← Chapters

နှစ်သန်းသက်တမ်းရှိဝိညာဉ်ရေစင်တော် ၊ မဟာရတနာ နဂါးကိုးကောင်သရဖူ ။

Vol. 10 Ch. 133

နှစ်သန်းသက်တမ်းရှိဝိညာဉ်ရေစင်တော် ၊ မဟာရတနာ နဂါးကိုးကောင်သရဖူ ။

Vol. 10 Ch. 133

---------

လုံထန်လည်း ပွင့်ဖက်ကိုးခု မီးပန်းဘုရင်ကို သူ၏ ပုခုံးအထက်သို့တင်လိုက်ကာ မီးပန်းဘုရင်၏ ပိုင်နက်နှင့်နီးကပ်သော မြစိမ်းရောင်ကြောင်မြီးနွယ် ဘုရင်၏ ရှိရာသို့လာခဲ့သည်။

မီးပန်းဘုရင့်နှင့်စကားပြောဆိုခဲ့ပြီးနောက် ဆေးစိုက်ခင်း၏ အကြောင်းရာအတော်တော်များကို လုံထန်သိခဲ့ရသည်။ မီးပန်းဘုရင်၏ လက်အောက်၌လည်း ယခုချိန်မှ အသိဉာဏ်ရခါစ ဆေးပင်အချို့လည်း ရှိသေးသည့်ကို သိခဲ့ရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် မီးပန်းဘုရင့်၏ လမ်းပြမှုကြောင့် လုံထန်လည်း မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်ရှိရာသို့ရောက်လာခဲ့သည်။

ကျုးကျော်သူ ၊ ဘယ်လို့တောင်ဒီဘုရင့်ရဲ့ ပိုက်နက်ကို ပိုင်နက်ကို ကျုးကျော်ရဲတာလည်း ၊ ဒီဘုရင့်ကို မလေးစားတာလား ။

မိန်းမငယ်လေး၏ ပုံသဏ္ဍန်ရှိကာ ဆယ်နှစ်စင်တီမီတာအရွယ်လောက်သာ ရှိပြီး သူ၏ ဦးခေါင်းထက်၌ မြစိမ်းရောင်ကြောင်မြီးနွယ်လေးများက ဆံပင်လေးများလားဝဲကျနေခဲ့၏ ။ ထို အသေးလေးမှ လုံထန်ကိုကြည့်၍ပြောလိုက်သည်။ သူပြောပြီးချိန်၌ လုံထန်၏ ပုခုံးအထက်၌ ရှိနေသော မီးပန်းဘုရင်ကို တွေသွားခဲ့သည်။

မီးပန်းဘုရင် ~ မင်းက သဘောတူညီချက်ကို ဖောက်ပျက်တာလား ။ မင်းက တိုက်ခိုက်ချင်တာလား ။

မဟုတ်ဘူး ~ ငါကသူကို လမ်းပြရုံပဲ မတိုက်ခိုက်ချင်ပါဘူး ။ မီးပန်းဘုရင်အသေးလေးက ချက်ချင်းပင်လျှင်မြန်စွာ အလောတကြီးဖြင့်ပြောလိုက်သည်။

သူတို့နှစ်ယောက် စကားပြောဆိုနေသည့်များကို လုံထန်က ပြုံး၍ နားထောင်နေခဲ့သည်။ ၎င်းတို့က ငါးနှစ်ခြောက်နှစ်အရွယ်၏ ဉာဏ်ရည်သာရှိသော်လည်း သူတို့ပြောနေသော စကားများက သူတို့၏အရွယ်နှင့်မလိုက်ချေ။

လုံထန်က မြစိမ်းရောင်ကြောင်မြီးနွယ်ကို ကြည့်လိုက်သည်။ ဤဆေးပင်၏ အာနိသင်ကို သူသေချာမသိသော်လည်း ဤဆေးစိုက်ခင်း၌ ရှိနေ သည့်အတွက် ရိုးရှင်းသော ဆေးပင် တော့မဟုတ်တန်ရာဖြစ်သည်။

