← Chapters

တောင်ထိပ်ပေါ်မှ ကမ္ဘာငယ် (၁)

Vol. 10 Ch. 127

တောင်ထိပ်ပေါ်မှ ကမ္ဘာငယ် (၁)

Vol. 10 Ch. 127

------------

လုံထန်နှင့် အောင်းလန်တို့်မှ ရုတ်တရက်ထွက်ပေါ်လာသော နတ်ဆိုး၊ မိစ္ဆာတို့၏ အော်ဟစ်ကြွေးသံများကြောင့်သူတို့၏ ဦးခေါင်းများကို နာကျင်စွာဖြင့် ဆုပ်ကိုင်ထားကြသည်။

အား ~ အား ။

ဒါကဘယ်လို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုမျိုးလည်း အောင်းလန်က သူ၏ ခေါင်းကို ဆုပ်ကိုင်ထားရင်းဖြင်ရေရွတ်လိုက်သည်။ နတ်ဆိုး ၊ မိစ္ဆာတို့၏ အော်ဟစ်ကြွေးကြော်သံက သူ၏ စိတ်ဝိညာဉ်ကို တိုက်စားနေသည့်အလား ၊ သူ၏ ဦးခေါင်းတစ်ခုလုံးပေါက်ကွဲထွက်တော့မလို ခံစားရစေသည်။

လုံထန်လည်း ထိုနည်းတူခံစားနေရသော်လည်း ရုတ်တရက်ဆိုသလို့ သူ၏ အတွေးထဲ၌ တစ်စုံတစ်ခုကိုပြန်လည်အမှတ်ရလိုက်သည်။ အရာရာ အားလုံးကို ဆက်ဟက်ပြီး တွေးကြည်လိုက်သော်လည်း ၎င်းကသာ ဖြစ်နိုင်ချေရှိသည့်ဟု ထင်မိသည်။

၎င်းကအစီရင်သာဖြစ်သာဖြစ်သည်။ အစီရင်၏ စွမ်းအားကသာလျှင် ထိုကဲ့သို့သော စွမ်းအားများကို ထုတ်လွတ်နိုင်လေ့မည်။ ဆန်းကြယ်သော်မြူငွေ့များ ၊ မြူငွေ့များမှ ဖြစ်တည်လာသော သားရဲများ ၊ ယခု စိတ်ဝိညာဉ်တိုက်ခိုက်မှုများ သည့် အစီရင် စွမ်းအားကြောင့်သာဟု ထင်မှတ်ရသည်။ ဤအတွက်ကြောင့်သာ သူတို့ ဒီစိတ်ဝိညာဉ် တိုက်သောနေရာသို့ရောက်ချိန်၌ မည်သည့်မြူငွေ့သားရဲ ၊ အလောင်းကောင်မှ လာရောက်တိုက်ခိုက်ခြင်းမရှိတော့ချေ။

သို့သော်လည်း သူ၏ စိတ်ထဲ၌ နားမလည်နိုင်သော အရာမှာ အလောင်းကောင်များဖြစ်သည်။ အစီရင်များက အလောင်းကောင်များကို ဖြစ်ပျက်စေခဲ့သလား ။ ၎င်းကမဖြစ်နိုင်ချေ ။ ထိုအတွေးက သူကို မရေမရာဖြစ်စေခဲ့သည်။

သို့သော်လည်း သူတွင်ရွေးချယ်စရာလည်း မရှိချေ။ အစီရင်သာဟုသာ သူခန့်မှန်းထားခဲ့သိအတိုင်း မှန်ကန်ပါက အစီရင်၏ အလယ်ဗဟို အစီရင်မျက်လုံးဟုခေါ်သော နေရာကို သူတို့ရှာဖွေ့နိုင်မှသာလျှင် ဤအဖြစ်ပျက်များမှ လွတ်မြှောက်နိုင်သည်။

