← Chapters

ကံကြမ္မာဧကရာဇ် ။

Vol. 10 Ch. 129

ကံကြမ္မာဧကရာဇ် ။

Vol. 10 Ch. 129

-------------

လုံထန်နှင့် အောင်းလန်တို့က သူတို့အရှေ့၌ တည်ရှိနေသော ဧရာမကျောက်တိုင်ကြီးကို အချိန်အတော်ကြာစူးစမ်းကြည့်ပြီးနောက် လှေကားများစီသို့တက်ကာ ခမ်းနားထည်ဝါသော အဖြူရောင်နန်းတော်ကြီးကိုကြည့်ရူရန် ပြင်လိုက်တော့သည်။

သူတို့နှစ်ဦးက လှေကားထစ်များကို တက်လိုက်ချိန်၌ လှေကားထစ်များမှ ကြယ်သတ္တုဟု ခေါ်သော ရှေးမှတ်တမ်းများ၌သာတွေခဲ့ရဖူးသည့် ကြယ်ဆယ်ပွင့် သတ္တုများဖြစ်ကြောင်းသတိထားမိလိုက်ကြသည်။

လုံထန်နှင့် အောင်းလန်တို့နှစ်ယောက်လုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လေအေးများကို သာရူရိူက်လိုက်ကြသည်။ သူတို့ကရတနာများ၏ အထက်၌ လမ်းလျှောက်နေသကဲ့သို့လည်း ခံစားနေရသည်။

အရှင်မင်းကြီး ~ ဒီကမ္ဘာငယ်က တွေးလို့မရနိုင်တဲ့ ဇာက်ကြောင်းတွေရှိတော့မယ်ထင်တယ်။ အောင်းလန်က သူ၏ မျက်နှာထက်၌ ထိတ်လန့်အံဩနေမှုများကို မဖုံးကွယ်နိုင်ပဲပြောလိုက်သည်။

လုံထန်လည်း ခေါင်းညိတ်လိုက်သည်။ ယခုလို ကြယ်ဆယ်ပွင့် ကြယ်သတ္တုကို အသုံးပြုထားသော နေရာက သူတို့တွေနိုင်သည့်ထက်ကျောက်လွန်နေခဲ့သည်။

သူတို့နှစ်ဦးက အံအားသင့်နေသည့်များကို ဖိနှိပ့်လိုက်ကာ လှေကားထစ်များကို ပြနါ၍ တက်လိုက်သည်။ လှေကားထစ်များမှာ ၉၉၉ ထစ်ရှိသည်။ အချိန်အနည်းငယ် အကြာ၌ သူတို့ လှေကားထစ်များ၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

ဤအချိန်မှ ကျွန်းပျံထိပ်၏ အဖြူရောင်နန်းတော်ကို သေချာတွေမြင်လိုက်ရသည်။ ၎င်းက နှတ်မှနေ၍ ထုတ်ပြော ရန် ခက်ခဲလောက်သည့်အထိကို ခန့်ညှားထည်ဝါလှသည်။ နန်းတော်၏ ဝင်ပေါက်၌ လည်း ရွှေရောင်တောက်ပသော စာလုံးများဖြင့် ရေထိုးထားသော စာတချို့ရှိသည်။

၎င်းမှာ ...။

“ ကံကြမ္မာဧကရာဇ်နန်းဆောင် “ ဟုရေးထိုးထားခြင်းဖြစ်သည်။

အဖြူရောင်နန်းတော်က အလွန်ခမ်းနားသော်ငြား လုံထန်နှင့် အောင်းလန်တို့ မည်သည့်ရတနာများကို အသုံးပြုထားသည့်ကို မသိခဲ့ချေ။

∆∆∆

သူတို့နှစ်ဦးက ယခုမှ မြို့သို့ရောက်လာဖူးသည့် တောသားသကဲ့သို့ အရာရာက သူတို့၏ မျက်ဝန်းထဲ၌ အသစ်ဆန်းများဖြစ်နေပြီး အကုန်လုံးကို လိုက်လံကာ စူးစမ်းနေခဲ့သည်။

လှေကားထစ်များ၏ အပေါ်သို့ရောက်သည့်နှင့် နန်းတော်စီသို့သွားရန် မီတာငါး ထောင်ခန့်ဝေးကွာသည်။ ဆယ်မီတာအကျယ်ရှိသော လမ်းတစ်ခုက လှေကားထစ်များစီမှ နန်းတော်စီသို့ ဆက်သွယ်ထားသည်။

