အခန်း (၁၃၇)
Vol. 10 Ch. 137
-----------
အစေခံအမျိုးသမီးထွက်သွားပြီးသည့်နောက် အချိန်ခနအကြာ၌အလွန်တရာ ပြင်းထန်သော အော်ရာများကို ထုတ်လွတ်ထားသော အမျိုးသားနှစ်ယောက် ရောက်လာခဲ့သည်။
၎င်းတို့က အနီရင့်ရောင်ချုပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ သူ၏ ခန္ဓာကိုယ်၌လည်း ပူပြင်းသော အငွေ့သတ်နှင့် သတ်ဖြတ်လိုခြင်းအော်ရာများမှာလည်း ဖြာထွက်နေခဲ့သည်။ ၎င်းတို့က စစ်ပွဲများကြား၌ နေထိုင်ကြသော သူများဖြစ်ကြောင်း ဤပုံစံကိုကြည့်ရုံနှင့်သိနိုင်သည်။
၎င်းတို့က မီးနဂါးအင်ပါယာ၏ ထိပ်တန်း စစ်ဗိုလ်ချုပ်လေးယောက် အတွင်းမှနှစ်ယောက်ဖြစ်သည့်၊ ဗိုလ်ချုပ် တွမ်ချင်းနှင့် ဗိုလ်ချုပ်ရမ်ခန်းဖြစ်သည်။
သူတို့နှစ်ယောက်အနက် တွမ်ချင်းမှာ ခန့်ငြားသော အမျိုးသားတစ်ဦး၏ အသွင်ပြင်ဖြစ်ကာ ရမ်ခန်းမှာတော့ သူ၏ မျက်နှာအထက်ရှိ ကန့်လန်ဖြတ်သဏ္ဍန် ဒဏ်ရာကြီးကြောင့် ပို၍ ရက်စက်ကြမ်းကြုတ်ပုံရသည်။
အရှင်မင်းကြီး ~ သူတို့နှစ်ယောက်စလုံးကနန်းတော် ခန်းမ၏ အတွင်းရောက်ချိန်၌ သူတို့၏ ခန္ဓာကိုယ်ထက်ရှိ ထုတ်လွတ်ထားသော မည်သို့သော အော်ရာအစွန်းစမျှပင်မကျန်ပျောက်ကွယ်သွားခဲ့ကာ သာမန်လူတစ်ယောက်ကဲ့သို့အတိုင်းဖြစ်သွားခဲ့ကာ ဧကရာဇ်ဟော်ရိကို ရိုသေစွာ အရိုသေပေးလိုက်ကြသည်။
အင်း ~ အသင့်တို့ကို ခေါ်ရတာက ဒီဧကရာဇ် ခိုင်းစရာလေးရှိလို့ပဲ ၊ ဧကရာဇ်၏ ဟော်ရိကလည်းချက်ချင်းသူလိုချင်သည်ကိုပြောလိုက်သည်။
အသင့်တို့နှစ်ယောက်လုံး သင့်တို့ရဲ့ စစ်တပ်တွေကို ဦးဆောင်ပြီးတော့ မိုးပြာနဂါးအင်ပါယာရဲ့ နယ်စပ်မှာရှိတဲ့ ဗိုလ်တီခန်းရှိရာသို့သွားပါ ။ ဟိုကြရင်သူနှင့်အတူတူ ပူပေါင်းလုပ်ဆောင်ပြီးတော့ အခြေနေကို ကြည့်ပါ ။
အခွင့်ရေးကောင်းတွေသာရှိခဲ့ရင် မိုးပြာနဂါးတွေရဲ့ ပိုင်နက်ကို ငါတို့အထဲပေါင်းထဲကြတာပေါ့ ။ ဧကရာဇ် ဟော်ရိက ပြောလိုက်သည်။
အရှင်မင်းကြီးရဲ့ အမိန့်တိုင်း ဒီဗိုလ်ချုပ်တွေက အကောင်းဆုံးကြိုးစားပေးပေါ့မယ် ။ တွမ်ချင်းနှင့် ရမ်ခန်းတို့က ချက်ချင်းပင် ပြောလိုက်သည်။
ကောင်းပြီ သွားကြတော့။ ဧကရာဇ်ဟော်ရိက လက်ကိုရမ်းပြလိုက်ကာ သူ၏ ဗိုလ်ချုပ်များကို ထွက်ခွာသွားခိုင်းလိုက်သည်။
