← Chapters

ထူးဆန်းသောသစ်တောအုပ်

Vol. 9 Ch. 124

ထူးဆန်းသောသစ်တောအုပ်

Vol. 9 Ch. 124

--------

လုံထန်နှင့် အောင်းလန်တို့က တောင်ခြေမှနေ၍ စတင်၍ တောင်ထိပ်စီသို့ ဦးတည်၍ တက်တော့သည်။ သူတို့၏ ခြေလှမ်းများ ပုံမှန်တိုင်းသာသွားနေသော်လည်း ခြေတစ်လှမ်း ဆယ်မီတာလောက်ထိသို့ ရောက်သွားနေခဲ့သည်။

ထူထဲစိမ်းစိုနေသော သစ်တောကြီးထဲ၌ သူတို့နှစ်ဦးက အရိပ်များအလား သွားလာခဲ့နေခဲ့ကြသည်။ အချိန်အနည်းငယ်လေးနှင့်ပင် သူတို့နှစ်ဦးက တောင်ခြေမှနေ၍ မီတာ တစ်ထောင်အကွာသို့ရောက်ရှိသွားခဲ့သည်။

အကြီးကဲအောင်းလန် တစ်ခုခု ခံစားမိလား ၊ လုံထန် က သူ၏ ဘေး၌ ရှိသော အောင်းလန်ကို ရပ်တန့်၍ မေးလိုက်သည်။

ခံစားမိပါတယ် ~ အရှင်မင်းကြီး ။ အစတုန်းက တောင်ခြေမှာမှို့လို့ပဲ ထင်နေခဲ့တာ အခုတော့ ဒီနေရာက တစ်ကယ်ကို ထူးရှားနေပါတယ် ။ ကျွန်တော်မျိုးတို့ ဒီလောက် ကြီးမားပြီး စိမ်းစိုနေတဲ့ သစ်တောအုပ်ကြီးအတွင်းမှာ သွားလာနေတာတောင်မှာ သက်ရှိဆိုလို့ တစ်ကောင်မှာ မရှိပါဘူး။ သက်ရှိတွေရဲ့အသက်ဓာက်ကိုလည်း အာရုံမခံမိပါဘူး ။ နောက်တစ်ခုက ကျွန်နော်မျိုးရဲ့ အာရုံခံမှုက မီတာ တစ်ထောင်အထိသာ ရောက်နိုင်ပါတော့တယ် ။ အောင်းလန် က လေးနက်ဟန်ဖြင့် ပြောလိုက်သည်။

ဟုတ်တယ် ~ အစတုန်းက စပြီးတော့ တောင်ပေါ်ကို တက်ခါစမှာမှို့လို ထင်ထားတာ ၊ အခုတော့ ဒီနေရာကကို ထူးရှားနေတာပဲ ။ သတိထားပါ အချိန်မရွှေးတိုက်ခိုက်နိုင်အောင် အဆင့်သင်ပြင်ထားပါ ။ အများပြောတဲ့အတိုင်းဆိုရင် ဒီနေရာက တစ်ကြိမ်မှ သတင်းကောင်းမထွက်လာခဲ့ဖူးဘူး ။ လုံထန် ပြောလိုက်သည်။

နားလည်ပါပြီ အရှင်မင်းကြီး ။

လုံထန်နှင့် အောင်းလန်က သတိအပြည့်ကပ်ထားခဲ့ကာ တိုက်ခိုက်ရန်အတွက်လည်း အသင့်ပြင်ထားခဲ့ကာ တောင်ထိပ်စီသို့ ဆက်လက်၍ ခရီးဆက်လိုက်ကြသည်။

နောက်ထပ်မီတာ တစ်သောင်း ( ဆယ်ကီလိုမီတာ ) သို့ရောက်သွားသော်လည်း မည့်သည့်ပြောင်းလဲမှုကိုမတွေ့ရသေးချေ။ ထူထဲစိမ်းစိုလှသော သစ်တောကြီးက မည့်သည့်သက်ရှိမှ မရှိသည့်အတွက်ကြောင့် တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့သည်။ ဤအခြေနေက သူတို့နှစ်ယောက်စလုံးကို ပို၍ မသက်သာသော စိတ်ခံစားချက်မျိုးကို ခံစားရချေသည်။

သူတို့နှစ်ဦးသားက သတိကိုထပ်မံ၍ မြင့်တင်လိုက်ကာ နောက်ထပ် ရှေ့သိုဆက်ကာ ဦးတည်လိုက်သည်။ ဤအကြိမ်တွင် သူတို့၏ အမြန်နူန်းကို မြင့်တင်လိုက်ခဲ့ကာ ကီမီတာ တစ်ရာ အထိသို့လျောက်သွားလိုက်သည်။

