ကမ္ဘာငယ်လေး၏ ကမ္ဘာဝိညာဉ် ၊ ရှေးဟောင်းမသေမျိုးဧကရာဇ်များ၏ အကြောင်း ။
Vol. 10 Ch. 135
--------
လုံထန်လည်း ရှေးဟောင်းမှတ်တမ်းအဆောင်သို့ လျှင်မြန်စွာပျံသန်းသွားခဲ့သည်။ သို့သော် ရုတ်တရက် ဆိုသလို့ သူကိုယ် တစ်ယောက်ယောက်က ကြည့်နေသည့်အလားခံစားရ၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သော်လည်း မည့်သည် သက်ရှိတစ်ဦးတစ်ယောက်မှ မရှိချေ။
ငါပဲအထင်မှားတာလား ? ။ လုံထန်တစ်ယောက် အချိန်အတော်ကြာကြည့်ပြီးနောက်မည်သူကိုမှ မတွေ၍ တီးတိုးရေရွတ်လိုက်ကာ ရှေးဟောင်းမှတ်တမ်းဆောင်၏ အတွင်းသို့ သာဝင်သွားလိုက်သည်။
∆∆∆∆
လုံထန်ရှေးဟောင်းမှတ်တမ်းဆောင်သို့ဝင်သွားချိန်၌ လေဟာနယ်က အနည်းငယ်တုန်ခါသွားခဲ့ကာ ဝိညာဉ်တစ်ခုကဲ့သို့အလားပုံရိပ်တစ်ခုက ယခင်လုံထန်ရပ်နေသော နေရာ၌ ပေါ်လာခဲ့သည်။
၎င်းက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကျစ်ဆံမြီးနှစ်ခုကို ချထားသော အသက်ဆယ်နှစ်အရွယ်ကလေးမလေးတစ်ဦးပင် ။ သူက တံဆိပ်ပြားကို သန့်စင်လိုက်တဲ့သူလား ။ ဘာမှလည်း ထူးခြားမနေပါဘူး ။ ကောင်မလေးက သူ၏ ဦးခေါင်းလေးကို ခါရမ်းကာ တီးတိုးပြောလိုက်သည်။
သူဘာလုပ်မလည်းစောင့်ကြည့်တာပေါ့ ။ ကောင်မလေး၏ ပုံရိပ်မှာ ဝေဝါးပျောက်ကွယ်သွားခဲ့ကာ လေဟာနယ်နှင့် လုံးဝပေါင်းစပ်သွားသည့်အလားပင် ။
∆∆∆
ထိုအခြင်းရာများကို လုံထန်တစ်ယောက် မသိရှိနေခဲ့ချေ။ သူက ရှေးဟောင်းမှတ်တမ်းဆောင်၏ အတွင်းသို့ ဝင်လိုက်သည့်နှင့် ထိပ်ဆုံးထပ်သို့ ချက်ချင်းတက်သွားခဲ့သည်။ အောက်ထပ်၌လည်း ရှေးဟောင်းမှတ်တမ်းပေါင်းများစွာရှိသော်ငြားလည်း ၊ ထိပ်ဆုံးထပ်၌ရှိနေသော အရာများက ပို၍ အဖိုးတန်သော ရှေးဟောင်းမှတ်တမ်းများပင်ဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ထိပ်ဆုံးထပ်သို့ရောက်လာချိန်၌ လုံထန်လည်း ရှေးဟောင်းမှတ်တမ်းများစွာအနက် လွန်ခဲ့သောနှစ်သန်းပေါင်များစွာအကြာက ၊ မသေမျိုးဧကရာဇ်များ၏ အကြောင်းအရင်းများကို သေချာသိချင်၍ ၎င်းတို့အကြောင်းများကို အရင်လေ့လာရန် လိုက်ရှာလိုက်သည်။
အချိန်အချို့ကြာပြီးနောက်တွင် ၊ နောက်ဆုံး၌ မသေမျိုးဧကရာဇ်များ၏ အကြောင်းဟု ရေးထိုးထားသော ရှေးဟောင်းမှတ်တမ်းတစ်ခုကိုတွေလိုက်ရသည်။ ၎င်းက စာအုပ်ဖြင့်သော်လည်း အထူးနည်းလမ်းတစ်မျိုးဖြင့် ပြုလုပ်ထားသဖြင့် နှစ်သန်းချီအချိန်ကြာမြင့်သော်ငြားလည်း ဟောင်းနွမ်းခြင်း ၊ အလျင်းမရှိချေ။ အသစ်များကဲ့သို့ အတိုင်းသာ ဖြစ်နေခဲ့သည်။
