ပျက်သုဉ်းခြင်းခောတ် ။
Vol. 10 Ch. 130
-----------
လုံထန်က သူ၏ အရှေ့၌ အလေးနက်ထားကာ ပြောနေသော အဖြူရောင်ပုလ္လင်၏ အထက်၌ ထိုင်နေသော အမျိုးသားကို ကြည်လိုက်သည်။
ခင်ဗျားက ~ ဘာကိုသတိပေးချင်တာလည်း ~ နောက်ပြီးတော့ ဒီကမ္ဘာငယ်လေးထဲက လူတွေရော ဘယ်ကိုရောက်သွားတာလည်း နောက်ဆုံး၌ လုံထန်လည်း သိချင်စိတ်ကို မထိန်းချုပ်နိုင်ပဲ မေးလိုက်သည်။
အဖြူရောင်ပုလ္လင်၏ အထက်၌ ထိုင်နေသော အမျိုးသားကမည်သည့်စကားကိုမှ မဆိုပဲ ခနတာငြိမ်သက်သွားခဲ့သည်။ အချိန်အနည်းငယ်အကြာစကားမပြောပဲ ငြိမ်သက်နေပြီးနောက်တွင် ထိုလူကစကားဆိုလိုက်သည်။
အခြားစကားတွေမပြောခင် ၊ ငါမသေဆုံးခင်အလိုက ငါရဲ့ဝိညာဉ်ကို ဒီမှာချန်ထားခဲ့တာ အခုဆိုရင် နှစ်ပေါင်း ကိုးသန်းခန့်ကြာပြီ ။ အဲဒီအတွက်ကြောင့် ငါရဲ့စကားတွေကို မင်းနားမထောင်ခင် ဒီနှစ်တွေအတွင်းရဲ့ အဖြစ်ပျက်တွေကို ငါကို အကျဉ်းချုပ်ပြောပြပါအုန်း ။
ဝုန်း ~။
လုံထန်တစ်ယောက် သူ၏ ခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ခံစားလိုက်ရသည်။ နှစ်ပေါင်းသန်းချီအောင်တောင်မှ ချန်ထားတဲ့ဝိညာဉ်ကို မပျောက်ပျက်သွားနိုင်ပဲ တည်ရှိနေအောင် ထိုလူက ဘယ်လောက်များအစွမ်းထက်ခဲ့ပါသနည်း ။ လုံထန်တစ်ယောက် တွေးပင်မတွေးကြည့်ရဲတော့ချေ။ သို့သော်လည်း ခနတာတွေးပြီးနောက် ထိုလူမေးထားသော စကားများကို ပြန်ဆက်လိုက်သည်။
နှစ်သန်းချီရဲ့ ရှေးဟောင်းမှတ်တမ်းအဖြစ်ပျက်တွေမရှိတော့ဘူး ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက် က မှတ်တမ်းတွေပဲ ရှိတယ် ။ နှစ်ပေါင်းတစ်သောင်းကျော်တုန်းက ဘာတွေဖြစ်ပျက်ခဲ့သလည်းဆိုတာ မသိဘူး ။ လုံထန်က ခေါင်းရမ်းကာပြောလိုက်သည်။
ဘာ ~ အဖြူရောင်ပုလ္လင်၏ အထက်၌ ရှိနေသော အမျိုးသားမှ မတည်ငြိမ်နိုင်တော့ပဲ ထိုင်ရာမှ ထရပ်လာခဲ့သည်။ အခုဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအကျော်က အဖြစ်ပျက်တွေကို ဘယ်သူမှ မသိတော့ဘူးလို့ ဆိုလိုတာလား ။ အဖြူရောင်ပုလ္လင်ထက်မှ အမျိုးသားက ဒေါသတကြီးအော်လိုက်သည်။
သောက် ~ သစ္စာဖောက်ကောင်တွေ ဒီလောက်တောင်မှ လျှင်မြန်မယ်လို့မထင်ထားဘူး ။ ထိုအမျိုးသား၏ မျက်နှာက ယခုကသို့အေးချမ်းသော ဟန်ပန်မရှိတော့ပဲ ဒေါသများဖြင့်ပြည့်နက်နေခဲ့သည်။
