← Chapters

ဒဏ္ဍာရီလာ မိုးထိတောင်( သို့မဟုတ် )ပြန်လမ်းမဲ့တောင်သို့ သွားခြင်း ။

Vol. 9 Ch. 123

ဒဏ္ဍာရီလာ မိုးထိတောင်( သို့မဟုတ် )ပြန်လမ်းမဲ့တောင်သို့ သွားခြင်း ။

Vol. 9 Ch. 123

--------

လုံထန်နှင့် အောင်းယွီရန်တို့ နှစ်ယောက်စလုံးက ညလုံးပေါက် လုံထန်၏ အမေဖြစ်သို့ ယိုချီရွဲ့ မြုပ်နှင့်ထားသော တောင်ထိပ်၌စကားပြောရင်းဖြင့် နေခဲ့ကြသည်။

မနက်ခင်းရောက်ချိန်၌ လုံထန်က တစ်ယောက်ထဲသွားရန်ပြင်လိုက်သော်လည်း အောင်းယွီရန်၏ အပြောစကားကြောင့် ငရဲမီးဗိုလ်ချုပ်ဦးဆောင်သော ငရဲမီးတောက်စစ်တပ်နှင့် မိဖုရားကျီရှား၏ ရန်ကိုကာကွယ်ရန် အကြီးကဲ အောင်းလန်ကို ခေါ်ဆောင်သွားရန် အကြံပေးခဲ့သည်။

လုံထန်လည်း အောင်းယွီရန်၏ စိတ်ပူ၍ ပေးသောအကြံကို လက်ခံလိုက်သည်။ အကြီးကဲအောင်းလန် ပါလာခဲ့သည့်က ဆိုးသော ကိစ္စမဟုတ်ချေ။

ဒီမှာရှိနေသော ပြသာနာများကို ဖြေရှင်းရန်အတွက် အောင်းယွီရန်ကို အားလုံးမှာထားပြီးသားဖြစ်သည်။ မနက်စောစော၌ လုံထန်ကအကြီးကဲအောင်းလန် နှင့် ငရဲမီးတောက်ဗိုလ်ချုပ် ဦးဆောင်သော ငရဲမီးတောက်စစ်တပ်ကို ဦးဆောင်၍ အခြားသူများမသိခင် မိုးထိတောင်သို့ ထွက်ခွာသွားခဲ့တော့သည်။

မိုးပြာနဂါးမျိုးနွယ်စုနှင့် မိုးထိတောင်ရှိရာ နေရာသို့ရောက်ရန်အတွက် အနည်းဆုံးတော့ ဆယ်သုံးရက်လောက်ကြာမြင့်နိုင်သည်။

ပျံသန်းနေသော" ဉက္ကာပျံ "စစ်သင်္ဘောနှစ်စီးအနက် တစ်စီး၏ ကုန်းပတ်ပေါ်၌ လုံထန်တစ်ယောက် ဒြပ်စင်ငါးခုနဂါးလက်ဝါး လျိုဝှက်ကျင့်စဉ်၏ ၊ ပထမဆုံးအကွက်ဖြစ်သော မီးတောက်လောင်နဂါးလက်ဝါးကို လေ့ကျင့်နေခဲ့သည်။

အချိန်အတော်ကြာလေ့ကျင့်ပြီးသည့်နောက်၌ ဤအကွက်ကို ၏ အနှစ်သာရကို ဖမ်းဆုပ်မိ၍ အသုံးပြုနိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း လုံထန်ကတော့ ဤမီးတောက်လောင်နဂါးလက်ဝါးကို ဆက်လက်၍ လေ့ကျင့်နေစဲဖြစ်သည်။ အချိန်မည်မျှကြာသည့်အထိ လေ့ကျင့်ခဲ့သည့်ကို မသိခဲ့ပဲ နောက်ဆုံး၌ လုံထန်တစ်ယောက် ရပ်တန့်လိုက်သည်။

သူရပ်တန့်လိုက်ချိန်၌ ညအချိန်တောင်ရောက်နေပြီပဲ ဖြစ်သည်။ သူ၏ ဒေါသများကို ထိန်းချုပ်ရန်အတွက် အပြင်းထန် လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။ ပုံမှန်တိုင်းဆိုပါက သူက အဘိုးကြီးဖေး၏ အကြောင်းကို တွေးမိတိုင်း သူ၏ ဒေါသများက ထိန်းချုပ်ရန်ခက်ခဲသည့်အထိ ဖြစ်လာခဲ့သည် ။

