ပွင့်ဖက်ကိုးခု မီးပန်းဘုရင် ။
Vol. 10 Ch. 132
--------------
လုံထန်က သူ၏ ပျော်ရွှင်နေမှုများကို ဖိနှိပ့်လိုက်ကာ အခြားအရာများကို ဆက်လက်၍ စူးစမ်းလေ့လာရန်ပြင်လိက်သည်။ သူဤ “ ရတနာ “ ဆောင်မှ ထွက်ခွာလာခဲ့လိုက်သည်။
အဖြူရောင်နန်းတော်ကြီးတည်ရှိရာကျွန်းပျံကြီးကို သေသေချာလေ့လာကြည့်ပြီးနောက်တွင် ဤကျွန်းပျံကြီးကဆယ်မိုင် ခန့်အကျယ်ရှိသည်ကို တွေခဲ့ရသည်။
နန်းတော်ကြီးရှိရာ ကျွန်းပျံနှင့် တစ်မိုင်အကွာတွင်ရှိနေသော အနီးကပ်ဆုံးကျွန်းပျံသို့ သွားကြည့်ရန် လုံထန်ထွက်လာခဲ့သည်။ ၎င်းက အတော်လေးကြီးမားသောကျွန်းပျံတစ်ခုဖြစ်ကာ ခန့်မှန်းခြေပင် မိုင်ငါးဆယ်ခန့်ရှိသည့်ဟုထင်ရသည်။ သူရောက်ရှိသွားချိန်၌ ကျွန်းပျံတစ်ခုလုံးက အစီရင်တစ်ခုဖြစ် အကာကွယ်ချထားသည့်ကို သတိထားခဲ့မိသည်။
ဤနေရာရှိအစီရင်က ယခုထက်တိုင်အသက်ဝင်လျက်ရှိရာ ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို ထုတ်လွတ်နေသေးကြောင်းကို လုံထန်ခံစားမိသည်။ နတ်ဘုရားသားရဲဘုံအဆင့်ကျင့်ကြံ သူပင်လျှင်အတင်းတိုးဝင်ခဲ့လျှင် အစီရင်၏ တိုက်ခိုက်မှုက ပြာပင်မကျန်အောင် တိုက်ခိုကိလေ့မည်ဖြစ်သည်။ သို့သော်လည်း အစီရင်အသက်ဝင်နေသော်လည်း သူထံ၌ အဖြူရောင်တံဆိပ်ပြားရှိနေသောကြောင့် သူအတွက် စိုးရိမ်စရာမရှိနေခဲ့ချေ။
အစီရင်၏ အပြင်ဘက်အလွှာကို လုံထန်က သူ၏ လက်ထဲရှိနေသော အဖြူရောင်တံဆိပ်ပြားလေးတင်လိုက်သည်။ အစီရင်က တောက်ပသော အလင်းတန်းများထုတ်လွတ်လာခဲ့ကာ လူတစ်ဦးစာဝင်နိုင်ရန် အပေါက်တစ်ခုက သူ၏ အရှေ့၌ ဖြစ်တည်လာခဲ့သည်။ လုံထန်လည်း ထိုအပေါက်ထဲသို့ ဝင်ရောက်လိုက်သည်။
အပေါက်တွင်းသို့ဝင်လိုက်သည့်နှင့် သူကိုယ်စီး၍ ကြိုစို့နေသည့်မှာ မွှေးပျံလွန်းလှသော ဆေးပင်များ၏ ရနံဖြစ်သည်။ မျက်စိတစ်ဆုံး ဆေးပင်များဖြင့် ပြည့်နက်နေခဲ့ကာ အချို့ဆေးပင်များမှ သက်တမ်းပင်လွန်နေခဲ့သည်။