ဤအချိန်၌လည်း တောအုပ်တစ်ခုလုံးက တိတ်ဆိတ်နေခဲ့ကာ မည်သည်အသံ ၊ မည်သည့်လှုပ်ရှားမှုမှ မရှိနေခဲ့ချေ။ ဤအချိန်၌ သူတို့နှစ်ဦးကြားရှိ လေထုက ပို၍ လေးပင်လာခဲသလို ခံစားနေရသည်။ သူတို့နှစ်၏ စိတ်ခံစားချက်များမှာလည်းပို၍ ပင်လေးလံလာခဲ့သည်။

သို့သော်လည်း ဤအချိန်ကျမှတော့ ရပ်တန့်လိုက်ရန်မဖြစ်သည့်မှို့ သူတို့နှစ်ဦးက ထပ်မံ၍ သတိ ကိုထပ်မံတိုးမြင့်လိုက်ရင်းဖြင့် ရှေ့သို့တိုးကပ်သွားခဲ့သည်။ တိတ်ဆိတ်နေသော သစ်တောများကြား၌ သူတို့နှစ်ဦးက အရိပ်များအလားသွားလာနေခဲ့သည်။ သစ်တောကြီး၏ အတွင်း၌လည်းတိတ်ဆိတ်မှုသာကြီးစိုးနေခဲ့သည့်အတွက်ကြောင့် သူတို့၏ လှုပ်ရှားမှုများကသာ ပဲ့တင်ထပ်နေခဲ့သည်။

လုံထန်၌ အောင်းလန်တို့ နေတစ်ဝက်ခန့်နီးပါး သွားခဲ့ပြီးသည့်အချိန်၌ သူတို့နှစ်ယောက် တောင်ခြေနှင့် ကီလိုမီတာ ရှစ်ထောင်အကွာသို့ရောက်ရှိလာခဲ့သည်။

အရှင်မင်းကြီး ~ အခြေနေက ပိုပြီးတော့ထူးဆန်းလာပါတယ် ။ ကျွန်တော်မျိုးရဲ့ အာရုံခံမှုက အခု မီတာငါးရာအကွာထိပဲ ထောက်လှမ်းလို့ရပါတော့တယ် ။ အောင်းလန်က လေးနက်ဟန်ဖြင့်ပြောလာခဲ့သည်။

လုံထန်က ခေါင်းညိတ်ပြလိုက်၍ မည်သည့်စကားမှမဆိုပဲ ပြောလိုက်သည် ။ ဆက်သွားကြတာပေါ့ ။

သူတို့နှစ်ဦးကတောင်ထိပ်စီသို့ ထပ်မံ၍ တက်သွားပြန်သည်။ တောင်ခြေမှနေ၍ တောင်ထိပ်စီသို့ ဆင်ခြေလျောလေးလို့ မြင့်တက်သွားခြင်းဖြစ်သည်အတွက် သွားလာရသည်များက သာမန်လူများသွားနိုင်သော အနေထားဖြစ်သည်။

လုံထန်နှင့် အောင်းလန်က ယခုအချိန်၌ သူတို့၏ အမြန်နူန်းကို ထပ်ဝက်ခန့်နိမ့်ချလိုက်သည်။ တိတ်ဆိတ်နေသော သစ်တောကို ဖြတ်သန်းနေရင်းဖြင့် နောက်ထပ်မံ၍ သုံးနာရီ ကုန်ဆုံးသွားခဲ့သည်။

ဤအကြိမ်၌ သူတို့ကို မထင်မှတ်ထားသော အရင်တစ်ခုက စောင့်ကြိုနေခဲ့သည်။ ၎င်းက နှင်းတောင်ဆိတ်တစ်ကောင်ဖြစ်သည်။ ၎င်းက မီတာတစ်ရာခန့်အမြင့်အရှည် မီတာ ခုနှစ်ဆယ်ခန့်ထိ ရှည်လျား၏ ။ တစ်ကိုယ်လုံးက နှင်းဖြူရောင် အမွေးများဖြင့် ဖူံလွမ်းနေခဲ့ကာ လှပသော သားရဲတစ်ကောင်ပင်ဖြစ်သည်။

သူတို့နှစ်ဦးသားစတင်တွေချိန်၌ သက်ရှိတွေ၍ အံဩသွားခဲ့ကာ ပျော်ရွှင်သွားခဲ့သည်။ သို့နှင်းတောင်ဆိတ်၏ အနီးသို့သွားချိန်၌ မီတာသုံးရာအကွာ၌ မထင်မှတ်ထားသောအရာကိုသတိထားခဲ့မိသည်။