လုံထန်လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီးချိန်၌ အကြီးကဲ အောင်းလန်က ကုန်းပတ်ပေါ်သို့ရောက်ရှိလာခဲ့သည်။ ရွှေနဂါးမျိုးနွယ်စု၏ ဧကရာဇ်များသာ လေ့ကျင့်ရသော လျို့ဝှက်ကျင့်စဉ်ကို လေ့ကျင်နေချိန်၌ အနားတွင်မည်သူများရှိနေ၍ မရချေ။

အကြီးကဲများပင်လျှင်မရချေ။ အဲဒီအတွက်ကြောင့် အကြီးကဲ အောင်းလန်ပင် အဝေးသို့ သွားနေရချေသည်။

အရှင်မင်းကြီး ~ ပထမအကြီးကဲကို သတင်းပို့ပြီးသွားပါပြီ ။ ပထမအကြီးကဲက ဒုတိယအကြီးကဲနဲ့ တတိယအကြီးကို စေလွတ်လိုက်မယ်လို့ ပြောထားပါတယ် ။ သူတို့ရက်အနည်းငယ်ကြာရင် မိုးပြာနဂါး အင်ပါယာမြို့တော်ကို ရောက်ပါလေ့မယ် ။ အရှင်မင်းကြီး ဘာများမိန့်ကြားစရာ ရှိပါသေးလဲ ။ အောင်းလန်က ရိုသေစွာဖြင့်ပြောလိုက်သည်။

ဒုတိယအကြီးကဲ နဲ့ တတိယအကြီးတို့ရောက်ရင် သူတို့နှစ်ယောက်စလုံးကို မိဖုရားကျီရှားကို လိုက်ရှာဖွေခိုင်းလိုက်ပါ ။ တွေခဲ့ရင် အသက်မသေစေနဲ့ အရှင်ဖမ်းခိုင်းလိုက်ပါ ။ ဒီအရှင်က ကိုယ်တိုင် ပြစ်ဒဏ်ပေးမယ် ။ လုံထန်က အေးစက်စွာပြောလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီး ။

အောင်းလန်ကထွက်ခွာသွားပြီးနောက်တွင် လုံထန်၏ အမိန့်အတိုင်း ချက်ချင်းပင် ပထမအကြီးကဲ အောင်းကျန်းဟန်ကို တင်ပြလိုက်သည်။

အောင်းလန်ထွက်ခွာသွားချိန် လုံထန်က ကုန်းပတ်၌ ထိုင်ချလိုက်၍ သူ၏ သို့လှောင်လက်စွပ်၏ အတွင်းမှ သေရည်အိုးတစ်အိုးကို ထုတ်လိုက်သည်။ ၎င်းက အောင်းယွီရန်ကို တိုင်ချက်လုပ်ထားသော အထူးသေရည်ဖြစ်သည် ။

သေရည်ကို သောက်လိုက်ရင်းဖြင့် လုံထန်တစ်ယောက် ည၏ ရူခင်းအချို့ကို ကြည့်နေခဲ့သည်။ အရင်က အေးချမ်းချမ်းပြီးသွားမယ်လို့ ထင်ခဲ့သော်လည်း အခုလိုမထင်ထားသော ပြသာနာများ ဖြစ်လာမည်ဟုမတွေးထားခဲ့မိချေ။

ပို၍ဆိုးဝါးသည့်က မိဖုရားကျီရှား၏ ပုံသဏ္ဍန်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မိစ္ဆာဆန်သော စွမ်းအင်ကို သူတစ်ခါမှ မတွေဖူးချေ။ ၎င်း၏ ဆိုးရုတ်လှသော အရှိန်ဝါက သူကိုယ်ပင် ထိတ်လန့်စေသည်။ နောက်ထပ်ကတော့ ထူးဆန်းသော အနက်ရောင် ခေါင်းလောင်း၏ စွမ်းအားဖြစ်သည်။ ဤလက်နက်၏ စွမ်းလိုမျိုး သူတစ်ခါမှာ မမြင်ဖူးချေ။