တွမ်ချင်းနင့် ရမ်ခန်းကလည်း အရိုသေပေးပြီးနောက် ချက်ချင်းထွက်ခွာသွားကြသည်။
အခုတော့အခြေနေကိုပဲ စောင့်ကြည့်ကြတာပေါ့ ။ အားလုံးပြင်ဆင်ထားတာတွေ စုံနေပြီ ။ ဧကရာဇ်ဟော်ရိက သူ၏ အစဉ်များကို သဘောတွေဟန်ဖြင့် ခေါင်းတညိတ်ညိတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူရဲ့ မီးနဂါးအင်ပါယာ၏ အစွမ်းထက်ဆုံးထိပ်တန်း ဗိုလ်ချုပ်သုံးယောက်ကို စေလွတ်ထားခဲ့သည်အတွက် သူအတွက် သတင်းကို စောင့်မျော်ရန်သာရှိတော့သည်။
∆∆∆
မျက်စိတမှိတ်အတွင်းနောက်ထက် သုံးရက်ခန့်က လျှင်မြန်စွာဖြင့် ကုန်လွန်သွားခဲ့သည်။
မိုးပြာနဂါးအင်ပါယာပိုက်နက်အတွင်းရှိ မိုးထိတောင်( သို့မဟုတ် ) ပြန်လမ်းမဲ့တောင်၏ တဝိူက်၌ ။
သေးငယ်သော မျိုးနွယ်စုငယ်လေးများမှ စွမ်းအားမြင့်ကျင့်ကြံသူအချို့မှာရောက်ရှိနေကြပြီး ၎င်းတို့အရေတွက် သောင်းချီနေခဲ့သည်။ နောက်ထပ်အခြားသော သူများမှာ လည်း တဖွဲ့ဖွဲ့ဖြင့် ထပ်မံကာ ရောက်ရှိနေကြသည်။
သို့သော်လည်း သူတို့က အုပ်စုလိုက်စုပြီးရောက်လာကြသော်လည်း ကျင့်ကြံမှုအမြင့်ဆုံးမှာ သားရဲဘုရင်ဘုံအဆင့်သာဖြစ်ကြသည်။ ဤအတွက်ကြောင့် သူတို့က သားရဲအရှင်သခင်အဆင့် ဦးဆောင်သော ငရဲမီးဗိုလ်ချုပ် လုချီ စောင့်ကြပ်နေသောကြောင့် တောင်၏ အပေါ်သို့ မတက်သွားရဲကြချေ။
အချို့သောရဲတင်းသည့်သူများမှာ ရှေ့သို့တိုးကာ တောင်ပေါ်သို့ တက်သွားကြသည်။ ထိုလူများကို ငရဲမီးစစ်တပ်မှ သူများက ပထမအကြိမ်သတိပေးပြီးနောက်တွင် နားမထောင်ပဲ ဆက်ကာ တိုးကပ်လာသူများကို ချို့ယွင်းချက်မရှိသတ်ဖြတ်ပစ်ခဲ့သည်။
ဤမြင်ကွင်းကြောင့်ရောက်လာသူများမှာ အရှေ့သို့ မတိုးရဲကြခြင်းဖြစ်သည်။ သူတို့က သူတို့အတွက် အခွင့်ရေးအနည်းငယ် များရနိုင်လောက်မလားဆိုသည့်မျော်လင့်ချက်အတွေးလေးဖြင့် ၊ လာပြီးကြိုးစားကြည့်ကြခြင်းဖြစ်ကာ သူတို့အသတ်သေဆုံးသိအထိတော့ အရဲစွန့်မည်မဟုတ်ချေ ။
တောင်၏ အော်ခြေ၌ တဖွဲ့ဖွဲ့ရောက်လာကြသော သူများကြောင့် အချိန်အနည်းငယ်လေး ဖြင့် အရည်တွက်သိန်းချီကျော်သွားခဲ့သည်။
∆∆∆
တောင်အောက်ခြေ၌ သားရဲများက သူတို့အုပ်စုနှင့်သူတို့ အုပ်စုဖွဲ့ကာ စကားစမြည့်ပြောဆိုနေကြပြီး အခွင့်ရေးကို စောင့်နေခဲ့ကြသည်။