ငါက ~ ဒီဆေးခင်းရဲ့ပိုင်ရှင် ၊ အခုမှ လာပြီးတော့စစ်ဆေးကြည့်တာပဲ ။ လုံထန်က ဒေါသထွက်ဟန်ရှိနေသော မြစိမ်းရောင် ကြောင်မြီးနွယ်ဘုရင်အသေးလေးကို ပြောသေးသည်။

ဟုတ်တယ် ~ ဟုတ်တယ် ~သူက ဆေးစိုက်ခင်းရဲ့ပိုင်ရှင် ၊ ဒီနေရာရဲ့ ပိုင်ရှင်ပဲ ၊ မီးပန်းဘုရင်ကလည်း လုံထန်၏ စကားကိုအလောတကြီးထောက်ခံလိုက်သည်။

ဟမ့် ~ ပိုင်ရှင် ၊ ဒီနေရာမှာ ပိုင်ရှင်မရှိတာကြာပြီ ၊ မင်းက ပိုင်ရှင်လား ။ မြစိမ်းရောင်ကြောင်ပန်းနွယ်က လုံထန်ကို မသင်္ကာသော အကြည့်ဖြင့်ကြည့်ကာမေးလိုက်သည်။

ဟုတ်တယ် ~ လုံထန်ခေါင်းညိတ်လိုက်သည်။ ငါက ဒီနေရာရဲ့ ပိုင်ရှင်ပဲ ။

ဒါဆိုရင် မင်းက ဆေးပင်တွေကို ရိတ်သိမ်းတော့မှာဆိုတော့ ငါတို့ကို သတ်တော့မှာပေါ့ ။ မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်အသေးလေး အနည်းငယ်ထိတ်လန့်သွားဟန်ဖြင့် ထွက်ပြေးရန်ပြင်လိုက်သည်။

ဤသည့်ကိုကြည့်ခြင်းအားဖြင့် မြစိမ်းရောင် ကြောင်မြီးနွယ်ဘုရင်က ပွင့်ဖက်ကိုးခု မီးပန်းဘုရင်ထက်အသိဉာဏ်ပို၍ မြင့်မားသည့်ဟုဆိုနိုင်သည်။

မြစိမ်းရောင် ကြောင်မြီးနွယ်ဘုရင်၏ စကားကြောင့် မီးပန်းဘုရင်လည်း ထိတ်လန့်နေသော မျက်လုံးများဖြင့် လုံထန်ကို လည့်ကြည့်လာခဲ့သည်။ ယခုအချိန်သူအမှန်တကယ်ထိတ်လန့်နေခဲ့ချေ။ နှစ်သန်းဆယ်ချီမှ အသိဉာဏ်ရသည့်အတွက်ကြောင့် သေချာမသိသော်လည်း သက်ရှိများက သူတို့၏ အသွေးသားများကို စားသုံးကာ စွမ်းအားကျင့်ကြံသိမှန်းတော့နားလည်လေသည်။

မင်းနားလည်မှုလွဲနေတာပဲ ၊ ငါကမင်းတို့ကို မသတ်ပါဘူး။ ဒီအတိုင်းလာကြည့်ရုံပဲ လုံထန်က ပြောလိုက်သည်။

တစ်ကယ်လား ~ မြစိမ်းရောင်ကြောင့်မြီးနွယ်ရော ၊ မီးပန်းဘုရင်ကောက စူးစမ်းဟန်ရှိသော မျက်လုံးများဖြင့် မေးလိုက်သည်။

တကယ်ပါပဲ ~ လုံထန်က ခေါင်းညိတ်ပြလိုက်သည်။

တော်သေးတာပေါ့ ~ ငါတို့သေတော့မယ်ထင်နေတာ၊ မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်က သူ၏ သေးငယ်သော လက်ကလေးဖြင့် သူ၏ ရင်ဘက်ကို ပွတ်ကာ ပြောလိုက်သည်။