ဒီလောကကြီးထဲမှာ ငါမသိနားမလည်တာတွေအများကြီးရှိနေတုန်းပါလား ။ လုံထန်တစ်ယောက် ခေါင်းရမ်းလိုက်မိသည်။အရင်က သူ အောင်းချင်းထန်၏ မှတ်ဉာဏ်အချို့နှင့် ရွှေနဂါးမျိုးနွယ်စု ရှေးဟောင်းမှတ်တမ်းများကို လေ့လာကြည့်ခဲ့ပြီးသည့်နောက် သူတော်တော်များများသိထားပြီဟုထင်သော်လည်း လက်တွေ့မှာတော့ သူသိထားသော်အရာများက ပင်လယ်ထဲမှာ ရေတစ်စက်လောက်သာဖြစ်သည်။

ငါမသိနိုင်သေသော အရာတွေဘယ်လောက်တောင်ရှိနေအုန်းမလည်း မသိဘူး ။ လုံထန်တစ်ယောက်ကောင်းကင်ယံသို့ ကြည့်၍ ရေရွတ်လိုက်သည်။ ကောင်းကင်ယံတစ်ခုလုံးက ကြယ်များဖြင့် ပြည့်နက်နေခဲ့ကာ အလွန်လှပနေခဲ့သည်။

အခုချိန်မှာ ငါရဲ့ဖြစ်တည်မှုက သေးငယ်နေသေးတယ် ။ တစ်ချိနှ်မှာတော့ လောကကြီးရဲ့ အရာရာတိုင်းကို ငါထိတွေနိုင်ရမယ် ။ လုံထန်က သူ၏ လက်ကို မြှောက်လိုက်ကာ ကောင်းကင်ကြီးကို ဖမ်းဆုပ်ကြည့်ဟန်ပြုလုပ်ကာပြောလိုက်သည်။

ညအချိန်က လုံထန်တစ်ယောက် သေရည်သောက်ရင်းနှင့် အတိတ်၏ အကြောင်းရာများနှင့် လက်ရှိဖြစ်ပျက်နေသော အကြောင်းများကို စဉ်းစားရင်းဖြင့် မနက်ခင်းသို့ရောက်သွားခဲ့သည် ။

အချိန်များမှာလည်း အေးချမ်းစွာဖြင့် ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ အချိန်ဆယ်သုံးရက်ကုန်ဆုံးသွားခဲ့သည်။

လုံထန်တို့ အုပ်စု ကောင်းကင်ကြီးနှင့် ဆက်သွယ်ထားသည့်အလား မြင့်မားလှသော ဒဏ္ဍာရီလာ မိုးထိတောင်( သို့မဟုတ် ) ပြန်လမ်းမဲ့တောင်ကြီးသို့ရောက်ရှိသွားခဲ့သည်။ တောင်ကြီးက ကီလိုမီတာ သောင်းပေါင်းများစွာမကျယ်ထိကို နေရာယူထားခဲ့သည်။

သို့တို့အားလုံးက " ဉက္ကာပျံသင်္ဘောများကို "မိုးထိတောင်၏ တောင်ခြေနဲ့ အကွာဝေးအချို့အခြားကာ ရပ်တန့်လိုက်သည်။ လုံထန်က ကုန်းပတ်ပေါ်မှာ နေ၍ တောင်ကြီးကို ကြည့်နေချိန်၌ အခြားသူများ၏ ပြောစကားများအရ သူထိတ်လန့်မှု အနည်းငယ်တော့ ခံစားရစဲ့ပင် ။ သို့သော်လည်း သူ၏ ဘဝတွက်အရေးကြီးသူကိုယ် ကယ်တင်ရန်ဆိုသော အတွေးက သူ၏ ထိတ်လန့်မှု အနည်းငယ်ကို မောင်းထုတ်လိုက်သည်။