ထိုအစဉ်၌ ရုတ်တရက်ဆိုသလို့ လေဟာနယ်က အက်ကွဲသွားခဲ့ကာ အလွန်ပြင်းထန်သော အော်ရာများက ထိုအက်ကြောင်းကြီး၏ အတွင်းမှပင်လယ်ပြင်မှ လှိုင်းလုံးများအလား ထွက်ံ ပေါ်လာခဲ့သည်။
မြေပြင်၌ရှိနေသောသူများမှာ သားရဲဘုရင်ဘုံအဆင့်ကျင့်ကြံမှုက အမြင့်ဆုံးဖြစ်သည့်မှို့ ရုတ်တရက်ထွက် ပေါ်လာသည့် ကြောက်မက်ဖွယ်အော်ရာကြောင့် မြေပြင်ထက်သို့ ကပ်နေသည့်အထိဖိနှိပ့်ခံလိုက်သည်။
သားရဲသိန်းချီက မြေပြင်၌ ကပ်နေအောင်ဖိနှိပ့်ခံထားရကာ တစ်ယောက်မှ မလူပ်နိုင်ကြချေ။ ကျင့်ကြံမှုနိမ့်ကျသူများမှို့ တစ်ကိုယ်လုံးက တုန်ရင်နေခဲ့ကာ ချွေးများဖြင့် ရွဲနစ်နေခဲ့ကြသည်။ အချို့မှာဆိုလျှင် အကြောက်လွန်၍ ကျင်ကြီး ၊ ကျင်ငယ်များပင် ထွက်ကြနေခဲ့ကြသည်။
လေဟာနယ်အက်ကြောင်း၏ အတွင်း၌ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက် လျှောက်ထွက်လာခဲ့သည်။
၎င်းတို့က အောင်းယွီရန်၊ အောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ အောင်းလန်တို့ပင် ဖြစ်ကြသည်။
အောင်းယွီရန်က အောက်ဘက်ရှိ မြေပြင်၌ ကပ်နေသည့်အထိ ဖိနှိပ့်ခံထားရသော သားရဲများကိုကြည့်လိုက်သည်။ သူတို့အရည်တွက်က မနည်းပါလား ။ ကျွန်မတို့ အမြန်လာလိုက်တာမှန်သွားတယ် ။
သွားကြစို့ ~ သူတို့ကို လောလော
ဆယ်တော့ဒီအတိုင်းထားလိုက်အုန်းမယ်။ အောင်းယွီရန်က အော်ဘက်ရှိလူများကိုဆက်မကြည့်တော့ပဲ တောင်
ထိပ်စီသို့ တိုက်ရိုက် နေရာတိုကူးပြောင်းသွားလိုက်တော့သည်။
သူတို့လေးယောက်ထွက်ခွာသွားမှ ကြောက်မက်ဖွယ်ကာ နတ်ဘုရားသားရဲဘုံအော်ရာများက လေထုထဲ၌ ပြန်လည်ကာ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှ မြေပြင်မှ ရှိနေသော သားရဲများမှာ ပြန်လည်၍ လှုပ်ရှားနိုင်ခဲ့ကြသည်။ သူတို့က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် သူတို့အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများက ဖြူလျော့နေခဲ့ကာ မည်မျှထိတ်လန့်နေသည့်ကို အတိုင်းသားမြင်နိုင်သည်။
ဘာတွေဖြစ်သွားတာလည်း ~ ဘာလိုရုတ်တရက်ကြီး ဒီလိုကြောက်စရာအော်ရာကြီးကထွက်ပေါ်လာရတာလဲ။ သားရဲများက သူတို့အချင်းချင်းတီးတိုးပြောနေကြသည်။
ဟုတ်တယ် ~ ဘာဖြစ်သွားတာလည်း ငါတော့ သေပြီတောင်ထင်ထားတာ ။ ငါက အခွင့်ရေးအနည်းငယ်လေးရချင်တာ ပါ ။ အခုတော့ ဘယ်လို့ ပုဂ္ဂိုလ်တွေနဲ့လာတိုးနေတာလဲ ။
