← Chapters

အလောင်းကောင်များ ၊ ဆန်းကျယ်လှသော မြူငွေ့များ

Vol. 9 Ch. 125

အလောင်းကောင်များ ၊ ဆန်းကျယ်လှသော မြူငွေ့များ

Vol. 9 Ch. 125

---------

လုံထန်လည်း အောင်းလန်၏ပြောသော အရာကိုကြည့်၍ မင်သက်နေခဲ့သည်။ ဤခရီးက ထက်ထားသည့်ထက်ကို ဆိုးဝါးမည်ဟန်ရှိသည်။ ဤအတွေးနှင့်အတူတူ အရှေ့သို့မျော်ကြည့်လိုက်ရာ သူ၏ အမြင်တစ်ဆုံး စိမ်းစိုနေသော သစ်တောကြီးနှင့်အတူတူ တိတ်ဆိတ်မှုသာ ကြီးဆိုးနေသော မြင်ကွင်းများသာဖြစ်သည်။

ဆက်သွားကြစို့ ~ လုံထန်က သူ၏ ခေါင်းကိုခါရမ်းလိုက်ရင်းဖြင့် သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။

အောင်းလန်လည်း လုံထန်၏ အမိန့်ကိုနာခံလိုက်ကာ သူတို့နှစ်ဦးက အရှေ့သို့ ဆက်၍ သစ်ပင်များစီသို့ တစ်ပင်မှ တစ်ပင်စီသို့ ခုန်ကူးကာ ပျံသန်းသွားတော့သည်။ သူတို့နှစ်ဦးက နောက်ထပ်လေးနာရီနည်းပါးအကြာ ဆက်လက်၍ သစ်ပင်များအထက်မှ ပျံသန်းသွားခဲ့ကြသည်။

ထိုအချိန်၌ ညနေခင်းအချိန်သို့ရောက်ရှိလာခဲ့၏ ။ ထိုသို့ပျံသန်းနေချိန်များ၌မှု သူတို့နောက်ထပ်မည့်ကဲ့သို့မှ မူမမှန်မှုများ မကြုံတွေရတော့ချေ။

အရှင်မင်းကြီး အရှေ့မှာတစ်ခုခု ထူးဆန်းတာ ရှိနေပါတယ် ။ အောင်းလန်က သစ်ပင်များထက်၌ ရပ်တန့်လိုက်ရင်းဖြင့် လေးနက်သော အမှုရာဖြင့်ပြောလိုက်သည်။

လုံထန်လည်း အောင်းလန်၏ အပြောကြောင့်သူ၏ အရှေ့သို့ သေချာကြည့်ရူလိုက်သည်။ သူတို့နှင့် မီတာ ငါးရာအကွာ၌ ဆန်းကျယ်သောမြူများက ရစ်သိုင်းနေသည့်ကို တွေ့လိုက်ရသည်။

အဲတာကဘာတွေ့လည်း ~ အကြီးကဲအောင်းလန် အဲဒီအမြူတွေက ထူးဆန်းနေမှုကို ရှာတွေရဲ့လား ။ လုံထန်က လေးနက်နေသော အမှုရာဖြင့်မေးလိုက်သည်။

အောင်းလန်က လုံထန်၏ အမေးကိုကြားချိန်၌ သူ၏ ဦးခေါင်းကို လေးပင်ဟန်ဖြင့်ခါရမ်းပြလိုက်သည်။ မတွေ့မိပါဘူး ~ အရှင်မင်းကြီး ။

ဒါဆိုရင် ဒီမြူတွေကို ဖြတ်ကျော်ဖို့ပဲရှိတော့တာ ပေါ့ ။ လုံထန်က သက်ပြင်းချရင်းဖြင့်ပြောလိုက်သည်။ ဆက်သွားကြစို့ ~ ။

သူတို့နှစ်ဦးက သတိထား၍ မြူများ၏ အနီးသို့တိုးကပ်၍ သွားခဲ့ကြသည်။ မြူများနှင့်မီတာ ငါးဆယ်အကွာမှ အောင်းလန်က သူ၏ ချီစွမ်းအင်များဖြင့် အသုံးချကာ မြူများက အန္တာရယ် ရှိ၏ ၊ မရှိ၏ ကို သေချာအောင်စစ်ဆေးကြည့်လိုက်သည်။ အကြိမ်ကြိမ်အခါခါ ထပ်ခါထပ်ခါ စစ်ဆေးကြည့်ပြီးသည့်နောက်၌ အောင်းလန် ခေါင်းညိတ်လိုက်သည်။

အရှင်မင်းကြီး ~ ဒီမြူတွေက အန္တာရာယ်မရှိပါဘူး ။ ဆက်သွားလို့ရပါတယ် ။ အောင်းလန်က လုံထန်ကို တင်ပြလိုက်သည်။