လုံထန်လည်း မသေမျိုးဧကရာဇ်များ၏ အကြောင်းကိုလေ့လာရန် ထိုင်စရာနေရာတစ်ခုရှာလိုက်ပြီးနောက် စာအုပ်ကို ဖွင့်၍ စတင်ဖတ်ရူလိုက်တော့သည်။
∆∆∆
တစ်ချိန်ထဲမှာပဲ အပြင်ဘက်၌ အောင်းလန်က ငရဲမီးဗိုလ်ချုပ်စစ်သည့်များစောင့်နေရာနေရာသို့ပြန်ရောက်သွားခဲ့သည်။
အကြီးကဲအောင်းလန် ~ အရှင်မင်းကြီးရော ၊ ငရဲမီးဗိုလ်ချုပ်က တစ်ယောက်ထဲပြန်လာသော အောင်းလန်ကိုကြည့်၍ မေးလိုက်သည်။
အရှင်မင်းကြီးက ~ တောင်ထပ်ပေါ်က ကမ္ဘာငယ်ထဲမှာကျန်ရစ်နေခဲ့တယ်။ အခုမင်းက စစ်သည်တွေကို ဦးဆောင်ပြီးတော့ တောင်ပေါ်ကို တက်သွားပြီးတော့ တောင်ထိပ်ကို စောင့်ကြပ်ထားပါ ။ အောင်းလန်က လုံထန်ပေးသော အမိန့်အတိုင်း ပြောကြားလိုက်သည်။
ဟမ့် ~ တောင်ထိပ်ပေါ်မှာကမ္ဘာငယ် ၊ အဲဒီတောင်ထိပ်ပေါ်မှာ တစ်ကယ်ကြီး ကမ္ဘာငယ်တစ်ခုရှိနေတာလား။ ငရဲမီးဗိုလ်ချုပ်က အံဩသွားကာ အောင်းလန်ကို မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
ဟုတ်တယ် ~ တကယ်ကြီးရှိနေတာပဲ ၊ တော်ဝင်ဗိုလ်ချုပ်စစ်သည်တွေကို ဦးစောင့်ပြီးသေချာစောင့်ကြပ်ထားပါ။ အောင်းလန်က လေးနက်စွာဖြင့်ပြောလိုက်သည်။ အထဲ၌ သူတို့၏ မင်းကြီးရှိနေသဖြင့် အခြားသူများကို ပေးဝင်၍ မရချေ။ အခုချိန်၌ ဤမိုးထိတောင်ကြီး၌ ရုတ်တရက်ဆိုစလို့ ဆန်းကျယ်သော မြူငွေ့များနှင့် ဖုတ်ကောင်များကို ပျောက်ဆုံးနေကြောင်းကို သူပြန်ဆင်းလာချိန်၌ အောင်းလန်တစ်ယောက် ထူးရှားစွာဖြင့်တွေလိုက်ရသည်။
ဤအခြေနေကြောင့် အနီးနားရှိ ကျင့်ကြံသူများက ဤနေရာသို့ရောက်ရှိလာနိုင်သည်။ တချိန်လုံးမြူများဖုံးလွမ်းနေသော တောင်ကြီးက ရုတ်တရက်မြူများပျောက်ကွယ်သွားသည့်က ထူခြားနေခဲ့သည်အရာပင် ။ အစပိုင်း၌ သတိမထားမိနိုင်သော်လည်း နောက်ပိုင်း၌ လူတိုင်းသတိထားမိလာနိုင်သည်။ အဲဒီအချိန်ပြသာနာများဖြစ်လာမှာ မြေကြီးနှင့် ၊ လက်ခက်သကဲ့သို့ မလွဲနိုင်ချေ။
စိတ်မပူပါနဲ့ ~ ကျုပ်တို့ ဒီတောင်ကြီးကို အခြားသူတွေမဝင်လာအောင် စောင့်ရှောက်ထားပေါ့မယ် ။ ငရဲမီးဗိုလ်ချုပ်က အောင်းလန်ကို ကတိပေးလိုက်သည်။