လမ်း၏ ဘေးဘက်၌ မီတာ တစ်ထောင်အကျယ်ရှ်ိသော

ကြည်လင်နေသောရေကန်ရှိသည်။ ၎င်းက အလှမွေးငါးကန်များဖြစ်ဟန်ရသည်။ ၎င်းတို့အထဲ၌လည်း စွမ်းအင်များက သိပ်သည်းနေခဲ့ကာ သူတို့တွေ အပြင်ဘက်၌ တွေ့သည့်နေရာများထက်ပို၍ သိပ်သည်းနေခဲ့သည်။ သို့သော်လည်း ရေကန်များက ကြည့်လင်နေခဲ့သော်လည်း မည်သည့် သက်ရှိမှ မရှိနေချေ။

အခြားတစ်ဖက်၌ လှပသော ဉယျာဉ်တစ်ခုရှိသည်။ ၎င်းကလည်း မီတာ တစ်ထောင်အကျယ်ရှိသည်။ ဉယျာဉ်၏ အလည်၌ နားခိုဆောင်တစ်ခုဆောက်လုပ်ထားသည်။ ဉယျာဉ်အတွင်း၌ မည်သည့်အပင်များမဆို ကြယ်ရှစ်ပွင့် အဆင့်ဆေးပင်များထက် ပို၍ အဖိုးတန်မည်ဟန်ရှိသည်။

ထိုအခြင်းအရာများကို ကြည့်ရင်းလုံထန်နှင့် အောင်းလန်တို့ မအံဩမိတော့ချေ။ အမှန်ပြောရချင် အံဩစရာအဖြစ်ပျက်များကြုံတွေရလွန်း၍ ထူသွားခဲ့ကာ မအံဩနိုင်တော့သည်ဟုဆိုပါက ပို၍ မှန်ကန်လေ့မည်။

လုံထန်တို့က ၎င်းတို့ကို ဖြတ်ကျော်သွားခဲ့သည်။ ကျန်သည့်အကျယ်ဝန်းတို့ကို တော့ ဧရာမလေ့ကျင့်ကွင်းကြီးကသာ နေရာယူထားသည် ။

ဧရာမလေ့ကျင့်ကွင်းကြီးကို ကျော်ဖြတ်ပြီးသည့်နှင့် လုံထန်နှင့်အောင်းလန်တို့ အဖြူရောင်နန်းတော်ကြီး၏ ဝင်ပေါက်ထံသို့ ရောက်ရှိသွားတော့သည်။

မီတာတာတစ်ရာအမြင့်ရှိကာ ၊ အကျယ်က မီတာငါးဆယ်အကျယ်ခန့်ရှိသော ဧရာမဂိတ်တံခါးကြီးဖြစ်သည်။

နန်းတော်ကြီး၏ပိတ်ထားသော တံခါးကြီး၏ အရှေ့၌ ရပ်နေချိန်၌ သူတို့ကိုယ်သူတို့သေးသိမ်သွားသကဲ့ အလိုလို ခံစားချက်က ဖြစ်တည်လာခဲ့သည်။ ၎င်းက ခနတာသာ ဖြစ်တည်လာခြင်းဖြစ်သည်။ အနီးကပ်ကြည်ချိန်၌ အဖြူရောင်နန်းတော်ကြီးက မီတာတစ်သောင်းခန့်နေရာယူထားသည့်ကို တွေလိုက်ရသည်။

ဝင်ကြည့်ကျစို့ ~ အကြီးကဲအောင်းလန်က လုံထန်ကသူ၏ ဘေး၌ ရပ်နေသော အောင်းလန်ကို ပြောလိုက်သည်။ အောင်းလန်လည်း ခေါင်းညိတ်ပြလိုက်သည်။

လုံထန်နှင့်အောင်းလန်က သူတို့အရှေ့၌ ပိတ်ထားသော နန်းတော်၏ တံခါးကြီးကို သူတို့နှစ်ယောက် တွန်းလိုက်သည်။ သို့သော်လည်း သူတို့နှစ်ဦးက တံခါးစီသို့ လက်တင်ရုံသာရှိသေးပြီးတော့ တံခါးက တုန်ခါသွားခဲ့သည်။