ဒါဆိုလည်း ဆက်သွားကြတာပေါ့ ။ လုံထန်က စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်ကာပြောလိုက်သည်။ သူယခင်က တွေးနေသည့်မှာက ဤမြူများက နဂိုဖြစ်လာသော နှင်းတောင်ဆိတ်အလောင်းကောင်များမှာ ဤမြူများကြောင့်များလားဟု၍ တွေးပူနေခဲ့တာပဲ ဖြစ်သည်။ ယခုမှ သူ၏ အတွေးလွဲမှားနေသည့်အတွက်ကြောင့် စိတ်သက်သာရာ ရခြင်းဖြစ်သည်။

သူတို့နှစ်ဦးက မြူများ၏ အန္တာရာယ်ကို ဆန်းစစ်ပြီးသည့်နှင့် ချက်ချင်းပင် မြူများ၏ အတွင်းသို့ဝင်လိုက်တော့သည်။ သူတို့နှစ်ဦးဝင်လိုက်သည့်နှင့် အခြားသောလောကတစ်ခုသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူတို့နောက်သို့ပြန်ကြည့်သော်လည်း ထွက်ဖို့ရာမဖြစ်နိုင်သလို့ ခံစားနေရသည်။

သူတို့အမြင် ၊ အကြား ၊ အနံ ခံအာရုံတို့မှာ ကြီးမားစွာသက်ရောက်ခံလိုက်ရတော့သည်။

အရှင်မင်းကြီး ~ ကျွန်တော်မျိုးရဲ့ အမြင်အာရုံ ၊ အကြားအာရုံ၊ အနံခံအာရုံတို့က မီတာတစ်ရာ အကွာထိသာ သိမြင်နိုင်ပါတော့တယ် ။ အောင်းလန်က အနည်းငယ်ဆိုးထိတ်နေဟန်ဖြင့် ပြောလိုက်သည်။

ဟုတ်တယ် ~ အခုအခြေနေက အတော်လေးထူးရှားတယ် ။ လုံထန်လည်း လေးနက်ဟန့်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူလည်း အောင်းယွီရန်၏ စွမ်းအားများကို ယူသုံးလိုက်သော်လည်း သူ၏ ၊အမြင် ၊အကြား ၊ အနံခံ အာရုံတို့မှာ အောင်းလန်ထက်ပင်ပို၍ ကန့်သတ်ခံလိုက်ရကာ မီတာ ခုနှစ်ဆယ် အကွာသို့သာ သိမြင်နိုင်သည်။

ထိုအစဉ် ။

ဝေါင်း ~ ဝေါင်း ~ ဝေါင်း။

မြူများ၏ အတွင်း၌ သားရဲကြီးများ၏ ဟိန်းဟောက်သံများက ထွက်ပေါ်လာခဲ့သည်။

ဘာလည်းဟ ~ သက်ရှိတွေရှိနေတာလား ၊ လုံထန်နှင့် အောင်းလန်တို့ကလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

သတိထားပါ ~ ဆက်သွားရအောင် အဖြေတစ်ခုခုတော့ ရှာတွေမှာပါ ။ လုံထန်ကပြောလိုက်သည်။

ခရှက် ~ ခရှက် ~ ခရှက် ။

သူတို့နှစ်ဦး စကားပြောနေစဉ်၌ သူတို့နှစ်ယောက်ထံသို့ လျှောက်လှမ်းလာသည့် ခြေသံအချို့ကိုကြားလိုက်ရသည်။

ခြေသံများက လျှင်မြန်စွာနီးကပ်လာခဲ့ကာ သူတို့၏မြင်နိုင်သော အကွာဝေးသို့ရောက်ချိန်၌ မီတာငါးရာခန့်မြင့်မားသောအသွေးနီရောင်အမွှေးမျှင်များရှ်ိသည့် သွေးရိုင်းဧရာမလူဝံကြီးဖြစ်သည်။ သွေးရိုင်းလူဝံ၏ မျက်လုံးများက ဗလာဖြစ်နေခဲ့ကာ သူ၏ ဗလာကျင်းနေသော မျက်ဝန်းတစ်စုံက လုံထန်နှင့် အောင်းလန်တို့ကို စိုက်ကြည့်နေရင်းဖြင့် သူ၏ ခြေလှမ်းများက မြန်လာခဲ့သည်။

သားရဲအင်ပါယာအဆင့် သွေးရိုင်းလူဝံကြီးပဲ ၊ သူရဲ့ အခြေနေကလည်း အရင်က နှင်းတောင်ဆိတ်ရဲ့ အခြေနေရဲ့ အတူတူပါပဲ အောင်းလန်က လုံထန်ကို ကြည့်၍ ပြောလိုက်သည်။

လုံထန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် " မီးတောက်လောင် နဂါးလက်ဝါး " ကိုအသုံးပြုကာ ရိုက်ချလိုက်သည်။ နတ်ဘုရားသားရဲဘုံ စွမ်းအားနှင့် ဒြပ်စင်နဂါးလက်ဝါးလျို့ဝှက်ကျင့်စဉ်၏ စွမ်းအားက အလွန်ပြင်းထန်လှသည်။