အကြီးကဲအောင်းလန် ဒါကအစီရင်တစ်ခုဖြစ်နိုင်တယ်လို့ ကျုပ်ထင်မြင်မိတယ် ။ အဲတာကြောင့် ကျုပ်တို့ ဒီအဖြစ်ပျက်က လွတ်မြှောက်စေဖို့အတွက် ကျုပ်တို့အစီရင်၏ အလယ်ဗဟိုဖြစ်တဲ့ အစီရင် မျက်လုံးကို ရှာဖွေ့မှရမယ် ။ အစီရင်တစ်ခုသာ ဖြစ်မယ်ဆိုရင် အစီရင်မျက်လုံးက ဒီအသံတွေရဲ့ ဦးတည်ထွက်ပေါ်လာရာက အစီရင်ဗဟိုဖြစ်နိုင်တယ် ။ သူကိုဖျက်စီးလိုက်ရင်ရပြီ ။ လုံထန်က သူ၏ ဘေး၌ ရှိနေသော အောင်းလန်ကို ပြောလိုက်သည်။

အောင်းလန်က လုံထန်ပြောသော အစီရင်ဆိုသည်ကို ကြားဖူးသော်လည်း သေချာမသိခဲ့ချေ။ သို့သော်လည်း သူတို့တွင် ရွှေးချယ်စရာမရှိ၍ လုံထန်၏ပြောသည့်အတိုင်း အစီရင်ဗဟိုကို ရှာဖွေ့ရန်ပြင်လိုက်သည်။

အောင်းလန်က သူ၏ နာကျင်မှုက တောင်ခံ လစ်လျူရူကာ သူ၏ နတ်ဘုရားသားရဲဘုံဆဠမအဆင့်၏ စွမ်းအားအကုန်ကို ထုတ်လွတ်၍ ခုခံလိုက်ရင်းဖြင့် အသံ၏ ဦးတည်ထွက်ပေါ်လာရာ အရင်းမြစ်ကို ရှာဖွေ့နေခဲ့သည်။

အချိန်အတော်ကြာထိ ရှာဖွေ့ကြည့်သော်လည်း သံများက နေရာပေါင်းစုံမှ ကျော်ဖြတ်ကာ သူတို့ရှိရာစီသို့ရောက်လာသကဲ့သို့ အောင်းလန်၏ ရှာဖွေ့မှုကို လမ်းစပျောက်စေခဲ့သည်။

အရှင်မင်းကြီး ~ အသံတွေက နေရာပေါင်းစုံမှ ရောက်လာသလိုပဲ သူတို့ရဲ့ ဦးတည်ချက်ကို ရှာမရပါဘူး ။ အောင်းလန်လည်း စိတ်ဓာက်ကျဟန်ဖြင့်ပြောလိုက်သည်။

စိတ်အေးအေးထားပါ အကြီးကဲအောင်းလန် ၊ မလောပဲ ဖြေးဖြေးခြင်း နေရာပေါင်းစုံကို စစ်ဆေးကြည့်ပါ ။ လုံထန်က မှုလ အောင်းချီယန်၏ မှတ်ဉာဏ်များ၏ အတွေ့ကြုံကို သိထား၍ ပြောလိုက်သည်။

အောင်းလန်လည်း လုံထန်၏ စကားကိုလက်ခံလိုက်ကာ သူ၏ စိတ်ကို လျော့ချလိုက်ကာ ၊ နာကျင်မှုကို ခနတာ မေ့လျော့စေလိုက်သည်။ သူ၏ စိတ်အာရုံကို ထုတ်လွတ်လိုက်သည်။ စိတ်အာရုံက မီတာငါးရာအကွာသို့သာ ရောက်သော်လည်း ဤအတွင်းသို့ ရောက်နေသော အသေးစိတ်ကျသောအရာများကို စစ်ဆေးကြည်နေခဲ့သည်။

လုံထန်လည်း အောင်းလန်၏ စစ်ဆေးကြည့်ရူနေမှုကို ဘေးနားမှနေ၍ နာကျင်မှုကို အံတုရင်းဖြင့် စောင့်ကြည့်နေခဲ့သည်။