ဟားဟား ~ ငါအစောထဲကသိသားပဲ ~ ရုတ်တရက်ဆိုသလို့ မီးပန်းဘုရင် ရီမောကာ ပြောလိုက်သည်။ သူယခင်ကတည်းက သိနေသကဲ့သို့ လုံထန်၏ ပုခုံးထက်၌ ဂုဏ်ယူနေသော မျက်နှာပေးဖြင့် ရပ်နေခဲ့သည်။

မြစိမ်းရောင် ကြောင်မြီးနွယ်ဘုရင်က မီးပန်းဘုရင်ကို လှစ်လျုရူလိုက်သည်။သူက လုံထန်ကိုကြည့်လိုက်ကာ ဒါဆိုရင် ငါတို့ကမင်းကို ဘာလုပ်ပေးရမှာလဲ...?

မင်းတို့ကလား ~ မင်းတို့က ငါအတွက်ဆေးပင်တွေကို ဆက်ပြီးတော့ ကူညီပြီးတော့ပျိုးထောင်ပေးပေါ့ ။ မင်းတို့ရဲ့ ကိုယ်လုံးကအစိတ်ပိုင်း အနည်းငယ်ကိုလည်းပေးချင်ပေးပေါ့ ။ လုံထန်က လောဘတက်နေသောမျက်လုံးများဖြင့် ကြည့်ကာပြောလိုက်သည်။

မဖြစ်နိုင်တာ ~ မင်းက ငါတို့တစ်လည်းရဲ့ အစိတ်ပိုင်းများကိုပါလိုချင်နေတာလား ။ မြစိမ်းရောင်ကြောင်မြီးပင်က အမြီးအနင်းခံလိုက်ရသော ကြောင်ပေါက်လေးအလား လုံထန်ကိုချက်ချင်းပြန်ပြောလိုက်သည်။

မင်းတို့ရဲ့ အစိတ်အပိုင်းအနည်းငယ်ကို ငါလိုအပ်တဲ့ အချိန်ပေးရင် မင်းတို့ရဲ့ လိုအပ်တဲ့ အရာတွေကို ငါထောက်ပံပေးမယ် ဘယ်လို့လည်း ။ လုံထန်က မြူစွယ်သော လေသံဖြင့်ပြောလိုက်သည်။

ငါတို့လိုအပ်တာ ထောက်ပံပေးမယ်ဆိုရင် ၊ အစိတ်ပိုင်းအနည်းငယ်တော့ပေးလို့ရတယ် ။ လုံထန်၏ ပုခုံးအထက်မှ မီးပန်းဘုရင်က ပြောလိုက်သည်။

ဒါဆိုရင်ငါလည်း လက်ခံတယ် ။ မြစိမ်းရောင်ကြောင်မြီးနွယ်ပင်ကလည်း လက်ခံလိုက်သည်။

လုံထန်လည်း နှစ်သန်းဆယ်ချီရှိနေသော သက်ရှိ ဆေးပင်တွေနှင့် အပေးယူလုပ်လိုက်ရ၍ ပျော်ရွှင်နေခဲ့သည်။

ကောင်းပြီ ~ အခြားပိုင်နက်တွေကို သွားကြည့်ရအောင် ။ လုံထန်က သဘောတူညီမှုရသည့်နှင့်မြစိမ်းရောင်ကြောင်မြီးနွယ်ကိုပါ သူ၏ ပုခုံးထက်သို့တက်လိုက်ကာ သန့်စင်ဂျင်ဆန်းဘုရင်၏ ပိုင်နက်သို့ ဦးတည်သွားလိုက်တော့သည်။

