← Chapters

နာဂတ်အတိုချုပ်လျို့ဝှက်ကျင့်စဉ် ၊ များပြားလွန်းလှသော ရတနာများ ။

Vol. 10 Ch. 131

နာဂတ်အတိုချုပ်လျို့ဝှက်ကျင့်စဉ် ၊ များပြားလွန်းလှသော ရတနာများ ။

Vol. 10 Ch. 131

----------

လုံထန်တစ်ယောက် မျက်လုံးကို မှိတ်၍ မိနှစ်သုံးဆယ်ခန့်အကြာအထိကို မလှုပ်မယက်ဖြင့် ရပ်နေခဲ့သည်။ မိနှစ်သုံးဆယ်ကျော်ချိန်မှ လုံထန်၏ မျက်လုံးများက ပြန်၍ ဖွင့်လာခဲ့သည်။

အချိန်အတော်လေးကြာသွားတာပဲ ၊ လုံထန်တစ်ယောက် သူ၏ ပတ်ဝန်းကျင့်ကိုကြည်ရူလိုက်ရင်းဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူသတိပြန်ရချိန်၌ ပတ်ဝန်းကျင့်အနှံလိုက်ရှာခဲ့သော်လည်း ကံကြမ္မာဧကရာဇ်ဟု ခေါ်သောအမျိုးသားကို မတွေခဲ့ရတော့ချေ။

သို့သော်လည်း လုံထန်က သူ၏ အရှေ့၌ ရှိနေသော အဖြူရောင်ပုလ္လင်သို့ ဦးတည်၍ ဦးညွတ်လိုက်သည်။ ခင်ဗျားရဲ့ နည်းစနစ်တွေကို သုံးပြီးတော့ ကျုပ်က မြေအောက်လောက ကိုးခုရဲ့ မိစ္ဆာတွေကို သုတ်သင်ပေါ့မယ်လို့ ကတိပေးပါတယ် ။ သူ၏ စကားဆုံးချိန်၌ ကမ္ဘာငယ်တစ်ခုလုံးက အနည်းငယ်တုန်ခါသွားသကဲ့သို့လုံထန်ခံစားလိုက်ရသည်။

သူက ဦးခေါင်းကိုပြန်၍ မော့လိုက်သည်။ ကံကြမ္မာဧကရာဇ်ဟုခေါ်သော အမျိုးသားပေးခဲ့သော အမွေနှစ်ထဲတွင် လျိုဝှက်ကျင့်စဉ်တစ်ခုပါသည်။ ၎င်းက “ အနာဂတ်အတိုချုပ် ကျင့်စဉ် “ ဟုခေါ်သည်။ ဤကျင့်စဉ်က မသေမျိုးဧကရာဇ်၏ အမွေဆက်ခံမှုဖြစ်သည်။ ယခုကံကြမ္မာဧကရာဇ်ဟုခေါ်သော အမျိုးသားကလည်း သူအမွေဆက်ခံထားခြင်းဖြစ်သည်။

“ အနာဂတ်အတိုချုပ် “ကျင့်စဉ်ကို ကျွမ်းကျင်သွားခဲ့ပါက ၊ တိုက်ခိုက်ချိန်၌ အနာဂတ်၏ စက္ကန့်သုံးဆယ်ကျော်ကို ကြိုတင်၍ မြင်နိုင်စွမ်းရှိသော သဘာဝလွန်ကျင့်စဉ်ဖြစ်သည်။

လျို့ဝှက်ကျင့်စဉ်အပြင် “ ဧကရာဇ်လက်သီးကျင့်စဉ်” ဟုခေါ်သော ကြယ်ဆယ်လေးပွင့်ကျင့်စဉ်တစ်ခုကိုလည်းရရှိလိုက်သေးသည်။ ၎င်းနှစ်ခုကြောင့် လုံထန်၏ လာရာ ခရီးလမ်းက ပို၍ပင် ပြီးပြည့်စုံသွားခဲ့သည်။

