏ မျက်နှာကိုကြည့်၍ ပျက်ယွင်းသွားချိန်၌ တစ်ခုခု ဖြစ်နေပြီထင်၍ ချက်ချင်းမေးလိုက်သည်။ ဘာဖြစ်လို့ ယွီရန် ။ သူက အောင်းယွီရန်၏ စွမ်းအားကို အယူသုံးနိုင်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းမဟုတ်သည့်အတွက်ကြောင့် အချိန်မရွှေးမသုံးနိုင်ချေ။ အဲဒီအတွက်ကြောင့် သူ၏ပုံမှန်အနေထားတွင် ကောင်းကင်သားရဲဘုံ အဆင့်သာဖြစ်သည်။

အဖိုးကြီးဖေးရဲ့ ခန္ဓာကိုယ်က သူရဲ့ကျင့်ကြံမှုကို ချိတ်ပိတ်ပြီး အချိန်အတော်ကြာ မိုးကြိုးပြစ်ဒဏ်ကို ခံစားခဲ့ရတော့ အဖိုးကြီးဖေးက သူရဲ့ ခန္ဓာကိုယ်အားရဲ့ သန်မာမှုနှင့် တောင်ခံထားခဲ့တာ ။ အဲဒီအတွက်ကြောင့် နောက်ဆက်တွဲပြသာနာက အလွန်များပြားတဲ့မိုးကြိုးစွမ်းအင်တွေက သူရဲ့ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး ချိတ်ပိတ်ထားခံရတဲ့ ကျင့်ကြံမှုကြောင့် အဖိုးကြီးဖေးက အဲဒီသူကိုယ်အတွင်းပိုင်းက မိုးကြိုးစွမ်းအင်တွေကို မရှင်းထုတ်နိုင်သလို့ သူ၏ ကိုယ်ပိုင်စွမ်းအင်အဖြစ်လည်းမပြောင်းလဲနိုင်ဘူး ။

အချိန်ကြာလာတော့ အဲဒီမိုးကြိုးစွမ်းအင်တွေက ၊အဘိုးကြီးဖေးရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ ကျင့်ကြံမှုကို ထိခိုက်စေခဲ့တယ် ။ အဲဒီအတွက် ပြန်ပြီးတော့သက်သာလာရင်တောင် သူပြန်ပြီး ထပ်ကာ မကျင့်ကြံနိုင်တော့မှာ စိုးရိမ်ရတယ် ။ အောင်းယွီရန်က မျက်နှာ မကောင်းစွာဖြင့် ပြောလိုက်သည်။

ထိုအသံက လုံထန်၏ စိတ်ဝိညာဉ်ကိုပင် တုန်လူပ်သွားစေခဲ့သည်။ ထိုအရာက သူဘယ်တော့မှ မဖြစ်စေချင်သော အရာပင်ဖြစ်သည်။ သူ၏ အနား၌ အမြဲတန်း စောင့်ရှောက်ပေးခဲ့သော အဘိုးကြီးဖေးကို ထိုသို့မဖြစ်စေချင်ချေ။

လုံထန်က သူ၏ရင်ဘက်အတွင်း၌ လှိုက်၍ တက်လာသော ဒေါသများကို အတင်းဖိနှိပ့်လိုက်ရသည်။ ယခုအချိန်တွင် လုံထန်၏ အခြေနေက အချိန်မရွှေးပေါက်ကွဲနိုင်သော မီးတောင်တစ်ခုအလားဖြစ်နေခဲ့သည်။ သူတို့ရှိနေသော အခန်းတွင်း၏ အပူရှိန်ကထိုးကျသွားခဲ့ကာ အခန်း၏ နရံများအထက်၌ ရေခဲမှုန့်များပင် ပေါ်လာသည့်အထိ ဖြစ်လာခဲ့သည်။ ပြန်ကောင်းလာစေမဲ့ အနည်းလမ်းတစ်ခုခုများရှိလား ။ လုံထန်က မေးလိုက်သည်။ နည်းလမ်းရှိသည့်ဆိုပါက မည်မျှပင် ခက်ခဲ စေကာမှု သူရအောင်ကြိုးစားမည်ဖြစ်သည်။