မင်းတို့ ဝိညာဉ်ရေစင်တော်ကို ကြားဖူးလား ။ လုံထန်က သူ၏ လာရင်းကိစ္စကို သတိရ၍ မေးလိုက်သည်။ ဝိညာဉ်ရေစင်တော်က အခြားနေရာများထက်စာရင် ယခုလို ဆေးစိုက်ခင်း၌သာ ပို၍ ရှိနိုင် သောအခွင့်ရေးများသည်။

ဝိညာဉ်ရေစင်တော်လား ၊ အဲဒီနေရာက ဆေးစိုက်ခင်းရဲ့ အလယ်မှာပဲ ၊ အဲဒီ နေရာကိုဝင်မရဘူး ။ မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်နှင့် မီးပန်းဘုရင်တို့က ပြိုင်တူပြောလိုက်သည်။

ဒီနေရာမှာရှိတယ်လား ~ လုံထန်၏ မျက်ဝန်းများက ချက်ချင်းတောက်ပလာခဲ့ကာအေးလိုက်သည်။ ဝိညာဉ်ရေစင်တော်က သူ၏ လာရင်းကိစ္စဖြစ်သည်။

ရှိတယ် ~ အလယ်တည့်တည့်မှာ ၊ မီးပန် ဘုရင်နှင့် မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်တို့က သူတို့၏ သေးငယ်သော ခေါင်းလေးများကို ညိတ်ပြလိုက်သည်။

ဒါဆိုငါကို လမ်းပြပေး ~ လုံထန်က လောဆော်လိုက်သည်။

လုံထန်၏ စကားအတိုင်း မီးပန်းဘုရင်တို့က လမ်းပြပေးလိုက်သည်။ လုံထန်လည်း မီးပန်းဘုရင်တို့ လမ်းပြသည်အတိုင်း သူ၏အမြန်နူန်းကို မြင့်ကာ ပျံသန်းလိုက်သည်။

အချိန်အနည်းငယ်သာ ပျံသန်းပြီးနောက် သန့်စင်ဂျင်စင်းဘုရင်၏ ပိုက်နက်ကို ကျော်ဖြတ်ကာ ကျွန်းပျံ၏ အလယ်ဗဟိုဖြစ်သော နေရာသို့ရောက်လာခဲ့သည်။ အလယ်ဗဟို၌ မီတာငါးဆယ်အကျယ်ခန့်ရှိသော နေရာကွက်လပ်တစ်ခုရှိသည်။ ဤနေရာ၌ အခြားသော နေရာထက်စွမ်းအင်များက ပို၍ သိပ်သည်းနေသည်။

ထိုနေရာကို မမြင်ရသော အကာကွယ်တစ်ခုက တားစီးထားခဲ့သည်။ ထိုအကာကွယ်၏ အတွင်း၌ တစ်မီတာအချင်းသာအကျယ်ရှိကာ အပေါ်၌လည်း စွမ်းအင်များက အမြူငွေ့များသဏ္ဍန်အငွေ့များဖြစ်လျက်ရစ်သိုင်းနေခဲ့ကာ အောက်၌တော့ ရွှေရောင်ရေကန်လေးရှိသည်။ လုံထန် အပြင်မှ ကြည်နေရင်းပင် ၎င်းရေကန်ငယ်လေးစီမှ အလွန်များပြားသော စွမ်းအင်အတက်ကျအချို့ကို ခံစားနေရသည်။

လုံထန်လည်း အတားစီး၏ အနီးသို့တိုးကပ်သွားခဲ့ကာ အဖြူရောင်တံဆိပ်ကို ထုတ်လိုက်ကာ အတားစီ၏ အပြင်ပိုင်းအကာကွယ်သို့တင်လိုက်သည်။

အတားစီက အနည်းငယ်တုန်ခါသွားခဲ့ကာ လူတစ်ကိုယ်စာ ဝင်ပေါက်တစ်ခုပေါ်လာခဲ့သည်။ အတွင်းပိုင်းမှ နေ၍ ရွှေရောင်ရေကန်ထံမှ အလွန်မွှေးပျံလွန်းသော ရနံကလည်း သင်းပျံစွာထွက်ပေါ်လာခဲ့သည်။