∆∆∆

သူ၏ ဘေး၌ လှဲ့ကျကာသတိမေ့နေသော အကြီးကဲအောင်းလန်ကို လုံထန်က သတိရစေရန် သူ၏ သစ်သားဒြပ်စင်စွမ်းအားတစ်ခုကိုအသုံးပြုလိုက်သည်။ သိမ့်မွှေ့ညှင်သာသော စွမ်းအားက အောင်းလန်ကို လွမ်းခြုံသွားခဲ့ကာ အချိန်အနည်းငယ်ကြာပြီးနောက် အောင်းလန်လည်း သတိမေ့မျောနေရာမှ ပြန်၍ သတိရလာခဲ့သည်။

အရှင်မင်းကြီး ~ အဆင်ပြေရဲ့လား ။ ဘာဖြစ်သွားတာလည်း ။ သူမှတ်မိသည့်ဆိုလို့ အဖြူရောင်ပုလ္လင်၏ အထက်၌ အလင်းတန်းများထွက်ပေါ်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခု လွမ်းခြုံလာခဲ့သည်ကိုသာ သတိထားမိခဲ့သည်။ ထိုနောက် သူသတိမေ့သွား၍ ဘာမှ မသိတော့ချေ။

စိတ်မပူပါနဲ့ ~ အဲဒါက ဒီနေရာရဲ့ ပိုင်ရှင်ချန်ထားခဲ့တဲ့ ဝိညာဉ်အပိုင်းစတစ်ခုပါပဲ ။ ကျုပ်တို့အခြားနေရာတွေကို လိုက်ကြည့်ရအောင် သွားကြစို့ လုံထန်ကပြောလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီး။

သူတို့နှစ်ဦးက နန်းတော်၏ အတွင်းမှ ပြန်၍ ထွက်လာခဲ့ကာ နန်းတော်၏ နောက်ကျောသို့သွားလိုက်သည်။ နန်းတော်နှင့် မီတာ တစ်ထောင် အကွာ၌ မီတာထောင်ချီအမြင့်ရှိသော အနက်ရောင်ထပ်ခိုးများပါသော ရှေးဟောင်း အဆောက်ဦးသုံးခုရှိသည်။ ၎င်းတို့ထံမှ ရှေးဟောင်းအော်ရာများက အတိုင်းသာထွက်ပေါ်နေခဲ့သည်။ ဝင်ပေါက်များကိုလည်း အသေပိတ်ထားခဲ့ကာ မည်သို့ပင်ဝင်စေကာမှု မရမည်ဟန်ရှိသည်။

လုံထန်နှင့် အောင်းလန်လည်း အနက်ရောင် အဆောက်ဦးသုံးခုအနက် ဘယ်ဘက်မှ အဆောက်ဦး၏ အရှေ့သို့ရပ်၌ ရပ်လိုက်သည်။ ဤအဆောင်၏ ထိပ်၌ ရှေးဟောင်းမှတ်တမ်း အဆောင်ဟု ရေးထိုးထားသည်။

အောင်းလန်က သေချာကြည့်ပြီးနောက် ~ ပြောလိုက်သည်။ ဒါက ဖွင့်ဖို့မလွယ်လောက်ဘူးထင်တယ် ။

လုံထန်ကတော့ အောင်းလန်၏ စကားကို ပြန်၍ မပြောပဲ သူ၏ သို့လှောင်လက်စွပ်၏ အတွင်း၌ အဖြူရောင်တံဆိပ်ပြားကို ထုတ်လိုက်သည်။ ၎င်းကအဖြူရောင်အလင်းများထွက်ပေါ်နေပြီးတော့ အရှေ့ဘက်၌ ကံကြမ္မာလို့ ရေးထားပြီး နောက်ကျော၌ ဧကရာဇ်ဟု ရေးထိုးထားသည်။

လုံထန်က အဖြူရောင်တံဆိပ်ပြားကို အနက်ရောင် အဆောက်ဦး၏ တံခါးပေါက်အရှေ့၌ တင်လိုက်ချိန်၌ တစ်ချိန်လုံးချိတ်ပိတ်ထားဟန်ရသော တံခါးပေါက်မှာ တုန်ခါသွားခဲ့သည်။