နှင်းတောက်ဆိတ်၏ အသက်ဓာက်ပျက်ပြယ်နေခဲ့ကာ ၊ သူ၏ မျက်လုံးအိမ်များက ဗလာကျင်းနေခဲ့သည်။ သို့သော်လည်း သူက သက်ရှိကဲ့သို့လမ်းလျောက်နေခဲ့သည်။

နှင်းတောင်ဆိတ်က သူ၏ အနီးနားရှိလှုပ်ရှားသံကို ကြားချိန်၌ သူ၏ ဗလာကျင်းနေသော မျက်ဝန်းအစုံက လုံထန်နှင့် အောင်းလန်ကို ကြည့်လာခဲ့သည်။

သောက်ကြိုးနည်း ~ ဘာကြီးလည်းဟ ၊ လုံထန်တစ်ယောက်ပါးစပ်မှ ထွက်ကာ ကျိမ်ဆဲလိုက်သည်။

သူတို့၏ အတွေးများကို မသိပဲ ၊ နှင်းတောင်ဆိတ်က လုံထန်နှင့် အောင်းလန်ထံသို့ ဝုန်းတိုင်းကျဲပြေးလာခဲ့သည်။ နှင်းတောင်ဆိတ်၏ ကျင့်ကြံမှုအဆင့်က အရမ်းကြီးမမြင့်များသောလည်း သားရဲဘုရင်ဘုံအဆင့် ဖြစ်နေခဲ့သည်။

နှင်းတောင်ဆိတ်က တစ်ချက်ခုန်လိုက်ရုံနှင့် လုံထန်နှင့် အောင်းလန်တို့စီသို့ရောက်လာခဲ့သည်။

လုံထန်ကသူစီသို့ပြေးဝင်လာသော နှင်းတောင်ဆိတ်ကိုကြည့်ကာ ၊ ဘာမှ စကားပြောမနေတော့ပဲ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

" မီးတောက်လောင်နေသော နဂါးလက်ဝါး "

မီးများတောင်လောင်နေသော မီတာတစ်ရာခန့်ကြီးမားသော အနီရောင်နဂါးလက်ဝါးကြီး ပြေးလာသော နှင်းတောင်ဆိတ်ကို ရိုက်ချလိုက်သည်။

သို့သောနှင်းတောင်ဆိတ်က ရှောင်တိမ်းခြင်း ၊ ခုခံခြင်းအလျဉ်းမရှိ ။ အနီရောင်မီးတောက်နဂါးလက်ဝါးကြီးကို တည့်တည်ပြေးတိုးလိုက်သည်။

အုန်း ~ အုန်း ။

ကျယ်လှောင်သော အသံကျယ်ကြီးနှင့်အတူတူ ချီစွမ်းအင်အပူလှိုင်းများ ဖြာထွက်လာခဲ့ကာ နှင်းတောင်ဆိတ်ကို မီတာတစ်ရာအကွာသို့ လွင့်စင်သွားခဲ့ကာ ဖုန်မှုန့်များ လည်း ဖုန်မှုန့်များကလည်း မှန်တိုင်းအလား ထသွားခဲ့သည်။ ။ နှင်းတောင်ဆိတ် ပွတ်တိုက်သွားသော နေရာတိုင်း၌ မြေပြင်က ပျက်စီးသွားကာ သစ်ပင်များမှာကျိုးကြေကုန်ကာ ၊ မြေပြင်က အက်ကြောင်းများပင် ထနေခဲ့သည်။

လုံထန်က ဒြပ်စင်ငါးခုနဂါးလက်ဝါးကျင့်စဉ်၏ ပထမအကွက် မီးတောင်လောင်နဂါးလက်ဝါးကို အသုံးပြုလိုက်ခြင်းပင် ။ မီးတောင်လောင်နဂါးလက်ဝါး၏ စွမ်းက မည်မျှကြီးမားသည့်ကို ဤသည့်ကို ကြည့်၍သိနိုင်သည်။

အချိန်အနည်းငယ်ကြာပြီးနောက် ဖုန့်မှုန့်များမှာပြန်လှည်ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်၌ လုံထန် နှင့်အောင်းလန်က နှင်းတောင်ဆိတ်၏ လွင့်ထွက်သွားရာ နေရာကို ကြည့်လိုက်သည်။

ထိုအစဉ်သို့တို့နှစ်ဦးကို အံဩကာ ပါးစပ်အဟောင်းသားဖြစ်စေမည်မြင်ကွင်းကို တွေ့လိုက်ရသည်။ နှင်းတောင်ဆိတ် ဖုန့်မှုန့်ထဲမှ ထ၍ သူတို့ရှိသို့ ထပ်မံ၍ ပြေးလာခြင်းပေ ။ လုံထန်၏ တိုက်ခိုက်မှုက နှင်းတောင်ထိပ်ကို လွင့်သွားစေသော်လည်း ဘာမှ မဖြစ်စေခဲ့ချေ။