ဆေးပင်တိုင်းမှလည်း နှစ်သန်းချီဆေးပင်များဖြစ်နေခဲ့ကြသည်။ ၎င်းတို့က မသေမျိုးအဆင့်ဆေးပင်အဆင့်သို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။
လုံထန်တစ်ယောက် ဆေးစိုက်ခင်း၏ ထံသို့လျှောက်သွားရင်းဖြင့် လိုက်ကြည့်နေခဲ့သည်။ အချို့သောဆေးပင်များမှာ ပြုစုမည့်သူများမရှိ၍ သေဆုံးနေကျသည့်ကို တွေ့လိုက်ရသည်။ ကျန်ရစ်နေသော ဆေးပင်များကတော့ အဖိုးတန်ရတနာများပင် ဖြစ်နေတော့သည်။
လုံထန်ဆေးစိုက်ခင်း၏ အလယ်သို့ဖြေးညှင်းစွာသွားနေချိန်၌ ဆယ်မိုင်ခန့်သွားပြီးချိန်၌ ဆေးစိုက်ခင်း၏ အလယ်၌ လှုပ်စီလှုပ်စီဖြစ်နေသော ဆေးပင်တစ်ပင်ကို တွေလိုက်ရသည်။
ဘာလည်းဟ ~ လုံထန်လည်းသိချင်ဇောဖြင့် ထိုနေရာသို့ပျံသန်းသွားလိုက်သည်။ သို့သော်လည်းသူထိုနေရာသို့ပျံသန်းသွားချိန်၌ လှုပ်စီလှုပ်စီအပင်များမှာ တစ်ပင်မှ ချက်ချင်းပင် မမည်သည့်ခြေရာလက်ရာမှ မကျန်ပျောက်ကွယ်သွားခဲ့သည်။
ဘာလည်း ~ ဒါက သက်ရှိဆေးပင်တွေလား ။ လုံထန်တစ်ယောက် သူ၏ အရှေ့မှ ဖြစ်ပျက်သွားသည့်မြင်ကွင်းကြောင့် မင်သက်သွားခဲ့သည်။ သို့သော်လည်း သူ၏ အရှေ့ရှိ ဆေးစိုက်ခင်းက နှစ်သန်းရှိနေသည့်တွက် သက်ရှိဆေးပင် ရှိလျှငခလည်း ထူးဆန်းဖြစ်သည့်တော့မဟုတ်ချေ။
သို့သော်လည်း သက်ရှိဆေးပင် တစ်ပင်ဖြစ်လာရန်မှလည်း ထင်သလောက်လွယ်ကူရိုးရှင်းနေခြင်းမရှိချေ ။ အချို့သော ပြောစကား ရှေးဟောင်းမှတ်တမ်းများ၌ ဆေးပင်တစ်ပင်က နှစ်တစ်သန်းကြာလာလျှင် သူတို့ကအသိဉာဏ်အနည်းငယ်ရလာသည့်ဟုဆိုသည်။ နှစ်ဆယ်သန်းကြာလျှင် ၎င်းတို့က ငါးနှစ်ခြောက်နှစ်အရွယ်သက်ရှိတစ်ဦးကဲ့ သို့ အသိဉာဏ်ကို ပိုင်ဆိုင်ပြီးတော့ ကျင့်ကြံမှုများကို ပြုလုပ်နိုင်လာကြမည်။ သူတို့၏ ကျင့်ကြံမှုမြင့်မားလာသည့်နှင့် သူတို့၏ ခန္ဓာကိုယ်မှာလည်း အရွယ်ရောက်လာကာ သက်ရှိလူသားတစ်ဦးကဲ့သို့ဖြစ်လာကာ ၊ ဉာဏ်ရည်များမှာလည်း ပို၍ မြင့်များလာမည်ဖြစ်သည်။