ငါဒီမှာမနေတော့ဘူး ၊ ပြန်တာပဲ ကောင်းမယ်လို့ ငါရဲ့ မသိစိတ်အာရုံကပြောနေတယ် ။
သားရဲများ၏ အချင်းချင်းဆွေးနွေးမှုများ မြင့်တက်နေခဲ့ကြသည်။ သူတို့ကို ဖိနှိပ့်ထားသော အော်ရာကြောင့်မည်သူကမှ မလှုပ်ရှားနိုင်သည့်အတွက်သူတို့က ဤနေရာသို့ ဘယ်သူကရောက်လာခဲ့သည့်ကို သေချာမသိခဲ့ရချေ။
∆∆∆
တစ်ဖက်၌ ။
အောင်းယွီရန်တို့က ၎င်းတို့က သူတို့နောက်၌ ဖြစ်ပျက်ခဲ့သည်များကို ဂရုမစိုက်ချေ။ သူတို့က တောင်၏ ထိပ်သို့ လျှင်မြန်စွာ ရောက်ရှိသွားကြသည်။
တောင်ထိပ်ရှိလေဟာနယ်က ရုတ်တရက် ဆိုသလို ၊ အက်ကွဲသွားခဲ့ကာ အောင်းယွီရန် ၊ အောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ အောင်းလန်တို့က ထွက်လာခဲ့ကြသည်။
အရှင်မင်းသမီး ~ ငရဲမီးဗိုလ်ချုပ် လုချီ နှင့် ငရဲမီးစစ်တပ်မှာ ချက်ချင်းပင် အောင်းယွီရန်ကိုမြင်သည်နှင့် ချက်ချင်းပင် အရိုသေပေးလိုက်ကြသည်။
အင်း ~ လုပ်ထားတာကောင်းတယ် ဗိုလ်ချုပ်လုချီ ၊ ရက်အနည်းငယ်လောက် ထပ်ပြီးသီးခံလိုက်ပါအုန်း ။ အခြားတော်ဝင်ဗိုလ်ချုပ်လေးယောက်လည်း လာတဲ့လမ်းကြောင်းမှာရောက်နေပါပြီ ။ ရက်အနည်းငယ်ကြာရင် သူတို့လည်း ရောက်လာပါလေ့မယ် ။ အောင်းယွီရန်က သူမ၏ အရှေ့ရှိ တော်ဝင်ဗိုလ်လုချီကို ပြုံးကာပြောလိုက်သည်။
ဒီဗိုလ်ချုပ်ရဲ့တာဝန်တွေပါ ။ အကောင်းဆုံးကြိုးစားပေါ့မယ် ။ အရှင်မင်းသမီး ~ ငရဲမီးဗိုလ်ချုပ် လုချီက ပြောလိုက်သည်။
ကောင်းပြီ ~ သွားကြစို့ အကြီးကဲအောင်းလန် လမ်းပြပေးပါ ။ အောင်းယွီရန်လည်း အောင်းလန်ပြောပြထားသောကြောင့် ကမ္ဘာငယ်၏ အကြောင်းကို အသေးစိတ်နားလည်ထားသော်လည်း သူ၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်ချင်နေပြီ ဖြစ်သည်။
အောင်းလန်လည်း ချက်ချင်းပင် ရှေ့ဆုံးမှ ဦးဆောင်လိုက်ကာ တောင်၏ ထိပ်ဆုံးရှိဧရာမ ကျောက်ပြားကြီးထက်သို့ ခေါ်သွားလိုက်သည်။
ဒီနေရာမှာပါပဲ ~ အရှင်မင်းသမီး ၊ အောင်းလန်က ကျောက်ပြားကို ညွှန်ပြရင်းပြောလိုက်သည်။ ကျောက်ပြား၏ အလယ်၌ သေချာသတိထားကြည့်မှသာလျှင် ခံစားသိနိုင်သည့် ၊ အားနည်းဖျော့တောနေသော စွမ်းအင်လှုပ်ခက်မှုလေး များကိုသူတို့ ခံစားလိုက် ရသည်။သေချာမအာရုံမခံကြည့်ပါက မည်ကဲ့သို့ ထူးခြားမှုမှ တွေ့ရှိနိုင်မည်မဟုတ်ချေ။
