တောင်ထိပ်ပေါ်မှ ကမ္ဘာငယ် ၊ ကံကြမ္မာခန်းမ ။
Vol. 10 Ch. 128
-----------
လုံထန်တစ်ယောက် ပတ်ဝန်းကျင့်သို့ လေ့လာကြည့်လိုက်ချိန်၌ မည်သို့သောမှ ထူးခြားမှုမရှိချေ။ မည်သည့် “ ဝိညာဉ်ရေစင် “ မှလည်း မရှိချေ။ လုံထန်၏ မျက်နှာက မဲမှောင်လာခဲ့သည်။ သူဒီလောက်ထိ ကြိုးစားပြီးတော့ လာခဲ့ရသည့်မှ တောင်မည်သိအရာမှ မရရှိသည့်က သူ၏ စိတ်အခြေနေကို ဆိုးဝါးစေသည်။
လုံထန်တစ်ယောက် ဒေါသတကြီးဖြစ် ပေါက်ကွဲခါနီး ဖြစ်နေချိန်၌ အောင်းလန်၏ အသံက ထွက်ပေါ်လာခဲ့သည်။
အရှင်မင်းကြီး ~ ဒီနေရာမှ ကမ္ဘာငယ်တစ်ခုရှိနေပါတယ် ။ အောင်းလန်က လုံထန်ကို ကြည့်၍ တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်သည်။ ကမ္ဘာငယ်တိုင်းသည် ထူးခြားသော အရာများဖြစ်ကြပြီး သူတို့၏ ရွှေနဂါးမျိုးနွယ်စုတွေ ပုန်းခိုနေသော နေရာဖြစ်သည့် ကမ္ဘာငယ်ကို ကြည့်လျှင်ပင် ဤအချက်ကို တွေမြင်နိုင်သည်။
လုံထန်လည်း အောင်းလန်၏ စကားကြောင့် သူ၏ မျက်ဝန်းများက မျော်လင့်ချက် ရောင်ခြည်များဖြင့် တောက်ပလာခဲ့သည်။ အောင်းလန်ပြောလိုက်သော နေရာသို့ လုံထန် လျှောက်သွားကြည့်လိုက်သည်။
၎င်းက သေချာသတိထားမကြည့်ပါက သာမာန်ကျောက်တုံးဟုထင်ရသော မီတာနှစ်ဆယ်အချင်းရှိသော ဧရာမကျောက်တုန်း၏ အလယ်၌ တစ်ချက်တစ်ချက်မှ ထွက်ပေါ်လာသော စွမ်းအားလှုပ်ခက်မှုကို အောင်းလန်သာ သတိမထားမိပါက သူလည်းတွေမိမှာမဟုတ်ချေ။
လုံထန်လည်း အောင်းယွီရန်၏ စွမ်းအားကို ငှားရမ်းအသုံးပြုထားသောလည်း ဤကျောက်တုန်း၏ အပေါ်မှ စွမ်းအားအတက်ကျကို သတိမထားမိချေ။ လုံထန်နှင့်အောင်းလန်တို့နှစ်ယောက်စလုံးက ကျောက်တုန်း၏ အထက်သို့တက်၍ စွမ်းအင်အတက်ကျများရှိနေသော နေရာသို့ သေချာလေ့လာကြည့်နေလိုက်သည်။
အကြီးကဲအောင်းလန် ~ ဝင်ကြည့်ကြရအောင် ၊လုံထန်က ပြောလိုက်သည်။ အောင်းလန်လည်း လုံထန်၏ စကားကို ကြားချိန်၌ သူ၏ မျက်ဝန်းများကလည်း စူးစမ်းကြည်လို့ဟန်ဖြင့်တောက်ပလာခဲ့သည်။
အရှင်မင်းကြီးရဲ့ ~ သဘောတိုင်းပါပဲ ။ အောင်းလန်ကလည်း လက်ခံလိုက်သည်။
လုံထန်လည်း ခေါင်းညိတ်လိုက်ကာ ၊သူ၏ စိတ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို ကျောက်တုန်း၏ အထက်၌ စွမ်းအား အတက်အကျများထုတ်လွတ်နေသော နေရာသို့ ပို့ လွတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်က ပင်လယ်ထဲသို့ကျဆင်းသွားသည့် ကျောက်တုန်းအလား ချက်ချင်းပင် နစ်မြုပ်သွားခဲ့ကာ အတွင်းပိုင်း၏ စုပ်ယူမှုကို ခံစားလိုက်ရသည်။ လုံထန် ခန္ဓာကိုယ်မှလည်း ရှိနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
