← Chapters

အလောင်းကောင်များနှင့်တိုက်ခိုက်ခြင်း

Vol. 9 Ch. 126

အလောင်းကောင်များနှင့်တိုက်ခိုက်ခြင်း

Vol. 9 Ch. 126

---------

သူတို့နှစ်ဦးရှိရာသို့ အလောင်းကောင်များမှ လျှင်မြန်စွာဖြင့် ရောက်ရှိလာကြသည်။ ၎င်းတို့မှာ သားရဲအမျိုးမျိုးဖြစ်ကသည်။ အနိမ့်ဆုံးအဆင့်မှာ ၊ သားရဲဘုရင့်ဘုံဖြစ်ကြကာ ၊ အမြင့်ဆုံးမှာတော့ သားရဲအရှင်သခင်ဘုံ အဆင့်ထိပင်ရောက်ရှိနေခဲ့ကြသည်။

၎င်းတို့အုပ်စုလိုက်ကြီးရောက်ရှိလာပုံမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းလှသည်။၎င်းတို့၏ စုပေါင်းမူက နတ်ဘုရားသားရဲဘုံအဆင့်တွင် ရှိနေကြသော အောင်းလန်နှင့် လုံထန်ကိုပင် ကျောချမ်းစေခဲ့သည်။ ထိုအပြင် ရာချီသော အလောင်းကောင်များစုစည်းလိုက်ခြင်းကြောင့် အလောင်းကောင်များ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သေခြင်းတရားချီက ဆိုးယုတ်လှသော မိစ္ဆာ၏ ရုပ်သဏ္ဍန်ကို အကောင်ထည်ပေါ်လုမတက်သိပ်သည်းလာစေသည်။ သူတို့နှင့် ထိတွေမိသော သစ်ပင်များ မြေပြင်များပင် ပကတိ ခြောက်သွေ့သွားစေသည်။

အရှင်မင်းကြီးသတိထားပါ ~ အောင်းလန်က လုံထန်၏ အရှေ့မှ နေ၍ ကာကွယ်ကာ တိုက်ခိုက်ဟန်ပြင်လိုက်သည်။

ကောင်းပါပြီ ~ အကြီးကဲ ၊ ကျုပ်တို့ မျက်နှာမူထားရာ တည့်တည့်အတိုင်း တိုက်ခိုက်ပြီးတော့ အရှေ့ကို တက်သွားမယ် ။ ဦးတည်ရာ သေချာမသိပေမဲ့ ၊ ကျုပ်တို့တည့်တည့်က ဦးတည်ရာဖြစ်မယ်လို့ ခံမှန်းလိုရသေးတယ် ။ ကျုပ်တို့တိုက်ခိုက်ရင်း ထိုးဖောက်သွားမယ် ။ သူတို့နှင့်တိုက်ခိုက်ပြီး ကျုပ်တို့အချိန်တွေ ဖြုန်းနေလို့ မဖြစ်ဘူး ။ လုံထန်က အောင်းလန်ကိုပြောလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီး ။

အောင်းလန်က အရှေ့မှနေ၍ သူ၏ နတ်ဘုရားသားရဲဘုံ ၊ ဆဠမအဆင့်၏ အော်ရာကို အပြည့်ဝထုတ်လွတ်ကာ ၊ အလောင်းကောင်များ၏ ထံမှထွက်ပေါ်လာသော သေခြင်းတရားချီများကို တွန်းလှန်းလိုက်သည်။

တစ်ဖက်၌ အောင်းလန်၏ ချီစွမ်းအင်များက ရွှေရောင်မီတာ ထောင်ချီကြီးမားသော ရွှေနဂါးကြီးသဏ္ဍန်ဖြစ်တည်လာခဲ့ကာ ၊ တစ်ဖက်၌ အလောင်းကောင်များ၏ ပေါင်းစည်းမှု ထွက်ပေါ်လာသော သေခြင်းတရားချီများက ၊ မီတာထောင်ချီသော ဦးခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် မိစ္ဆာသဏ္ဍန်ကို ဖြစ်တည်စေခဲ့သည်။ မိစ္ဆာ၏ လက်တိုင်း၌ လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားခဲ့ကာ ၊ ရစ်စက်ကြမ်းကြုတ်မှုများက သူ၏ မျက်နှာပြင်၏ အထက်၌ အတိုင်းသားထွက်နေခဲ့သည်။

တစ်ဖက်က ခမ်းနားလှသော ရွှေနဂါးကြီးနှင့် တစ်ဖက်မှ ရက်စက်ကြမ်းကြုတ်သော ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက်နှင့် မိစ္ဆာတို့က၊ သက်ရှိတို့၏ အသွင်များမဟုတ်ကြသော်ငြားလည်း၊ ပုံရိပ်ရောင်အသွင်ပြင်များအဖြင့်နှင့် တစ်ယောက်နှစ် တစ်ယောက် ဖိအားပေးကာ အပြင်းထန် တိုက်ခိုက်နေကြသည်။