ကောင်းပြီ ~ နောက်ရက်ကြာရင် အခြားတော်ဝင်စစ်တပ်တွေနဲ့ အကြီးကဲတွေကို ပါစေလွတ်လိုက်မယ်။ အောင်းလန်က ပြောဆိုပြီးနောက်တွင် လေဟာနယ်ကို ထိုးခွဲကာ ထွက်ခွာသွားတော့သည်။ သူက အလျှင်လိုနေသည့်မှို့က စစ်သင်္ဘောများကို အသုံးပြုပါကာ နှေးကွေးနိုင်သည့်အတွက် သူ၏ ကိုယ်ပိုင်အစွမ်းဖြင့်သာပျံသန်းခဲ့ခြင်းဖြစ်သည်။သူ၏ အစွမ်းဖြင့်ဆိုရင် မိုးပြာနဂါးအင်ပါယာမြို့တော်သို့ ရောက်ရန် မရပ်မနားဆိုလိုက် သုံးရက်လောက်သာ ပျံသန်းရမည်ဖြစ်သည်။
အောင်းလန်ထွက်ခွာသွားသည့်နှင့် ငရဲမီးဗိုလ်ချုပ်က သူ၏ စစ်သည့်တစ်ထောင်ကို အမိန့်ပေးလိုက်ကာ တောင်ထိပ်စီသို့ဦးတည်သွားတော့သည်။ မြူငွေ့များမရှိသည့်အတွက် သူတို့၏ ခရီးက အလွန်လျှင်မြန်လှသည်။
∆∆∆
အထိုအချိန်၌ ။
ရှေးဟောင်းမှတ်တမ်းဆောင်၏ အတွင်း၌ မသေမျိုးဧကရာဇ်များ၏ အကြောင်းကိုဖတ်ရူရင်းထိတ်လန့်နေသော လုံထန်မှာ အပြင်ဘက်ရှိ အရာများကိုသတိမထားမိချေ။ သူက မသေမျိုးဧကရာဇ်များ၏ ထိတ်လန့်ဖွယ်ရာ အကြောင်းများကို ဖတ်ရူနေခဲ့သည်။
ထိုအချင်းရာများထဲ၌ ယခုသူရောက်နေသော ကမ္ဘာငယ်က ယခင်မသေမျိုးဧကရာဇ်ဆယ်ပါးအနက် ကံကြမ္မာဧကရာဇ်တည်ထောင်ထားသော နေရာဖြစ်သည်။ သူနှင့်တွေစုံခဲ့သော ကံကြမ္မာဧကရာဇ်မှာ ဒုတိယမျိုးဆက်ဖြစ်ဆိုတာကို တွေခဲ့ရသည်။
လွန်ခဲ့သော်နှစ်ပေါင်းသန်းတစ်ရာအကြာက ခန်းမငါးခုနှင့် မဟာမိတ်နှစ်ခု ၊ အင်ပါယာနှစ်ခုတို့က မြေအောက်လောကကိုးခု၏ မိစ္ဆာများကို တွန်းလှန်ခဲ့ကြသည်။
ခန်းမလေးခုမှာ လူသားစွမ်းအားရှင်များဖြစ်ကြသည်။ ကံကြမ္မာခန်းမ ၊ ဓားနန်းတော်ခန်းမ ၊ ကြယ်စင်ခန်းမ ၊ သူတော်စင်ခန်းမ ၊ လစန္ဒာခန်းမ တို့ ဖြစ်သည်။
အင်ပါယာနှစ်ခုက ပင်လယ်ပြင်အင်ပါယာ ၊ နတ်ဆိုးအင်ပါယာတိုဖြစ်ကာ ၊ မဟာမိတ်လေးနှစ်ခုက ၊ နဂါးမျိုးနွယ်စုစုပေါင်းမဟာမိတ် ၊ သားရဲမျိုးစုံစုပေါင်းမဟာမိတ်တို့ဖြစ်ခဲ့ကြသည်။
၎င်းတို့အားလုံးကို မသေမျိုးဧကရာဇ်တစ်ပါးစီက ဦးဆောင်၍ မြေအောက်လောက ကိုးခုကို ချေမှုန်းခဲ့ကြသည်။ ပထမအကြိမ်တိုက်ပွဲ၌ သားရဲမျိုးစုံစုပေါင်းမဟာမိတ်ကို ဦးဆောင်သည့် ၊ မသေမျိုးဧကရာဇ်အဆင့် ဧကရီယု ၊ ပင်လယ်ပြင်အင်ပါယာ၏ မသေမျိုးဧကရာဇ်အဆင့် ဧကရာဇ်ခွန်း ၊ လစန္ဒာခန်းမ၏ မသေမျိုးဧကရာဇ် ဧကရီဇီရှား ၊ နတ်ဆိုးအင်ပါယာ၏ ဦးဆောင်သူ ကမ္ဘာသစ်ပင်နတ်ဆိုးဧကရာဇ် ၊ ကံကြမ္မာခန်းမရဲ့ ကံကြမ္မာဧကရာဇ်တို့က ကျဆုံးသွားခဲ့သည်။ အဲဒီနောက်မှာသူတို့လက်အောက်က အသက်ရှင်နေကြသောမျိုးနွယ်စုတော်တော်များများက အင်အားချိနဲ့သွားသည့်အတွက် ကမ္ဘာလေးများထဲမှာ ရှောင်တိမ်းသွားကြတယ် ။
