အခန်း (၁၃၆)
Vol. 10 Ch. 136
------
လုံထန်က သူ၏ အရှေ့ရှိ မှန်ဘောင်ပြင်ကို ကြည့်ရူပြီးသည့်နောက် ၎င်းကို လစ်လျုရူလိုက်ကာရှေးဟောင်းမှတ်တမ်းကိုသာ ဆက်လက်၍ ပြန်ကာ အာရုံစိုက် ဖတ်လိုက်တော့သည်။
အချိန်ကုန်ဆုံးမှုက အလွန်လျှင်မြန်လှသည်။ မျက်စိတမှိတ်လေးအတွင်း ခုနှစ်ရက်တာကုန်လွန်သွားခဲ့သည် ။
∆∆∆
အချိန်ခုနှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ မိုးထိတောင်နှင့် နီးကပ်သော မျိုးနွယ်စုငယ်လေးများ သို့မဟုတ် တစ်ကိုယ်ထဲလေလွင့်သွားလာနေသော သားရဲများမှ တစ်ဆင့် မိုးထိတောင်ကြီးမှ ဆန်းကျယ်သော မြူငွေ့များရုတ်တရက်ပျောက်ကွယ်သွားမှုသတင်းက စတင်၍ ပျံနှံသွားခဲ့ကာ မိုးပြာနဂါးအင်ပါယာပိုင်နက်အတွင်း၌ အားလုံးကို လှုပ်လှုပ်ရှားဖြစ်စေခဲ့ကြသည်။
အနီးနားရှိမျိုးနွယ်စုများမှာလည်း သူတို့မျိုးနွယ်စု၏ စွမ်းမြင့်ကျင်မှုရှိသော သားရဲများကို မိုးထိတောင်ဆီသို့စေလွတ်ကြသည်။
∆∆∆
ထိုအစဉ် တစ်ဖက်၌ ။
မိုးပြာနဂါးမျိုးနွယ်စု၏အင်ပါယာမြို့တော် ၌ ရွှေနဂါးမျိုးနွယ်စု၏ အကြီးကဲများ ၊ အောင်းယွီရန် ၊ မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးနှစ်ယောက် ၊ ရေခဲနဂါးမျိုးနွယ်စု၏ ဧကရာဇ်ဟောင်း ကျီထန်ပင်းတို့က နန်းတော်ခန်းမကြီးထဲ၌ ထိုင်နေကြသည်။
အခုမိုးထိတောင်ရဲ့ သတင်းတွေက အတော်လေးလည်း အပြင်မှာပြန့်နှံနေပြီ။ ကျုပ်တို့ အမြန်လေးသွားမှ ရတော့မယ် ။ မဟုတ်ရင် တော်ဝင်ငရဲမီးဗိုလ်ချုပ် လုချီ တစ်ယောက်ထဲဒီအခြေနေကိုထိန်းနိုင်မှာမဟုတ်ဘူး ။ အခြားတော်ဝင်ဗိုလ်လေးယောက်ကိုလည်း မိုးထိတောင်စေလွတ်လိုက်ပေမဲ့ အချိန်အချို့လမ်းမှာ ကြာနေအုန်းမှာ အဲတော့ ကျုပ်တို့ အကြီးကဲတွေကိုယ်တိုင်သွားမှရမယ် ။ အဲဒီနေရာက ကျုပ်တို့ အင်ပါယာရဲ့ အခြေခံအုပ်မြစ်ပဲ အရမ်းအရေးကြီးတယ် ။ အောင်းလန်က လေးနက်စွာပြောလိုက်သည်။
သူကမိုးထိတောင်မှနေ၍ လျှင်မြန်စွာပြန်လာခဲ့သည့်အတွက်ကြောင့် သုံးရက်နေကုန်အကြာ၌ မိုးပြာနဂါးအင်ပါယာမြို့တော့ မိုးကြိုးမြို့တော်သို့ပြန်ရောက်လာခဲ့သည်။
ရွှေနဂါးမျိုးနွယ်စု၏ အခြားသော အကြီးကဲများကို စောင့်ဆိုင်းနေရင်းဖြင့် အချိန်က ခုနှစ်ရက်ခန့်အထိကြာမြင့်သွားခဲ့ခြင်းပင် ။