မရှိဘူး ~ ကျင့်ကြံမှု ပျက်စီးသွားတာ ဘယ်တော့မှ ပြင်ပြုလို့မရနိုင်တဲ့အရာပဲ အောင်းယွီရန်က စိတ်မကောင်းသော်လည်း ဤအတွက်ဖြေရှင်းရန် နည်းလမ်းမရှိချေ။

လုံထန်၏ မျက်နှာမှာလည်း ချက်ချင်းပဲ မျော်လင့်ချက်မဲ့သော အရိပ်ရောင်များဖြစ်ပေါ်သွားခဲ့သည်။

လုံထန်၏ အခြေနေကိုမြင်တော့ အောင်းယွီရန်ပင် စိတ်ဓာက်ကျသလိုခံစားလိုက်ရသည်။ ထိုအစဉ်သူမ၏ မျက်ဝန်းများက တောက်ပလာခဲ့သည်။ သို့သော်လည်း ထိုအရာခနတာသာ ဖြစ်၏ ။

ဒါပေမဲ့ ~ အောင်းယွီရန်ကစကားစလိုက်သည်။

ဒါပေမဲ့ ~ ဘာလည်း လုံထန်၏ မျက်ဝန်းများက တောက်ပလာခဲ့ကာ ချက်ချင်းမေးလိုက်သည်။

အတိကျတော့လား သေချာမသိပေမဲ့ ~ အရင်တုန်းက နန်းတော်ရဲ့ စာကြည်တိုက်ရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲက စာအုပ်တစ်အုပ်မှာဖက်ကြည့်ခဲ့ဖူးတာ တစ်ခဲ့ရှိတယ် ။

အဲတာက ~ " ဝိညာဉ်ရေစင် " နှစ်သန်းချီတဲ့ ဝိညာဉ်ရေစင် သူက ပျက်စီးသွားတဲ့ ကျင့်ကြံမှုကို ပြန်လည်ကောင်းမွန်စေတဲ့ အပြင် အသုံးပြုသူကိုပါ ကျင့်ကြံမှု ပိုပြီးသန်မာလာစေတယ် ။ အောင်းယွီရန်က ပြောလိုက်သည်။

" ဝိညာဉ်ရေစင် "လား ။ လုံထန်တစ်ယောက် ၎င်းကိုကြားဖူးသလိုဟန်ရှိသည်။ သို့သော်သူဘယ်နေရာ၌ ကြားခဲ့သလည်း မေ့နေခဲ့သည်။ အချိန်အတော်ကြာ စဉ်းနေပြီးနောက် လုံထန်တစ်ယောက် သတိရသွားခဲ့သည်။

ဟားဟား ~ မှတ်မိပြီ ~ နောက်ဆုံးလုံထန်တစ်ယောက် ကျယ်လှောင်စွာ ရီမောရင်းပြောလိုက်သည်။ ၎င်းက သူမိုးကြိုးသိမ်းငှက်မျိုးနွယ်စုထံသို့ သွားချိန် မိုးထိတောင်ကို ဖြတ်သန်းချိန်၌ " စနစ်" ၏ တာဝန်ပေးခံရချိန်က ကြားဖူးခဲ့ခြင်းဖြစ်သည်။

အောင်းယွီရန်က ရုတ်တရက်ထ၍ ရီမောနေသော လုံထန်ကိုကြည့်၍ ထိတ်လန့်သွားခဲ့သည်။ ဘာဖြစ်တာလည်း ။ သူမ၏ စကားကြောင့် လုံထန် စိတ်လွတ်သွားသည့်ဟု သူမတွေးမိလိုက်သည်။

သို့သော်ထိုအချိန်၌ လုံထန်က သူမ၏ အတွေးကိုမသိပဲ စကားစလာခဲ့သည်။ သိခဲ့မည်ဆိုလျှင် လုံထန်တစ်ယောက် သူမိန်းမအပေါ် မယုံကြည့်နိုင်ချင်းများစွာဖြင့် ကြည့်နေရမည်ဖြစ်သည်။

