နဂါးကိုးကောင်မဟာကျင့်စဉ် ။
Vol. 10 Ch. 134
----------
လုံထန် နဂါးကိုးကောင်သရဖူ၏ ရှင်းပြချက်ကို ချက်ချင်းပင် ကြည့်လိုက်သည်။
အမည်~ မဟာရတနာဆယ်ပါးအနက်မှာ “ နဂါးကိုးကောင်သရဖူ “ ။
ကျင့်စဉ် ~ နဂါးကိုးကောင်မဟာကျင့်စဉ် ။
အထူးစွမ်းရည်~ အသုံးပြုသူ၏ စိတ်ဝိညာဉ်ကို ထိခိုက်မှုများကို အထူးကာကွယ်ပေးခြင်း ။
ဟားဟား ~ အံဩစရာပဲ ~ ထိုရှင်းပြချက်ကိုဖတ်ကြည့်ပြီးသည့်နောက်၌ လုံထန်သူ၏ ပျော်ရွှင်လွန်း၍ သူ၏ သွေးများပင် ဆူပွတ်လာသည့်ကို ခံစားလိုက်ရသည်။ သက်ရှိတစ်ဦး၏ အရေးကြီးဆုံးအပိုင်းသည့် စိတ်ဝိညာဉ်ပင်ဖြစ်သည်။ စိတ်ဝိညာဉ်ပျက်သုဉ်းသွားခဲ့ပါက မည်ပင်အစွမ်းထက်သိဖြစ်စေ ပြန်လည်အသက်ရှင်ရန်မဖြစ်နိုင်ချေ။
စနစ် ! နဂါးကိုးကောင်သရဖူကို ထုတ်ယူမယ် ။ လုံထန်သူ၏ ပျော်ရွှင်မှုကို ဖိနှိပ့်ကာ စိတ်ထဲမှ အမိန့်ပေးလိုက်သည်။ သူ၏ စကားဆုံးသည့်နှင့် လုံထန်သူ၏ အရှေ့ရှိ လေထုကအနည်းငယ် တုန်ခါနေသည့်ကို ခံစားလိုက်ရသည်။
“ ခရှက် “
အက်ကွဲသံများနှင့်အတူတူ အလင်းရောင်များဖြာထွက်လာပြီးနောက် သူ၏ အရှေ့၌ သရဖူတစ်ခုပေါ်လာခဲ့သည်။ ၎င်းက နဂါးကိုးကောင်ရစ်ပတ်နေသည့် သဏ္ဍန်နှင့်တူညီက ကြောက်မက်ဖွယ်စွမ်းအင်များ ၎င်းအတွင်း၌ ကိန်းအောင်း
နေသည့်ကို ခံစားရသည်။ အနီ ၊အပြာ၊ အစိမ်း ၊ အဖြူ၊ စတဲ့အရောင်ကိုင်းရောင်က နဂိုးကောင်သရဖူကို ထူးခြားစေသလို့ ခြားနားသော ခံစားချက်များကို ပေးစွမ်းနေသည်။
လုံထန်လည်းချက်ချင်းပင် သရဖူ၏ အပေါ်သို့ သူ၏ သွေးစက်ကို ချကာ အမှတ်သားပြုလိုက်သည်။ အမှတ်သားပြုပြီးသည့်နှင့် နဂါးကိုးကောင်ရစ်ပတ်နေသည့်အလား အည်းငယ်လှုပ်ရှားလာခဲ့သည်။ သရဖူက ပို၍ပြင်းထန်စွာတုန်ခါလာခဲ့ကာ သေးငယ်သော နဂါးငယ်လေး ကိုးကောင်အဖြစ်ကွဲထွက် ပျံသန်းသွားခဲ့ကာ လုံထန်၏ ဦးခေါင်းထက်ရှိ ရွှေရောင်နဂါးသဖူကို ဝန်းရံဝါးမြိုလိုက်သည်။
ရွှေရောင်နဂါးသဖူ၏ နေရာ၌ နဂါးကိုးကောင်သရဖူက ရွှေရောင်နဂါးသရဖူ၏ နေရာ၌ နေရာယူလိုက်တော့သည်။ ထိုနောက်မှာတော့ နဂါးကိုးကောင်သရဖူထံမှ သိမ့်မွေ့သော စီးကြောင်းတစ်ခုက လုံထန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွမ်းခြုံသွားခဲ့သည်။ သူ၏ ဦးခေါင်းအတွင်းသို့လည်း မရင်းနှီးသော မှတ်ဉာဏ်များက စီးဝင်လာခဲ့တော့သည်။