အောင်းလန်ပြောတဲ့ အတိုင်းဆိုရင် အဲဒီကမ္ဘာငယ်က အရမ်းအရေးကြီးတယ် ။ အောင်းကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ မျိုးနွယ်စုရဲ့ အရေးကိစ္စတွေကို အောင်းမင် ၊ အောင်းရွှီရန်တို့ ကျန်ရစ်ခဲ့ပြီး အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း မျိုးနွယ်စုကို ပြောင်းရွှေ့ခဲ့ကြပါ ။
ကျုပ်နဲ့ကျန် တဲ့ သူတွေက မိုးထိတောင်ကို ထိန်းသိမ်းဖို့ အရင်သွားနှင့်မယ်။ မင်းသမီးရော ဒီကိစ္စဘယ်လိုထင်ပါသလဲ ။ အောင်းကျန်းဟန်က သူ၏ အဆိုပြုချက်ကို အောင်းယွီရန်ကို မေးလိုက်သည်။
အောင်းယွီရန်က မည်ကဲ့သို့စကားမှမဆိုသော်ငြားဤနေရာ၌ အာဏအရှိဆုံးသူဖြစ်သည်။
အကြီးကဲအောင်းကျန်းဟန် ပြောတဲ့အတိုင်းလုပ်တာပေါ့ ။ အကြီးကဲအောင်းလန်ပြောတဲ့ အတိုင်ဆိုရင် ဒီကမ္ဘာငယ်က ကျွန်မတို့ အင်ပါယာအတွက် အရမ်းကို အရေးပါတယ် ။ အောင်းယွီရန်ကလည်း အောင်းကျန်းဟန်၏ စကားကို ထောက်ခံလိုက်သည်။
အကြီးကဲ လုံချီယု ၊ အကြီးကဲ လုံကျားချီ ၊ အကြီးကဲ ကျီထန်ပင်းတို့က အခုမျိုးနွယ်စုရဲ့ အခြေနေကိုပဲ စောင့်ကြည့်ထားကြပါ ။ ကျွန်မတို့ ဟိုကအခြေနေတွေထိန်းချုပ်ပြီးရင် အရှင်မင်းကြီး ဘယ်လိုလုပ်မလည်းဆိုတာကို တစ်ယောက်နဲ့ သတင်းပို့လိုက်ပေါ့မယ် ။ အောင်းယွီရန်က ပြောလိုက်သည်။
ကောင်းပါပြီ ~ အရှင်မင်းသမီးရဲ့ သဘောအတိုင်းပါပဲ ၊ လုံချီယု၊ လုံကျားချီ ၊ ကျီထန်ပင်းတို့က “ နဂါးထိန်းချုပ်ရေးစာအုပ် “ လက်မှတ်ထိုးပြီးချိန်ကစလို့ သူတို့ဟာ လုံထန်၏ အပေါ်သို့ သစ္စာဘယ်တော့မှဖောက်တော့မည်မဟုတ်တော့ချေ။ သူတို့ကလည်း အင်ပါယာနှင့် တစ်စိတ်ထဲတစ်ဝမ်းထဲ ဖြစ်သွားခဲ့ပြီဖြစ်သည်။
ဒါဆို ~ ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့ ။ အောင်းယွီရန်က မက်တပ်ရပ်လိုက်ရင်းဖြင့် ပြောလိုက်သည်။
လက်တလောအခြေနေများအရ အကြီးကဲအောင်းကျန်းဟန် ၊ အကြီးကဲအောင်းထန်းရန် ၊ အကြီးကဲ အောင်းလန် တို့နှင့်ပင် ထိန်းချုပ်နိုင်သည်။ ထိုအကြီးကဲနှစ်ယောက်၏ ကျင့်ကြံမှုမှာ အားလုံးထဲတွင်အမြင့်ဆုံးဖြစ်သည်။