ကျီ ~ ကျီ ~ ကျီ ။

တံခါးကလျှင်မြန်စွာပွင့်သွားခဲ့သည်။ အောင်းလန်က လုံထန်ကို မယုံနိုင်စွာကြည့်လိုက်သည်။ သူသတိမေ့နေတုန်း ဘာတွေများလွတ်သွားသေးလည်း သူမေးချင်သော်လည်းပဲ ၊နောက်ဆုံး၌ မမေးရန်သာ ဆုံးဖြတ်လိုက်သည်။

လုံထန်က အောင်းလန်၏ အတွေးများကို မသိချေ။ သူက တံခါးပွင့်သည့်နှင့် အဆောက်ဦး၏ အတွင်းသို့ဝင်လိုက်သည်။ အဆောက်ဦး၏ အတွင်းပိုင်းက မီတာ ငါးရာ အကျယ်ရှိကာ ၊ စင်အမြှောက်အများလည်းရှိသည်။ စင်တိုင်းတွင်လည်း စာအုပ်အမြှောက်များ စီထားခဲ့သည်။

ဤအောက်ဆုံးအထပ်၌ပင် စာအုပ်ပေါင်းသိန်းချီလောက်အထိပင် ရှိနိုင်သည်။ လုံထန်လည်း ဒုတိယထက်သို့ တက်သွားခဲ့သည်။ ဒုတိယထက်၌လည်း ပထမထပ်ကဲ့သို့ပင် စင်အမြှောက်အများနှင့် စာအုပ်များအပြည့်ရှိနေခဲ့သည်။ သို့သော် ဒုတိယထပ်၌မှု စာအုပ်ပေါင်း ငါးသောင်းလောက်သာ ရှိသည်။

လှည့်ပတ်ကြည့်ရူပြီးနောက် လုံထန်လည်း ခေါင်းညိတ်လိုက်ကာ ထိပ်ဆုံးအထပ်သို့ တက်သွားခဲ့သည်။ ထိပ်ဆုံးအထက်၌မှု စင်များက ဆယ်ခုသာရှိသည်။ တစ်စင်၌ စာအုပ်ပေါင်းတစ်ရာခန့်သပ်ရပ်စွာစီတန်းထားပြီးတော့ စာအုပ်ပေါင်းတစ်သောင်းခန့်သာရှိသည်။ ဤစာအုပ်များကို ကြည့်ပြီးနောက် လုံထန်လည်း ခေါင်းညိတ်လိုက်သည်။

ဤရှေးဟောင်းမှတ်တမ်းများကိုသာ ဖတ်ရူပြီးခဲ့လျှင် အတိတ်နှစ်ပေါင်းများစွာ၏ ဖြစ်ရပ်များကို အသေးစိတ် သိမြင်နိုင်ပြီဖြစ်သည်။ လုံထန်က ဘာမှ ထပ်မကြည့်တော့ပဲ အောက်သို့ပြန်၍ ဆင်းသွားခဲ့သည်။ အောင်းလန်လည်း စကားမဆိုပဲ လုံထန်နှင့် နီးတူပြန်၍ ဆင်းသွားခဲ့သည်။ သို့သော်လည်း သူ၏ အတွေးများထဲ၌ ထိတ်လန့်မှုများအပြည်ပင် ရှိနေခဲ့သည်။

လုံထန်က ရှေဟောင်းမှတ်တမ်းဆောင်မှ ထွက်၍ မီတာတစ်ထောင်၏ အကွာ၌ အလယ်ထဲ၌ ရှိသော အဆောင်သို့သွားလိုက်သည်။ ၎င်းအဆောင်၏ ထိပ်ဆုံး၌ “ ကျမ်းစာ ဆောင် “ဟု ရေးထိုးထားသည်။

လုံထန်က ထုံးစံအတိုင်း အဆောင်၏ တံခါးထက်၌ အဖြူရောင် တံဆိပ်ပြားကို တင်လိုက်ချိန်၌ တံခါးက ပွင့်သွားခဲ့သည်။

အထဲသို့ဝင်လိုက်သည့်နှင့် အောက်ထပ်၌ ကြယ်တစ်ပွင့်ကျင့်စဉ်များချည်းသာ ရှိသော ကျင့်စဉ်သောင်းချီကို တွေလိုက်ရသည်။ နှစ်ထပ်မြောက်၌ ၊ ကြယ်နှစ်ပွင့်ကျင့်စဉ် ၊ သုံးထပ်မြောက်၌ ကြယ်သုံးပွင့်ကျင့်စဉ် အသီးသီး ရှိနေခဲ့သည်။