သို့သော်လည်း ယခုလိုနေရာမျိုးမှသာလျှင်လွဲ၍ အခြားသော နေရာ၌ နှစ်တစ်သန်းရှိသော ဆေးပင်တွေလျှင်ပင် သွေးချောင်းစီးတိုက်ပွဲတွေဖြစ်ကာ လုယက်ကြမည်ဖြစ်သည်။ ဆေးပင်က နှစ်တစ်သန်းပြည်သွားရင် သူ၏ အကျိုးအာနိသင်က နှစ်ဆဖြစ်သွားမည်ပင် ။ ထိူအတူ နှစ်နှစ်သန်းဆိုရင် အကျိုးအာနိသင်က သုံးဆပင်ဖြစ်သွားမည်ဖြစ်သည်။
နှစ်ဆယ်သန်းရှိသော သက်ရှိဆေးပင်ဆိုရင်ရော ၊ သူတို့၏ အကျိုးအာနိသင့်မှ ဆယ်တစ်ဆဖြစ်သည်။ လုံထန်၏ မျက်လုံများမှာ ပို၍ တောက်ပလာခဲ့တော့သည်။
အခုလိုခြားပါးတဲ့အရာလေးတွေ ရှိနေတာပဲ ၊ ငါရဲ့ကံကောင်းခြင်းတွေက ဘယ်လောက်တောင်များပြားနေတာလည်း ~ ဟားဟား ~ ဟားဟား ။
လုံထန်က ကျယ်လှောင်စွာဖြင့်ရီမောလိုက်သည်။ သူ၏ ရီမောသံအဆုံး၌ အသံတစ်ခုက မြေပြင်ထက်၌ သူကိုယ်စကားလှမ်းပြောလာခဲ့သည်ကို သတိထားမိလိုက်သည်။
ကျုးကျော်သူ မင်းက ဒီဘုရင်ရဲ့ နယ်မြေကို ကျုးကျော်လာတာပဲ မင်းကို အခုချက်ချင်းထွက်သွားဖို့အကြံပေးလိုက်မယ် ။ ဒီနယ်မြေက ဒီက မီးပန်းဘုရင်ပိုင်နက်ပဲ ၊ အသံသေးသေးလေးက ပြောလိုက်သံကို ကြားလိုက်ရသည်။
လုံထန်အသံလာရာသို့ ငုံကြည့်လိုက်ချိန်၌ တစ်ဆယ်စင်တီမီတာအရွယ်စားလောက်သာရှိသော ကလေးငယ်လေးကဲ့သို့ဖြစ်နေသော အရာလေးကိုတွေလိုက်ရသည်။ ၎င်းက တစ်ကယ်ကို ကလေးငယ်လေးတစ်ယောက်အတိုင်းပင် ၊ သို့သော် ကလေးငယ်၏ ဆံပင်နေရာ၌ ဆံပင်မရှိပင် မီးများတောက်လောင်နေသော မီးပန်းပွင့်လေး ကိုးရွက်သာရှိသည်။
အရွက်ကိုးခု မီးပန်း ~ လုံထန်က တီးတိုးရေရွတ်လိုက်သည်။ ဒဏ္ဍရီများရဲ့ အဆိုအရ နတ်ဘုရားအဆင့်၏ အထွဍ်ထိပ်သို့ ရောက်နေသော မီးစွမ်းအားကျင့်ကြံသူတစ်ယောက်က နှစ်တစ်သန်း သက်တမ်းရှိတဲ့ ပွင့်ဖက်ကိုးခု မီးပန်းရဲ့ ပွင့်ဖက်ကိုးခုကို စားလိုက်လျှင် မီးစွမ်းအားကျင့်ကြံသူများဆိုလျှင် မီးစွမ်းအားက ပို၍ တိုးတက်လာပြီးတော့ ကောင်းကင်နဲ့မြေပြင်ကြားရှိ စည်းမျဉ်းများကိုလည်းပိုပြီး နားလည်သဘောပေါက်ကာ မသေမျိုးအဆင့်ကို ရောက်နိုင်သည့်ဟုဆိုကြသည်။