လုံထန်လည်း ထိုမှတ်ဉာဏ်များကို အလိုက်သင့်လက်ခံလိုက်သည်။ ဆယ်မိနှစ်နီးပါးအကြာ၌ အားလုံးပြီးဆုံးသွားခဲ့သည်။
လုံထန်သူ၏ မှတ်ဉာဏ်ထဲတွင်ရှိနေသော နဂါးကိုးကောင်မဟာကျင့်စဉ်၏ စွမ်းအားကိုလည်း ၊ နားလည်သွားခဲ့သည်။ ဤကျင့်စဉ်ကို လေ့ကျင့်ရန်အတွက် ဒြပ်စင်စွမ်းအားအများပြားကို ပိုင်ဆိုင်ရင်လည်း လိုအပ်သည်။
အဆင့်ကိုးဆင့်ရှိကာ ပထမတစ်ဆင့်ကို ဒြပ်စင်တစ်မျိုးဖြင့်ကျင့်ကြံရမည်ဖြစ်သည်။ အောင်မြင်သွားခဲ့ပါက ထိုဒြပ်စင်၏ စွမ်းအားကို အသုံးပြုနိုင်သော နဂါးတစ်ကောင်ဖြစ်တည်လာဖြစ်သည်။ ထိုစွမ်းအင်နဂါးကလည်း ကိုယ်ရဲ့ ကိုယ်ခွဲတစ်ခုနှင့် ညီတူကာ ရန်သူနှင့် တိုက်ခိုက်ချိန်၌ နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရသလို့ ခံစားရစေမည်ဖြစ်သည်။ အဆင့်ကိုးဆင့်လုံးကျင့်ကြံပြီးပါက နဂါးကိုးကောင်ဖြစ်တည်လာမည်ဖြစ်သည်။ ထိုအချိန်၌ ကိုယ်နဲ့ ရင်ဆိုင်ရသော ရန်သူမှာ ပြိုင်ဘက်ဆယ်ယောက်နှင့် တိုက်ခိုက်နေရသလို့ဖြစ်နေမှာဖြစ်သည်။
တုနှိုင်းမဲ့ မဟာကျင့်စဉ်တွေလို့ ပြောတာ ၊ အပြောပဲ မဟုတ်ဘူး ။ အစွမ်းထက်လွန်းတယ် ။ လုံထန်က ပျော်ရွှင်ဟန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
∆∆∆
ထိုအစဉ်၌ ။
မင်းငါတို့ကိုယ် ဝိညာဉ်ရေစင်တော် ပေးလို့ရမလား ။ လုံထန်ပြောရွှင်နေချိန်၌ မျော်လင့်နေသော အသံလေးများကို ကြားလိုက်ရသည်။
လုံထန်သေချာငုံကြည့်လိုက်ချိန်၌ မီးပန်းဘုရင်နှင့် မြစိမ်းရောင်ကြောင်မြီးနွယ်ဘုရင်တိုက တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်သည်။ သူတို့က ဝိညာဉ်ရေစင်တော်ကို မျက်စီကျနေသည့်မှ သေချာသည်။ သို့သော်လည်း သေချာစဉ်းကြည့်ပါက ဤသည့်က အထူးဆန်းမဟုတ်ချေ။
ကောင်းကင်နှင့်မြေပြင်ကြားမှာ ပေါက်ရောက်လာတဲ့ ဆေးပင်လေးများက ၊ ကောင်းကင်နှင့်မြေပြင်ကြားက သဘာဝအလျောက်ဖြစ်တည်လာသော ရတနာများက သူတို့အတွက်တော့ အဖိုးမဖြတ်နိုင် တန်ဖိုးရှိလေသည်။