ဒါဆိုရင် ~ အခုခောတ်တွေထဲမှာ မသေမျိုးအဆင့်ကို ရောက်တဲ့သူတွေရှိနေသေးလား ။ အမျိုးသားက သူ၏ ဒေါသကို လျော့လိုက်ကာ လုံထန်ကိုထက်မေးလိုက်သည်။
( အရင်က အင်မော်တယ်ကို ယခုကစပြီး မသေမျိုးလို့ပြောင်းသုံးပေါ့မယ် ။)
မသေမျိုးလား လုံထန်တစ်ယောက် ခေါင်းသာရမ်းလိုက်မိသည်။ မသေမျိုးအဆင့်သို့ရောက်သွားသည့်လူများကို ယခုအချိန်ထိကို သူတစ်ယောက်ပင်မမြင်ဖူးချေ။
အခုနှစ်တွေထဲမှာ ဒီလောက်တောင် ဆုတ်ယုတ်သွားပြီလား ။ ဒီပုံစံတိုင်းသာဆိုရင် ပျက်သုဉ်းခြင်းခောက်မှာ သက်ရှိတွေအားလုံး ရှင်သန်နိုင်ပေါ့မလား ။ အမျိုးသားက စိတ်ဓာက်ကျဟန်ဖြင့်ရေရွတ်လိုက်သည်။
ပျက်သုဉ်းခြင်းခောတ်လား ~ အဲတာဘာကို ပြောတာလည်းလုံထန်လည်း ထိုအမျိုးသား၏ ပါးစပ်မှ ထွက်လာသော စကားကိုကြား၍ မေးလိုက်သည်။
ဟူး ~ အမျိုးသားက လုံထန်၏ စကားကို မဖြေပဲ သက်ပြင်းအရှည်ကြီးချလိုက်သည်။ ထိုနောက်မှ သူက စကားကို စလိုက်သည်။
ပျက်သုဉ်းခြင်းခောတ်ဆိုတာ သက်ရှိတွေအားလုံးငရဲတစ်ခုအလားဖြစ်ပျက်နေတဲ့ စစ်ပွဲတွေရှိတဲ့ ခောတ်ကိုပြောတာ ။ ပျက်သုဉ်းခြင်းခောတ်က စစ်ပွဲတွေကို ပုံမှန်တိုင်းဆိုရင် နှစ်ဆယ်သန်းအကြာတိုင်းမှာဖြစ်ကြတယ် ။ အဒီအချိန်မှာ သက်ရှိတိုင်းက မသန်ရင် အားလုံးသေဆုံးကုန်ရလေ့မယ် ။
ပျက်သုဉ်းခြင်းခောတ်ကို ဘယ်တုန်းက စတင်ခဲ့လည်းဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းတစ်ရာတုန်းကစတင်ခဲ့တာပဲ ။ အဲဒီအချိန်အတုန်းက ရုတ်တရက်ဆိုသလို့ မြေအောက်လောက ကိုးခုက တိုက်ပွဲကို ရုတ်တရက်စတင်ခဲ့တယ် ။
မြေအောက်လောကကိုးခုရဲ့ မိစ္ဆာတွေက အရမ်းသန်မာတယ် ။ သူတို့က အဆင့်တူဆိုရင် သူတို့တစ်ယောက်က ၊ ငါတို့လိုသက်ရှိတွေနှစ်ယောက်နဲ့တိုက်ခိုက်နိုင်တယ် ။
တိုက်ပွဲက အရမ်းပြင်းထန်တယ် ။ မသေမျိုးနယ်မြေတွေတောင်မှ စစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်ကြောင့် သေမျိုးနယ်မြေတွေကို ပြန်ပြီးတော့ပြုတ်ကျသည့်အထိပဲ ။ အဲဒီအချိန်တုန်းက မသေမျိုးဧကရာဇ် ဆယ်ပါးက သက်ရှိတွေကို ဦးဆောင်ပြီးတော့ မြေအောက်လောကို ပြန်ပြီးတော့ တိုက်ခိုက်ခဲ့ကြတယ် ။
မသေမျိုးဧကရာဇ် ငါးပါးခန့် ကျဆုံးသွားတဲ့အချိန်မှာ မြေအောက်လောကကိုးခုကို အောင်မြင်စွာနဲ့ ပြန်ပြီးတွန်းလန်နိုင်ခဲ့တယ် ။ အခြားသော ကျန်ရစ်သော မသေမျိုးဧကရာဇ် ငါးပါးလည်း ဒဏ်ရာအပြင်းထန်ရပေမဲ့ မြေအောက်လောက ကိုးခုကို အောင်မြင်စွာတွန်းလန်နိုင်ခဲ့တယ် ။