နောက်ဆုံး၌ လုံထန်တစ်ယောက်ကိုးထပ်မြှောက်သို့ရောက်သွားခဲ့သည်။ ၎င်းမှ ကြယ်ကိုးပွင့်ကျင့်စဉ်များပင် ၊ ၎င်းက နတ်ဘုရားဘုံအဆင့် ကျင့်ကြံသူများအသုံးပြုသည့်နည်းစနစ်များပင် သူ၏ အရှေ့၌ ကျင့်စဉ်ပေါင်းထောင်ချီကို တွေလိုက်ရသည်။ ဒါဆို ဆယ်ထပ်မြောက်ဆိုရင် မသေမျိုးအဆင့်ကျင်စဉ်တွေဖြစ်တဲ့ ကြယ်ဆယ်ပွင့် နည်းစနစ်တွေရှိမှာပဲ လုံထန်တစ်ယောက်ထိုအတွေးနှင့်အတူတူ သူ၏ သွေးများပင် ဆူပွတ်လာသကဲ့သို့ခံစားလိုက်ရသည်။

သူဆယ်ထပ်မြှောက်သို့တက်ကြည်ရန်ပြင်လိုက်ကာ ဆယ်ထပ်မြှောက်၏ လှေကားစီသို့ ဦးတည်လိုက်သည်။ သို့သော်လည်း လှေကားကို ဖြတ်ကျော်မည်အချိန်၌ သူကို မမြင်နိုင် သောအတားစီးတစ်ခုက တားစီးထားခဲ့သည်။

ဘာလည်းဟ ~ ဘာလိုဖြတ်ကျော်လို့မရတာလည်း ။ လုံထန်တစ်ယောက် တီးတိုးရေရွတ်လိုက်သည်။ ထိုနောက်တစ်ကြိမ်စမ်းကြည့်ဟန်ဖြင့်သူခြေထောက်ကိုမြှောက်ကာ လှေကားထစ်များကို နင်းရန်ပြင်လိုက်သည်။ သို့သော်လည်း အတားစီးခံလိုက်ရပြန်သည်။

ဘာလည်းဟ ~ ဒါက ကျင့်ကြံမှုအဆင့်အလိုက်ပဲ တက်လိုရတာများလား ။လုံထန်တစ်ယောက် အကြိမ်ကြိမ်စမ်းသပ်ပြီးနောက်တွင် အဖြေကိုရလိုက်သည်။ သူက ယခုအချိန်အောင်းယွီရန်၏ စွမ်းအားကို ငှားရမ်းအသုံးပြုနေခဲ့သည့်အတွက်ကြောင့် သူ၏ စွမ်းအားက နတ်ဘုရားသားရဲဘုံ အဆင့်၌ ရှိနေခဲ့သည်။ ဤအတွက်ကြောင့် ယခုအချိန်၌ သူက ကိုးထပ်မြှောက်သို့ ရောက်လာနိုင်ခြင်းဖြစ်ဟန်ရသည်။

လုံထန်၏ အဖြစ်ပျက်များကို အောင်းလန်တစ်ယောက်တစ်တော့ လုံးဝသတိမထားမိချေ။ သူ၏ အရှေ့၌ ရှိသော ကြယ်ကိုးပွင့်ကျင်စဉ်များကို တစ်ခုခြင်းစီလိုက်၍ တောက်လောင်နေသော မျက်လုံးများဖြင့် တယုတယ ကြည့်နေခဲ့သည်။

လုံထန်လည်း ထိုအဘိုးကြီးကိုကြည့်၍ ခေါင်းသာခါရမ်းလိုက်သည်။

အကြီးကဲအောင်းလန် ခင်ဗျားဒီကနေ ခင်ဗျားနဲ့ သင့်တော်မဲ့ ကျင့်စဉ်နှစ်ခုရွှေးလိုက်ပါ ။ ကျုပ်အခြားနေရာတွေ့ကို လိုက်ကြည့်လိုက်အုန်းမယ် ။ လုံထန်က ပြောလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီးရဲ့ အမိန့်တိုင်းပဲပါ ။ အောင်းလန်က ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