ယွီရန် မနက်ဖြန်ကျရင် ကိုယ်တစ်နေရာကို သွားစရာရှိတယ် ။ ဒီမှာရှိတဲ့ ကိုယ်ကိစ္စတွေကို ကိုင်တွယ်ပေးထားပါအုန်း ။ လုံထန်ပြောလိုက်သည်။

အောင်းယွီရန်ပြောသည့်အရာက မျော်လင့်ချက်လေးသာ ဖြစ်သော်လည်း သူကတော့ ထိုအရာကို အဘိုးကြီးဖေးအတွက် စွန့်စားပေးချင်ခဲ့သည်။ ထိုကဲ့သို့ မလုပ်မိပါလျှင်သူတစ်ဘဝ လုံးနှောင်တရနေမည်ဖြစ်သည်။ နှောင်တရမည်အဖြစ်မျိုးသူမလုပ်ချင်ချေ။

အဘိုးကြီးဖေး၏ ပြသာနာကို ဖြေရှင်းနိုင်ပါက သူကြိုးစားရသည့်မှာ ထိုက်တန်ပေသည်။ ထိုအတွေးကြောင့် သူ မိုးထိတောင် (သို့မဟုတ် ) ပြန်လမ်းမဲ့တောင်သို့ သွားရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။

ထိုအတွေးကိုရသည့်နှင့် လုံထန် ကအောင်းယွီရန်၏ ပြန်ပြောလာမည့်စကားကို မစောင့်တော့ပဲ " နဂါးထိန်းချုပ်ရေး စာအုပ် " ကိုထုတ်လိုက်သည်။ အောင်းယွီရန်ကို ရွှေနဂါးမျိုးနွယ်စုများအားလုံးနှင့် မိုးပြာနဂါးမျိုးနွယ်စုအားမှာ လူများကို ဤစာအုပ်၌ သွေးလတ်မှတ်ရေးထိုးခိုင်းရန် မှာကြားလိုက်သည်။ နောက်ဆုံးတစ်ခုမှာ ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲမည်က ရေခဲနဂါးမျိုးနွယ်မှ အဆင့်မြင့်ကျင့်ကြံသူ ကျီထန်ပင်း သာဖြစ်သည်။ သို့သောလည်း လုံထန်တစ်ယောက် အောင်းယွီရန် အောင်မြင်မည်ဟု ယုံကြည့်သည်။

ဒါပေမဲ့ ~ ကျီထန်ပင်း နတ်ဘုရားသားရဲဘုံ အဆင့်ကျင့်ကြံသူနောက် သစ္စာဖောက်နိုင်တယ် ။

သူမက ကျီထန်ပင်းကို လက်ခံဖြစ်လာပါက သစ္စာဖောက်မှာ စိုးရိမ်နေသော၏ ။ စိုးရိမ်ပူပန်သော အောင်းယွီရန်ကိုကြည့်ကာ လုံထန်က ပြုံးလိုက်မိသည်။ ထိုနောက်တွင် တော့ " နဂါးထိန်းချုပ်ရေး စာအုပ် " ၏ အစွမ်းအကျဉ်းချုပ်ကို အောင်းယွီကို ပြောပြခဲ့သည်။

လုံထန်၏ အပြောကြောင့်သူမ၏ လှပသော မျက်နှာလေးထက်၌ အံအားသင့်မှုများ ပြည့်နက်သွားသော်လည်း တချိန်ထဲမှာပင် သူမထိတ်လန့်မှုကို ခံစားလိုက်ရသည်။ ဤလောကကြီးထဲ၌ ထိုမျှအစွမ်းထက်သော ရတနာပစ္စည်းများရှိမည်ဟု သူမမမျော်လင့်ထားခဲ့ဖူးချေ။