အောင်းယွီရန် ထရပ်၍ ထွက်ခွာသွားသည့်နှင့် အကြီးကဲများက အောင်းယွီရန်နောက်သို့ လိုက်ပါသွားကြသည်။
မိုးပြာနဂါးနန်းတော်ခန်းမ၏ အပြင်ဘက်သို့ရောက်သည့်နှင့် အောင်းယွီရန်က လေဟာနယ်ကို ထိုးခွဲကာ ပျောက်ကွယ်သွားခဲ့သည်။
သူမ၏နောက်၌လည်းအကြီးကဲ သုံးယောက်သည်လည်း လျှင်မြန်စွာဖြင့်အသီးသီးလိုက်ပါသွားကြတော့သည်။ သူတို့က အလျှင်လို့နေသော အခြေနေကြောင့် သူတို့၏ ကိုယ်ပိုင်စွမ်းအားကိုသုံး၍ သွားကြခြင်းပင်ဖြစ်သည်။
∆∆∆
အောင်းယွီရန်တို့ ထွက်ခွာသွားသော ပုံရိပ်များကိုကြည့်ရင်းဖြင့် လုံချီယုက ပေါ့ပေါ့ပါးသက်ပြင်းချကာ ပြောလိုက်သည်။
အခုတွေ့ထားတဲ့ ကမ္ဘာငယ်က ကြားထားတဲ့ အတိုင်းဆိုအံဩစရာတွေနဲ့ပြည်နက်နေမှာသေချာတယ် ။ အချိန်ရရင် မျိုးနွယ်စုကိစ္စတွေစီမံပြီးရင် သွားကြည့်ရမယ် ။
လုံကျားချီ ၊ ကျီထန်ပင်း တို့ကလည်း တောက်လောင်နေသော မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့ကလည်း နတ်ဘုရားသားရဲဘုံအဆင့် ကျင့်ကြံသူများဖြစ်ကြ၍ အောင်းလန်၏ ပြောသည့်စကားများကို နားထောင်ပိုင်ခွင့်ရှိသည်။
အောင်းလန်ပြောခဲ့သည့် စကားများကို ကြားရစဉ်ကပင် ထိုကမ္ဘာငယ်က မည်မျှပင် အံဩစရာ ကောင်းမှန်းကို မြင်ယောင်ကာ ကြည့်၍ ရသည်။
သူတို့သုံးယောက်ကလည်း အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။ နဂါးထိန်းချုပ်ရေးစာအုပ်၌ လတ်မှတ်ထိုးပြီးချိန်မှ စ၍ သူတို့အကြားရှိ ရန်လိုမှုများမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ မည်သည်အတွက်ကြောင့်မှန်းမသိသော်ငြား ဤကိစ္စက ကောင်းသော ကိစ္စဖြစ်သည်။ အဲဒီအတွက်ကြောင့်သာ ယခုအချိန် ကျီထန်ပင်းနှင့် လုံချီယုတို့က ပြုံးရွှင်စွာစကားပြောနေကျခြင်းပင် ။
မဟုတ်ပါက ~ တစ်ဖက်ထဲဆိုလျှင်ပင် ၊ ယခုလိုပြုံးရွှင်စွာစကားပြောနေမည်အစား သတ်ပုတ်နေကြမည်ဖြစ်သည်။
∆∆∆∆
အခြားတစ်ဖက်၌ ။
မိုးပြာနဂါးအင်ပါယာနှင့် မိုင်ပေါင်းသန်းချီအကွာ၌ ရှိကာမိုးပြာနဂါးအင်ပါယာနှင့် အနီးကပ်ဆုံးအင်ပါယာဖြစ်သည့် မီးနဂါးအင်ပါယာကြီးရှိသည်။