လုံထန်လည်း အောင်းလန်ကိုကြည့်၍ ခေါင်းသာ ခါရမ်းလိုက်ပြီးနောက် နောက်ထပ်ကျန်နေသည်အရာများကို စစ်ဆေးရန် အောက်ထပ်သို့ပြန်၍ ဆင်းသွားခဲ့သည်။

အောက်ထပ်သို့ရောက်သည့်နှင့် အလယ်အဆောက်ဦးနှင့် မီတာ တစ်ရာအကွာ၌ ရှိသော ညာဘက်ရှိ အဆောက်ဦးသို့လျှောက်သွားလိုက်သည်။

ညဘက်ရှိအဆောက်ဦးကို “ ရတနာဆောင် ဟု “ ရေးထိုးထားသည်။ လုံထန်က အဆောက်ဦးတံခါးထံသို့ သူ၏ အဖြူရောင်တံဆိပ်ကို တင်လိုက်ချိန်၌ တံခါးအလိုအလျှောက်ပွင့်သွားခဲ့သည်။

လုံထန်တစ်ယောက် အထဲသို့ ဝင်လိုက်ချိန်၌ အံဩသွားရန်ပြန်သည်။ ဤနေရာက လေဟာနယ် နေရာလွတ်ခဲ့သို့ ပြုလုပ်ထားခြင်းဖြစ်သည်။

လေဟာနယ်ထဲ၌ လွင့်မျောနေသော ဒြပ်စင်အမျိုးမျိုးစွမ်းအားများပါဝင်သော ဒြပ်စင်ကျောက်တုန်းများကိုလည်းတွေမြင်နေရသည်။

အောက်ထပ်၌ရှိသော တော်တော်များက ဒြပ်စင်ကျောက်တုန်းများနှင့် စွမ်းအင်ကျောက်တုန်းများက အဆင့်မြင့် ချီစွမ်းအင်ကျောက်တုန်းထက်ပို သိပ်သည်းသော သန့်စင်သောစွမ်းရည်များ ပါသော စွမ်းအင်ကျောက်တုန်းများက နေရာယူထားခဲ့သည်။ အကျယ်မီတာ တစ်ထောင်အကျယ်ကို ၎င်းတို့နှင့်ပင် ပြည့်နက်နေခဲ့သည်။

လုံထန်လည်း ၎င်းတို့ကို့ကျော်ဖြတ်ကာ ဒုတိယအထပ်သို့သွားနိုင်မည် မုဒ်ပေါက်သို့ သွားလိုက်သည်။ ထိုနေရာသို့ရောက်ချိန်၌ မုဒ်ပေါက်၏ အနား၌ ရပ်လိုက်ချိန်၌ စွမ်းအင်တစ်ခုက သူကိုလွမ်းခြုံလာခဲ့ကာ ရစ်ပတ်သွားခဲ့သည်။ ထိုနောက် သူ၏ ခန္ဓာကိုယ်မှ ပထမထပ်မှ ပျောက်ကွယ်သွားတော့သည်။

လုံထန်၏ ခန္ဓာကိုယ်က ဒုတိထက်၌ ပြန်၍ ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများက အရာရာကို မမြင်နိုင်သော်လည်း မွှေးပျံသော ဆေးရနံများက သူ၏ နှာခေါင်းအတွင်းသို့ ဝင်ရောက်လာကြသည့်ကို ခံစားလိုက်ရသည်။

ဒုတိယထက်၌ မီတာငါးရာအကျယ်ရှိပြီးတော့ ကျောက်စိမ်းပုလင်းလေးများနှင့် ၊ကြယ်ဆယ်ပွင့်ထက်ပင်မြင့်သော မသေမျိုးဆေးပင် အမျိုးမျိုးသော ဆေးပင်များက နေရာအပြည့်ယူထားကြသည်။ ဤမြင်ကွင်းကို မြင်ချိန်၌ လုံထန်၏ အသက်ရူနူန်းများက ပို၍ လျှင်မြန်လာခဲ့သည်။ ယခင် ရွှေနဂါးမျိုးနွယ်စု၏ ဘဏ္ဍာတိုက်ထဲသို့ဝင်ချိန်၌ ရွှေနဂါးမျိုးနွယ်စုလောက် ချမ်းသာသည့်မျိုးနွယ်စု မရှိဟု၍ သူထင်ခဲ့သည်။ခုမှ သူ၏ အတွေးက ဘယ်လောက်တောင် ကလေးဆန်သလည်း ဆိုတာ သတိထားမိခဲ့သည်။