ယခုသူ၏ အရှေ့၌ ရှိနေသည့်ကဘာလည်း သက်ရှိအသွင်ပြောင်းနေသော ပွင့်ဖက်ကိုးခုမီးပန်း ဘုရင်ဖြစ်သည်။ သူ၏ ပွင့်ဖက်ကိုးခုကိုသာ စားလိုက်ရင်ဘာဖြစ်မလည်း လုံထန်တစ်ယောက် တွေးပင်မတွေးတက်တော့ချေ။ သို့သော်လည်း သူ၏ လိုချင်တပ်မက်နေသော စိတ်များကို လျော့ချလိုက်ရသည်။ သူသည့် ယခုမှ ကောင်းကင်သားရဲဘုံသာ ရှိသေးပြီး ထိုအဆင့်နှင့်ဝေးကွာနေသေးသည်။
လုံထန်၏ မလှုပ်မယက်ရပ်နေသော ပုံစံကိုကြည့်နေသော အောက်ဘက်ရှိ ပွင့်ဖက်ကိုးခုမီးပန်းဘုရင် အသေးလေးမှာ ဒေါသထွက်လာဟန်ရသည်။ သူ၏ လက်သေးသေးလေးများကို မြှောက်လိုက်ကာ ရုတ်တရက်လေဟာနယ်ထဲ၌ မီးလုံးဆယ်လုံးခန့်ဖြစ်လာပြီး လုံထန်ကိုပစ်လိုက်သည်။
ကျုးကျော်သူ ထွက်သွားစမ်း ။
လုံထန်လည်း ထိုအချိန်မှ သူ၏ အတွေးများထံမှ ပြန်လည်၍ သတိဝင်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ချီစွမ်းအင်များဖြင့် ကာကွယ်လိုက်သည်။ သူက အောက်ဘက်ရှိ ပွင့်ဖက်ကိုးခုမီးပန်း ဘုရင်အသေးလေးကိုကြည့်လိုက်သည်။
၎င်းကသေးငယ်သေးသော်လည်း သူ၏ ခွန့်အားက သားရဲသခင်အဆင့်အထွတ်ထိပ်နှင့် နှိုင်းယျဉ်နိုင်နေပြီဖြစ်သည်။
မင်းမှားနေပြီ ~ ငါက ကျုးကျော်သူမဟုတ်ဘူး ။ ငါက ဒီနေရာတစ်ခုလုံးရဲ့ ပိုင်ရှင်ပင်။ လုံထန်က ပွင့်ဖက်ကိုးခု မီးပန်း ဘုရင်အသေးလေးကို ပြုံး၍ ပြောလိုက်သည်။
ဒီနေရာရဲ့ ပိုင်ရှင် ~ အသေးလေးက စဉ်းစားဟန်ဖြင့် သူ၏ ခေါင်းကို ငုံသွားခဲ့သည်။ သို့သော်အချိန်အနည်းငယ်ကြာပြီးနောက်သူ၏ ဦးခေါင်းကို ပြန်မော့လာခဲ့သည်။
ဒီနေရာမှာ ဘာပိုင်ရှင်မှမရှိဘူး ~ ကျုးကျော်သူက ဒီဘုရင်ကို ညာချင်နေတာလား ။ ပွင့်ဖက်ကိုးခု မီးပန်းဘုရင်အသေးလေးက လုံထန်ကိုကြည့်၍ ဒေါသတကြီးဖြင့်ပြောလိုက်သည်။ သူပြောသည့်မှာလည်း မမှားချေ ။ သူဉာဏ်များစတင်ရရှိချိန်ကစလို့ မည်သည့်သက်ရှိမှ ဤနေရာသို့ လာရောက်ခြင်းမရှိချေ။ အဲဒီအတွက်ကြောင့် လုံထန်၏ စကားကို မီးပန်းဘုရင်အသေးလေးက မယုံချေ။
ဟားဟား ~ ငါအတည်ပြောတာ ငါဒီနေရာရဲ့ ပိုင်ရှင်ပဲ ။ အဲဒါကြောင့် ဒီနေရာကို ရောက်လာတာပေါ့ ။ လုံထန်က မီးပန်းဘုရင့် အသေးလေး၏ အရှေ့၌ ထိုင်ချလိုက်ရင်းဖြင့်ပြောလိုက်သည်။