လုံထန်တစ်ယောက်ဤ ရှေးဟောင်းမှတ်တမ်း၌ လုံးဝ နှစ်မျောနေစဉ် သူ၏ နားထဲ၌ ရုတ်တရက်အေးစက်စက်အသံတစ်ခုက ပေါ်ထွက်လာခဲ့သည်။
ဒင် ! ရေခဲနဂါးမျိုးနွယ်စုကို စုစည်းနိုင်ခြင်းအတွင် ဂုဏ်ပြုပါတယ် ။
ဆုလဒ် ~ နှင်းရေခဲသစ်သီးကို ရရှိပါသည်။
လုံထန်က အာရုံစိုက်နေရာမှ ရုတ်တရက်ထွက်ပေါ်လာသော အသံနှင့် သူ၏ အရှေ့ရှိ အပြာရောင်မှန်ဘောင်ကြောင့် အာရုံကလွင့်သွားခဲ့သည်။
နောက်ဆုံးတော့ ယွီရန်ကို လုပ်ခိုင်းလိုက်တာမှန်ကန်တာပဲ ။ အခုရေခဲနဂါးမျိုးနွယ်စုလည်း စုစည်းပြီးသွားပြီဆိုတော့ အကြီးကဲတွေကို ခွန့်အားမြင့်တင်ပေးပြီးတော့ နောက်ထပ်မီးနဂါးမျိုးနွယ်စုကို အမြန်သိမ်းပိုက်မှ ရမယ် ။ ငါအချိန်တွေ အကြာကြီးဆွဲနေလို့မရဘူး ။လုံထန် သူဟာသူတွေးနေခဲ့မိသည်။
ပြီးတဲ့နောက်မှာတော့ ဆုလဒ် ~ ဖြစ်တဲ့ နှင်းရေခဲသစ်သီးကို ကြည့်လိုက်ကာ သူ၏ အရှင်းပြချက်များကိုကြည့်လိုက်သည်။
အမည်~~~ နှင်းရေခဲသစ်သီး ။
( တစ်နှစ်ပတ်လည်လုံးအမြဲတန်းအေးခဲနေသော နေရာမှ ရေခဲစွမ်းအင်များဖြင့် ပေါက်ရောက်လာသော” အထူးဆေးပင်အမျိုးစား “ ရေခဲသစ်ပင်၏ သစ်သီးဖြင့်သည်။ ၎င်းအပင်ပေါက်မှာအရွယ်ရောက်ချိန်အထိ နှစ်ပေါင်းတစ်ထောင်အချိန်ယူရသည်။ အရွယ်ရောက်အပင်မှာ ရင့်မြည့်သော သစ်သီးဖြစ်ရန် နှစ်ပေါင်း တစ်ထောင်အချိန်ယူရသည်။
မှတ်ချက် ~~~ နှင်းရေခဲသစ်သီးကိုစားသုံးလျှင် ရေခဲစွမ်းအားမရှိသောသူက ရေခဲစွမ်းအားကိုအသုံးပြုနိုင်သည်။ အသုံးပြုရန် သားရဲဧကရာဇ်အဆင့်၏ ထိရှိရန်လို့အပ်သည်။ မဟုတ်ပါက နှင်းရေခဲသစ်သီးရဲ့ အစွမ်းဂုဏ်သတ္တိကြောင့် အေးခဲ၍ သေဆုံးရမည်ဖြစ်သည်။
မဆိုးပါဘူး ~~~။
နောက်ထပ်ရတနာတစ်ခုပဲ လုံထန်က ရေရွတ်လိုက်သည်။ ယခင်အချိန်များကသာဆိုလျှင်သူသည် ယခုကဲ့သို့ ရတနာများရလျှင် အတိုင်းမသိပျော်မိမည်ဖြစ်သည်။ သို့သော်လည်း သူဤနေရာရှိ ဆေးစိုက်ခင်းမှ ပြန်လာချိန်ကစလို့ ဤအရာက ရတနာလေးတစ်ပါပဲဟုသာ တွေးမိတော့သည်။ သူ၏ စိတ်နှလုံးသားက များပြားလှသော ရတနာများကြောင့် ထူသွားခဲ့တာပဲဖြစ်တော့သည်။