ဒီနေ့ငါစိတ်ကောင်းဝင်နေသည့်မှို့ မင်းနှစ်ယောက်လုံးကို ဝိညာဉ်ရေစင်တော် ယူခိုင်းမယ် ။ လုံထန်က ပြောရင်းဖြင့် သူ၏ သို့လှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပုလင်းငယ်လေးနှစ်ခုကို ထုတ်လိုက်ကာ တစ်ဝတ်စီထဲကာ မီးပန်းဘုရင်နှင့် မြစိမ်းရောင် ကြောင်မြီးနွယ်ဘုရင်တို့ကို ပေးလိုက်သည်။
ဟားဟား ~ ကျေးဇူးပါပဲ ။
မီးပန်းဘုရင်နှင့် မြစိမ်းရောက်ကြောင်မြီးနွယ်ဘုရင်တို့က လုံထန် ပေးသော ဝိညာဉ်ရေစင်တော် တစ်ဝက်စီပါသော ကျောက်စိမ်းပုလင်းများကို ပျော်ရွှင်စွာဖြင့် ယူလိုက်ရင်းပြောလိုက်သည်။
ကောင်းပြီ ~ သွားကြစို့ ။ အခြားသူတွေနှင့်သွားတွေ့ရအောင် ။ လုံထန်ကပြောလိုက်သည်။
∆∆∆
လုံထန်နှင့် သက်ရှိဆေးပင်နှစ်ပင်နှင့် ဝိညာဉ်ရေစင်တော်ရှိရာနေရာမှ ပြန်ထွက်ခွာလာခဲ့ကြသည်။ သူတို့က အနီးဆုံး၌ ရှိသော သန့်စင်ဂျင်ဆန်းဘုရင် ၊ ထိုနောက် ရွှေရောင်နွယ်ဘုရင် ၊ ကောင်းကင်သစ်ပင် တို့နှင့်လည်း သွားတွေခဲ့ကြသည်။
သက်ရှိဆေးပင်တွေအားလုံးထဲ၌ ကောင်းကင်သစ်ပင်၏ ဉာဏ်ရည်က အမြင့်မားဆုံးဖြစ်ကာ ၊ သူက ဆယ်နှစ်အရွယ်သက်ရှိတစ်ယောက်၏ ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်။
လုံထန်က ကျန်ရစ်သည့် ရွှေရောင်နွယ်ဘုရင် ၊ ကောင်းကင်သစ်ပင်ဘုရင် တို့၏ စွမ်းရည်ဂုဏ်သတ္တိကို မသိသော်လည်း ၎င်းတို့နှင့် သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့သည်။
သက်ရှိဆေးပင် ငါးပင်ကို သူအတွက် ဆေးပင်များထက်ပြီးပြုစုပျိုးထောင်ပေးရန်နှင့် သူလိုအပ်ချိန်၌ သက်ရှိဆေးပင်ဘုရင်၏ အစိတ်အပိုင်းအချို့ကို ပေးရန် ၊ သူဘက်က သက်ရှိဆေးပင်များကို ထောက်ပံပေးရန် သဘောတူညီခဲ့သည်။
∆∆∆
အားလုံးပြီးဆုံးချိန်၌ လုံထန်လည်း ဆေးစိုက်ခင်းကျွန်းပျံထံမှ ထွက်ခွာလာခဲ့ကာ အခြားသောကျွန်းပျံများထံသို့ဦးတည်လိုက်သည်။
အချိန် နေ့တစ်ပိုင်းနည်းပါးအကြာ၌ လုံထန်တစ်ယောက် ကျွန်းပျံ တစ်ရာလုံးကို လိုက်လံကြည်ရူနေခြင်းပြီးဆုံးသွားခဲ့သည်။