အောင်းလန်လည်း လုံထန်ပျောက်ကွယ်သွားသည့်ကို ကြည့်လိုက်ရင်းဖြင့် သူ၏ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ပိုလွတ်လိုက်ရာ သူ၏ ပုံရိပ်ကိုလည်း ကမ္ဘာငယ်၏ အတွင်းပိုင်းမှ စုပ်ယူကာ သွားတော့သည်။
∆∆∆
လုံထန်၏ ပုံရိပ်မှာပျောက်ကွယ်သွားခဲ့ကာ သူ၏ စိတ်အာရုံမှာ ခနတာ ဗလာကျင်းသွားခဲ့ကာ ၊ ခေါင်းများမှုးနှောက်သွားသည့်ကို ခံစားလိုက်ရသည်။ ၎င်းက အချိန်အနည်းငယ်လေးသာဖြစ်ပြီး သူ၏ ပုံရိပ်က သူမရင်းနှီးသောနေရာ၌ ပေါ်ထွက်လာခဲ့သည်။
သူကိုစီးကြိုနေခဲ့သည့်က အံဩစရာမြင်ကွင်းများပင် ၊ အံဩမင်သက်ဖွယ်ရာပင် ။ သူ၏ တစ်ဘဝလုံး မြင်ဖူးသမျှမှ အလှပဆုံးမြင်ကွင်းများပင်။ လုံထန်အံဩနေချိန်၌ သူ၏ ဘေးရှိ လေဟာနယ်က လှုပ်ခက်သွားခဲ့ကာ အောင်းလန်၏ ပုံရိပ်ကလည်း ပေါ်ထွက်လာခဲ့သည်။ အောင်းလန်လည်း လုံထန်နှင့် နီးတူအံဩမင်သက်သွားခဲ့ကာ ပါးစပ်ကလည်း အံဩလွန်း၍ မေးရိုးများပြုတ်ကျလုမတက်ပင်ဖြစ်နေခဲ့သည်။
သူတို့ကို စီး၍ ကြိုနေသော မြင်ကွင်းက ၊ မသေမျိုးတို့၏ ပျော်မွေ့ရာဘုံအလားပင် ။ ချီစွမ်းအင်များထက် ပိုအဆင့်မြင်သော စွမ်းအင်များကလည်း မြူငွေ့များသဏ္ဍန်ရစ်သိုင်းနေခဲ့သည်။
ကောင်းကင်ယံထက်၌လည်း မျောလွင့်နေသော ကျွန်းပျံကြီးများလည်း အများအပြားပင်ရှိနေခဲ့သည်။ ကျွန်းပျံများကို မြူများက ရစ်သိုင်းထားသည့်မှ အံဩဖွယ်ရာမြင်ကွင်းများပင်ဖြစ်နေခဲ့သည်။
ဒီကမ္ဘာငယ်က အံဩစရာပဲ ~ ဒါပေမဲ့အသက်စွမ်းအင်တွေကို မခံစားမိပါဘူး ။ အရှင်မင်းကြီး ~ သူတို့အံဩမင်သက်ပြီးက သတိပြန်ဝင်လာပြီးသည့်နောက် အောင်းလန်ကလေးနက်ဟန်ဖြင့်ပြောလိုက်သည်။
ဤမျှခမ်းနားဆန်းကျယ်လှသော ကမ္ဘာငယ်၏အတွင်း၌ အဘယ်သိုများ သက်ရှိများ မရှိရသနည်း ။ ဤသည့်က သူတို့ကို အနည်းငယ်စိတ်ထဲ၌ မသိုးမသန့်ဖြစ်နေခဲ့စေသည်။
လိုက်ကြည်ကြတာပေါ့ ~ တစ်ခုခုတော့တွေ့မှာပါ ။ လုံထန်က ပြောလိုက်သည်။
နားလည်ပါပြီ ~ အောင်းလန်လည်း ခေါင်းညိတ်လိုက်သည်။
∆∆∆
သူတို့နှစ်ဦးက ကမ္ဘာငယ်၏ အလယ်ဗဟိုဟု ထင်မြင်ရသည့် အကြီးမားဆုံးကျွန်းပျံကြီး၏ စီသို့ပျံသန်းသွားလိုက်သည်။ အကြီးမားဆုံးကျွန်းပျံကြီးက အခြားသော ကျွန်းများအထက် မီတာတစ်ထောင်ခန့်ပို၍ မြင့်သောနေရာ၌ ရှိသည်။