ရွှေနဂါးဧကရာဇ်သရဖူဖြစ်သော ကောင်းကင်တစ်ပိုင်းလက်နက်၏ အထောက်ပံမပါပဲ နှင့်ပင် အလွန်စွမ်းထက်လှသည်။ မီတာထောင်ချီသော မီးတောက်ချီစွမ်းအင်များဖြင့် ဖန်တီးထားသော ဧရာမလက်ဝါးကြီး ပြေးဝင်လာသော သွေးရိုင်းလူဝံကြီးကို တုန်ပြန်ခွင့်ပင်မပေးပဲ ရိုက်ချလိုက်သည်။

အုန်း ~~~။

မြူငွေ့များပင် ပြန်ကျဲသွားခဲ့ကာ ၊ မြေပြင်၌ မီတာထောင်ချီနဂါးလက်ဝါးသဏ္ဍန်ကြီးဖြစ်ပေါ်သွားခဲ့သည်၊ သူ၏ ပတ်ဝန်းကျင့်ကိုလည်း ပြန့်ကျဲသွားခဲ့ကာ မီတာ ရာချီ အက်ကြောင်းကြီးများဖြစ်တည်သွားခဲ့သည်။ သို့သော်မြူငွေ့များက အချိန်အနည်းငယ်လေးသာ ပြန်ကျဲသွားခဲ့ကာ နဂိုအတိုင်းပုံမှန်သာ ပြန်ဖြစ်တည်သွားခဲ့သည်။

သွေးရိုင်းလူဝံများမှာတော့ အမှုန့်များပင် မကြံရစ်ခဲ့ချေ။ လုံထန်က သူ၏ လက်ဝါးကို ကြည့်ကာ ခါးသက်စွာပြုံး၍ သက်ပြင်းချလိုက်သည်။ ဒီလျို့ဝှက်ကျင့်စဉ်က အလွန်စွမ်းအားကြီးတာပဲ ငါခွန့်အားကို လျော့သုံးသင့်တယ် ။

အရှင်မင်းကြီး ~ အရင် နဂါးဧကရာဇ်ကြီးက ဒီလျိူ့ဝှက်ကျင့်စဉ်ကို အသုံးပြုဖို့ အချိန်အတော်ကြာယူခဲ့ရတယ် ။ အရှင်က အံဩစရာပါပဲ ၊ အောင်းလန်က တောက်ပနေသော မျက်ဝန်းဖြင့် ကြည့်ကာပြောလိုက်သည်။ နဂိုက လုံထန်၏ ကောင်းကင်သားရဲဘုံခွန့်အားဖြင့် အသုံးပြုစဉ်က " မီးတောက်လောင်နဂါးလက်ဝါး " ၏ စွမ်းအားအစစ်မှန်က သိပ်ပြီးတော့ မပြသနိုင်ချေ။

သိုသော်အောင်းယွီရန်၏ နတ်ဘုရားသားရဲဘုံ ခွန့်အားဖြင့်ဆိုရင်တော့ "လျို့ဝှက်ကျင့်စဉ်၏ "အနှိုင်းခွန့်အားကို ပြသနိုင်သည်ဖြစ်သည်။

ဟားဟား ~ ကံကောင်းသွားလို့ပါ ။ လုံထန်ကသူ၏ ခေါင်းကို ကုက်ကာပြုံးရင်း ပြောလိုက်သည်။

ခရှက် ~ ခရှက် ~ ခရှက် ။

သူတို့နှစ်ဦးစကားပြောနေစဉ်၌ များပြားလှသော ခြေသံများကမြူငွေ့များထဲမှ သူတို့နှစ်ဦးစီသို့ ဦးတည်၍ ရွှေ့လျားလာခဲ့ကြသည်။ ၎င်းတို့က များပြားလှသောကြောင့် မြေပြင်ပင်အနည်းငယ် တုန်ခါနေသယောင်ရှိသည်။

လုံထန်နှင့်အောင်းလန်နှင့်အဖြစ်ပျက်များကြောင့်သို့ သူတို့၏ မြင်နိုင်သော အကွာဝေးမြင်ကွင်းများကိုကြည့်လိုက်ရာ များပြားလှသော အလောင်းကောင်များက ဗလာကျင်းနေသော မျက်ဝန်းများဖြင့် သူတို့နှစ်ဦးထံသို့ ဦးတည်၍ လာနေကြသည့်ကို တွေ့လိုက်ရသည်။

ချီးပဲဟေ့ ~ သောက်ကျိုးနည်း ။ လုံထန်က အော်ဟစ်ကာ ကျိမ်ဆဲလိုက်ရင်းဖြင့် တိုက်ခိုက်ဟန်ပြင်လိုက်တော့သည်။

All Chapters