အချိန် မိနှစ်သုံးဆယ်ကုန်ဆုံးသွားခဲ့သည်။

အောင်းလန်၏ မျက်ဝန်းများကို ဖျက်ခနဲ့ပြန်၍ ပွင့်လာခဲ့ကာ သူ၏ ပုံရိပ်ကလည်း ရပ်နေရာမှ လူပ်ရှားပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာနေသော နေရာမှာ ရပ်နေသော နေရာနှင့် မီတာ ငါးရာအကွာသို့ ရောက်နေခဲ့ကာ သူ၏ လက်ထဲ၌လည်း အနက်ရောင်အလံတစ်ခုကို ဆုပ်ကိုင်ထားခဲ့သည်။ အောင်းလန်၏ လုပ်ရှားမှု ပြီးဆုံးချိန်၌ နတ်ဆိုး ၊မိစ္ဆာတို့၏ အော်ဟစ်ကြွေးကြော်နေသော အသံများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

အရှင်မင်းကြီး ~ အရှင်မင်းကြီးပြောတဲ့ အတိုင်း ဒါက တစ်ကယ်ကို အစီရင်တစ်ခုဖြစ်နေတာပဲ၊ အောင်းလန်က သူ၏ လက်ထဲရှိ တစ်မီတာအရွယ်စားရှိနေသော အနက်ရောင် အလံလေးကို ဆုပ်ကိုင်ထားရင်းဖြင့်ဝမ်းသာစွာရေရွတ်လိုက်သည်။

လုံထန်လည်း ဝမ်းသာစွာဖြင့် ခေါင်းညိတ်လိုက်ရင်းဖြင့် အောင်းလန်၏ လက်အတွင်း၌ ရှိနေသော အနက်ရောင် အလံတိုင်လေးကို ယူကြည့်လိုက်သည်။

၎င်း၏ မျက်နှာပြင်တစ်ခုလုံးက ဆန်းကျယ်သော အက္ခရာများ ထွင်းထုထားခဲ့ကာ ဆိုးယုတ်သော အငွေ့သတ်များက ရစ်သိုင်းနေခဲ့ကာ ၊ မြင်ရသူအဖို့ကိုပင် ကျောချမ်းစေသလို့ ခံစားရစေသည်။ အံဩစရာ ဒီအရာလေးက နတ်ဘုရားသားရဲ ဘုံအဆင့် ကျင့်ကြံသူတွေကို တောင် နာကျင်အောင်လုပ်နိုင်တယ် ။ လုံထန်ကသူ၏ လက်အတွင်း၌ရှိနေသော အလံငယ်ကို ကြည့်၍ ရေရွတ်လိုက်ရင်းဖြင့် သူ၏ သိုလှောင်လက်စွပ်၏ အတွင်းသို့သိမ်းစည်းလိုက်သည်။

ဆက်သွားကြစို့ ~ အကြီးကဲ လုံထန်ပြောလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီး။

သူတို့နှစ်ဦးက အရှေ့သို့ ဆက်လက်၍ သွားလိုက်သည်။ သို့သော် မီတာငါးရာအကွာသို့ ရောက်ချိန်၌ နဂိုအတိုင်း နတ်ဆိုး ၊ မိစ္ဆာတို့၏ အော်ဟစ်ကြွေးကြော်သံတို့က သူတို့၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ပြန်သည်။

အောင်းလန်လည်း သူ၏ စိတ်အာရုံကို ဖြန်ကျက်လိုက်ရင်းဖြင့် အစီရင်၏ အလယ်ဗဟိုဖြစ်သော အစီရင်မျက်လုံးဖြစ်သည့် အနက်ရောင်အလံငယ်လေးကို ရှာဖွေ့သိမ်းစည်းလိုက်ပြန်သည်။ ထိုအလံငယ်ကိုသိမ်းစည်းလိုက်ချိန်၌ အသံများက ပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်သည်။