မီးပန်းဘုရင်အသေးလေးက လုံထန်ကို သတိထားဟန်ဖြင့် နောက်သို့ အနည်းငယ်ဆုတ်လိုက်သည်။ ဒီဘုရင်ကို လည့်စားချင်နေတာလား ။ မီးပန်းဘုရင်အသေးလေးက အလျော့မပေးဟန်ဖြင့် ဆက်ပြောလိုက်သည်။
လုံထန်က စကားဆက်မပြောပဲ သူ၏ သို့လှောင်လက်စွပ်၏ အတွင်း၌ ထဲသိမ်းထားသော မီးဒြပ်စင်ကျောက်တုန်း တစ်တုန်းကို ထုတ်ပေးလိုက်သည်။
ရော့ ~ ယူလိုက် ~ ငါကဒီကိုအခုမှ လာလို့လက်ဆောင်ပေးတာ ။ လုံထန်က ပြုံး၍ ပြောလိုက်သည်။
မီးပန်းဘုရင်အသေးလေးက လုံထန်၏ လက်အတွင်းရှိနေသော မီးဒြပ်စင်ကျောက်တုန်းကိုမြင်ချိန်၌ သူ၏ သေးငယ်သော မျက်လုံးလေးများကတောက်ပလာခဲ့သည်။
ကောင်းပြီ ~ ဒီဘုရင်က မင်းက ပိုင်ရှင်ဆိုတာ ယုံသွားပြီ ။ မီးပန်းဘုရင်အသေးလေးက ပြေးလာရင်းဖြင့် လုံထန်၏ လက်အတွင်းရှိ မီးဒြပ်စင်ကျောက်တုန်းကို လုယုလိုက်သည်။ လုယုပြီးနောက် ထွက်မပြေးနိုင်အောင် တင်းကြပ်စွာဖတ်ထားခဲ့သည်။
ဟားဟား ~ ငါမှာ ဒါမျိုး အများကြီးပဲရှိသေးတယ် ။ ငါမေးတာကို ဖြေရင်မင်းကို ထပ်ပေးမယ် ။ လုံထန်က သူ၏ သို့လှောင်လက်စွပ်၏ အတွင်းမှ နောက်ထက် မီးဒြပ်ကျောက်တုန်း ဆယ်တုန်းခန့်ကို ထုတ်လိုက်သည်။
မီးပန်းဘုရင်အသေးလေး၏ မျက်လုံးလေးများက ချက်ချင်းပင်တောက်ပသွားခဲ့သည်။ ဘာမေးမှာလည်း မေး ။
ဒီဘုရင်က သိသမျှအကုန်ပြောပြမယ် ။ သူ၏ သေးငယ်သော လက်ကလေးများကို မြှောက်ကာပြောလိုက်သည်။
ကောင်းပြီ ~ ဒီနေရာမှာ မင်းလိုမျိုး အခြားသူတွေထက်ရှိသေးလား ။ လုံထန်က သူသိချင်နေသော အဖြေကို မေးလိုက်သည်။
ရှိတယ် ~ မီးပန်းဘုရင်အသေးလေးက တုန့်ဆိုင်းခြင်းမရိဖြေလိုက်သည်။
လုံထန်လည်း ~ ထိုစကားကြောင့်ပြောရွှင်သွားခဲ့သည်။ ဘယ်နှစ်ယောက်တောင်ရှိလည်း ။ သူထက်မေးလိုက်သည်။