စစ်မှန်သောတိုက်ခိုက်မှုက မဖြစ်သေးသော်လည်း ပုံရိပ်များ၏ တိုက်ခိုက်မှုကလည်း အလွန်ပြင်းထန်လှသည်။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် မိစ္ဆာ၏ ပုံရိပ်၏ တိုက်ခိုက်မှုကို အောင်းလန်သည့်ပင် အပြင်းထန် ခုခံနေခဲ့ရသည်။

မိစ္ဆာ၏ လက်များထက်မှကိုင်ဆောင်ထားသော လက်နက်များမှာ ၊ ရွှေရောင်နဂါးကြီး၏ ကျောပြင်များထက်သို့ ကျဆင်းနေခဲ့ကာ ၊ ရွှေရောင်နဂါးကြီး၏ လက်သည်းများက မိစ္ဆာ၏ ခန္ဓာကိုယ်အပေါ်သို့ အပြင်းထန်သော တိုက်ခိုက်မှုများက ကျဆင်းနေခဲ့သည်။

အကြီးကဲအောင်းလန် အဆင်ပြေရဲ့လား ၊ လုံထန်က အပြင်းထန်ခုခံနေဟန်ကိုကြည့်၍ မေးလိုက်သည်။

အဆင်ပြေပါတယ် ~ အရှင်မင်းကြီး ။ အလောင်းကောင်တွေရဲ့သေခြင်းချီက အလွန်ပြင်းထန်ပါတယ် ။ သေခြင်းချီတွေထဲမှာ သူတို့သေဆုံးခါနီးအလိုက အလိုမကျမှုတွေ။ အငြိုးတေးတွေ ၊ အမုန်းတရားတွေ ပါဝင်နေတော့ သူတို့က ပိုပြီးအစွမ်းထက်နေတာပါ ။

လုံထန်လည်း သူ၏ ခန္ဓာကိုယ်မှ အောင်းယွီရန်၏ ထံမှ ငှားယူထားသော နတ်ဘုရားသားရဲဘုံ ၊ ပထမအဆင့်၏ အလယ်လတ်အဆင့်အော်ရာကို ထုတ်လွတ်လိုက်သည်။ လုံထန်က သူ၏ ချီစွမ်းအင်များဖြင့် အောင်းလန်ကို ထောက်ပံပေးလိုက်သည်။

ဝေါင်း ~ ဝေါင်း ~ ဝေါင်း ။

ရွှေရောင်နဂါးကြီးက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်မိစ္ဆာနှင့်တိုက်ခိုက်နေရင်း လက်ရည်ကညီမျှနေဟန်ရသော်လည်း ၊ ရုတ်တရက် လုံထန်၏ ထောက်ပံမှုဖြင့် တိုးမြင့်သွားခဲ့သည်။ ရွှေနဂါးကြီးက မီတာသောင်းချီထိ ကြီးထွားလာခဲ့ကာ ၊ သူ၏ လက်သည်းကြီးဖြင့် ခေါင်းသုံးလုံး လက်ခြောက်ဖက် ၊ မိစ္ဆာ၏ ပုံရိပ်ကို ဆုတ်ဖြဲလိုက်တော့သည်။

ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက် မိစ္ဆာ၏ ပုံရိပ်က ပျက်စီးသွားချိန်၌ သေခြင်းချီများက ပြန်နှံသွားခဲ့သည်။

အကြီးကဲ အောင်းလန် ~ တိုက်တော့။ လုံထန်ကအော်ဟစ်လိုက်ရင်းဖြင့် သူ၏ အရှေ့ရှိ အလောင်းကောင်များရှ်ိရာသို့ လက်ဝါးရိုက်ချက်တစ်ခု ပစ်လွတ်လိုက်သည်။

အုန်း ~~~။

သူ၏ အရှေ့ရှိရာ အလောင်းကောင်များမှာ လက်ဝါးရိုက်ချက်ကြောင့် ခန္ဓာကိုယ်များမှာ အမှုန်များအဖြင့်သို့ ပြောင်းလဲသွားခဲ့သည်။ အောင်းလန်ကလည်း ထိုအခြေနေကို အခွင့်ကောင်းယူကာ သူ၏ ခန္ဓာကိုယ်ကြီးကို မီတာထောင်ချီသော ရွှေရောင်နဂါးကြီးဖြင့် ပြောင်းလဲလိုက်သည်။ လုံထန်တိုက်ခိုက်ထားသော ဟာကွက်ရှ်ိနေသော နေရာသို့ သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို လူပ်ရှားရင်းဖြင့် အတင်းတိုးဝင်ကာ တိုက်ခိုက်တော့သည်။

ချီစွမ်းအင်လိူင်းများက မြူငွေ့များအကြား ရောင်စုံအလင်းများအလား ထွက်ပေါ်ခဲ့ကာ အလောင်းကောင်များ၏ ခန္ဓာကိုယ်များမှာ အမှုန့်များအဖြင့်သို့ ပြောင်းလဲနေခဲ့ကြသည်။ သို့သော်လည်း အသစ်ရောက်လာနေခဲ့သော်အလောင်းကောင်များကြောင့် ဒုံရင်းအတိုင်းသာ ထင်နေရသည်။