အားလုံးပြီးဆုံးချိန်၌ မသေမျိုးဧကရာဇ် ငါးဦးက တိုင်ပင်ပြီးတော့ မြေအောက်လောကကိုးခုထွက်ပေါ်လာရာ နေရာကို လေ့လာကြည့်တော့ အဲဒီနေရာက ၊ မြေအောက်လောကနှင့် သက်ရှိလောကရဲ့ လောကစည်းမျဉ်း တားစီးထားသည် စည်းတစ်ခုဖြစ်ကာ ၊ နှစ်ပေါင်းဆယ်သန်းကြာတိုင်းမှာ ၎င်းက အနည်းငယ်အားနည်းသွားပြီး မြေအောက်လောကိုးခုရဲ့ စွမ်းအားကြီးဖြစ်တည်မှု တွေက ချိုးဖောက်ကာ သက်ရှိ တွေရှိရာကို ကျုးကျော်တာဆိုတာကို သိလိုက်ရသည်။
အဲဒီအဖြေကြောင့် ငါတို့သက်ရှိတွေဘက်က မသေမျိုးဧကရာဇ်တွေက နှစ်ပေါင်းဆယ်သန်းကြာတိုင်းမှာ အားနည်းသွားတဲ့ လောကရဲ့ စည်းမျဉ်းနေရာကို အားဖြည့်ပြီး နဂိုအတိုင်းရှိစေရန်ကြိုးစားကျတယ် ။
အဲဒီပုံစံတိုင်းသက်ရှိတိုင်းက အေးချမ်းနေခဲ့တာ နှစ်ပေါင်းသန်းကိုးဆယ်ကျော်လာတာပဲ ၊ ဒါပေမဲ့ သစ္စာဖောက်တွေက အချိန်ယူပြီးတော့ လောကရဲ့ အကန့်သတ်စည်းမျဉ်းကို ချိုးဖြတ်လိုက်တယ် ။
အဲဒီမှ မသေမျိုးဧကရာဇ်ငါးပါးနဲ့ သက်ရှိတွေရဲ့ စွမ်းအားကြီးတဲ့သူတွေကိုက အဲဒီပျက်သုဉ်းခြင်းခောတ်ကို ကျော်လွန်နိုင်ဖို့ကြိုးစားကျတယ်။ နောက်ဆုံးမှတော့ အောင်မြင်ခဲ့ပေမဲ့ လူသားမျိုးနွယ်စုရဲ့ စွမ်းအားကြီးသူတွေရော သားရဲမျိုးနွယ်စုရဲ့ စွမ်းအားကြီးသူတွေရော မသေမျိုးဧကရာဇ် ငါးပါးနှင့်တူတူ ကျဆုံးသွားကြတယ် ။ ပုလ္လင်ထက်မှ လူက အတိတ်ကို လွမ်းစွတ်ဟန်ဖြင့်ပြောလိုက်ကာ သူ၏ စကားကို အဆုံးသတ်လိုက်သည်။
ဒါကမင်းကို ~ အကျဉ်းချုပ်ပြောပြတာပဲ ၊ မင်းကိုတိုင်ရှေးဟောင်းမှတ်တမ်းတွေကို အသေးစိတ်ဖတ်ကြည့်သင့်တယ် ။ ငါရဲ့ဝိညာဉ်ပိုင်းအစက အချိန်အများကြီး မရတော့တာ မှို့လိုပါ ။
ဒါဆိုခင်များ~ ပြောချင်တာကာ မြေအောက်လောကကိုးခုက နှစ်ပေါင်းဆယ်သန်းပြည့်ရင် ပြန်ပြီးတော့ နောက်ထက်တစ်ကြိမ် ကျုးကျော်လာအုန်းမယ်ပေါ့ ။ အဲလိုလား ။
လုံထန်က လည်း အလောတကြီးဖြင့် မေးလိုက်သည်။
ဟုတ်တယ် ။ နောက်ထက် နှစ်တစ်သန်းကြာရင် ထပ်ပြီး ကျုးကျော်လာလေ့မယ် ။ အဖြူရောင်ပုလ္လင်ထက်မှ အမျိုးသားက ခေါင်းညိတ်ထောက်ခံလိုက်သည်။
ဒါပေမဲ့ မသေမျိုးတွေက ဒဏ္ဍာရီလာမသေမျိုးနယ်မြေကို သွားကြတယ်မလား ။ ခင်ဗျားပြောခဲ့တဲ့ အတိုင်းဆို စစ်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် မသေမျိုးနယ်မြေက သေမျိုးနယ်မြေကို ပြို့ကျသွားခဲ့တာပေါ့ ။ နောက်ထက်မသေမျိုးနယ်မြေဆိုပြီးတော့ မရှိတော့ဘူးလား ။ လုံထန်လည်း လေအေးများကို ရူရိူက်လိုက်ရင်းဖြင့်မေးလိုက်သည်။