(ကြယ်ဆယ်ပွင့်အထက် ဆေးပင်တွေနှင့် သတ္တုတွေကို အခုက စပြီးတော့ မသေမျိုးဆေးပင် ၊ မသေမျိုးသတ္တုဟု ခေါ်ပါမယ် ။ )

လုံထန်က သူ၏ အဖြစ်ကိုသူတွေးကာရီမောလိုက်ရင်းဖြင့် ဒုတိယထပ်မှ တတိယထပ်သို့ သွားသော မုဒ်ပေါက်သို့သွားလိုက်သည်။ တတိယထပ်၌မှု ၎င်းတို့တစ်ခုလုံးက လက်နက် ၊ ချပ်ဝတ်တန်ဆာများနှင့် ၊ သူတောင် သေချာမသိနိုင်သော မသေမျိုးသတ္တုများဖြင့် ပြည့်နက်နေခဲ့သည်။

ဒါက ~ ဘယ်လောက်တောင်မှများလိုက်တဲ့ ကောင်းကင်အဆင့် လက်နက်တွေလည်း ၊ လုံထန်သူ၏ အရှေ့ရှိ ရာချီသော ကောင်းကင်လက်နက်များနှင့် ထောင်ချီနေသော မြေကမ္ဘာလက်နက်များကို တွေရ၍ သူ၏ မေးရိုးများပင် ပြုတ်ကျလုမတက် အံဩသွားစေခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ များပြားသော ကောင်းကင်လက်နက်တွေရှိပါသော်ငြား ၊ အဘယ်ကြောင့် မသေမျိုးလက်နက်များမရှိသနည်း ဤသည့်က သူကို အတွေးများစေခဲ့သည်။

မဟုတ်ဘူး ~ ငါဂျီးမများသင့်ဘူး ။ အခုဒါတွေက အားလုံးငါအပိုင်တွေဖြစ်လာပြီပဲ။ လုံထန်တောက်ပနေသောမျက်လုံးများဖြင့် ကြည့်ကာဆိုလိုက်သည်။

၎င်းတို့ကို ကြည့်ပြီးနောက် လုံထန် သူရှေးဟောင်းမှတ်တမ်းများကို အမြန်လေ့လာရန်လိုအပ်သည့်ဟုခံစားလိုက်ရသည်။ တွေမြင်နေရသော အရာများမှ သူ၏ တွေမြင်ဖူးသည့်များထက် ကျော်လွန်နေခဲ့ကာ သူမသိသောအရာက ပိုများနေခဲ့သည်။ ဒီလို့အရင်းမြစ်တွေနဲ့ဆို စွမ်းအားကြီးသူတွေ ပျိုးထောင်ရန်အတွက် အရမ်းကြီးတော့ မခက်ခဲနိုင်တော့ဘူး။

အရင်က ကံကြမ္မာဧကရာဇ်ပြောခဲ့သော စကားကြောင့် လာမဲ့ နှစ်တစ်သန်းအကြာမှာဖြစ်လာမည် ၊ ပျက်သုဉ်းခြင်းခောတ်၏ စစ်ပွဲအတွက် သူစိတ်ပူနေခဲ့ရသေးသည်။ အခုတော့ သူအနည်းငယ်ခန့်တော့ စိတ်အေးသွားခဲ့ရပြီဖြစ်သည်။ ယခုအချိန်ကစလို့ သူနဂါးမျိုးနွယ်စုများကို လျှင်မြန်စွာ စုစည်းရန်နှင့် သူ၏ ကျင့်ကြံမှုကို အမြန်မြင့်တင်ရန် သံဠိဓာန် ချလိုက်သည်။

All Chapters