ကျီ~ ကျီ ~ ကျီ။

နန်းတော်၏ တံခါးကြီးက တုန်ခါနေရင်းအသံများထွက်လာပြီးနောက် ပွင့်သွားခဲ့တော့သည်။

ဟမ့် ~ ဘာတုန်းဟ ~ သူအလိုလို ပွင့်သွားတာလား ။ လုံထန်နှင့် အောင်းလန်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

အင်း ~ ခေါင်းညိတ်ကာ အချက်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးက ပြိုင်တူနန်းတော်ခန်းမ၏ အတွင်းသို့ဝင်လိုက်တော့သည်။ တစ်ချိန်ထဲမှာပင် လုံထန်နှင့် အောင်းလန်တို့က အတွင်းပိုင်းထံမှ အမှတ်မထင် တိုက်ခိုက်လာမဲ့ အမည်မသိအရာများ ရှိနေမလားဆိုသည့်အတွေးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ထားလိုက်သည်။ သို့သော်လည်း သူတို့နှစ်ဦးက နန်းတော်ခမ်းမ၏ အထဲ၌ ရပ်နေသော်လည်း မည်ကဲ့သို့မှ တိုက်ခိုက်မှုမျိုးက ကျရောက်မလာခဲ့ချေ။

မည်ကဲ့သို့တိုက်ခိုက်မှုမှ မရောက်လာသည့်အတွက်ကြောင့် သူတို့လည်း နန်းတော်ခန်းမကို သေချာကြည့်လိုက်သည်။ နန်းတော်ခန်းမက မီတာ တစ်ထောင်ငါးရာ လောက်အထိကို အကျယ်ရှိသည်။

ထိပ်ဆုံး၌ အဖြူရောင်ပုလ္လင်တစ်ခုရှိနေပြီး အဖြူရောင်ပုလ္လင်၏ အောက်ဘက်၌ မီတာတစ်ရာအကွာ၌ ထိုင်ခုံပေါင်းတစ်ရာရှိသည်။ ၎င်းတို့က တစ်ခုံနှင့်တစ်ခုံ ဆယ်မီတာအကွာရှ်ိကာ စီစီရီရီ ထားထားကြသည်။အမြဲတန်း သန့်ရှင်းထားသကဲ့သို့ ၎င်းတို့က မည်သည့်အမှုန့်မှ မရှိနေခဲ့ချေ။

လုံထန်နှင့် အောင်းလန်လည်း နန်းတော်ခန်းမ၏ အလယ်သို့ ဖြေးညှင်းစွာလျှောက်သွားလိုက်သည်။ သူတို့ နန်းတော်ခန်းမ၏ ထိပ်ဆုံးပုလ္လင်ရှိရာ မီတာ တစ်ရာအကွာသို့ ရောက်ရှိလာခဲ့သည်။

အထိုအချိန် ။

နန်းတော်ခန်းမ၏ ထိပ်ဆုံးပုလ္လင်ထက်၌ အလင်းရောင်များဖြာထွက်လာခဲ့ကာ ရုတ်တရက်ဆိုသလို့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အော်ရာက နန်းဆောင်ကြီးကို တုန်ခါသွားစေမတက် ထွက်ပေါ်လာခဲ့သည်။

၎င်း၏ အော်ရာအောက်၌ လုံထန်နှင့် အောင်းလန်ပင်လျှင် ကျောက်တောင်ပေါင်းသောင်းချီကို ထမ်းပိုးထားရသည့်အလား ဖြစ်နေခဲ့ကာ ဒူးထောက်ကျမတက်ဖြစ်သွားခဲ့သည်။ အောင်းလန်က တော့ ထိုအော်ရာ၏ အော်၌ ဒူးထောက်ကျသွားခဲ့သည်။ လုံထန်က ဒူးထောက်ခါနီး၌ သူ၏ ခန္ဓာကိုယ်အတွင်း၌ တစ်ဝက်ပြီးမြှောက်ထားသော ဒြပ်စင်နဂါး နလုံးသားက တုန်ခါသွားခဲ့ကာ ဆန်းကျယ်သော စွမ်းအားတစ်ခုကို လုံထန်ကို ဒူးထောက်မကျသွားစေရန် ထောက်ပံပေးထားခဲ့သည့်အတွက် ဒူးထောက်မကျသွားချေ။