ဟုတ်တယ် ~ မသေမျိုးနယ်မြေက ပျက်သုဉ်းခြင်းစစ်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ပြိုကျပျက်စီးသွားတယ် ။ အဖြူရောင်ပုလ္လင်ထက်မှ အမျိုးသားကပြောလိုက်သည်။
စကားတွေအများကြီး ပြောချင်ပေမဲ့ ~ ငါမှာအချိန်အများကြီး မရတော့ဘူး ။ ငါရဲ့ အမွေအနှစ်တွေနဲ့ ကံကြမ္မာခန်းအရဲ့ အရင်းမြစ်တွေကို မင်းကို ပေးခဲ့မယ် ။ ဒီနှစ်တစ်သန်းအတွင်းမှာ မင်းပိုပြီးတော့ စွမ်းအားကြီးလာအောင်ကြိုးစားပါ မင်းနဲ့ပတ်သတ်သူတွေကိုလည်း စွမ်းအားကြီးလာအောင်ကြိုးစားပါ ။ သက်ရှိတွေအားလုံး ရှင်သန်နိုင်အောင်ကြိုးစားပါ ။ ဒီကမ္ဘာငယ်ထဲမှာရှိတဲ့ စွမ်းအင်တွေက မသေမျိုးနယ်မြေရဲ့ မသေမျိုးစွမ်းအင်တွေပဲ ။
အချိန်ရရင် ယခင်က မသေမျိုးတွေနဲ့ မိစ္ဆာတွေ စစ်ပွဲဖြစ်ခဲ့တဲ့ စစ်မြေပြင်ကို သွားကြည့်ပါ ။ အဲမှာက စွမ်းအားကြီးလာအောင် လုပ်ဖို့သင့်တော်တာတွေရှိတယ် ။
အမျိုးသားက သူ၏ စကားဆုံးချိန်၌ အဖြူရောင်အလင်းများရှိနေသော တံဆိတ်တစ်ခုကို ပေးလိုက်သည်။ ဒီတံဆိတ်က မင်းကံကြမ္မာခန်းမရဲ့ အရင်းမြစ်တွေကို အသုံးပြုနိုင်လေ့မယ် ။ ရှေးဟောင်းမှတ်တမ်းတွေ နည်းစနစ်တွေကိုလည်း အသုံးပြုလို့ရလေ့မယ် ။
ဒါကငါရဲ့ အမွေနှစ်ပဲ ၊ အမျိုးသားက သူ၏ စကားဆုံးသည့်နှင့် အဖြူရောင်ပုလ္လင်၏ အထက်မှ ပျော်ကွယ်သွားခဲ့ကာ လုံထန်၏ အရှေ့သို့ရောက်လာခဲ့သည်။ သူ၏ လက်ချောင်းကို လုံထန်၏ ဦးခေါင်းကိုထိ၍ သူ၏ လျိုဝှက်ကျင့်စဉ်ကို လွဲပြောင်းပေးလိုက်သည်။
ရုတ်တရက်ရောက်လောသော လူကြောင့် လုံထန်ထိတ်လန့်သွားသော်လည်း မည်သည့်အန္တာရယ်မှ မပေးဟန်မရပဲ သူ၏ မှတ်ဉာဏ်အတွင်းသို့ မရင်းနှီးသော မှတ်ဉာဏ်များဝင်ရောက်လာခဲ့သည်ကိုသာ ခံစားလိုက်ရသောကြောင့် ညိမ်နေလိုက်သည်။
အချိန်အချို့ကြာပြီးနောက် လုံထန်လည်း သူ၏ ရပ်နေရာ၌ မျက်လုံးမှိတ်နေခဲ့သည်။ အမျိုးသား၏ ပုံရိပ်ကလည်း ဖြေးညှင်းစွာဖြင့် ဝေဝါးလာခဲ့သည်။ ပျက်သုဉ်းခြင်းခောက်ကို မင်းဘယ်လို့ကျော်လွန်အလည်း အခုချိန်မှာ ဒီအကြောင်းကို သိတာ မင်းတစ်ယောက်ပဲ ရှိတော့တယ် ။ မင်းဘယ်လိုလုပ်မှာလည်း ကောင်လေး ။ ထိုအမျိုးသားက သူ၏ဦးခေါင်းကို ခါရမ်းကာ ရေရွတ်လိုက်သည်။ ထိုနောက်မှာတော့ သူ၏ ပုံရိပ်က အပြီးတိုင်ပျောက်ကွယ်သွားခဲ့တော့သည်။