လုံထန်နှင့် အောင်းလန်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ ဒုတိယတစ်ခုဖြစ်သော် အနက်ရောင် အလံငယ်လေးကို သိမ်းစည်းပြီးနောက် ဆက်သွားကြပြန်သည်။

သို့သော်လည်း ။

မီတာငါးရာကျော်တိုင်း သူတို့၏ စိတ်ဝိညာဉ်က တိုက်ခိုက်ခြင်းကို ခံရပြန်သည်။ အောင်းလန်ကလည်း သူ၏ စိတ်အာရုံကို ဖြန့်ကျက်ရှာဖွေ့ကာ ဖြေရှင်းရပြန်သည်။

တတိယ ~ စတုတ္ထ ~ ပဉ္စမ ~ ဆဠမ ~ သတ္တမ ~ အဠမ ~ နဝမ ~ ဒဿမ တစ်ခုပြီးတစ်ခု ဆက်လက်၍ များပြားလာခဲ့သည်။

အချိန်မည်မျှကြာသွားသည့်ကို မသိ ။

အောင်းလန်က အစီရင်၏ ဗဟိုကို ဖျက်စီးလိုက် ၊ လုံထန်က သိမ်းစည်းလိုက်ဖြင့်လုံထန်၏ သို့လှောင်လက်စွပ်၏ အတွင်း၌ အနက်ရောင်အလံငယ်ပေါင်း ကအခုချိန်၌ ခုနှစ်ရာကျော်နေခဲ့လေသည်။

အရှင်မင်းကြီး ~ ဒါတွေကပြီးဆုံးအုန်းမယ် ထင်ပါသလား ။ အောင်းလန်က သူ၏ စွမ်းအားများကို အမြဲတန်း ထုတ်သုံးနေရသည့်မှို့ သူ၏ မျက်နှာက အနည်းငယ် ဖြူလျော့နေခဲ့သည်။

လုံထန်လည်း အောင်းလန်၏ အမေးကို ခေါင်းသားခါရမ်းပြလိုက်သည်။ သူသည့်လည်း အဆုံးသတ်ကို မသိချေ။ သို့လည်း ဤအထိပင် ရောက်လာမှတော့ အရှေ့သို့ဆက်သွားရန်သာ ရှိတော့သည်။ အချိန်အနည်းငယ်အနားယူပြီးတော့ ပြီးမှ ဆက်သွားကြတာပေါ့ ။ အကြီးကဲအောင်းလန် ။လုံထန်က ပြောလိုက်သည်။

အောင်းလန်လည်း ခေါင်းညိတ်၍ သူ၏ ကုန်ဆုံးသွားသော စိတ်စွမ်းအင်များကို ပြန်လည့်၍ မျက်လုံးမှိတ်ကာ ဖြည့်တင်းနေလိုက်တော့သည်။

အချိန်အတော်ကြာပြီးနောက် အောင်းလန်၏ စွမ်းအားများက နဂိုအခြေနေသို့ပြန်လည်ကာ ရောက်ရှိသွားခဲ့သည်။

လုံထန်လည်း အောင်းလန်ကိုကြည့်လိုက်ကာ ထရပ်လိုက်ရင်းဖြင့် ဆက်သွားပြင်လိုက်သည်။ သူတို့နှစ်ဦးက သူတို့ရှိရာနေရာမှ နောက်ထက်မီတာ ငါးရာအကွာသို့ရောက်ချိန်၌ နောက်ထက် စိတ်ဝိညာဉ်တိုက်ခိုက်မှု ကို ဖြေရှင်းရပြန်သည်။

ခုနှစ်ရာတစ် ~ ခုနှစ်ရာနှစ်~ ခုနှစ်ရာသုံး ~ ခုနှစ်ရာ လေး ။

ရှစ်ရာ ~ ကိုးရာ ~ ကိုးရာ တစ်ဆယ် ~ ကိုးရာ ငါးဆယ် ~ ကိုးရာ ကိုးဆယ် ။

အချိန်အတော်ကြာပြီးနောက် သူတို့၏ မဆုတ်မနှစ်ကြိုးစားမှုကြောင့် လုံထန်၏ သိုလှောင်လက်စွပ်၏ အတွင်း၌ အနက်ရောင် အလံငယ် ကိုးရာကိုးဆယ်ကို သိမ်းစဲ့မိလာခဲ့သည်။