မီးနဂါးအင်ပါယာမြို့တော်က အခြားမြိုတော်များကဲ့သို့မဟုတ်ပဲ ပတ်ဝန်းကျင်တစ်ခုလုံးကပင် အလွန်ပူပြင်းလှသော အပူရှိန်ကြောင့် မြေပြင်များမှာလည်း ညိုးနွမ်းခြောက်သွေ့ကာ အက်ကွဲနေသည်။
ထိုကဲ့သို့ပင် အလွန်မင်းပူပြင်းနေသော အပတ်ဝန်းကျင်ရှိသော အခြေနေ အောက် ၌ပင် အလွန်တရာခမ်းနားလှသော ဧရာမမြို့တော်ကြီးတစ်ခုက နေကာယူထားခဲ့သည်။
ထိုမြို့တော်ကြီးက မီးနဂါးများ၏ အထွဍ်မြတ်ထားရာ အင်ပါယာမြို့တော် “မီးမြို့တော် “ကြီးဖြစ်သည်။
မီးမြို့တော်က ဆယ်ငါးမိုင်အကျယ်ရှိကာ အလွန်တရာမှ ကြီးမားလွန်းလှသည်။ မြို့တော်ထဲ၌လည်း သက်ရှိအများပြားကပြည့်နက်နေခဲ့ကာ အလွန်များပြားစွာဖြင့် တက်ကြွစွာဖြင့် သွားလှုပ်ရှားနေခဲ့သည်။
မီးမြို့တော်၏ အလယ်၌ မီတာတစ်သောင်းအကျယ်ရှိသော ထိတ်လန့်ဖွယ် အော်ရာများကို ထုတ်လွတ်နေသည့်အလားထင်ရသည့် ခမ်းနားသော နန်းတော်ကြီးက နေရာယူထားသည်။ နန်းတော်တစ်ခုလုံးက နီရဲတောက်လောင်နေသည့်မီးတောက်တစ်ခုအလားပင် ။
ထိုနန်းတော်၏ အတွင်းခန်းမကြီး၏ နေရာ၌ မီးသလင်းကျောက်ဖြင့် ပြုလုပ်ထားသော နီရဲနေသော ပုလ္လင်ကြီးရှိသည်။ ၎င်း၏ အထက်၌ အနီရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ကာ အလွန်တရာပူပြင်းလှသော အငွေ့သတ်များကို ထုတ်လွတ်ထားသော အသက်ငါးဆယ်အရွယ်အမျိုးသားတစ်ဦးက ထိုင်နေခဲ့သည်။ သူ၏ အနီးတစ်ဝိူက်လေထုအခြေနေက မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လေဟာနယ်က လွန်ပူပြင်းသော အပူရှိန်ကြောင့်အက်
ကြောင်းသဏ္ဍန်များ ဖြစ်တည်လာလိုက် မျက်တောင်တစ်ခက်အတွင်းပြန်လည်ကောင်းမွန်သွားလိုက်ဖြစ်နေခဲ့သည်။
ထိုပုဂ္ဂိုလ်ကတော့ မီးနဂါးမျိုးနွယ်စုကို အစိုးရသူဖြစ်သော ဧကရာဇ် ဟော်ရီ ဖြစ်သည်။
ဆိုတော့ အမြဲတန်းမြူငွေ့များရှိနေတဲ့ နေရာက အခုတော့ ရုတ်တရက်ထူးဆန်းစွာဖြင့် မြူငွေ့တွေ ပျောက်ကွယ်သွားရတယ်ပေ့ါ ။အဲလို့လား ~ မီးနဂါးဧကရာဇ် ဟော်ရီ၏ အလေးမထားဟန် အသံက ထွက်လာခဲ့သည်။
ဟုတ်ပါတယ် ~ အရှင်မင်းကြီး ။ အောက်ဘက်မှ အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်သည်မှာ အလွန်မင်းရိုကျိုးစွာဖြင့် ခေါင်းကို ငုံထားပြီး ပြောလိုက်သည်။