အား ~ နောက်ဆုံးတော့ ဝိညာဉ်ရေစင်တော်ကို ငါအနီးကပ် တွေရပြီ ၊ မီးပန်းဘုရင် ၊ မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်တို့က ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

ယခင်က သူတို့ အားလုံး ဤနေရာသို့လာပြီး အမြဲတန်းဝင်ရောက်ရန်ကြိုးစားကြည့်ဟန်ရသည်။

လုံထန်က ပေါက်ပေါက်ဖောက်နေသော နှစ်ယောက်ကို လစ်လျုရူကာ ရွှေရောင်ရေကန်၏ အနီးသို့တိုးကပ်သွားလိုက်သည်။ အနီးရောက်ချိန်၌ အသင့်ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းငယ်လေးတစ်လုံးကို ထုတ်ကာ ပုလင်းငယ်လေးတစ်လုံးစာအပြည့် ဖြည့်ကာ သေချာပြန်ပိတ်လိုက်သည်။

ဒင် ! နှစ်သန်းချီသက်တမ်းရှိသော ဝိညာဉ်ရေစင်တော်ကို ရှာဖွေ့တွေရှိခြင်းအတွက် ဂုဏ်ပြုပါတယ် ။

ဆုလဒ်အဖြင့် “ မဟာရတနာ ဆယ်ပါးထဲတွင်ပါဝင်သော “ နဂါးကိုးကောင် သရဖူကို ရရှိပါတယ် ။

လုံထန်၏ နားထဲ၌ အေးစက်စက်အသံနှင့်အတူတူ သူ၏ မျက်နှာပြင်ရှေ့၌ သူတစ်ယောက်သာ မြင်နိုင်သော မှန်ဘောင်တစ်ခုက ပေါ်လာခဲ့သည်။

“ မဟာရတနာ ဆယ်ပါး “ နဂါးကိုးကောင်သရဖူ “ အဲဒါက ဘာလည်းဟ ~ လုံထန်တစ်ယောက် ရရှိသော ဆုလဒ်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

စနစ် ~ မဟာရတနာဆယ်ပါးက ဘာလည်း လုံထန်မနေနိုင်၍ မေးလိုက်သည်။

ဒင် ! မဟာရတနာဆယ်ပါးက ကောင်းကင်နဲ့မြေပြင်ကနေ အလိုအလျောက်မွေးဖွားလာတဲ့ တုနှိုင်းမဲ့ရတနာတွေပါ ။ ရတနာတစ်ခုစီတိုင်းမှာလည်း အန္တိမ မဟာ ကျင့်စဉ်တစ်ခုပါဝင်ပါတယ် ။ ရှေးဒဏ္ဍာရီတွေရဲ့ အဆိုရ မဟာရတနာတစ်ပါးကို ရရှိပြီး ရတနာမှာ ပါတဲ့ ကျင့်စဉ်ကို ကျင့်ကြံနိုင်ရင် ခောက်တစ်ခုရဲ့ အစွမ်းထက်ဆုံးသူတွေကြားမှ တစ်ဖြစ်နိုင်တယ်လို့အဆိုရှိပါတယ် ။

ချီးပဲ ~ ငါက အဲဒီလိုအစွမ်းထက်တဲ့ မဟာရတနာတစ်ပါးကို အခုလိုရလိုက်တာလား ။

ဟားဟား ~ ငါရဲ့ ကံကောင်းမှုတွေကို အရမ်းကို မြင့်တက်နေတာပဲ ။ ဟားဟား ~ ဟားဟား ။

လုံထန်၏ ရီမောသံက ဆေးစိုက်ခင်းရှိရာ ကျွန်းပျံတစ်ခုလုံးကို ပျံနှံနေခဲ့သည်။

All Chapters