ကိုးရာကိုးဆယ်တစ် ~ ကိုးရာကိုးဆယ် ငါး ~ ကိုးရာကိုးဆယ် ကိုးသို့ရောက်ရှိသွားခဲ့ပြန်သည်။ သူတို့ ထိုမီတာငါးရာမှ ထွက်ခွာလျက်နောက်ထက် အခုတစ်ထောင်မြှောက် အစီရင်ကို ဖြေရှင်းရန် သွားလိုက်သည်။

သို့သော်လည်း အံဩစရာမြင်ကွင်းတစ်ခုက သူတို့ကို စောင့်ကြို့နေခဲ့သည်။ မည်သည် စိတ်ဝိညာဉ်တိုက်ခိုက်မှုကမှ ကျရောက်မလာခဲ့ကာ ၊ အနက်ရောင်အခိုးငွေ့များဖြင့်ရစ်သိုင်းနေခဲ့သော သုံးမီတာအရှည်ရှိသော အနက်ရောင်အလံကသာ သူတို့စောင့်ကြို့နေခဲ့သည်။

လုံထန်နှင့်အောင်းလန်လည်း သတိထား၍ ၎င်း၏ အနီးသို့တိုးကပ်သွားသော်လည်း မည်သို့သောထူးရှားမှုမှ မခံစားရတော့ချေ။ ကြည့်ရတာ ဒီအစီရင်ဗဟိုက စွမ်းအားတွေကို ကုန်ဆုံးသွားတာဖြစ်မယ် ။ လုံထန်က ခန့်မှန်းလိုက်သည်။ သို့သော်လည်း တစ်ချိန်ထဲမှပင် သူ၏ တစ်ကိုယ်လုံး ချွေးအေးများဖြင့် ချွဲနှစ်သွားခဲ့သည်။ အကယ်၍ ဤအစီရင်ဗဟို၏ စွမ်းအားများကသာလျှင်မကုန်ဆုံးခဲ့ပါက မည်သို့နည်း ၊ လုံထန်တစ်ယောက် ဆက်၍ပင် မတွေးကြည့်ရဲတော့ချေ။

သူကဆက်မတွေးရဲသော်လည်း သူတို့၏ အောင်မြင်မှုအသီးအပွင့်အတွက် ၎င်းအနက်ရောင် အလံကို သူ၏ သို့လှောင်လက်စွပ်အတွင်းသို့ ပျော်ရွှင်စွာဖြင့် သိမ်းစည်းလိုက်သည်။

အနက်ရောင်အလံကို လုံထန်သိမ်းစည်းပြီးနောက် မည်သို့သော အရာမှ ဖြစ်အလာတော့ချေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ဖိနှိပ့်ထားမှု အချို့လည်း ပျောက်ကွယ်သွားခဲ့သို့ခံစားလိုက်ရသည်။ ဤခံစားချက်ကြောင့်လုံထန်နှင့် အောင်းလန်လည်း သူတို့၏ အမြန်နူန်းကို မြင့်တင်လိုက်ကြသည်။

လမ်းခရီးနှင့်မည့်သို့သော် အတားစီးမှ မကြုံရတော့ချေ။ သူတို့ ခန့်မှန်းချေ တစ်ရက်နီးပါးသွားပြီးသည့်ဟု ထင်ရသောအချိန်၌ တောင်၏ ထိပ်ဟုဆိုနိုင်သော နေရာသို့ရောက်ရှိလာခဲ့သည်။ ဆန်းကျယ်သောမြူငွေ့များထဲသို့ဝင် ရောက်လိုက်ချိန်မှစ၍ သူတို့က နေ့နှင့် ည ကို ခွဲခြား၍ မသိနိုင်၍ သေချာခွဲခြားမသိနိုင်ချေ။

All Chapters