ကောင်းပြီ ~ ဒါဆို ဗိုလ်ချုပ် တီကန်းကို တစ်ချက်လောက်သွားကြည့်ဖို့ပြောလိုက် ၊ အခြေနေက ဘာလည်း သိရတာပေါ့ ။
ထူးခြားတဲ့ အခြေနေမျိုးမဟုတ်သေးသရွှေ့ သူက မိုးပြာနဂါးအင်ပါယာနှင့် စစ်မဖြစ်ချင်သေးချေ။
ဒီငယ်သားချက်ချင်း ၊ ဗိုလ်ချုပ်ကို သတင်းပြန်ပို့လိုက်ပေါ့မယ် ။စစ်သည်ငယ်လေးက ရိုသေစွာဖြင့် အရိုသေပေးလိုက်ပြီးနောက် ခန်းမ၏ အတွင်းမှာထွက်ခွာသွားကာ ပျောက်ကွယ်သွားတော့သည်။
ခန်းမ၏ အတွင်း၌ ဧကရာဇ် ဟော်ရိနှင့် သူ၏ နောက်၌ ရပ်နေသော အစေခံ အမျိုးသမီးနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
ဒီအခြေနေကာ မိုးပြာနဂါးအင်ပါယာမှ အနည်းငယ်တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားမှာပဲ ။ ဒီနှစ်တွေအတွင်းမှာ မိုးပြာနဂါးတွေ ကျဆင်းလာနေပြီ ဒီအခြေနေကို အခွင့်ရေးယူလိုက်သင့်သလား ။ ဧကရာဇ်ဟော်ရိက သူ၏ လက်ကို ပုလ္လင်၏ လက်ရန်းကို ခေါက်ကာ တီးတိုးရေရွတ်နေခဲ့သည်။
မိုးပြာနဂါးဧကရာဇ်ကလည်း ကျန်းမာရေးကြောင့် အခုချိန်မှာ အင်ပါယာကို မကြည့်နိုင်ဘူးဖြစ်နေတယ် ။ အခွင့်ရေးလား ၊ ဒါမှမဟုတ် ထောင်ခြောက် များလား ။ ဧကရာဇ် ဟော်ရိက မျက်မှောင်ကြုပ်ကာ စဉ်းစားနေခဲ့သည်။
သူကအမြဲတစေ မိုးပြာနဂါးအင်ပါယာ၏ ပိုက်နက်များကို မျက်စိကနေသူဖြစ်သည်။ အခွင့်ရေးသာ ရှိခဲ့လျှင်သူက ဦးစွာလှုပ်ရှားမည့်သူလည်းဖြစ်သည်။ သို့သော်ရုတ်တရက် မိုးပြာနဂါးဧကရာဇ်က ကျန်းမာရေးကြောင့် အခြေနေမကောင်းဘူးဆိုသော သတင်းကြောင့်၊ ထိုအရာက သူကိုအနည်းငယ် တွေဝေသွားစေသည်။ ဤသည့်က ထောင့်ခြောက်တစ်ခု ဖြစ်နေမည်ကို သူအနည်းငယ်စိုးရိမ်နေခဲ့သည်။
ဒါပေမဲ့လည်း ဒီအခြေနေကို အနည်းငယ်အခွင့်ယူပြီး လှုပ်ရှားကြည့်တာပေါ့ ။ နောက်ဆုံး၌ ဧကရာဇ် ဟော်ရိက ဆုံးဖြတ်လိုက်သည်။
သွားပြီးတော့ ~ ဗိုလ်ချုပ် တွမ်ချင်းနှင့် ဗိုလ်ချုပ် ရမ်ခန်းတို့ကို ခေါ်လိုက် ဒီဧကရာဇ်က ခိုင်းစရာရှိတယ် ။ ဧကရာဇ်ဟော်က သူ၏ နောက်ရှိ အစေခံများကို ပြောလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ။
အစေခံအမျိုးသမီးနှစ်ဦးအနက်မှ တစ်ယောက်က ချက်ချင်းပင်ရပ်နေရာမှ တစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားခဲ့သည်။