ချီးပဲ ~ ဒါကဘာကောင်ကြီးလည်းဟ ၊ သေနေတယ်ဆိုရင်တောင်မှာ ခုနက တိုက်ခိုက်မှု ဟန်ပြမှ မဟုတ်ပဲကို ၊ လုံထန်တစ်ယောက် ထပ်မံ၍ ကျိမ်ဆဲလိုက်သည်။ အကြီးကဲအောင်းလန်လုပ်လိုက်တော့သည် ။

အောင်းလန်ကလုံထန်၏ အမိန့်ရသည့်နှင့် သူ၏ လက်ကို လှုပ်ရှားလိုက်ချိန်၌ ချီစွမ်းပင်အလင်းတန်းက ဓားများအလားပြေးထွက်သွားခဲ့ကာ နှင်းတောင်ဆိတ်၏ ဦးခေါင်းကို ဖြတ်ပြစ်လိုက်သည်။

သို့သော်လည်းနှင်းတောင်ဆိတ်၏ ဦးခေါင်းကို သူ၏ ခန္ဓာကိုယ်မှ ခွာ၍ မြေပြင်ထက်သို့ပြုတ်ကျသွားခဲ့သည်။ နှင်းတောင်ဆိတ်၏ ခန္ဓာကိုယ်မှာတော့ ခေါင်းပျက်နေသော်လည်း လုံထန်နှင့် အောင်းလန်ရှိသို့ မလျော့သော အရှိန်ဖြင့်ပြေးလာနေစဲပင် ။ အောင်းလန်က ၎င်း၏ မြင်ကွင်းကြောက် မျက်မှောင်ကြုပ်၍ သူ၏လက်ဝါးကို မြောက်ကာ လေဟာနယ်ထဲသို့ ဖမ်းဆုပ်ဟန်ပြုကာ ညှစ်ချေလိုက်သည်။

ကောင်းကင်ယံလေထုထဲ၌ ရုတ်တရက် ချီစွမ်းအင်များဖြင့်ဖြင့် ပြုလုပ်ထားသော မီတာတစ်ချီသော လက်ကြီးတစ်ဖက်က ပေါ်လာခဲ့သည်။ ၎င်းက ခေါင်းမရှိပဲ ပြေးနေသော နှင်းတောင်ဆိတ်ကို ပြေးလမ်းကြောင်းမှ ဖမ်း၍ ညှစ်ချေလိုက်သည်။ နှင်းတောင်ဆိတ်၏ ခန္ဓာကိုယ်ကြီးဟာ ဧရာမလက်ဝါးကြီး၏ ညှစ်ချေခံလိုက်ရကာ ကြေမွသွားခဲ့သည်။ သို့သော်လည်းမည်သည့်သွေးမှ မထွက်လာချေ။

ချီးပဲ ~ ဒါကြီးက ဘာတွေများလည်း ၊ လုံထန်ပြောလိုက်သည်။

အရှင်မင်းကြီး ~ ရှေဆက်မဲ့လမ်းခရီးက ခက်ခဲလာဖွယ်ရှိတယ် ။ ကျွန်တော်မျိုးမှန်းတာသာ မမှားနိုင်ရင် ဒါက ရှေးဟောင်းစာအုပ်တွေထဲမှာဖော်ပြထားဖူးတဲ့ အလောင်းကောင်တွေဖြစ်နိုင်ပါတယ် ။ သူတို့က သေနေပြီးသားသူတွေဖြစ်တဲ့ အတွက်တိုက်ခိုက်ရင်တောင်သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေပျက်သွားတောင် လှုပ်ရှားနိုင်ပါတယ် ။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ မပျက်စီးမရှင်း သူတို့ပစ်မှတ်ထားသော အရာများကို တိုက်ခိုက်ကျပါတယ် ။

ဟိုမှာကြည့်လိုက်ပါ ~ အောင်းလန် လက်ညှိုးညွှန်ပြလိုက်သည်။ လုံထန်လည်း အောင်းလန်ပြရာသို့ကြည့်လိုက်ရာ နှင်းတောင်ဆိတ်၏ ခေါင်းပျက်ကလှုပ်ရှားနေသေးသည့်ကို တွေလိုက်ရတော့သည်။

အောင်းလန် လုံထန်ကြည့်ပြီးသည့်နှင့် နှင်းတောင်ဆိတ်၏ ဦးခေါင်းကိုလည်း ခန္ဓာကိုယ်ကဲ့သို့ ညှစ်ချေ ဖျက်စီးပစ်လိုက်တော့သည်။

All Chapters