အံဩစရာပဲ ~ ဘယ်လို့တောင်အစွမ်းထက်လိုက်တဲ့ ပုဂ္ဂိုလ်မျိုးက ဖန်တီးခဲ့တာပါလေ့ ။ အောင်းကျန်းဟန်လည်း ကျောက်ပြား၏ အထက်သို့ကြည့်လိုက်ရင်းဖြင့် ရေရွတ်လိုက်သည်။ အခြားသူများလည်း သူနည်းတူပင် ထပ်တူအံဩနေရသည်။
ဒီနေရာတွေက အထဲလောက် အံဩစရာမကောင်းသေးဘူး ။ အထဲက ဒီထပ်အဆပေါင်းများစွာပိုတယ် ။ သွားကြစို့ ။အောင်းလန်က ပြောလိုက်ရင်းဖြင့် သူကိုယ်တိုင်ကလည်း ကမ္ဘာငယ်၏ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အောင်းယွီရန် ၊ အောင်းကျန်းဟန် ၊ အောင်းထန်ရန်တို့လည်း အောင်းလန်အတိုင်းလိုက်၍ ကမ္ဘာငယ်၏ အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ သူတို့၏ ပုံရိပ်များက ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့တော့သည်။
∆∆∆
ကမ္ဘာငယ်၏ အတွင်း၌ ရုတ်တရက် ကောင်းကင်ယံရှိ လေဟာနယ်က အက်ကွဲသွားခဲ့ကာ အောင်းလန် ၊ အောင်းယွီရန် ၊ အောင်းကျန်းဟန် ၊ အောင်းထန်ရန်သို့ ထွက်ပေါ်လာခဲ့ကြသည်။
သူတို့ကမ္ဘာငယ်၏ အတွင်းသို့ရောက်ချိန်၌ သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် လုံထန်တို့ရောက်ရှိလာတုန်းကနှင့်နီးတူ ထပ်တူကြသော အံဩမှုများဖြင့် အံဩနေကြသည်။ ဤမြင်ကွင်းက သူတို့ ဘဝတစ်သက်တာကာလအတွင်း၌ အလှပဆုံးသောအရာတစ်ခုပင်ဖြစ်သည်။
မသေမျိုးများပျော်မွေ့ရာဘုံတစ်ခုအလား၊ ကျွန်းပျံများ၏ အထက်၌ ရှိသော ခမ်းနားသောအဆောက်ဦးများ ၊ မြူငွေ့များသဏ္ဍန်ရစ်သိုင်းနေသော စွမ်းအင်များ ၊ အလွန်တရာမှ လှပခမ်းနားလှသော အဖြူရောင်နန်းတော်ကြီးတို့က မင်သက်ဖွယ်ရာမြင်ကွင်းများပင်ဖြစ်ကြသည်။
အောင်းလန်က သူ၏ ဘေးရှိလူများကို ကြည့်၍ ဂုဏ်ယူစွာဖြင့်ရပ်နေခဲ့သည်။ သူတို့စတွေချိန်တုန်းကလည်း သူတို့အတိုင်းပင်ဖြစ်နေခဲ့ရသည် ။ မဟုတ်ပါလား ။
ကောင်းပြီ သွားကြစို့ ~ အရှင်မင်း
ကြီးက ပင်မကျွန်းပျံကြီးမှာရှိတယ် ။ အောင်းလန်က ရှေ့မှနေ၍ အဖြူရောင်နန်းတော်ကြီးရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
အခြားသူများကလည်း အံဩမင်သက်နေသော အကြည့်များဖြင့် အောင်းလန်၏ နောက်သို့ လိုက်ပါသွားခဲ့ကြသည်။