ဒူးထောက်၍ မကျသော်လည်း ကြီးစိုး၍ ခမ်းနားချုပ်ကိုင်လိုသော အော်ရာ၏ အောက်၌ မနည်းမက်တပ်ရနေရသည်။ လုံထန်က သူ၏ ခေါင်းကို ခက်ခဲစွာမော့၍ အဖြူရောင်ပုလ္လင်ကို ကြည့်လိုက်သည်။

အဖြူရောင်ပုလ္လင်က အလင်းတန်းများဖြာထွက်နေသည့်ကို တွေလိုက်ရသည်။ အလင်းတန်းများက တဖြေးဖြေး မှေးမှိန်သွားခဲ့ကာ ဖိအားများမှာလည်း လျော့ကျလာခဲ့သည်။

အလင်းတန်းများလုံးဝ ပျောက်ကွယ်သွားချိန်၌ လုံထန်နှင့် အောင်းလန်တို့၏ ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ့်ထားသောဖိအားမှ လည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အဖြူရောင်ပုလ္လင်၏ ထက်၌လည်း အသက်သုံးဆယ်အရွယ် မြင့်မြတ်ကာ ခမ်းနား၍ ၊ အေးချမ်းတည်ငြိမ်ဟန်ရသော အော်ရာကို ထုတ်လွတ်ထားသော အမျိုးသားတစ်ယောက် ထိုင်နေခဲ့သည်။ ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်က အရင်တစ်ခနလေးကဲ့သို့ ကြောက်မက်ဖွယ် အော်ရာများမထုတ်လွတ်ထားခြင်းမရှိချေ။

၎င်း၏ ဉပတိရုပ်ကလည်း ၊ တည်ကြည့်ခန့်ငြားကာ ၊ သူရဲကောင်းဆန်သော အမှုရာရှိသည်။

ဘယ်လောက်တောင်ကြာသွားပြီလည်း ~ နောက်ဆုံးမှာတော့ တစ်ယောက်ကဒီနေရာကို ရောက်လာခဲ့ပြီပဲ ၊ အဖြူရောင်ပုလ္လင်ထက်၌ ရှိသော အမျိုးသားက ပြုံး၍ အောက်ဘက်၌ ချွေးများဖြင့်စိုချွဲနေသော လုံထန်ကိုကြည့်လိုက်သည်။ အောင်းလန်သည့်တော့ သတိလစ်နေခဲ့ပြီဖြစ်သည်။

ခင်ဗျားက ဘယ်သူလည်း ~ လုံထန်က အောင်းလန်ထက် အနည်းငယ်ပို၍ အခြေနေကောင်းသည့်မှို့ကြည့်၍ မေးလိုက်သည်။

ငါလား ~ ငါဒီနေရာရဲ့ ပိုင်ရှင်ပဲလေ ။ ငါကို လူတိုင်းက “ကံကြမ္မာဧကရာဇ် “ လိုခေါ်ကြတယ် ။ အဖြူရောင်ပုလ္လင်ထက်မှ အမျိုးသားက ပြုံးကာပြောလိုက်သည်။

လုံထန်လည်း ~ ထိုအမျိုးသား၏ စကားကြောင့်သတိအနေထားဖြစ်သွားခဲ့သည်။ ထိုအမျိုးသား၏ ကျင့်ကြံမှုက မည်မျှရှိသည့်ကို သူမသိနိုင်သော်လည်း ၊ အလကားတော့ အသတ်ခံရချင်ချေ။ သူထွက်ပြေးလွတ်မြှောက်နိုင်မည်နည်းလမ်းများကို စဉ်းစားနေခဲ့သည်။

ဟားဟား ~~~ ဟားဟား ။

မင်းအရမ်းကြီးသတိထားနေစရာ မလိုပါဘူး ။ ဒါက ငါရဲ့ မသေခင်အချိန်တုန်းက နောက်လူတွေကို သတိပေးဖို့ ချန်ထားခဲ့တဲ့ ဝိညာဉ်အပိုင်းစလေးတစ်ခုပါပဲ ။ အမျိုးသားက ရီမောနေရင်းဖြင့် သူ၏ မျက်နှာထားက တည့်ကြည့်လေးနက်သွားကာ ပြောလိုက်သည်။

သတိထားပေးဖို့လား ~ လုံထန်က ရေရွတ်လိုက်သည်။

ဟုတ်တယ် ~ သတိပေးဖို့ပဲ အမျိုးသားကလည်း ခေါင်းညိတ်ကာပြောလိုက်သည်။

All Chapters