လေးယောက်ရှိတယ် ၊ နောက်ထပ်နယ်မြေကို မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်ပိုင်တာ ။ သူကိုယ်ကျော်သွားရင် သန့်စင်ဂျင်စင်းဘုရင်ပိုင်တာ ။ အဲတာပြီးရင်တော့ ရွေရောင်နွယ်ဘုရင်ပိုင်တာ ။ နောက်ဆုံးတစ်ယောက်က ၊ ကောင်းကင်သစ်ပင်ဘုရင်ပိုင်တာ ပဲ ။ မီးပန်းဘုရင်အသေးလေးက တစ်ခုပြီးတစ်ခု ချက်ချင်းပြောလိုက်သည်။ သူ၏ စကားဆုံးချိန်၌ လိုချင်တက်မက်ဟန်ရသော သူ၏ အကြည့်များက လုံထန်၏ လက်အတွင်းရှိ မီးဒြပ်စင် ကျောက်တုန်း ဆယ်ခုထံသို့ ကျရောက်လာခဲ့သည်။
လုံထန်လည်း ထိုအခြင်းအရာကို သတိထားမိသည့်နှင့် ရီမောကာ သူ၏ လက်ထဲရှိ မီးဒြပ်စင်ကျောက်တုန်းဆယ်တုန်းကို မီးပန်းဘုရင် အသေးလေးကို ပေးလိုက်သည်။
မီးပန်းဘုရင်အသေးလေးက ချက်ချင်းပင် ပျော်ရွှင်သွားကာ လုံထန်ပေးသောအရာများကို သိမ်းစည်းထားလိုက်တော့သည်။
မင်းငါကို အခြားသူတွေရဲ့ နယ်မြေကို လိုက်ပို့ပေးရင် ဒီလို့အရာတွေ ထပ်ပေးမယ် ၊ လုံထန်က ပြောလိုက်သည်။
တကယ်လား ~ သို့သော်လည်း မီးပန်ဘုရင်အသေးလေးက မျက်မှောင်ကြုပ်သွားခဲ့သည်။ သူတစ်ခုခုကို အနည်းငယ်ထိတ်လန့်နေဟန်ရသည်။
ဘာဖြစ်လို့လည်း ~ လုံထန်က သိချင်၍ မေးလိုက်သည်။
ငါတို့က ~ တစ်ယောက်ရဲ့ နယ်မြေကို တစ်ယောက်မကျုးကျော်ဖို့ သဘောတူထားကျတာ ၊ သဘောတူညီမှုကိုချိုးဖောက်ရင် အခြားသူတွေကို ကျုးကျော်သူကို ဝိုင်းပြီးတိုက်ခိုက်လေ့မယ် ။ မီးပန်းဘုရင် အသေးလေးက အနည်းငယ် ထိတ်လန့်ဟန်ဖြင့် ပြောလိုက်သည်။
စိတ်မပူပါနဲ့ ~ ငါကဒီနေရာရဲ့ ပိုင်ရှင်ပဲ ~ အဲလိုတွေဖြစ်လာမှာ မဟုတ်ဘူး ။ လုံထန်က စိုးရိမ်နေသော မီးပန်းဘုရင်အသေးလေးကို ကြည့်ကာ ပြောလိုက်သည်။
လုံထန်စကားကို ကြားချိန်၌ မီးပန်းဘုရင်အသေးလေး၏ မျက်နှာက တောက်ပသွားခဲ့သည်။
ကောင်းပြီ ~ ဒါဆိုရင် ဒီဘုရင်က မင်းကို လိုက်ပို့ပေးမယ် ။ အသေးလေးက သူ၏ လက်များကို မြှောက်ကာ အာမခံလိုက်သည်။ ဒါပေမဲ့ မင်း ခုနက ကျောက်တုန်းမျိုးပိုပြီးပေးရမယ် ။ သူကထပ်လိုချင်ဟန်ဖြင့် ပြောလိုက်သည်။
ဟားဟား ~ မင်းလိုက်ပို့ပေးပြီးရင် အခုတစ်ရာပေးမယ် ။ လုံထန်က ရီမောကာပြောလိုက်သည်။
ကောင်းပြီ ~ သွားကြစို့ ။