လုံထန်က " နဂါးထိန်ချုပ်ရေးစာအုပ် " ကို အောင်းယွီရန်ထံသို့ပေးလိုက်သည်။ သူမ ကလုံထန်၏ လက်ထဲက " နဂါးထိန်းချုပ်ရေးစာအုပ် " ကို သေချာလေ့လာကြည့်သော်လည်း ထူးခြားဆန်းကျယ်မှုကို ရှာမတွေချေ။ သူမတွေခဲ့သည်က စာအုပ်၏ အဖုံးထက်၌ အသက်ဝင်လှစွာသော နဂါးတစ်ကောင်၏ ပုံသာဖြစ်သည်။ ဤပုံထဲမှ နဂါး၏ အကြည့်က သူမစိတ်ဝိညာဉ်ထိ တိုင်ထိုးဖောက်မြင်နိုင်သည့်အလား ခံစားချက်ကို သူမရလိုက်သည်။

သွားကြစို့ ~ ကိုယ်မင်းကို တစ်နေရာကို ခေါ်သွားပေးမယ် ။ လုံထန်က လိုအပ်သည့်များအားလုံးလုပ်ပြီးနောက် ျအာင်းယွီရန်ကို ပြောလိုက်သည်။

ဘယ်ကိုလည်း ~ အောင်းယွီရန်က သိလို့ဟန်ဖြင့်မေးလိုက်သည်။ သို့သော်လည်း လုံထန်မှာ ပြန်အဖြေပဲ ၊ သူမလက်ကို ဆွဲ၍ သာ နန်းဆောင်ထဲမှ ထွက်လာခဲ့သည်။

နန်းဆောင်ထဲမှ ထွက်လာပြီးနောက် ၊ နန်း ဆောင်၏ တောင်ဘက်သို့ တည်တည်ပျံသန်းသွားခဲ့သည်။ သို့တို့ ဖြေးဖြေးညှင်းပျံသန်းသွားသော်ငြားလည်း ၊ အလွန်လျှင်မြန်လှသည်။

နန်းဆောင်နှင့် ကီလိုမီတာ တစ်ရာအကွာ၌ တစ်ကိုယ်ထဲ အထီးကျန်စွာရှိနေသည့်အလား မီတာနှစ်ရာ အမြင့်ရှိသော တောင်လေးတစ်လုံးရှိနေခဲ့သည်။ လုံထန် နှင့် အောင်းယွီရန်က ထိုတောင်နားသို့ ရောက်ချိန်၌ တောင်ခြေ၌ ဆင်းသက်လိုက်၍ တောင် ထိပ်စီသို့ တက်သွားခဲ့သည်။

တောင်ခြေမှာ တောင်ထိပ်အထိ မီတာနှစ်ရာအမြင့်သာ ရှိလေသည်။ လုံထန်နဲ့ အောင်းယွီရန်က တောင်ထိပ်သို့ ခြေလှမ်း နှစ်ဆယ်လောက် လှမ်းလိုက်ရုံနဲ့ ရောက်ရှိသွားခဲ့သည်။

သူတို့ တောင်ထိပ်သို့ရောက်ချိန်၌ တောင်၏ထိပ်ပိုင်း၌ တစ်ကိုယ်ထဲအထီးကျန်နေဟန်ရသော မြေစာပုံလေးရှိသည်။

လုံထန်ထိုမြေစာပုံလေးအရှေ့သို့ရောက်သွားချိန်၌ ချက်ချင်းဒူးထောက်ချလိုက်သည်။ အမေသားပြန်လာပြီ ။ အခုချိန်မှာ ~အမေသားက အရမ်းသန်မာနေပြီ ၊ သားရန်သူတွေကို လက်စားချေနိုင်တော့မယ် ။ အမေစိတ်ချလက်ချသာ အနားယူပါ ။

နောက်ပြီးတော့ အမေအတွက် ~ ချွေးမခေါ်လာခဲ့တယ် ။ လုံထန်က အောင်းယွီရန်ကို ခေါ်လိုက်သည်။ အောင်းယွီရန်က ချက်ချင်းပင် လုံထန်၏ ဘေးနား၌ ဒူးထောက်ချလိုက်၍ ပြောလိုက်သည်။

နှတ်ဆက်ပါတယ် ~ အမေ ။

All Chapters