ရွှေရောင်နဂါးကြီးသဏ္ဍန်အသွင်ပြောင်းထားသော အောင်းလန်၏ နောက်သို့လိုက်ပါ၍ လုံထန်လည်း အပြင်းထန်တိုက်ခိုက်နေခဲ့ကာ သူတို့၏ ဦးတည်ရာသို့ လျှင်မြန်စွာ သွားလာဖောက်ထွက်နေခဲ့သည်။ ထိုအချိန်များ၌ မြူငွေ့များ၏ ထူးခြားဆန်းကျယ်မှုများကို သူတို့ မျက်မြင်ကိုယ်တွေကြုံလိုက်ရသည်။

သူတို့အရှေ့၌ ရှိနေသော မြူငွေ့များက ၊ ရုတ်တရက်ဆိုသလို့ ကျားသဏ္ဍန် ၊ ခြင်္သေ့သဏ္ဍန် ၊ နဂါးသဏ္ဍန် ၊ အမျိုးမျိုးသော သဏ္ဍန်များဖြစ်ပေါ်လာ၍ တိုက်ခိုက်ကြပြန်သည်။ သူတို့၏ အန္တာရာယ်အဆင့်က နောက်ထက်အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

အလောင်းကောင်များကို တိုက်ခိုက်နေရသလို့ ၊ ရုတ်တရက် ဖြစ်ပေါ်တိုက်ခိုက်လာသော ၊ မြူငွေ့များမှာ သားရဲ သဏ္ဍန်များကိုလည်း ရှောင်တိမ်းတိုက်ခိုက်ရပြန်သည်။

အောင်းလန်နှင့် လုံထန်က မြူငွေ့များကြား၌ အပြင်းထန် တိုက်နေခဲ့ကာ အချိန်မျှမည်ကြာသည့်ကိုပင် သတိမထားမိခဲ့ချေ။ သူတို့ မည်မျှအကွာဝေးသို့ ရောက်ရှိလာခဲ့သည့်ကို သတိထားမိချေ။ သူတို့သိရသည့်က ဤနေရာက သတိတစ်ချက်လွတ်မိသည့်နှင့်သူတို့၏ ထာဝရ အိပ်စက်ရာ နေရာဖြစ်သွားနိုင်သည်ပင် ။

∆∆∆∆∆∆

အချိန်တစ်ခုအကြာ ။

သူတို့နှစ်ဦးပတ်ဝန်းကျင့်၏အခြေနေကို မသိတိုက်ခိုက်နေရင်းဖြင့် မြူငွေ့များအနည်းငယ်နည်းပါးသွားသည့်ကို သတိထားမိသွားခဲ့သည်။

အရှင်မင်းကြီး ~ မြူတွေအနည်းငယ်ပါးသွားပါပြီ ။ အောင်းလန်က တိုက်ခိုက်နေရင်းဖြင့် မျက်လုံးများတောက်ပလာရင်းဖြင့် ပြောလိုက်သည်။

လုံထန်လည်း အောင်းလန်၏ စကားကြောင့် ပတ်ဝန်းကျင့်ကို ကြည့်လိုက်ရင်းဖြင့် ပျော်ရွှင်လာခဲ့သည်။

သို့သော်လည်း ။

သူတို့နှစ်ဦး၏ ပျော်ရွှင်သည့်အမှုရာကို ရုတ်တရက်ကြီး ပြောင်းလဲသွားစေသည်။ နတ်ဆိုးများ၊ မိစ္ဆာများ၏ အော်ဟစ်ငိုကြွေးသံများအလား အော်ဟစ်သံများက သူတို့၏ အကြားအာရုံမှတစ်ဆင့်ကြားလိုက်ရကာ သူတို့၏ ခန္ဓာကိုယ်များက တုန်ခါသွားခဲ့ကာ ၊ တစ်ကိုယ်လုံးကလည်း တုန်ယင်နေခဲ့သည်။ နတ်ဆိုးများ ၊မိစ္ဆာများ၏ ငြီးငြူသံများက သူတို့၏ စိတ်ဝိညာဉ်များကို တုန်ခါသွားခဲ့ကာ အလွန်မင်းနာကျင်မှုကို ခံစား နေရတော့သည်။

အား ~ အား ။ ချီးပဲကွာ ~ ဒါက ဘယ်လိုငရဲမျိုးလဲဟ ။ လုံထန်တစ်ယောက် အံကို တင်းတင်းကျိတ်ရင်းဖြင့် စိတ်ထဲမှာ ရေရွတ်လိုက်သည်။

အောင်းလန်သည့်ပင် လုံထန်နှင့် နီးတူခံစားနေရပြီး ၊ သူ၏ မျက်နှာကလည်း စိတ်ဝိညာဉ်၏ အတွင်းမှ နာကျင်မှုကြောင့် ရူံမဲ့နေခဲ့သည်။

All Chapters