ကျွန်းပျံတစ်ရာလုံး၌ အထူးခြားဆုံးက ကျွန်းလေး ကျွန်းသာရှိသည်။ ပထမတစ်ခုက ၊ ကံကြမ္မာနန်းတော်ကြီးတည်ရှိရာပင်မ ကျွန်းပျံပင် ၊ ဒုတိယက ဆေးစိုက်ခင်းကျွန်းပျံ ၊ တတိယက ၊ ကျင်ကြံမှုများပြုလုပ်နိုင်သော ကျင့်ကြံခြင်းကျွန်းပျံပင် ၊ စတုတ္ထကတော့ သားရဲများမွှေးမြူသောကျွန်းပျံဖြစ်သည်။ သားရဲများ မွေးမြူသောကျွန်းပျံ၌တော့ မည့်သည် သက်ရှိမှမရှိချေ။
ဤကမ္ဘာငယ်က အလွန်ကျယ်ပြန့်သည်။ မိုင်သောင်းချီအထိပင်ကျယ်ပြန်လျက်ရှိသည်။ ကျွန်းပျံတစ်ရာ၏ အောက်၌ပင်မြေပင်လျှင် သက်ရှိသန်းပေါင်းများစွာကို နေနိုင်စေသည်။
လုံထန်က ၎င်းတို့အားလုံးကို လေ့လာကြည့်ပြီးချိန်၌ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤနေရာကို သူ၏ နန်းမြို့တော်အဖြစ်ပြုလုပ်ရန်စိတ်ကူးလိုက်သည်။ အရာအားလုံးက အဆင့်သင့်ပင် ၊ သူစိတ်တိုင်းကျအနည်းငယ်သာလျှင်ပြန်ရန်လို့အပ်သည်။ ထိုအတွေးနှင့်အတူတူ သူက ကံကြမ္မာနန်းတော်ခန်းမရှိရာထံသို့ပျံလာခဲ့သည်။
ကံကြမ္မာနန်းတော်ခန်းမရှိရာကျွန်းပျံသို့ ပြန်ရောက်ချိန်၌ အောင်းလန်သည့်လည်းပဲ သူကိုအဆင့်သင့်စောင့်ကြို့နေလျက်ရှိသည်။
အရှင်မင်းကြီး ~ အားလုံးလေ့လာကြည့်ပြီးသွားပါပြီလား ။ အောင်းလန်က ရိုသေစွာဖြင့်အရိုသေပေးလိုက်ရင်းဖြင့်မေးလိုက်သည်။
အားလုံးပြီးသွားပြီ ~ အကြီးကဲ ၊ ဒါကြောင့် ဒီကမ္ဘာငယ်ကို ကျုပ်ရဲ့ နန်းတော်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီ လုံထန်ကပြောလိုက်သည်။
ဒီကမ္ဘာငယ်ကို နန်းတော်အဖြင့်အသုံးပြုမှာလား ?၊ အောင်းလန်လည်း အံဩသွားခဲ့သည်။ တစ်ဖက်ကတွေးကြည့်လျှင်ဤနေရာက ပိုင်ရှင်မှ မရှိပဲ ၊ သူတို့ယူလိုက်လျှင်လည်း အဆင်ပြေသည်။ ထိုအတွေးက အောင်းလန်ကို အလွန်ပင် စိတ်လှုပ်ရှားလာခဲ့စေသည်။
အကြီးကဲအောင်းလန် ~ အရင်ပြန်ပြီးတော့မျိုးနွယ်စုကလူတွေကို ဒီကိုပြောင်းရွှေဖို့ပြောလိုက်ပါ။ ကျုပ်တို့ဒီမှာ အခြေစိုက်မယ်။ ကျုပ်က ဒီမှာ ရှေးဟောင်းမှတ်တမ်းတွေကို့လေ့လာကြည့်ချင်သေးလို့ ကျန်နေခဲ့မယ် ။ ပြီးတော့ ယွီရန်ကိုလည်း လုပ်စရာတွေအားလုံးပြီးဆုံးရင် ဒီကိုလာခဲ့ဖို့ပြောလိုက်ပါ ။