သူတို့ရှိနေသော နေရာနှင့်ကျွန်းပျံကြီးစီသို့ရောက်ရှိရန် မဆယ်မိုင်ခန့်ပျံသန်းလိုက်ရသည်။ သူတို့ပျံသန်းနှုန်းက အလွန်လျှင်မြန်လှသည်။ အချိန်အချို့ကြာပြီးနောက် ကျွန်းပျံနှင့် တစ်မိုင်အကွာသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်၌ ကျွန်းပျံ၏ပုံသဏ္ဍန်က ဧရာမတောင်ကြီးနှင့် အလားသဏ္ဍန်တူညီသည်။ ကျွန်းပျံ၏ ထိပ်ဆုံး၌ ခမ်းနား ၊ ထည်ဝါကာ ရှေးဟောင်း အငွေ့သတ်များလွမ်းခြုံထား သော ၊ အဖြူရောင်နန်းတော်ကြီးရှိသည့်ကို တွေ့လိုက်ရသည်။
နန်းတော်၏ အောက်ဘက်အနိမ့်ဘက် မီတာ တစ်ထောင်အနိမ့် နေရာ၌ မီတာ တစ်ထောင်အမြင့်ရှိသော ဧရာမအမည်မသိရသော ကျောက်တိုင်ကြီးတစ်ခုရှိနေခဲ့သည်။ ၎င်းကျောက်တိုင်၏ အထက်၌ ဆန်းကျယ်သော စွမ်းအားအငွေ့သက် များကိုထုတ်လွတ်နေသော စာအချို့ကို ရေးသားထားသည်။ ဤသည့်မှာ ။
“ကံကြမ္မာခန်းမ “ ဟုရေးထိုးထားခြင်းဖြစ်သည်။
ဒါက ~ ဒါဆိုရင် ~ ဒီကမ္ဘာငယ်က “ ကံကြမ္မာခန်းမ “ ပိုင်တာလား ၊ ဒါဆိုသူတို့တွေ ဘယ်ရောက်သွားတာလည်း ။ လုံထန်ကတီးတိုးရေရွတ်လိုက်သည်။ ဤကမ္ဘာငယ်ထဲရှိလူများဘယ်ရောက်သွားသနည်း ။ ဤအဖြေကို သူပို၍ သိချင်လာခဲ့သည်။
လုံထန်က သူ၏ အမြန်နူန်းကို ပို၍ မြင့်တင်လိုက်သည်။ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့ကာ ၊ တည်နေရာ ပြောင်းရွှေ့လိုက်သည့်အလား ကံကြမ္မာခန်းမဟု ရေးထိုးထားသော ဧရာမ ကျောက်တိုင်ကြီး၏ အနီးသို့ရောက်ရှိသွားခဲ့တော့သည်။
အောင်းလန်လည်း လုံထန်နှင်နီးတူ လုံထန်ဘေး၌ ကပ်ပါလာခဲ့သည်။ သူတို့နှစ်ဦးက အမည်မသိရသော ဧရာမ ကျောက်တိုင်ကြီးကို စူးစမ်းလိုက်ကြသည်။
ကျောက်တိုင်၏ အထက်တွင်ရေးထိုးထားသော စာလုံးများထံမှ သူတို့လက်ကမ်းမမှီနိုင်သောစွမ်းအားများကို ခံစားလိုက်ရသည်။ သေချာကြည့်ပါက သူ၏ စိတ်ဝိညာဉ်များမှပင် တုန်လူပ်နေမှုကို ခံစားရသည်။ သူတို့၏ အကြည့်ကို လွဲလိုက်ပါက ထိုခံစားချက်များမှာ ပျောက်ကွယ်သွားခဲ့သည်။
ဘယ်လောက်တောင်မှ အစွမ်းထက်လိုက်တဲ့ ပုဂ္ဂိုလ်လည်း မခန့်မှန်းနိုင်လောက်တဲ့အထိကို အစွမ်းထက်တဲ့ ဖြစ်တည်မှုကြီးဖြစ်ရမယ် ။ အောင်းလန်က သက်ပြင်းချကာပြောလိုက်သည်။ဤစာလုံးများကို ရေးသားထားသောလူ၏ စွမ်းအားက သူဘဝသက်တမ်းတစ်ခုလုံးမှာပင် ထိုမျှကြောက်စရာ လူကို မတွေခဲ့ဖူးချေ ။ သူလိုနတ်ဘုရားသားရဲဘုံ ဆဠမအဆင့်အရှိသူပင် ထိုစာလုံးများ၌ပါဝင်သော စွမ်းအား၏ အရှေ့၌ ပုရွတ်ဆိတ်တစ်ကောင်အလားခံစားရစေသည်။
လုံထန်လည်း အောင်းလန်လောက်ကျင့်ကြံမှုက မမြင့်မားသော်လည်း ထိုစာလုံးကိုရေးသားထားသူ၏ စွမ်းအားကို ခံစားမိသည်။