ဒီတောင်က ပျံသန်းပြီးတော့ တက်လို့မရနိုင်ဘူး ။ ငါတို့ လမ်းလျောက်မှပဲ ရမယ် ။ ပြီးတော့ ငရဲမီးဗိုလ်ချုပ် အသင့်ရဲ့စစ်သည့်တွေနဲ့ တောင်ခြေမှာပဲ စောင့်ကြပ်ကျန်ခဲ့ပြီးတော့ ကျွန်ုပ်ပြန်အလာကို စောင့်ပါ ။ လုံထန်က ပြောလိုက်သည်။ သူများတွေ ပြောခဲ့သလို့ ဘာမှန်းမသိတဲ့ အခြေနေမျိုးမှာ သူအတွက် နဲ့ အခြားသူများကို မခေါ်သွားချင်ချေ။

သူနှင့်အကြီးကဲ အောင်းလန်နှစ်ယောက်ထဲသွားသည့်က အကောင်းဆုံးပင် အကြီးကဲအောင်းလန်က နတ်ဘုရားသားရဲဘုံ ဆဠမအဆင့်နှင့် အရာအချို့ကို လုပ်နိုင်စွမ်းရှိသည်။ ထိုအပြင်သူကလည်း အောင်းယွီရန်၏ စွမ်းကို ယူ၍ နတ်ဘုရားသားရဲဘုံပထမအဆင့် ခွန့်အားကို သုံးစွဲနိုင်သည်။

မမျော်လင့်ထားခဲ့သော် ပြသာနာများဖြစ်လာလျှင်ပင် သူနှင့် အကြီးကဲအောင်းလန် နှစ်ယောက်ထဲဆိုပါက လွတ်မြှောက်နိုင်စွမ်းရှိသည့်ဟု ယုံကြည်ချက်ရှိသည်။ လူအများကြီးပါလာခဲ့ပါ ထိုသို့လွတ်မြှောက်နိုင်မည်ဟု သူမထင်ချေ။

နားလည်ပါပြီ ~ အရှင်မင်းကြီး ။ ငရဲမီးဗိုလ်ချုပ် က လုံထန်၏ အမိန့်ကို နာခံလိုက်ကာ ချက်ချင်းပင် သူ၏ စစ်တပ်ရှိရှိ စစ်သည်များကို နေရာယူခိုင်းကာ ခွဲခြားလိုက်သည်။

သွားကြစို့ ~ အကြီးကဲ အောင်းလန် လုံထန်က သူမှာကြားစရာ အချိုမှာကြားပြီးနောက် သူ၏ ဘေးရှိ အောင်းလန်ကိုပြောလိုက်သည်။

သူနှင့်အောင်းလန်က သင်္ဘော၏ ကုန်းပတ်မှ ဆင်းလိုက်၍ မိုးထိတောင်၏ တောင်ခြေသို့ပျံသန်းသွားလိုက်သည်။ ဉက္ကာပျံစစ်သင်္ဘောက တောင်ခြေနှင့် တစ်ဆယ်ကီလိုမီတာအကွာ ၌ ရပ်တန့်ထားပဲဖြစ်သည်။

ပျံသန်းနေရင်းဖြင့် တောင်ခြေသို့ရောက်ချိန်၌ တောင်ကြီး၏ ထံမှာ ဖိနှိပ့်အချို့ကို ခံစားလိုက်ရသည်။ ၎င်းက သူတို့ပျံသန်းနေသော ကြောင့်ဖြစ်သည်။ တောင်ခြေသို့ ရောက်ချိန်၌ ဆင်းသက်လိုက်ချိန်၌ ဖိနှိပ့်ချုပ်ချယ်လို့သော အရာက တစ်ခါမှာ မရှိဖူးသည့်အလား ပျောက်ကွယ်သွားခဲ့သည်။

လုံထန်က တောင်ခြေမှာနေ၍ တောင်ထိပ်သို့မျော်ကြည့်လိုက်သည်။ တောင်ထိပ်က တိမ်စိုင်များကြားထဲ ထိုးဖောက်ဝင်သာ သည့်သာမြင်နိုင်သည်။ အခြားမည့်သည်အရာမှာ မမြင်နိုင်ချေ။ ဘာတွေများရှိနေမလည်း မျော်လင့်နေမိပြီ ။ ထိတ်လန့်မှုခံစားရသလို့ တစ်ချိန်ထဲမှာ လုံထန်တစ်ယောက် စိတ်လှုပ်ရှားမှုကို ခံစားရသည်။

All Chapters