ငရဲမီးဗိုလ်ချုပ်ကိုလည်း တောင်ရဲ့ပတ်ဝန်းကျင်ကိုပိုပြီးသတိထား စောင့်ကြပ် ခိုင်းထားလိုက်ပါ ။ လုံထန်က သူ၏ ညွှန်ကြားချက်များကို တစ်ခုပြီးတစ်ခု ပြောလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ကျွန်တော်မျိုးချက်ချင်းဆောင်ရွက်လိုက်ပေါ့မယ် ။ အကြီးကဲအောင်းလန်က ပျော်ရွှင်စွာပြောလိုက်ပြီးနောက်သူက ချက်ချင်းပင် ပျံသန်းကာ ထွက်ခွာသွားတော့သည်။ သူက အခြားအကြီးကဲများဖြစ်သော ကျန်အကြီးကဲလေးယောက်ကို ဤကမ္ဘာငယ်၏ အကြောင်းကို လျှင်မြန်စွာပြောချင်လှပြီဖြစ်သည်။
∆∆∆
လုံထန်လည်းအောင်းလန်ထွက်ခွာသွားသည့်နှင့် သူ၏ သို့လှောင်လက်စွပ်အတွင်းမှ အဖြူရောင်တံဆိပ်ပြားကို ထုတ်လိုက်သည်။ ပြီးတဲ့နောက်မှာတော့ ကံကြမ္မာဧကရာဇ်မပျောက်ကွယ်ခင်မှာ ပြောထားခဲ့ဖူးသည့်အတိုင်း တံဆိပ်ပြား၏ အပေါ်သို့သွေးစက်ကို ချလိုက်သည်။
အဖြူရောင်တံဆိပ်ပြားက အလင်းတန်းဖြင့် တောက်ပလာခဲ့ကာ လုံထန်၏ သွေးစက်ကို တံဆိပ်ပြား၏ အတွင်းသို့ စုပ်ယူလိုက်သည်။ သွေးစက်ပျောက်ကွယ်သွားချိန်၌ တံဆိပ်ပြားက တုန်ခါသွားခဲ့ကာ လုံထန်၏ ညာဘက်သို့ဝင်ရောက်သွားခဲ့သည်။ သူ၏ ညာဘက်လက်ခုံ၌ သေးငယ်သော တက်တူးသဏ္ဍန်တံဆိပ်ပြားလေးပေါ်လာခဲ့သည်။
∆∆∆
ထိုအချိန်၌ ကမ္ဘာငယ်တစ်ခုလုံးကအနည်းငါ ခါရမ်းသွားခဲ့သည်။ ကမ္ဘာငယ်၏ အလယ်ဗဟို၏ အနက်ရှိုင်းဆုံးအပိုင်း ဝေဝါးသော ဝိညာဉ်သဏ္ဍာတစ်ပုံရိပ်တစ်ခုက လှဲ့လျောင်းအိပ်စက်နေရာမှ ရုတ်တရက် မျက်လုံးများပွင့်လာခဲ့သည်။
နောက်ဆုံးတော့ “ တစ်ယောက်ယောက် ရောက်လာပြီပဲ “ ဝိညာဉ်သဏ္ဍန်ပုံရိပ်က တီးတိုးရေရွတ်ကာ သူ၏ ပုံရိပ်မှာပျောက်ကွယ်သွားခဲ့သည်။
∆∆∆
ထိုအခြင်းရာများကို လုံထန်တစ်ယောက် မသိခဲ့ချေ။ တံဆိပ်ပြားနှင့် သူနှင့် ပေါင်းစပ်ပြီးနောက် အပြင်ဘက်ရှိ အစီရင်အတိုင်းက သူ၏ အတွေးများဖြင့် ထိန်းချုပ်နိုင်ကြောင်းခံစားလိုက်ရသည်။
နောက်ဆုံးတော့ပြီးပြီ ~ ငါတံဆိပ်ပြားကြီးကိုင်ပြီးတော့ လျှောက်သွားနေစရာမလို့တော့ဘူး ။ လုံထန်က ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်သည်။ အခုတော့အားလုပ်စရာအားလုံးပြီးသွားပြီဆိုတော့ ရှေးဟောင်းမှတ်တမ်းဆောင်ကိုသွားသင့်ပြီ ။ ချက်ချင်းပင် လုံထန်က ကံကြမ္မာနန်းတော်ခန်းမမှ နေ၍ ရှေးဟောင်းမှတ်တမ်းဆောင်သို့ ပျံသန်းသွားလိုက်သည်။